Powered By Blogger

Friday 8 March 2013

♫သင်မသိသေးသော စိတ်ဝင်စားဖွယ်ဂီတအကြောင်းအရာများ♫


၁။ မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းမှာ တို့ဗမာသီချင်းသံစဉ်ကို စာသားပြောင်းထားခြင်းဖြစ်သည်။
၂။ မိုနာကို(Monaco)နိုင်ငံ၏ အမျိုးသားသံစုံတီးဝိုင်းသည် ယင်းနိုင်ငံ၏စစ်တပ်ထက်လူအင်အားကြီးမားသည်။
၃။ ဂျပန်နိုင်ငံ၏နိုင်ငံတော်သီချင်းမှာ စာကြောင်းလေးကြောင်းခန့်သာရှိပြီ ဂရိနိုင်ငံ၏နိုင်ငံတော်သီချင်းမှာ (verse)အပိုဒ်ပေါင်း ၁၅၈ ပိုဒ်ရှိသည်။
၎။ ဘီဘီစီရေဒီယိုမှ ပထမဦးဆုံးထုတ်လွှင့်ခဲ့သောသီချင်းမှာ The Move အဖွဲ့၏ Flower In the rain သီချင်းဖြစ်သည်။
၅။ ရက်ပါကြီး Jay Z သူဆိုမယ့်သီချင်းစာသားကိုတစ်ခါမှချမရးပါဘူး။ ဒီအတိုင်းလက်တန်းဆိုတာပါတဲ့။
၆။ စီဒီချပ်များကို ၁၉၈၀ ခုနှစ်ကတည်းက Sony နှင့် Phillips ကုမ္ပဏီတို့ကထုတ်လုပ်ခဲ့သည်။
၇။ ကမ္ဘာ့ရောင်းအားအကောင်းဆုံးဂီတတူရိယာပစ္စည်းမှာ ဘာဂျာဖြစ်သည်။
၈။ ဂီတပညာရှင်ကြီး မိုးဇက်သည် အသက် ၄နှစ်ကပင် စန္ဒရားနှင့်တီးရသော ပြဇတ်သီချင်းတစ်ပုဒ်ကိုရေးစပ်ခဲ့သည်။
၉။ ဂီတပညာရှင်ကြီး မိုးဇက်၏ရုပ်အလောင်းကို မည့်သည့်နေရာတွင်မြှပ်နှံထားသည်ကို မည်သူမှမသိကြ။
၁၀။ ခြများသည် ဟဲဗီးမက်တယ် သီချင်းများကိုနားထောင်နေချိန်တွင် သစ်သား(အစာ)စားနှုန်းနှစ်ဆပိုမြန်ကြသည်။
၁၁။ ပထမဦးဆုံးဂရမ်မီဆုပေးပွဲကို ၁၉၅၉ မေလ ၄ရက်နေ့မှာကျင်းပခဲ့သည်။
၁၂။ အမေရိကန်သည် ကမ္ဘာ့ဂီတဈေးကွက်၏ ၃၀ % ကျော်ကိုတစ်ဦးတည်းပိုင်ဆိုင်ထားသည်။
၁၃။ ကမ္ဘာအရှည်ဆုံး သီချင်းခေါင်းစဉ် မှာ (Space များပါအပါအ၀င်)စာလုံးရေ ၃၀၅လုံး ရှိပြီး ဆွီဒင်နိုင်ငံမှ Rednex အဖွဲ့၏သီချင်းဖြစ်သည်။
"The Sad But True Story Of Ray Mingus, The Lumberjack Of Bulk Rock City, And His Never Slacking Stribe In Exploiting The So Far
Undiscovered Areas Of The Intention To Bodily Intercourse From The Opposite Species Of His Kind, During Intake Of All The Mental
Condition That Could Be Derived From Fermentation."
၁၄။ ကမ္ဘာအရှည်ဆုံး သီချင်းမှာ Bull of Heaven အဖွဲ့၏ The Chosen Priest and Apostle of Infinite Space ဖြစ်ပြီး နှစ်လကျော်ကြာရှည်သည်။
၁၅။ လက်ရှိ American Idol ဒိုင်လူကြီး မာရီယာကာရေးသည် အထက်တန်းတုန်းက လူတောမတိုးတဲ့ကောင်မလေး ဟုနောက်ပြောင်အနိုင်ကျင့်ခံခဲ့ရသည်။
၁၆။ ပထမဦးဆုံး အချပ်ရေ ၁သိန်းရောင်းချရသောအယ်လ်ဘမ်မှာ Harry Belafonte ၏ Calypso အယ်လ်ဘမ်ဖြစ်သည်။
By International Music Crazies
International Music Crazies ကို လေ့လာလိုသူများ အောက်ပါလင့်တွင် https://www.facebook.com/pages/International-Music-Crazies
 တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

No comments:

Post a Comment