Powered By Blogger

Saturday 30 June 2012

ATM(ငွေထုတ်စက်)များအကြောင်း
Posted by မောင်မောင်













      ၁၉၅၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ ATM စက် (အလိုအလျောက်ငွေထုတ်စက်) ကို
ပထမဆုံးအသုံးပြုခဲ့ပါ တယ်။ ၁၉၆၀ နောင်းပိုင်းကစတင် ရေပန်းစားပြီး ယနေ့အချိန်အထိ
အသုံးပြုနေတဲ့ ATM (Automated teller machine) ရဲ့ အခြေခံ
ဖွဲ့စည်းပုံအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ CPU (အသုံးပြုသူ interface နှင့် ငွေထုတ်စက်အား ထိန်းချုပ်ရန်)
၂။ Magnetic/ Chip card (ငွေထုတ်သူ Customer အား ခွဲခြားဆုံးဖြတ်ရန်)
၃။ PIN/ Touch Screen ( လျို့ဝှက်ကုဒ်နံပါတ်ရိုက်ရန်)
၎။ Display (ဖန်သားမျက်နှာပြင်)
၅။ Function key buttons/ Touch screen ( ထုတ်မည့်ငွေပမာဏအားရိုက်ထည့်ရန်)
၆။ Vault (ငွေများအားထိန်းသိမ်းကာကွယ်သည့် မီးခံသေတ္တာအလွှာ)
၇။ Housing (စက်အခွံ)

စက်ကို interbank network နဲ့ချိတ်ဆက်ထားရပါတယ်။ ယင်း ဘဏ်ကသီးသန့်အသုံးပြုတဲ့
သီးခြား အတွင်း Network မို့လို့ သူ့ကို interbank network လို့ခေါ်ပါတယ်။ ယင်းဟာ
ဘဏ်အမျိုးအစားတစ်ခုနဲ့တစ်ခု မတူပါဘူး။ သို့ပေမဲ့ တစ်ခါတစ်ရံမှာ ဘဏ်အများအပြားကို
Network တစ်ခုတည်းအသုံးပြုတာမျိုး လည်းရှိပါတယ်။ ဥပမာ-ဖိလစ်ပိုင်မှာဆိုရင် ဘဏ်
၁၉ခုလောက်ဟာ Megalink ကပေးတဲ့ Network ကို အသုံးပြုပါတယ်။

ပြီးတော့ စက်ကို host နဲ့တိုက်ရိုက်ချိတ်ဆက်ခြင်း (သို့မဟုတ်) ADSL (သို့မဟုတ်)
dail-up modern (သို့မဟုတ်) leased line တို့နဲ့လည်း ချိတ်ဆက်ရပါသေးတယ်။ ADSL
ကတော့ ကော့ပါးတယ်လီဖုန်းလိုင်းဖြစ်ပြီး Data ပို့လွတ်မှုမြန်ဆန်မှုရှိပါတယ်။
dail-up modern ဆိုတာကတော့ ရိုးရိုးတန်းတန်း တယ်လီဖုန်းလိုင်းလိုဖြစ်ပါတယ်။ Leased
line မှာ POTS လို့ခေါ်တဲ့ လိုင်းကိုအသုံးပြုပါတယ်။ POTS ဆိုတာ Plain old telephone
service ဖြစ်ပြီး Data အပို့၊အလွတ် အင်မတန်ရိုးဆင်းလွယ်ကူပါတယ်။

ပြီးတော့ လိုင်းဆွဲအားကောင်းတဲ့ အင်တာနက်လိုင်း ( VPN connection) လိုအပ်ပါသေးတယ်။
ATM စက်ရဲ့ Network ကိုနေရာတစ်ခုကနေ အခြားမြို့နယ်က စက်ဆီကို ကူးနိုင်ဖို့
အင်တာနက်လိုင်းကို အသုံးပြုရပါတယ်။ အသုံးများတဲ့ lower-level layer communication
protocols ကတော့ SDLC, TC500, Async, X.25, TCP/IP တို့ဖြစ်ပါတယ်။

