သင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက်များ
ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို
မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း
သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။
(၁) တောင်ကြာကလေးရွက်
ကင်းဝေးစေပြီး အသည်းထဲရှိ သန့်စင်ပေးတဲ့ အင်ဇိုင်းတွေကို စွမ်းအားဖြည့်ပေးပါတယ်။
ဒါ့အပြင် သဘာဝ ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။
(၂) သံပရာရည်
အဆီတွေကို လောင်ကျွမ်းစေပါတယ်။ နံနက်တိုင်း သံပရာရည်ကို သောက်ပေးရင်
အစာကြေညက်စေတယ်လို့ ဒေါက်တာဖရန့်က ဆိုပါတယ်။
(၃) အစိမ်းရင့် ဟင်းသီးဟင်းရွက်များ
စားသင့်တဲ့နည်းက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပြီး သံလွင်ဆီဆမ်းကာ စားပေးရမှာ ဖြစ်ပါတယ်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက အစာခြေလမ်းကြောင်းထဲမှာ ကလိုရိုဖီးလ် ပမာဏကို တိုးစေပြီး
မီးခိုးနဲ့ ပိုးသတ်ဆေးတွေလို ပတ်ဝန်းကျင် အဆိပ်တွေကို ခန္ဓာကိုယ်ထဲမှ ထွက်ရှိစေပါတယ်။
(၄) လတ်ဆတ်သော သစ်သီး
ဗီတာမင်၊ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်စတဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်နေတာကြောင့်
သစ်သီးတွေကို စားပေးရင် ခန္ဓာကိုယ်ထဲမှ အဆိပ်တွေ ပြေစေပါတယ်။
(၅) ဂေါ်ဖီထုပ်
(၆) မုန်လာဥ (Beet)

သည်းခြေအိတ် ပြဿနာရှိနေတဲ့ သူတွေကို မုန်လာဥ (Beet) များများစားဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
မုန်လာဥထဲမှာပါတဲ့ အမျှင်ဓာတ်ဟာ အင်တီအောက်ဆီးဒင့်အင်ဇိုင်း ထုတ်လုပ်မှုကို တိုးစေတာကြောင့်
အသည်းနဲ့ သည်းခြေအိတ်ထဲမှ ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေတဲ့ အရာတွေကို ထွက်သွားစေပါတယ်။
အကြောင်းကတော့ အဲဒီအစာတွေဟာ ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးနိုင်တာကြောင့်ပါ။
(၈) အခွံချွတ်မထားသော ကောက်နှံစာ
မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်လည်း ပါဝင်တဲ့အတွက် ဗိုက်ပြည့်စေပါတယ်။
သင့်ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ထွက်စေနိုင်တဲ့အပြင် လေပွတာနဲ့ ဝမ်းချုပ်တာကိုလည်း မဖြစ်စေနိုင်ပါဘူး။
(၉) လက်ဖက်စိမ်း လက်ဖက်ရည်
သောက်သင့်ပါတယ်။လက်ဖက်စိမ်း လက်ဖက်ရည်မှာ ဖလေဗိုးနွိုက်ကတ်တီချင် ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို
အားကောင်းစေပြီး အဆိပ်ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေရဲ့ ထွက်နှုန်းကို တိုးစေပါတယ်။
ကြယ်စင်
Ref: Good HealthSource: http://www.yatanarpon.com.mm/cp/goodhealth/news-55018
No comments:
Post a Comment