Powered By Blogger

Monday 4 March 2013

ခေါင်းအုံးနှင့် ကျန်းမာရေး


ခေါင်းအုံးနှင့် ကျန်းမာရေး




လူထုကျန်းမာရေး(ခေါင်းအုံးနှင့်ကျန်းမာရေး )-

                               
           မည်သူမဆို အိပ်ရာဝင်သည့်အခါခေါင်းအုံးနှင့် အိပ်စက်ကြသည်။လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သောညစ်ညမ်း
သည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများ သည်ခေါင်းအုံးအတွင်းပိုင်းသို့စိမ့်ဝင်သွားတတ်သည်။ဦးခေါင်းမှစိမ့်ထွက်သော
ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။ အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေးစု
၍ နေသောနေရာ ဖြစ်တတ်သည်။


          ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့်ဗိုင်းရပ်စ်ပိုးပေါက်
်ဖွားလာတတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရော
ဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံး ထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့်   ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါ
ကူးစက်တတ် သည်။ ထို့ကြောင့် ခေါင်းအုံးကိုသန့်စင်အောင် ခေါင်းအုံးစွပ်၊  ခေါင်းအုံးဖုံးပဝါကိုမကြာခဏ လျှော်ဖွပ်ပေးရ
မည့်အပြင်ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်း ပေးရပါမည်။


                အထူးသဖြင့်အအေးမိရောဂါနှင့်အခြားကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကိုသန့်
စင် အောင် လျှော်ဖွပ် ပေးရပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုးကင်းစင်သွားပြီး
ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါ သည်။
                    

No comments:

Post a Comment