စက်အလုပ်လုပ်ပုံအကျဉ်းချုပ်ကတော့ ကဒ်ကို ထဲလိုက်တဲ့အခါမှ reader ကဖတ်ပြီး ရလာတဲ့
Data ကို Administrator ဆီ interbank Network ကနေပို့လွတ်ပါတယ်။ ပြီးတော့ user
ကထုတ်မည့်ငွေပမာဏကို တွက်ချက်ပြီး Cash Dispenser ကနေ ထုတ်ပေးပါတယ်။ ပြီး
ထုတ်ယူတဲ့ ငွေပမာဏကို user အားသိစေရန် အသိအမှတ်ပြုစာရွက် (ဘောင်ချာ) ပြန်ပေးပါတယ်။

လုံခြုံရေးအဆင့်မြင့်ပါတယ်။ ဥပမာ လျှို့ဝှက်နံပါတ် မှားရိုက်မှုအကြိမ်အရေအတွက်
များလာရင် မှတ်သားပြီး user ရဲ့တောင်းဆိုချက်ကို ဘာမှတုန့်ပြန်မှုမပေးတော့ပါဘူး။
ပြီးတော့ အခြား Security function ပါဝင်ပါသေးတယ်။

သို့ပေမဲ့ အားနည်းချက်များလည်းရှိပါတယ်။ ဥပမာ-မီးပျက်လို့မရပါဘူး။ မီးပျက်ရင်
(Electrical suppy shut down/ off) ဖြစ်မယ်ဆိုရင် အခက်တွေ့ပါပြီ။ မီးယာယီပျက်ပြီး
ပြန်လာရင်လည်း စက်ကို ပုံမှန်ပြန်လည်ပတ်ပို့သေချာစစ်ဆေးပေးရပါတယ်။
နိုင်ငံကြီးတွေမှာတောင် မမျော်လင့်ပဲ မီးပျက်တဲ့အခါ အခွင့်ကောင်းစောင့်တဲ့ hacker
များဟာ ATM စက်ကို နည်းအမျိုးမျိုးနဲ့ Hack ပြီးငွေခိုးလေ့ရှိကြပါတယ်။ CCTV
ကင်မရာထားသော်ငြားလည်း ယနေ့အထိ အားနည်းနေဆဲဖြစ်ပါတယ်။ ATM Card အစား အခြား
ဗိုင်းရက်စ်ပါတဲ့ Malware card များအသုံးပြုပြီးထုတ်ယူသူများလည်းရှိတယ်လို့
လေ့လာဖူးပါတယ်။

သို့ပေမဲ့ အားနည်းချက်အနည်းငယ်ရှိသော်လည်း
လုံခြုံရေးအားသာချက်ပေါင်းများစွာရှိနေတဲ့ ATM စက်များကို ကမ္ဘာတစ်ဝန်းမှာ
ယနေ့တိုင်အသုံးပြုနေကြတာကို တွေ့ရပါတယ်။

မှတ်ချက်။ International news for myanmar's Page  မှ ပြန်လည်မျှဝေ ထားခြင်းဖြစ်ပါတယ်။

Friday 15 June 2012

သင်ခန်းစာ ယူတတ်ဖို့ပါ ရွှေဖားလေး အကြောင့်း.........


သင်ခန်းစာ ယူတတ်ဖို့ပါ ရွှေဖားလေး အကြောင့်း.........



