Powered By Blogger

Thursday 27 June 2013

လုပ်ငန်းခွင်မှာသင်ဟာလူတော်တစ်ယောက်ဆိုလျှင်

လုပ်ငန်းတစ်ခုမှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်စေဖို့ နောက်
တစ်ကြိမ် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်၊

လုပ်ငန်းခွင်မှာသင်ဟာလူတော်တစ်ယောက်ဆိုလျှင်

=============================

သင်ဟာကုမ္ပဏီ တစ်ခုမှာအရေးပါအရာရောက် တဲ့သူဖြစ်နေပြီဆိုရင်နောက် ဝင်လာတဲ့ ဝန်းထမ်းတွေအပေါ် ဘယ်လိုဆက်ဆံ မလဲ၊ လုပ်ငန်းရှင်တွေ အနေနဲ့ ဝန်းထမ်းတွေကို ဘယ်လိုအုပ်ချုပ်မလည်း၊ဝန်ထမ်းအသစ်တွေက
လည်းကုမ္ပဏီ အပေါ်ဘယ်လို ခံယူချက်မျိုး ထားမလဲ ဆိုတာ အရေးကြီး လာပါတယ်။

ဒီအောက်ကစာလေးကိုဖက်ကြည့်လို့ အကျိုးတော့ မယုတ်လောက်ဘူးလို့ ထင်ပါတယ်။

သင်ဟာ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းဖြစ်ပြီဆိုရင် သင့် အောက်ငယ်သားတွေနဲ့ သင်အထက် လူကြီးတွေကို ဒီလိုဆက်ဆံသင့်ပါတယ်။

1.Kindness(Willingness to help/Enthusiasm)

တစ်ယောက်နဲ့ တစ်ယောက် စာနာပါကူညီပါ၊ ကုမ္ပဏီရဲ့အလုပ်တွေကို စိတ်ပါဝင်စားစွာ ကူညီပါ၊ ဝန်ထမ်းတစ်ယောက် အနေနဲ့ ကိုယ်လုပ်နေ တဲ့အလုပ်မှာ (Enthusiasm) စိတ်အားထက်သန်မှု ရှိနေရမယ်၊ အဲဒီလိုပဲ လုပ်ငန်းရှင်ဟာလည်း ကိုယ့်ဝန်ထမ်းတွေအပေါ် (Kindness)သနားကြင်နာမှု ထားပါ။ စာနာပါ။ ဝန်ထမ်းတွေအပေါ် စိတ်ပါဝင်စားမှုရှိပါ၊ မိမိဝန်ထမ်းတွေ အပေါ် စိတ်အားထက်သန်မှု(Enthusiasm) ရှိပါ။

2.Empathy(Priority/Flexibility)

ရရှိလာတဲ့ ကောင်းကျိုးဆိုးကျိုးတွေကို (Empathy)မျှဝေ ခံစားပါ၊ လုပ်ငန်းရှင်နဲ့ ဝန်ထမ်း(သို့) ဝန်ထမ်းချင်း ဝန်ထမ်းတစ်ယောက် ကိုတစ်ယောက်(Priority) ဦးစားပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် (Flexibility) အလျှော့အတင်း ဆက်ဆံနိုင်ရမယ်၊ အကောင်းဘက် ကိုပြောင်းလွယ်ပြင်လွယ်တဲ့စိတ် ရှိရပါမယ်။

3.Honesty(Reliance/Assurance/Ethical Behaviour)

ယုံကြည်အားထားခြင်း ခံရအောင် (Reliance)ယုံကြည်ထိုက် သူ ဖြစ်အောင် မိမိဟာဝန်ထမ်းတွေ အပါ်၊ဝန်ထမ်းတွေ ကလည်း လုပ်ငန်းရှင် အပေါ်ရိုးသာမှု (Honesty)ရှိရမယ်၊ မိမိလုပ်တဲ့ အလုပ်ပေါ်သေချာကြောင်း အာမခံချက် (Assurance) ရှိရမယ်။ မိမိလုပ်ဆောင်ချက် ဟာသူတစ်ပါးရဲ့ အားနက်ချက် ကိုမချနှင်းမိပါစေနှင့်။ လူကျင့်ဝတ်နှင့်အညီ (Ethical Behaviour) လုပ်ဆောင်ပါ။

4.Distribution(Experience/Knowledge/Reality)

လုပ်ငန်းရှင်တွေဟာ မိမိရဲ့ ဝန်ထမ်းတွေအပေါ်၊ ဝန်ထမ်းတွေကလည်း တစ်ယောက် ကိုတစ်ယောက် မိမိ ရဲ့ တွေ့အကြုံ (Experience)တွေ ကို(Distribution) မျှဝေပေးနိုင်ရမယ်။ အချင်းချင်း sharing လုပ်နိုင်ရမယ်၊
ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မိမိရဲ့ လုပ်ငန်းခွင်ဗဟုသုတ (Knowledge)တွေကို ဖလှယ်ပေးရမယ်။ အဲဒါတွေ အားလုံးဟာ (Reality) အမှန်တကယ်ဖြစ်ရမယ်။

5.Respect(Courtesy/Positive Word Of Mouth/To be respected(loyalty)/Enthusiasm)

ဝန်းထမ်းတစ်ယောက် အနေနဲ့ မိမိဟာလုပ်ငန်းရှင် အပေါ်၊ လုပ်ငန်းရှင်တွေ လည်း ဝန်ထမ်းတွေအပေါ် (Courtesy)ရှိရမယ်၊ တစ်ယောက်ကို တစ်ယောက်လေးစားမှု(Respect)ရှိရမယ်၊မိမိရဲ့ ပြောဆိုမှုတိုင်းဟာ
အကောင်းမြင်အကောင်းဘက်(Positive Word Of Mouth)ဖြစ်ရ မယ်၊လုပ်ငန်းရှင်နဲ့ဝန်ထမ်းတွေကလည်း တစ်ယောက်ကို တစ်ယောက် အပြန်အလှန် (Loyalty)သစ္စာ ရှိရမယ်၊အဲဒါတွေ အားလုံးကို စိတ်အား ထက်သန်မှု(Enthusiasm)ရှိရပါမယ်

6.Unity

ဒါတွေ အားလုံးကို ဝန်ထမ်းအချင်းချင်း၊ လုပ်ငန်းရှင်နှင့်ဝန်ထမ်း (Unity) အတူတကွ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်ကောင်းသော ဝန်ထမ်း၊ ကောင်းသောလုပ်ငန်းရှင်ကြီးတွေဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ခွန်နေ(Tsj team)
 

သင် မနက်စာစားတာ ကိုယ်ကျန်မားဖို့ စိတ်ကျန်မာအားတတ်အောင် ဒီဒဿနလေး ဖတ်စေချင်..



