Powered By Blogger

Sunday 3 March 2013

ပြုံးလိုက်ရအောင် (၂)


123tagged.Com
ကယ်တင်ရှင်
ဆေးဆိုင်အရောင်းစာရေးမ ဆိုင်မန်နေဂျာထံ ပြေးလာပြီးပြောသည်။
“အကိုကြီး…..စကော့တလန်သားတစ်ယောက်က ၇-ဆင့်တန် အဆိပ်ရောင်းပါလို့ပြောနေတယ်ရှင့် ”
“ဟေ.....ဟုတ်လားးးးးသူ့ကို ကယ်ဖို့ လိုတယ် ။ ၇ -ဆင့်တန် မရှိဘူး ။ ၈-ဆင့်တန် ပဲ ရှိတယ်လို့ ပြောလိုက် ”
123tagged.Com

ခွင့်လွှတ်ပါ
စာ၏ အဆုံးတွင် စကော့တလန်သားက ဤသို့ ဖြည့်ရေးသည်။
“သူငယ်ချင်း စာမှာ တံဆိပ်ခေါင်း မပါတဲ့အတွက် ခွင့်လွှတ်ပါ ။
စာကို စာတိုက်ပုံးထဲ ထည့်လိုက်ပြီးမှ တံဆိပ်ခေါင်း မကပ်မိဘူးဆိုတာ သတိရတယ် ”
123tagged.Com
ကျန်မှာပါ
ဧည့်သည်ကို စကော့တလန်သူ အိမ်ရှင်မက ကြက်ဥပြုတ် (၂) လုံးချကျွေးသည်။
သားဖြစ်သူက တစ်ချိန်လုံးစိုက်ကြည့်နေရာ အမေဖြစ်သူက ပြောသည်။
“စိတ်မပူပါနဲ့ သားရယ်…သားရဲ့အန်ကယ်က စူစကာ မဟုတ်ဘူး ။ သားအတွက် တစ်လုံးတော့ ကျန်မှာပါကွယ်”
123tagged.Com
ခြံထွက်ပစ္စည်း
ဧည့်သည်ကို စကော့လူမျိုး ဇနီးမောင်နှံက အာလူးကြော်ဖြင့် တည်ခင်း ဧည့်ခံသည်။ယောကျာ်းကပြောသည် ။
“စားဗျ…!!! အားမနာနဲ့ သိလား ။ ကိုယ်တိုင် စိုက်တဲ့ အာလူးကို ကြော်ထားတာဗျ ”
“ခင်ဗျား တို့ဆီမှာ ခြံဖြင့် မရှိဘဲနဲ့”
“သချိုင်းမှာ ကျွန်တော်တို့ လင်မယားသေရင် မြှုပ်ဖို့ မြေနေရာ (၂) နေရာ ဝယ်ထားတယ်…..
အခုထိသုံးစရာမလိုသေးတာနဲ့ အဲဒီမှာ ကျွန်တော်တို့ အာလူး စိုက်တယ်လေ”

123tagged.Com
အီဖယ်မျှော်စင်
ပိုက်ဆံအတန်အသင့် စုမိသဖြင့် ပဲရစ်သို့ အလည်သွားရန် စကော့တလန်သား ဆုံးဖြတ်လိုက်၏။
နာမည်ကြီးမြို့တော်၏ စိတ်ဝင်စားစရာနေရာများ ပါရှိသည့် Post Card များကို ပုံမှန်ပေးပို့မည် ဟု မသွားမီ ဆွေမျိုးများအား ကတိပေးသည် ။
၎င်းထံမှ အချိန်အတော်ကြာသည်အထိ ဘာPost Card မှ ရောက်မလာချေ ။
နောက်ဆုံးတွင် အီဖယ်မျှော်စင် ၏ Post Card ပုံကို ၎င်းပို့လိုက်သည် ။
ကျောဘက်တွင် စကော့တလန်သားက အောက်ပါအတိုင်း ရေးထားသည်။
“ဒါ……အီဖယ်မျှော်စင်…ဒီအပေါ်ကကြည့်ရင် တစ်မြို့လုံးကို မြင်ရတယ်….”
123tagged.Com
ယုံချင်မှယုံ
လမ်းဘေးတွင် ထိုင်ပြီး လမ်းသွားလမ်းလာများထံမှ စေတနာရှိသမျှ ပေးကမ်း စွန့်ကြဲကြပါရန် ခယတောင်းပန်နေသူ
မျက်မမြင်၏ခွက်ထဲသို့ လူကြီးတစ်ဦး ၅၀၀ တန်တစ်ရွက်ထည့်လိုက်သည်။
ခြေလှမ်း နှစ်လှမ်း သုံးလှမ်းခန့် လျှောက်ပြီးနောက် နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ မျက်မမြင်သည် ခွက်ထဲမှ
ငွေအကြွေစေ့နှင့် စက္ကူများ ကိုတစ်ခုချင်း ကောက်ပြီး အိပ်ထောင်ထဲ ထည့်လိုက်သည်ကို တွေ့ရသည်။
လူကြီးက ရှုတ်ချသံဖြင့် ပြောသည်။
“ခင်ဗျားးးးမျက်စိမကန်းဘဲနဲ့ ဘာဖြစ်လို့ ကန်းချင်ယောင်ဆောင်နေရတာလဲ”
“ဒီလိုပါ…..ဒီနေရာမှာ ကျွန်တော့မိတ်ဆွေ မျက်စိတကယ်ကန်းတဲ့သူ ထိုင်နေကြပါ။
သူ ရုပ်ရှင် သွားကြည့်မှာမို့လို့ ခဏ သူ့အစားထိုင်ပေးတာပါ…ဟုတ်ပါတယ်…ကျွန်တော်က မျက်စိမကန်းပါဘူး။
ကျွန်တော်က ဆွံ့အ နားမကြားသူပါ ”
123tagged.Com
သူငယ်ချင်းမောင်နှမများးးးးးးးးပျော်ရွှင်ပါစေ......ရည်ရွယ်ရင်းးးးးးးးးးးးး
Tags: ဟာသ

No comments:

Post a Comment