Powered By Blogger

Tuesday 12 March 2013

အင်တာဗျုးလေး ပျော်ရွှင်စရာ



မေး ။ ။အကောင်းမြင်တဲ့လူ ဟာ ဘယ်လိုလူမျိုးလဲ။
ဖြေ ။ ။သတင်း အပြည့်အစုံ မရ တဲ့ သူ ပါ။

... မေး ။ ။လူတယောက်ကိုတနေ့လုံးမနားရအောင်ခိုင်းနည်း။သိပါသလား။
ဖြေ ။ ။စာရွက်အလွတ် တစ်ရွက်ယူပီး။နောက်ကျောကို ကြည့် လို့ နှစ်ဖက်လုံးမှာရေးလိုက်ပါ။

မေး ။ ။နိဗ္ဗာန် နဲ့ ငရဲ ဘယ်ဟာကပိုသာတယ် ထင်သလဲ။
ဖြေ ။ ။ရာသီဥတု ရှူ့ထောင့်ကကြည့်ရင်...နိဗ္ဗာန်..ကပိုသာပါတယ်။ဒါပေမဲ့ ငရဲမှာက အပေါင်းအသင်းပိုများပါတယ်။

မေး ။ ။ဆေးရုံနဲ့ထောင်ဘာကွာလဲ။
ဖြေ ။ ။ဘာမှမကွာပါဖူး။ဒါပေမဲ့ ထောင်မှာက ကိုယ်နေရမဲ့ သက်တမ်းကိုသိပါတယ်။

မေး ။ ။ဆံပင်မဖြူအောင်ဘာလုပ်ရမလဲ။
ဖြေ ။ ။ကတုန်း တုန်း ရပါမယ်။

မေး ။ ။ရိုးသားတဲ့လူကိုဝယ်လို့ရလား။
ဖြေ ။ ။ဝယ်လို့မရပါဖူး။ရောင်း....လို့တော့ရပါတယ်။

မေး ။ ။သားဖွားတာ ဘယ်နှစ်မျိုးရှိပါသလဲ။
ဖြေ ။ ။သုံးမျိုးရှိပါတယ်။မင်္ဂလာမဆောင်ခင်တနှစ်အလိုမှာမွေးဖွားရင် အချိန်မရောက်ပဲ..မွေးဖွားခြင်း။
ယောက်ကျားသေပီး တစ်နှစ်အကြာမှာမွေးရင် နောက်ကျပီးမွေးဖွားခြင်း ။
ကိုယ့်မိန်းမမဟုတ်ပဲ အိမ်နားနီးချင်းမိန်းမက မွေးဖွားရင် မှားယွင်းသောမွေးဖွားခြင်း။

မေး ။ ။ပျော်ရွှင်ခြင်းနဲ့ ၀မ်းနဲခြင်း ကိုဥပမာပေးပါ။
ဖြေ ။ ။ပိုက်ဆံအိပ်ကောက်ရရင်ပျော်ရွှင်ရပါတယ်။အဲ။....အဲဒီပိုက်ဆံအိတ်ပိုင်ရှင်ပေါ်လာရင် တော့ ၀မ်းနည်းရပါတယ်။

မေး ။ ။အကောင်းဆုံးပိန်နည်း ကဘာလဲ။
ဖြေ ။ ။ဗိုက်ထဲမှာ ဘာမှ မရှိရင် ဘာမှ မစားပါနဲ့။

မေး ။ ။ရေဒီယိုနဲ့ ရုပ်မြင် သံကြားဘာကွာပါသလဲ။
ဖြေ ။ ။ရေဒီယိုမှာက စိတ် အနှောက်အယှက်ကို ကြားပဲကြားရပါတယ်....ရုပ်မြင်သံကြားမှာကြတော့ သူတို့ကို မြင်ပါမြင်ရပါတယ်။