  • ၁။ကြိုးစား၍ရှုံးရသည်မှာ ရှက်စရာမဟုတ်၊ရှုံးမည်ကို ကြောက်၍မကြိုးစားခြင်းကသာ ရှက်စရာဖြစ်တယ်။

    ၂။အချစ်ကိုတော့နှလုံးသားနဲ့ချစ်၊ ဘ၀ကိုတော့ ဦးနှောက်နဲ့ပါတွက်။

    ၃။ဒေါသထွက်တဲ့အချိန်ဟာ အမှားအများဆုံးလုပ်မိတဲ့အချိန်ဘဲ။

    ၄။ပျင်းရိခြင်းနဲ့ ရောင့်ရဲခြင်းဟာ လုံးဝမတူပါဘူး။

    ၅။နှလုံးသားမှာစည်းမရှိဘူး။ ဒါပေမဲ့ အသိစိတ်တံတိုင်းနဲ့တော့ကန့်သတ်ထားသင့်တယ်။

    ၆။စိတ်ပျက်ရင် အကုန်ပျက်ပြီ။ ဘ၀သည်စိတ်ဓာတ်နှင့်သာရပ်တည်နေပါသည်။

    ၇။မည်မျှဝေးသောခရီးဖြစ်ပါစေ။ ခြေတစ်လှမ်းဖြင့် စတင်လျှောက်ရမည်ဖြစ်သည်။

    ၈။မိတ်ဆွေ .... သူတစ်ပါးဂုဏ်သိက္ခာကျသွားမှ ကိုယ့်ဂုဏ်သိက္ခာတက်မှာလား။

    ၉။ရိုးသားရုံနဲ့မကြီးပွားဘူးနော် .... ကြိုးစားမူလည်ပါဦးမှ။

    ၁၀။မင်းဘ၀မှာဘယ်အရာက အရေးကြီးဆုံးလဲဆိုတာ သိဖို့လိုတယ်။

    ၁၁။ပိုက်ဆံဆိုတာ လိုအပ်တဲ့နေရာမှာသုံးဖို့ ... ဖြုန်းဖို့မဟုတ်ဘူးနော်။

    ၁၂။သူများရဲ့စိတ်ကိုမပိုင်ပေမဲ့ ကိုယ့်စိတ်ကိုတော့ပိုင်အောင်ကြိုးစားသင့်တယ်။

    ၁၃။ရုန်းကန်ခြင်းက ခွန်အားကိုတည်ဆောက်ပေးတယ်နော် ...။

    ၁၄။အောင်မြင်မှုဆိုတာအချိန်၊နေရာ၊အခြေအနေတွေ မဟုတ်ဘူး။ လူအပေါ်မှာလဲမူတည်တယ်။

    ၁၅။လောကမှာ လောဘနည်းလေကောင်းလေဘဲ။

    ၁၆။မင်းသာရိုးသားကြိုးစားစမ်းပါ။ အခွင့်အရေးက အလိုလိုတံခါးလာခေါက်ပါလိမ့်မယ်။

    ၁၇။ယှဉ်ပြိုင်မှုရှိမှတိုးတက်တယ်ဆိုပေမဲ့ အရာရာတိုင်းကို ယှဉ်ပြိုင်စရာလို့သဘောမထားသင့်ဘူး။

    ၁၈။ကျော်မတက်နဲ့ချော်ထွက်တတ်တယ်

    ၁၉။ရုပ်အလှနဲ့စိတ်အလှကို ခွဲခြားသိဖို့လိုတယ်နော်။

    ၂၀။ပျင်းရိခြင်းသည် အခွင့်အရေးကို ဆုံးရှုံးစေ၏။

    ၂၁။အလှတရားဆိုတာ ဘ၀သမားအတွက်တော့ မရှိမဖြစ်မဟုတ်တာ အသေအချာပါဘဲ။

    ၂၂။အခွင့်အရေးဆိုတာ လူတိုင်းအတွက်အမြဲတမ်းအဆင်သင့်မရှိပါ။

    ၂၃။လိမ်ညာပြီးမပြောတတ်တဲ့သူကို လူတိုင်းကယုံကြည်တယ်။

    ၂၄။အချိန်မတန်ဘဲပြောတဲ့စကားဟာ အရာမရောက်ဖြစ်တတ်တယ်။

    ၂၅။သူများကိုပေးပါ။ ဒါပေမဲ့ လက်ခံနိုင်စွမ်းရှိရဲ့လားဆိုတာကို သတိပြုပါ။

    ၂၆။သည်းခံတာနဲ့စိတ်ဓာတ်ပျော့ညံ့တာမတူဘူးနော် .... သူငယ်ချင်း။

    ၂၇။မျှော်လင့်ခြင်းမျိုးစေ့ကို ရေလောင်းပေါင်းသင်လိုက်ပါ။ တစ်ချိန်ချိန်မှာအသီးအပွင့်တွေနဲ့ ဝေဆာလာလိမ့်မယ်။

    ၂၈။ဟန်သမားထက် အမှန်သမားကို ပိုနှစ်သက်တယ်။

    ၂၉။ဘ၀မှာသင်ဟာ အရိပ်မရှိတဲ့သစ်ပင်တစ်ပင်မဖြစ်စေနဲ့။

    ၃၀။မှားမှာကိုကြောက်ခြင်းဟာ တိုးတက်မှုကိုရပ်တန့်စေတယ်။

    ၃၁။မင်းရဲ့အပြုအမှုတွေကိုစစ်ဆေးပါ။ ချို့ယွင်းချက်တွေကို ပြင်ဆင်ပါ။

    သော်တာမောင်

  • တွင်းကိုလည်းနက်စွာတူး
    သဖြင့်၊ မိမိတူးသောတွင်း
    ထဲသို့မိမိကျတတ်၏။မိမိ
    မကောင်းသောအကြံအ
    စည်သည်မိမိမခေါင်းပေါ်
    မှာပြန်ရောက်၍၊မိမိကြမ်း
    တမ်းသောအမှုသည်မိမိ
ိခေါင်းထိပ်ပေါ်မှာသက်
    ရောက်တတ်၏။ငါမူကား၊
    ထာဝရဘုရား၏အမှုတော်
်ကိုချီးမွမ်း၍၊အမြင့်ဆုးံသော
    ထာဝရဘုရား၏နာမတော်
    ကိုထောမနာသီချင်းဆိုပါမည်။
    ( ဆာလံကျမ်း ၇း၁၅-၁၇ )

    But in the traps they set
    for others, they themselves
    get caught.
    So they arepunished by their own eviland are hurt by their ownviolence.
    I thank the Lord for his justice; I sing praises to the LORD, the Most High.
    ( PSALMS 7:15-17 )

