Powered By Blogger

Monday 4 March 2013

@ ဆေးဖက်ဝင်မရမ်းသီး @


                  ဆေးဖက်ဝင်မရမ်းသီး
   
မရမ်းသီးသည်သွေးဝမ်းသွားခြင်း ၀မ်းကိုက်ခြင်း သွေးကြောင့် ဖြစ်သောရောဂါ အဖျားဟောင်းနှင့် ကိုယ်တွင်းအပူလောင်ခြင်း
အသားကြား အရိုးကြား တို့တွင် နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေသည် ။
    
မရမ်းသီးကို သုပ်စားခြင်း ချက်စားခြင်း စသည်ဖြင့် ပြုလုပ် စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာ မပေါ် ခြင်းတို့ကို
သက်သာပျောက်ကင်းစေနိုင်သည် ။
    
ဝမ်းကိုက်ခြင်း မီယပ်ဝမ်းသွားခြင်းများ အတွက်မရမ်းသီး ဆားရည်စိမ် အရည်သောက်ပေးခြင်း ဆားရည်စိမ်မရမ်းသီးကို သုပ်
စားပေးခြင်းဖြင့် ၀မ်းကိုက်ပိုးများကိုသေစေနိုင်သည် ။
        
အသည်း အဆီဖုံးသောရောဂါများကိုပျောက်ကင်းစေရန်နှင့် အဆီများသောသားငါးများတွင် မရမ်းသီးထည့် ၍ချက်ပြုတ်ခြင်း
ဖြင့်ပိုလျံနေသော အဆီများကို ချေဖျက်နိုင်သည် ။ အထူးသဖြင့် မရမ်းစေ့ကို ၀မ်းပိတ်ဆေးများတွင် အသုံးပြုနိုင်သည် ။
(မြ၀တီ ကျန်းမာရေး -- မှ )

No comments:

Post a Comment