မေး ။ ။ချစ်သူနဲ့ဖက်ရမ်းနမ်းရှုပ်စဉ်မှာ အမျိုးသမီးများ ဟာ ဘာလို့ မျက်စိမှိတ်ထားကြပါသလဲ။
ဖြေ ။ ။အရင်က...နမ်းခဲ့တဲ့ သူတွေအကြောင်းကို စဉ်းစားနေလို့ပါ။

မေး ။ ။ဘယ်အချိန်မှာ မိန်းမတွေ အတင်း အဖျင်းအနဲဆုံးပြောကြပါသလဲ။
ဖြေ ။ ။ဖေဖော်ဝါရီလပါ။အတိုဆုံးလ ဖြစ်လို့ပါ။

မေး ။ ။မိန်းမ နဲ့ ယောက်ကျား ဘာခြားနားသလဲ။
ဖြေ ။ ။မိန်းမတယောက်လိုချင်တာကအများကြီးပါ။ ဒါပေမဲ့ ယောက်ကျားတယောက်ထဲဆီမှဖြစ်.....ပါတယ်။
ယောက်ကျားကတော့ တခုပဲလိုချင်ပါတယ်။အဲ...မိန်းမအများကြီးဆီကပါ။

မေး ။ ။ဘ၀ နဲ့ရင်းပီး မှတ်ကျောက်အတင်ခံနိုင်တဲ့ အမှန်တရားဆိုတာ ဘာကိုပြောတာလဲ။
ဖြေ ။ ။အကြိမ်ကြိမ် ကျူးလွန်မိတဲ့ အမှားပါ။

မေး ။ ။အိမ်ထောင်ရေး သာယာမှု ရအောင်ဘာလုပ်ရမလဲ။
ဖြေ ။ ။အသက် ၇၀ ကျော်မှ အိမ်ထောင်ပြုပါ။

မေး ။ ။အစားအစာတခုဖြစ်တဲ့ မှိုမှာ ဘယ်လိုမှိုမျိုးကိုစားလို့ရပါသလဲ။
ဖြေ ။ ။အားလုံးကိုစားလို့ရပါတယ်။ဒါပေမဲ့ တချီု့ မှိုတွေကိုတော့ တခါပဲစားလို့ရပါတယ်။

မေး ။ ။ခုခေတ်မှာ အံ့သြစရာအကောင်းဆုံးကဘာလဲ။
ဖြေ ။ ။ပညာမဲ့သူတွေစင်ပေါ်တက်ဟောပြောနေတာ က အံ့သြစရာအကောင်းဆုံးမဟုတ်ပါဖူး။
ပညာရှိတွေက အဲဒီလူတွေကို သြဘာပေးနေတာက အံ့သြစရာအကောင်းဆုံးပါ။

မေး။ ။ယောက်ကျားတွေထက်မိန်းမတွေ အသက်ပိုရှည်တယ်ဆိုတာမှန်ပါသလား။
ဖြေ။ ။အတိအကျတော့မသိပါဖူး။ဒါပေမဲ့ မုဆိုးမတွေက အသက်ပိုရှည်တာ အမှန်ပါ။

မေး ။ ။ခွဲစိတ်ဆရာဝန်တွေဟာ ဘာလို့ သူတို့မျက်နှာကို အ၀တ်နဲ့ ဖုံးထားပါသလဲ။
ဖြေ ။ ။ခွဲစိတ်တာမအောင်မြင်ရင် ....သူတို့ ကို မမှတ်မိအောင်လို့ပါ။

မေး ။ ။ထောက်လှမ်းရေးနဲ့ သူလျှို ဘာခြားနားပါသလဲ။
ဖြေ ။ ။ထောက်လှမ်းရေးက ကျုပ်တို့လူ။သူလျှိုက သူတို့လူ။

မေး ။ ။ဒီအလုပ်အတွက်လိုအပ်တဲ့အရည်အချင်းတွေ မင်းမှာရှိလား။
ဖြေ ။ ။ရှိပါတယ်။အသံနဲနဲကြားတာနဲ့ကို အိပ်နေရာကနေ ချက်ချင်းနိုးတတ်ပါတယ်။

post from Mc Twister


မ. .မ


..

No comments:

Post a Comment