Wednesday 26 June 2013

အသံဝင် လည်ချောင်း နာခြင်း အတွက်>>

-ရေနွေးဖြင့် ရေကြာကြာချိုးပေးပါ။ ရေနွေးငွေ့ကလည်ချောင်းနာခြင်းကို သက်သာစေသည်။
- လည်ချောင်းနာခြင်း လက္ခဏာ ပို၍မဖြစ်စေရန် ညဖက်တွင် စိုထိုင်း မှု ထိန်းစက်ဖွင့်ပေးထားခြင်းဖြင့် လည်ချောင်းခြောက်ခြင်းကို ကာ ကွယ်ပါ။
- လည်ချောင်း စိုစွတ်မှုရစေရန် တစ်နေ့လျှင် ရေ(၈)ဖန်ခွက်သောက် ခြင်းသည် အကောင်းဆုံးဖြစ်သည်။
- သံပရာ လက်ဖက်ရည်နွေးနွေး၊ ပျားရည် ကြက်စွပ်ပြုတ် ခပ်နွေးနွေး အစရှိသည့် နွေးနေသော သောက်သုံး စရာများကို ရွေးချယ်သောက်ပါ။
- အသံကို သိပ်အသုံးမပြုဘဲ နားနား နေနေ၊ နေခြင်းဖြင့် လည်ချောင်းနာ အသံဝင်ခြင်းကို သက်သာစေပါ သည်။
ဖတ်ခဲ့သူများ: 6
အကြောင်းအရာ: ကျန်းမာရေးဆိုင်ရာ

Tuesday 25 June 2013

လုပ်ငန်းခွင်မှာ လန်းဆန်းတက်ကြွစေဖို


နံနက် ၆ နာရီ – စောစောထပါ

အိပ်ရာမှတကယ်ထမည့်အချိန် ထက်၁၅ မိနစ်စော၍နှိုးစက်ပေးထား ပါ။ ၁၅မိနစ်အတွင်း အေးအေးလူလူ နိုးထနိုင်ပြီး တစ်နေ့တာလုပ်ဆောင်စ ရာများ တန်းစီစဉ်းစားရန်အချိန်လုံလုံ လောက်လောက်ရမည်ဖြစ်သည်။
မျက်လုံးစည်းတပ်အိပ်လေ့ရှိပါ က မပွင့်တပွင့်ထား၍အိပ်ပါ။မျက်နှာ ပေါ်နေရောင်သန်းသည်နှင့်ဦးနှောက်မှ မယ်လတိုနင်ထုတ်လုပ်မှုလျှော့ချပြီး အဒရီနယ်လင်စတင်ထုတ်လုပ်သော ကြောင့်နှိုးစက်မြည်ချိန်တွင်ခန္ဓာကိုယ် အတွက်နိုးထရန်အဆင်သင့်ဖြစ်စေ ပါသည်။

နံနက် ၇ နာရီ - အလုပ်မသွားခင်

နံနက်စာအဆာပြေစားပါ။ ပရို တိန်းနှင့်ကယ်လ်စီယမ်ဓာတ်များပါဝင် သောနို့ထွက်ပစ္စည်းများအဓိကစားပါ။

နံနက် ၈ နာရီ – လမ်းခရီးဝယ်

      ရုံးနှင့်အိမ်နီးပါကပင်ပန်းမှုနည်း ပြီး လန်းလန်းဆန်းဆန်းလုပ်ငန်းခွင် ဝင်နိုင်မည်။ အိမ်နှင့်ရုံးသို့တမျှော်တ ခေါ် သွားရလျှင် ပင်ပန်းနွမ်းနယ်စေပြီး ခွင့်ရက်အနားယူရသည်အထိဖြစ် တတ်သည်။
လုပ်ငန်းခွင်နှင့်အလှမ်းဝေး ခြင်း ကိုရှောင်လွှဲ၍မရလျှင် မိမိကိုယ်ကိုလေ့ ကျင့်မှုအနည်းငယ်ပြုပေးရုံဖြင့် သက် သောင့်သက်သာခရီးသွားနိုင်မည်။ ဘတ်စ်ကားစီးနေစဉ်ထိုင်လျက်ဖြစ်စေ၊ မတ်တပ်ဖြစ်စေတရားမှတ်နိုင်သည်။ မည်သည့်ဘာသာဝင်မဆို ဆိုင်ရာဘာ သာ၏ဓလေ့ထုံးစံအတိုင်းဘုရားသခင် အားအာရုံပြုခြင်း၊တရားစာရွတ်ဖတ် ခြင်း၊ ဘာဝနာပွားခြင်းပြုနိုင်သည်။
ကိုယ်တိုင်ကားမောင်းလျှင်မီး ပွိုင့်တွင်ကားရပ်နားစဉ်အချိန်တွင်ပြုနိုင် သည်။

နံနက် ၉ နာရီ –အချိန်အနည်းငယ် ပေး၍ရှင်းလင်းပါ

အလုပ်စားပွဲပွလျှင်စိတ်ဖိစီး တတ်သည်။ စားပွဲတစ်ခုလုံးရှင်းလင်း ပစ်ဖို့အချိန်ပေးရမှာမနှမျောပါနှင့်။ အလုပ်တွေစုပုံမလာခင်၊အစည်းအဝေး တွေတန်းစီမနေခင်စားပွဲရှင်းလင်းထား ခြင်းဖြင့်စိတ်ဖိစီးမှုလျော့ပါးစေပါသည်။ကွန်ပြူတာဖွင့်၍အီးမေးလ်မ ဖတ်ခင်စာရွက်အပုံများရှင်းပါ။အသုံး လိုသောစာရွက်နှင့်လွှင့်ပစ်ရမည့်စာ ရွက်တို့ကိုခွဲထုတ်ပါ။ ရှင်းလင်းရာတွင် အာရုံစူးစိုက်မှုရှိစေရန်မတ်တတ်ရပ်၍ လုပ်ကိုင်ပါ။

နံနက်၁၀ နာရီ – ကော်ဖီသောက် ချိန်

ဟားဗတ်တက္ကသိုလ်ဆေးပညာ ဌာနပါမောက္ခတစ်ဦးကကော်ဖီသည် အံ့မခန်းအသက်ကယ်ဆေးတစ်ခုဖြစ် သည်ဆို၏။သို့သော်ကော်ဖီအလွန် သောက်ခြင်းသည်စိတ်ဖိစီးပြီးကယောင် ကတမ်းဖြစ်စေသည်။
ကော်ဖီတွင်ပါဝင်သောကဖင်း ဓာတ်ကို ခန္ဓာကိုယ်ထဲသို့စုပ်ယူရန် ၄၅မိနစ်ခန့်ကြာလေရာနံနက် ၁၀ နာရီတွင်ကော်ဖီသောက်ခြင်းဖြင့် နံနက်ခင်းတစ်ခင်းလုံးလန်းလန်းဆန်း ဆန်းအလုပ်လုပ်နိုင်မည်ဖြစ်သည်။

နံနက် ၁၁ နာရီ – သရေစာရှောင်ပါ

မနက်စာအပြီးနာရီပိုင်းအတွင်း သရေစာထပ်စားခြင်းသည်စွမ်းအင် သိသိသာသာမြှင့်တင်ပေးနိုင်ခြင်းမရှိ ဘဲကိုယ်အလေးချိန်တိုးစေသည်။
နံနက်စာနှင့်နေ့လည်စာကြား ခြားနားချိန် ၃ နာရီမှ ၅ နာရီအတွင်းရှိ သင့်သည်။

၁၂ နာရီမှ ၁ နာရီ – နေ့လည်စာ

အလုပ်စားပွဲမှဘက်တီးရီးယား ပိုးမွှားများ အစာနှင့်မရောထွေးစေရန် အလုပ်စားပွဲနှင့်ဝေးရာမှာနေ့လည်စာ စားပါ။နေ့လည်စာအတွက်မိနစ် ၂၀ ခန့်လမ်းလျှောက်သွားနိုင်လျှင် ဒို ပါမင်း၊ နော်အပီနက်ဖရင်၊ ဆီရိုတိုနင် ဓာတ်များသမမျှတမှုရှိလာပြီး အလုပ် ခွင်ပြန်ဝင်ရာတွင် လန်းဆန်းတက်ြွက နေမည်ဖြစ်သည်။

မွန်းလွဲ ၂ နာရီ – မှေးစက်ချိန်

ရေအိမ်တစ်ခါဝင်ချိန်၊ ကော်ဖီ တစ်အိုးကျိုချိန်မျှ အချိန်ယူ၍ မှေးစက် အနားယူပါ။ အလုပ်ချိန်အတွင်း လူ မြင်ကွင်းတွင်ခေတ္တမှေး စက်ဖို့ရာကသိ ကအောက်နိုင်သော်လည်း နေ့ခင်း ၂ နာရီတွင် ၁၀ မိနစ်ခန့်မှေးစက်အနား ယူခြင်းသည်ကျန်တစ်နေ့တာ အတွက် သိသိသာသာစွမ်းအင်ပြည့်ဝစေသည်။ အလုပ်စားပွဲတွင်ခေတ္တမှေးစက်ရန်အ ခြေအနေမပေးပါက ကားအတွင်းဖြစ် စေ၊ရေအိမ်အတွင်းဖြစ်စေ၁၀ မိနစ်ခန့် မျက်လုံးမှိတ်အနားယူနိုင်သည်။

မွန်းလွဲ ၃ နာရီ – သင့်မျက်လုံးကိုစာ နာပါ။

သင့်မျက်လုံးများပင်ပန်းနွမ်းနယ် သည့်အခါ အလုပ်ဆက်လုပ်ရန် အဟန့်အတားဖြစ်လာမည်။ မျက်လုံး များညောင်းညာလာ သည့်အခါခဏ တဖြုတ်မတ်တတ်ရပ်ခြင်း၊ ရေထွက် သောက်ခြင်းပြုပေးပါ။
၂၀-၂၀-၂၀ ပုံစံအတိုင်းလုပ် ကြည့်ပါ။ မိနစ် ၂၀ ကြာတိုင်း ကွန်ပြူ တာမော်နီတာမှ ပေ ၂၀ ခန့်အကွာအ ဝေးကိုစက္ကန့်၂၀ ခန့်အမြင်လွှဲကြည့် ပေးပါ။

မွန်းလွဲ ၄ နာရီ–အကြောဆန့်ပါ

အလုပ်ခွင်သို့အာရုံစိုက်မှုမ လျော့ကျစေရန်အလုပ်စားပွဲမှာပင်အ ကြောဆန့်ပါ။ မကြာခဏခေါင်းလေ့ ကျင့်ခန်းအကွေးအဆန့်ပြုပါ။

ညနေ ၅ နာရီ – အိမ်ပြန်ချိန်

၅ နာရီဒေါင်ခနဲကွက်တိအိမ်ပြန် နိုင်ရန်မလွယ်သော်လည်း အနီးစပ်ဆုံး ပြန်နိုင်ရန်ကြိုးစားပါ။အချိန်ပိုအလုပ် ဆင်းခြင်းသည် ရေရှည်တွင်ကျန်းမာ ရေးကိုထိခိုက်စေသည်။
လုပ်ငန်းခွင်မှအလျင်စလိုထွက် ခွာသည်ထက်အေးအေးလူလူသက် သောင့်သက်သာပြန်ပါ။ အိမ်အပြန် လမ်းတွင်လုပ်ဖော်ကိုင်ဖက်များနှင့် စကားစမြည်ပြောဆို၍ပြန်ခြင်းက နွေးထွေးမှုရှိစေသည်။

ညနေ ၅ နာရီမှ ၆ နာရီ – အိမ်အပြန် လမ်း

ဂီတကိုနှစ်ခြိုက်သူဖြစ်ပါကအ လုပ်ခွင်တွင်တစ်နေ့တာလုံးတိတ်ဆိတ် ခဲ့ရသမျှအိမ်အပြန်လမ်းတွင်သီချင်းနား ထောင်ပါ။နံနက်ခင်းလုပ်ငန်းခွင်လာစဉ် က အတိုင်းတရားရှုမှတ်နိုင်ကတစ်နေ့ တာလုံးစိတ်ဖိစီးခဲ့သမျှလျော့ပါးသက် သာစေပါသည်။

ည ၉ နာရီ – အိပ်ရာမဝင်ခင်

ကြာကြာအိပ်ခြင်းထက်နှစ် နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းက စွမ်း အင်ပြည့်ဝစေသည်။အိပ်ရာမဝင်ခင် ကွန်ပြူတာ၊တယ်လီဖုန်း၊ရုပ်မြင်သံကြား စသောတောက်တောက်ပပအရာ များကိုကြည့်ခြင်းမှရှောင်ပါ။
အိပ်ရာမဝင်ခင် မိနစ်သုံးဆယ် ခန့်ကြိုတင်ရေချိုးပါ။ အိပ်ရာနံဘေး တွင်သောက်ရေတစ်ခွက်ထားပါ။ ပူ အိုက်၍လန့်နိုးသောအခါရေသောက် ခြင်းဖြင့်ခန္ဓာကိုယ်အပူချိန်သမမျှတ ပြီးနှစ်ခြိုက်စွာ ပြန်လည်အိပ်ပျော်စေ သည်။

ဇော်ကို Ref: RD

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 
                                                                                             လေးစားစွာဖြင့်    ....    မောင်မြင့်

အထင်မသေးပါနဲ့  don't be low opinion

တစ်ခါက အညတရ ပန်းချီဆရာ လူငယ်တစ်ဦးသည် အိမ်ငယ်လေး တစ်အိမ်တွင်နေပြီး ပုံတူ ပန်းချီ
ကားများ ရေးဆွဲခြင်းဖြင့် အသက်မွေး ၀မ်းကြောင်းခဲ့သည်။ တစ်နေ့သ၌ အထက်တန်းလွှာ သူဌေးက
တော်တစ်ဦးသည် ထိုအိမ်ရှေ့က အဖြတ် ပန်းချီဆရာ၏ သပ်ရပ်သော လက်ရာကို တွေ့မိပြီး သဘော
ကျသောကြောင့် မိမိပုံတူကို ပန်းချီ ဆွဲခိုင်းစေခဲ့သည်။ ဆွဲခမှာ တစ်သောင်းဖြစ်သည်။ တစ်ပတ်ကြာ
သော် သူဌေးကတော်မှာ ချိန်းထားသည့်အတိုင်း ပန်းချီ ရွေးယူရန် လာရောက်ခဲ့သည်။ ပန်းချီ မရွေးခင်
စိတ်ထဲတွင် ဤသို့ စဉ်းစားမိသည်။ “ပန်းချီကားချပ်ထဲက လူဟာ ငါပဲ။ တကယ်လို့ ဒီပုံတူကို ငါမ၀ယ်ဘဲ
နေရင် နောင်လည်းဝယ်မဲ့ လူရှိမှာ မဟုတ်ဘူး” ထိုသို့ စဉ်းစားမိပြီး နာမည်ကြီးသော ပန်းချီဆရာ တစ်
ယောက်လည်း မဟုတ်သည့်အတွက် နဂို သတ်မှတ်ထားသော ဆွဲခထက် လျော့ပေးရန် ဆုံးဖြတ် လိုက်
သည်။
ငွေတစ်သောင်း အကုန်ခံပြီး ပန်းချီကို မရွေးနိုင်၊ ထက်ဝက်ဈေးသာ ပေးမည်ဟု လူရွယ်အား ဈေးစစ်
လေသည်။ ထိုကဲ့သို့ တစ်ခါမှ မကြုံဖူးသော ပန်းချီဆရာမှာ ထိုစကားကို ကြားသောအခါ အံသြသွား
မိသည်။ သတ်မှတ်ထားသည့် ဈေးအတိုင်း ပေးသင့်ကြောင်း ဂတိတည်သောသူ ဖြစ်သင့်ကြောင်း သ
ဌေးကတော်အား ရှင်းပြခဲ့သည်။
“တ၀က်ဈေးသာ ပေးနိုင်တယ်။ သဘောမတူရင် ပန်းချီကားကို မ၀ယ်ဘူး။ ရောင်းမလား မရောင်းဘူးလား ဒါပဲပြော”

“မရောင်းနိုင်ဘူး။ ဒီပန်းချီကားကို ကျွန်တော်မရောင်းနိုင်တော့ဘူး။ ခင်ဗျားရဲ့ အထင်အမြင် သေးမှုကိုလည်း
မခံဘူး။ ဒီနေ့မှာ ခင်ဗျားဟာ ဂတိမတည်သောသူဖြစ်တယ်။ နောင်တချိန်မှာ ဒီပန်းချီကားကို ခင်ဗျား အဆ
နှစ်ဆယ် ပေးပြီး ပြန်ဝယ်ရလိမ့်မယ်”သူဌေးကတော်က အလျော့ပေးမည် မဟုတ်မှန်း ရိပ်မိသောကြောင်း
ပန်းချီဆရာက ခပ်ပြတ်ပြတ် ပြန်ပြောလိုက် သည်။
“ဟား..ဟား...ရယ်ရတယ်။ အဆနှစ်ဆယ်တဲ့.. ဒီပန်းချီကားကို အဆနှစ်ဆယ် ပေးပြီး ၀ယ်ရလောက်အောင်
ငါ မတုံးအသေးဘူး”
“ကောင်းပြီလေ...ကြည့်ကြသေးတာပေါ

”သို့နှင့် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးခဲ့သည်။ ပန်းချီဆရာလည်း ထိုနေရာမှ ထွက်ခွာပြီး ဆရာ သ
မားကောင်းများနှင့် ပန်းချီပညာကို အပတ်တကုတ် ဆက်လက် သင်ယူခဲ့သည်။ ဆယ်နှစ်အတွင်း ပန်း
ချီလောကတွင် ထိုးဖောက်ထူးချွန်သော ကမ္ဘာကျော် ပန်းချီဆရာ တစ်ဦးဖြစ်လာခဲ့သည်။ သူဌေးကတော်
မှာ ယခင်က ဖြစ်ပျက်ခဲ့ဖူးသော ကိစ္စကို မေ့ပင် မေ့လျော့နေလောက်ပြီ။သို့နှင့် တစ်နေ့တွင် သူဌေးကတော်
၏ မိတ်ဆွေများက သူ့အား သတင်းတစ်ခုပြောပြခဲ့သည်။ “ အံသြစရာတစ်ခု ပြောရဦးမယ်။ တစ်နေ့က ငါ
တို့ နာမည်ကျော် ပန်းချီဆရာ တစ်ဦးရဲ့ ပန်းချီပြပွဲကို သွားခဲ့တယ်။ အဲဒီ ပန်းချီပြပွဲမှာ ဈေးကြီးတဲ့ ပန်းချီကား
တစ်ချပ်တွေ့ခဲ့တယ်။ ပုံထဲက ရုပ်ပုံဟာ ခင်ဗျားနဲ့ တပုံစံထဲပဲ။ ဈေးက ၂သိန်းတဲ့။ ပိုထူးဆန်းပြီး ရယ်စရာ ကောင်း
တာက ပန်းချီကားရဲ့ နာမည်က “သူခိုး” တဲ့.....”
သူဌေးကတော်မှာ မူးမေ့မတတ် ခံစားမိသည်။ လွန်ခဲ့သော ဆယ်နှစ်က အဖြစ်အပျက်ကို သူ မြင်ယောင်
လာမိ သည်။ သူ၏ အကျင့်သိက္ခာကို အဆုံးအဖြတ်ပေးသော ပန်းချီကားဖြစ်ခဲ့သည်။ သူသည် ထို ပန်း
ချီပြပွဲသို့ ချက်ချင်း သွားပြီး ပန်းချီဆရာအား တောင်းပန်ကာ ပန်းချီကားကို ၂သိန်း အကုန်ခံပြီး ၀ယ်ယူခဲ့
သည်။ပန်းချီဆရာ၏ အရှုံး မပေးလိုသော စိတ်၊ မဆုတ်မနစ် ကြိုးစားသော ဇွဲနှင့် သူဌေးကတော်အား ခေါင်း
ငြိမ့်အောင် ကြိုးစားနိုင်ခဲ့သည်။ ထိုလူငယ် ပန်းချီဆရာမှာ နောင်ခါတွင် ကမ္ဘာကျော် ထင်ရှားကျော်ကြားခဲ့
သော ပန်းချီဆရာ Picasso ပင်ဖြစ်သည်။လောကတွင် ကိုယ်အား အထင်အမြင် သေးသူ၊ အလဲထိုးနိုင်သူ
မရှိ။ ကိုယ့်အား အထင်အမြင် သေးအောင် အလဲထိုး နိုင်အောင် လုပ်နိုင်သော သူမှာ ကိုယ်သာ ဖြစ်သည်။
credit from FB friend,

ကိုဇေ (MDY)
ကြည့်သူဦးရေ: 129
Tags: ရသ

ကြက်ဟင်းခါးသီး အရည်က ပန်ကရိယ ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်


ကော်လိုရာဒို ကင်ဆာ လေ့လာရေး တက္ကသိုလ်မှ လေ့လာမှု တစ်ခုအရ ကြက်ဟင်းခါးသီး အရည်က ပန်ကရိယင်ဆာ ဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။

လွန်ခဲ့သော သုံးနှစ်ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီး ထွက်ကုန်များက ရင်သား ကင်ဆာအပေါ် ကောင်းကျိုး သက်ရောက်ပုံများအား ပြသခဲ့သည်။ ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှ ကင်ဆာ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh Agerwal က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကြက်ဟင်းခါးသီးအား အိန္ဒိယနှင့် တရုတ် ရိုးရာ ဆေးကျမ်းများ၌ အမျိုးအစား (၂) ဆီးချို ကုသရာ၌ အသုံးပြုခဲ့သည်မှာ ရာစုနှစ်ပေါင်း များစွာ ကြာပြီဖြစ်သည်။ Agarwal က ကြက်ဟင်းခါးသီးက ပန်ကရိယ ကင်ဆာဆဲလ်များ၏ လုပ်ငန်း ဆောင်တာကို ပြောင်းလဲ သွားစေရုံသာမက ကင်ဆာဆဲလ်များ စွမ်းအင်ရရှိမှု နည်းစေသော အင်ဇိုင်း တစ်မျိုးကို လှုံ့ဆော်ပေးသည့် အပြင် ပန်ကရိယ ဆဲလ်များမှ အင်ဆူလင် ထုတ်မှုအားလည်း မှန်ကန်စေသည်။

ကြွက်များတွင် စမ်းသပ်ခဲ့ရာ ကြက်ဟင်းခါးသီး အရည်တိုက်ကျွေး ထားသော ကြွက်များတွင် ပန်ကရိယကင်ဆာဖြစ်ပွား နိုင်ချေ ၆၀%ခန့် ပိုနည်းကြောင်း သိရသည်။

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ


သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များသားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိ နေပါတယ်။
(၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ
သားသမီး မလိုချင် သေးလို့ ပဋိ သန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြု တာ၊ ကွန်ဒုံး သုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေ တားခဲ့ တယ်ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေ မယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။
(၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ
သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူး စက်မဟုတ်တဲ့ နာတာ ရှည်ရောဂါ (ဆီးချို သွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာ မှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။
(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ
သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအ သောက်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်ဖို့ လိုပါတယ်။ အ သားဓာတ်၊ သစ်သီး၊ ဟင်းသီး ဟင်းရွက်၊ ကောက်နှံ ကွေကာ တွေကို အဓိကစားသုံး ပြီး အချို၊ အဆီနဲ့ အဆင်သင့် ပြုပြင်ထားတဲ့ အစာတွေ ကိုတော့ လျော့စား သင့်ပါတယ်။
(၄) ဖောလစ်အက်စစ် ဖြည့်စွက် သောက်သုံးပါ
ဖောလစ်အက်စစ်က ဖောလိတ်ရဲ့ ပြုပြင်ထားတဲ့ ပုံစံတစ်ခု ဖြစ်ပြီး သန္ဓေသား မှာ မွေးရာပါ ချို့ယွင်း ချက်ဖြစ်နိုင်ခြေကို လျှော့ချ ပေးပါတယ်။ သန္ဓေသားမှာ မွေး ရာပါ ချို့ယွင်းချက် ဖြစ်ပေါ်တာက ကိုယ် ဝန်ရှိပြီလို့ မသိရှိ ခင်ကတည်းက ဖြစ်နေ နိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သားသမီး ယူဖို့ ကြိုးစားနေချိန် ကတည်းက ဖောလစ်အက်စစ်ကို ဖြည့် စွက်သောက် သုံးဖို့ FDA အကြံပြုထား ပါတယ်။
(၅) ဆေးလိပ်နှင့် အရက်ဖြတ်ပါ
သားသမီး ယူဖို့ ကြိုးစားနေချိန်မှာ အမျိုးသားတွေအနေနဲ့ ဆေးလိပ်သောက် တာ၊ အရက်သောက်တာတွေကို ဖြတ်ဖို့ လိုပါတယ်။ ဒါတွေသုံးစွဲတာက အမျိုး သားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်း စေတာကြောင့်ပါ။ ခရိုမိုဇုမ်းပျက်စီးတာ၊ သုက်ကောင်လေးတွေရဲ့ လှုပ်ရှားကူးခတ် နိုင်စွမ်းလျော့နည်းတာ၊ ပန်းသေပန်းညှိုး တာ စတာတွေကြောင့် အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာပါ။
(၆) ဓမ္မတာ စက်ဝန်းကို သိရှိပါစေ
ရာသီလာပြီး ၁၄ ရက်မြောက်နေ့ မှာ သားဥကြွေ ကျပြီး သားသမီး ရရှိနိုင်တဲ့ နေ့ပါ။ ဒီလို ရက်မျိုးမှာ အမျိုးသားနဲ့ အတူ နေတာက သားသမီး ရရှိဖို့ အခွင့်အလမ်း များနိုင် ပါတယ်။ အမျိုးသမီး တစ်ဦးနဲ့တစ် ဦးက ရာသီစက်ဝန်းချင်း မတူညီ တတ်ပါ ဘူး။ တချို့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာ တတ်ပြီး တချို့လည်း အဲဒီ ထက် နောက်ကျ တတ်တာမျိုး ရှိပါတယ်။ ရာသီ စက်ဝန်း မတူညီပေမယ့် အဲဒီစက် ဝန်းရဲ့ အလယ်ရက်က သားဥြွေကရက်ပါ။
(၇) ကိုယ်အပူ ချိန်ကို လေ့လာပါ
ခန္ဓာကိုယ် အပူချိန်က သင့်ကို သန္ဓေ အောင်စေနိုင်တဲ့ အကောင်းဆုံးအချိန်ကို ညွှန်ပြပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆို တော့ သားဥြွေကချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်းထုတ်လုပ်တာကြောင့် သာမန် ကိုယ်အပူ ချိန်တက် အနည်းငယ် တက်နေ တတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလို အချိန်ကို အကောင်းဆုံး အသုံးချ နိုင်ဖို့ လိုပါတယ်။
(၈) မိန်းမကိုယ်မှ ထွက်သော အချွဲ အကျိများ သတိထားကြည့်ပါ
သားဥကြွေ ချိန်မှာ မိန်းမကိုယ် ကနေ ချောမွတ်တဲ့ အရည်ကြည် လေးတွေ ထွက် ပါတယ်။ သုက်ကောင်လေးတွေ အလွယ် တကူ ဖြတ်သန်း ဝင်ရောက်နိုင် အောင်ပါ။ မိန်းမကိုယ်မှ ကြက်ဥ အကာလို အရည် ကြည်လေးတွေ ထွက်တဲ့ အချိန်ဟာ သား သမီးရရှိနိုင်တဲ့ အချိန်ဖြစ်ပါတယ်။
(၉) အတွင်းခံ ဘောင်းဘီကို ဂရုစိုက်ပါ
အမျိုးသမီးတွေ အနေနဲ့ အတွင်းခံ ဘောင်းဘီ တင်းကျပ် လွန်းတာ၊ လေဝင် လေထွက် မကောင်းတာတွေက ယောနိ လမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။ အမျိုးသားတွေ မှာတော့ အတွင်း ခံဘောင်း ဘီကျပ် လွန်းတာ၊ လေဝင် လေထွက် မရှိတာ တွေကြောင့် ဝှေးစေ့ကနေ သုက်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင် နိုင်စွမ်းကို လျော့နည်း စေပါတယ်။
(၁၀) သာယာကြည်နူးဖို့ အချိန်ပေးပါ
သားသမီး ရရှိဖို့က အမျိုးသားနဲ့အ တူ သာယာကြည်နူးဖို့ အချိန်ပေး တာက အဓိက ကျပါတယ်။ စိတ်ဖိစီး မှုတွေ၊ အလုပ်တွေ အားလုံးကို မေ့ပျောက်ထား ပြီး သာယာကြည်နူးမှု တွေကို ဖန်တီးယူပါ။  
အလင်း(ဆေးဝါး)
Good Health

Sunday 23 June 2013

ဥာဏ်ပြေးတဲ့ ဖေဖေ







--------------------




သား - အဖေ. ကျနော် ဘီလ်ဂိတ်သမီးနဲ့ လက်ထက်ချင်လို့ပါ။




အဖေ - ဟုတ်ပြီ သား။ မင်း ရစေရမယ်။




အဖေဖြစ်သူက ဘီလ်ဂိတ်ဆီသွားပြီး ခုလို ပြောပါတယ်။




အဖေ - မစ်စတာ ဘီလ်ဂိတ် . ခများ သမီးကို ကျနော့သားနဲ့ ထိမ်းမြား လက်ထက် ပေးချင်ပါတယ်။




ဘီလ်ဂိတ် - ရာရာစစဗျာ. ဘာလို့ ပေးစား ရမှာလဲ။




အဖေ - ကျနော်သားက ကမ္ဘာ့ဘဏ်ရဲ့  အမှုဆောင် အရာရှိချုပ်ပါ။




ဘီလ်ဂိတ် - အဲ. နေနဲ့လ ရွှေနဲ့မြပဲဗျာ။ ငြင်းစရာ အကြောင်းမရှိပါဘူး။ မင်္ဂလာပွဲ ရက်ကိုသာ ရွေးပါ။




ဒီတော့ ခေါင်းငြိတ်ပြီး သားအဖေ ဖြစ်သူက ကမ္ဘာ့ဘဏ် ဥက္ကဌ ဆီ သွားပြီး ယခုလို စကားဆိုပါတယ်။




အဖေ - ကျနော့သားကို ကမ္ဘာ့ဘဏ်ရဲ့  အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ပါ။




ဥက္ကဌ - ရာရာစစဗျာ။ ခများသားက ဘာမို့လဲ။




အဖေ - ကျနော့သားက ဘီလ်ဂိတ်ရဲ့  သမက်ပါ။




ဥက္ကဌ - ဟုတ်ပြီလေ။ လစ်လပ်နေတဲ့ အမှုဆောင်အရာရှိချုပ် ရာထူးအတွက် သူ့ကို ခန့်ကြည့်ရတာပေါ့။




-

Ref: techjoke




Aung Kham (TSJ team)

ရွှေဖရုံသီး၏ ကျန်းမာရေး အကျိုးကျေးဇူး

                 
ရွှေဖရုံသီးကို အစိမ်းရောင်နဲ့ အဝါရောင်ဆိုပြီး အရောင်နှစ်မျိုး တွေ့ရပါတယ်။ ဗီတာမင်အေ၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဖောလိတ်စတဲ့ အာဟာရဓာတ်တွေ အများအပြား ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

၁) ရွှေဖရုံသီးမှာ ကယ်လိုရီ ပါဝင်မှု လျော့နည်းတာကြောင့် အဆီများတဲ့ အစားအသောက်တွေ နေရာမှာ အစားထိုး စားပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် မတက်စေဘဲ ဆာလောင်မှုကို လျော့ကျစေပါတယ်။


၂) ရွှေဖရုံသီးမှာ မဂ္ဂနီဆီယမ် ပါဝင်ပြီး အစာကြေညက်စေတာကြောင့် အရံဟင်းလျာအဖြစ် စားပေးသင့်ပါတယ်။

၃) ရွှေဖရုံသီးဟာ ခန္ဓာကိုယ်ကို အေးမြစေတာကြောင့် ပူတဲ့အချိန်တွေမှာ စားသင့်ပါတယ်။

၎) ရွှေဖရုံသီးမှာ ဗီတာမင် အေ၊ စီ နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်နေရင် ရောဂါအများစု မဖြစ်အောင် ကာကွယ်ထားနိုင်ပါတယ်။

၅) ရွှေဖရုံသီးဟာ သွေးတိုးတာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထတာတွေ မဖြစ်အောင် လျှော့ချပေးနိုင်ပါတယ်။

၆) ရွှေဖရုံသီးမှာ အမျှင်ဓာတ် အများအပြား၊ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ပါဝင်တာကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။ ပါဝင်တဲ့ ဗီတာမင်တွေက ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါ (ဥပမာ-ရိုးဆစ်ရောင်ရမ်းနာ၊ အရိုးအဆစ်ရောင်တာနဲ့ ပန်းနာရင်ကျပ် ရောဂါ) တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၇) ရွှေဖရုံသီးဟာ ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ အကြောင်းကတော့ ပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ကင်းစေပြီး အူမကြီးမှာ အဆိပ်တွေ စုပုံမှု မဖြစ်အောင် ကာကွယ်ပေးနိုင်လို့ပါ။ အူမကြီးထဲမှာ ကင်ဆာဖြစ်စေတဲ့ အဆိပ်တွေ စုနေရင် ကင်ဆာရောဂါ ဖြစ်လာစေနိုင်ပါတယ်။

၈) ရွှေဖရုံသီးဟာ ဆီးကျိတ်ကြီးတဲ့ လက္ခဏာတွေကို လျော့ပါးစေပါတယ်။ အမျိုးသားတွေမှာ ဆီးကျိတ်ကြီးတာကြောင့် ဖြစ်တတ်တဲ့ ဆီးသွားရခက်ခဲတာနဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အခက်အခဲတွေကို လျော့ပါးစေပါတယ်။

၉) ရွှေဖရုံသီးမှာ ဗီတာမင်စီနဲ့ လူတင်တို့ ပါဝင်တာကြောင့် မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၁ဝ) ရွှေဖရုံသီးမှာပါတဲ့ ဗီတာမင်အေက သွားပိုးစားမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အိုမင်းမှုကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ကျစေပါတယ်။

၁၁) ရွှေဖရုံသီးဟာ ဦးနှောက်ဆဲလ်တွေရဲ့ တည်ဆောက်မှုကို အားပေးတာကြောင့် မှတ်ဉာဏ် ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဆဲလ်တွေ ထိခိုက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၁၂) ရွှေဖရုံသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတဲ့အပြင် ပိုတက်စီယမ်လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ ရွှေဖရုံသီး စားပေးရင် ရေများများ မသောက်ရင်တောင် တစ်နေ့တာလုံး ရေဓာတ် ပြည့်ဝနေစေပါတယ်။

၁၃) ရွှေဖရုံသီးမှာ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့ အလုံအလောက် ပါဝင်တာကြောင့် အရိုးတွေကို သန်စွမ်းစေပါတယ်။ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ အရိုးကြွပ်ဆတ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၁၄) ရွှေဖရုံသီးရဲ့ အရောင်က သူ့မှာ ဘယ်လောက် အာဟာရဓာတ် ပါဝင်နေသလဲဆိုတာ ဖော်ပြနေပါတယ်။ အစိမ်းရင့်ရောင် ရွှေဖရုံသီးဟာ အစိမ်းဖျော့ရောင် ရွှေဖရုံသီးထက် အာဟာရဓာတ် ပိုမို ပါဝင်ပါတယ်။ ရွှေဖရုံသီးကို စားမယ်ဆိုရင် အခွံကို မခွာပါနဲ့။ အခွံမှာ ဘီတာကယ်ရိုတင်းလို့ ခေါ်တဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ဆဲလ်တွေကို ကာကွယ်ပေးနိုင်လို့ပါ။ မချက်ပြုတ်ခင် ရေနဲ့ သေချာ ဆေးကြောပေးသင့်ပါတယ်။

Wednesday 19 June 2013

အသက် ၁၀၀ နေရန် ပုံမှန်စားရမည့် အစားအစာများ

အသက် ၁၀၀ နေရန် ပုံမှန်စားရမည့် အစားအစာများ
Tuesday, June 18, 2013
အသက် ၁၀၀ နေဖို့ဆိုတာထက် အသက်ရှည်ရှည်၊ ကျန်းကျန်းမာ မာ နေနိုင်ဖို့အတွက် ပုံမှန် စားသုံးနေရမယ့် အစားအစာများ ဖြစ်ပြီး အောက် ပါ အတိုင်း ဖော်ပြလိုက်ရပါတယ်။
Don't skimp on vegetables
အသီးအရွက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ တစ်ရက်ကို အသီးနဲ့ အရွက် ငါးမျိုးလောက် စားသင့်တယ်လို့ တိုက်တွန်းပါတယ်။ ငါးမျိုးဆိုတာထက် အစိမ်းရောင် ဟင်းသီး၊ဟင်းရွက်ကို များများစားဖို့ ဆိုလိုရင်း ဖြစ်ပြီး အသည်း၊ နှလုံး၊ ကင်ဆာနဲ့ ဆက်စပ်ရောဂါများ မဖြစ်အောင် အဓိက ကာကွယ် တားဆီးပေးတဲ့ အစားအစာ ဖြစ်ပါတယ်။
Eat yogurt
အဆီထုတ်ပြီး ဒိန်ချဉ် ကို နေ့စဉ် သောက်သုံးခြင်းဖြင့် ကိုယ်ခံအား ကောင်း စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခြား ရောဂါ ဘယများ မဝင်ရောက်နိုင်သလို အဆီချရန် နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။
Have fish for dinner
တစ်ပတ်ကို ငါးဟင်းလျာ ၂ ကြိမ်မှ ၃ ကြိမ်လောက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ ငါးဆီများတဲ့ ဆောလမွန်ငါးတို့လိုက အိုမီဂါ-၃ fatty အက်ဆစ် ပါတဲ့အတွက် ကျန်းမာရေးအတွက် ပိုမို ထိရောက်ပြီး ရောင် ရမ်းခြင်းကို ဖြစ်စေတဲ့ ရောဂါအားလုံးကို လျော့ချပေးပါတယ်။
Go nuts
အခွံမာသီးများ ပုံမှန်စားသုံးရမှာ ဖြစ်ပါတယ်။ အခွံမာသီးဆိုလို့ သစ်ကြားသီး၊ ဆိမ့်သော အစိမ်းရောင် အသီးကို ပုံမှန် စားသုံးခြင်းဖြင့် နှလုံးနဲ့ ဆက်စပ် ရောဂါများကို ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။
Focus on fiber
ဖိုက်ဘာဓာတ်ပါတဲ့ အစားအစာကို တစ်ရက် ၂၅ ဂရမ်လောက် စားရမယ်လို့ ဆိုပါတယ်။ ယင်းဓာတ်က နေ့စဉ်စားသုံးနေတဲ့ အသီး၊ အရွက်၊ ဆန်၊ ဂျုံ တို့မှာလည်း ပါဝင်နေတဲ့အတွက် တကူးတက ရှာစားနေရန် မလိုအပ်ပါဘူး။
high-fiber အစားအစာများကို မည်သည့်ရောဂါ အမျိုး မျိုးကြောင့် မဆို သေဆုံး ရမည့် အန္တရာယ်ကို လျော့ချပေး တယ်လို့ဆိုပါတယ်။
တန်ဆေးလွန်ဘေးဆိုသလို အမေရိကန် USDA မှ ပရော်ဖက်ဆာ တစ်ဦးက 'Eat food, not too much,' လို့ ဆိုထားပါတယ်။ အစားအသောက်ကို ပုံမှန်စားသောက်ခြင်းကသာ အသက်ရှည်စေတယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် အသက်ရှည်ရန်၊ ကျန်းမာစေရန် နေ့စဉ် ပုံမှန်လေး စားသုံး ရမယ့် အစားအစာများကို ယခုလို ဖော်ပြပေးလိုက် ရပါတယ်။
Ref: foxheaths
ရိုးရာလေး ကျန်းမာရေး