တစ်ခါတုန်းကပေါ့ မျှော်စင်အိုကြီးတစ်ခုအနားမှာ ဖားကလေးတွေဟာ စုပေါင်းပြီး
ပျော်ရွှင်စွာနဲ့နေထိုင်ကြသတဲ့။ တစ်နေ့မှာဖားတစ်ကောင်က
မြင့်မားတဲ့မျှော်စင်အိုကြီး ကိုကြည့်ပြီး စိတ်ကူးတစ်ခုရလာပါတယ်။ အဲဒီနောက်
“အဆွေဖားတို့ ကျွန်တော်တို့ အခုလိုအိပ်လိုက်စားလိုက် နေမယ့်အစား ဘယ်ဖားက
အစွမ်းအစအရှိဆုံးလဲသိရအောင်ပြို
င်ပွဲတစ်ခုလုပ်ကြရအောင်” လို့အကြံပြုတော့
အစွမ်းပြလိုတဲ့ အခြားဖားတွေကပြိုင်ကြရအောင်ဆြို
ပီးထောက်ခံကြတာပေါ့။
အဲဒီလိုနဲ့ပဲပြိုင်ပွဲတစ်ခုကို စတင်ကြပါတယ်။ အဲဒီပြိုင်ပွဲကတော့
ဘယ်ဖားစွမ်းကောင်းက မျှော်စင်ကြီးတစ်ခုရဲ့ထိပ်ပိုင်းအထိကို
ရောက်အောင်တက်နိုင်မလဲဆိုတာပါပဲ။ အဲဒီပြိုင်ပွဲသတင်းကိုကြားတဲ့ အခြားဖား
အမြောက်အများဟာလဲ ဘယ်ဖားတွေဘယ်လိုပြိုင်ကြမလဲ သိချင်ကြတာနဲ့ ပြိုင်ပွဲကို
ဖားပျံမကျ လာရောက်အားပေးကြတာပေါ့။
မကြာခင်မှာပဲ ပြိုင်ပွဲကြီးစတင်ပါတော့တယ်။  ပြိုင်ပွဲဝင်ဖားတွေက
ပြိုင်ပွဲစတင်တာနဲ့တပြိုင်နက် အားကြိုးမာန်တက် မျှော်စင်အိုကြီးပေါ်ကို
အပြိုင်အဆိုင် ခုန်တက်ကြပါတယ်။
အရိုးသားဆုံးပြောရရင် လာရောက်အားပေးတဲ့ ဖားပရိသတ်တွေအားလုံးဟာ လာပြီးသာ
အားပေးရတယ် ဒီလိုပြိုင်ပွဲမျိုးကို ဘယ်လိုဖားတွေမှ မယှဉ်ပြိုင်နိုင်တဲ့အပြင်
ဘယ်ပြိုင်ပွဲဝင်ဖားတစ်ကောင်ကောင်မှ မျှော်စင်ထိပ်အထိတက်နိုင်ပြီး
အနိုင်ရမယ်လို့ကို မထင်ကြပါဘူး။ အားလုံးသော ပရိသတ်များက “အိုး…
ဒါမဖြစ်နိုင်ပါဘူး၊ လုံးဝမဖြစ်နိုင်ဘူး၊
ဒီလောက်မြင့်တဲ့မျှော်စင်ကြီးရဲ့ထိပ်ပေါ်ဘယ်သူမှတက်နိုင်မှာ မဟုတ်ဘူး၊ အဲဒါ
အရမ်း အရမ်းးးးးးးကိုမြင့်တာ” လို့အောက်ကနေပြီး စိတ်လှုပ်ရှားစွာနဲ့
တစ်ယောက်တစ်ပေါက် အော်ဟစ်ပြီး ဝေဖန်ပြောဆိုနေကြတာပေါ့။
မကြာခင်မှာပဲ အချို့သော ကျားကုတ်ကျားခဲနဲ့ ရည်မှန်းချက်ကြီးတဲ့ဖားတွေကလွဲလို့
ကျန်ပြိုင်ပွဲဝင်ဖား တော်တော်များများက မျှော်စင်အိုအပေါ် ကိုတက်ရင်းတက်ရင်းနဲ့
ခြေကုန်လက်ပမ်းကျပြီး အောက်ကိုတစ်ဖုတ်ဖုတ်နဲ့ပြုတ်ကျ လာကြပါတယ်။
အဲဒီမှာပဲ ပရိသတ်တွေက တစ်ယောက်တစ်ပေါက်နဲ့ ပြိုင်ပွဲဝင်တွေကို လှမ်းပြီး
“ဒီပြိုင်ပွဲက အရမ်းခက်ခဲလွန်းတယ် ဘယ်သူမှနိုင်မှာမဟုတ်ဘူး မပြုတ်ကျခင်
အမြန်ပြန်ဆင်းလာကြတော့လို့’’ အားမလိုအားမရစွာနဲ့ အော်ဟစ်ပြောဆိုကြပါတယ်။
မကြာခင်မှာပဲ ကျန်တဲ့ပြိုင်ပွဲဝင်ဖားတွေက တစ်ဖုတ်ဖုတ်နဲ့ အောက်ကို
ဖားကျဖားပြုပ်ကျ ပြုတ်ကျလာကြပါတော့တယ်။
အဲဒီလိုနဲ့ဖားတွေတစ်ဖုတ်ဖုတ် ပြုတ်ကျလာလိုက်တာ
နောက်ဆုံးကျန်တဲ့ဖားငယ်လေးတစ်ကောင်က တစ်ခုန်ချင်းတစ်ခုန် အပေါ်ကို
ဆက်လှမ်းနေပါတယ်။ အဲဒီဖားကလေးဟာ လုံးဝအရှုံးမပေးပဲ
ဆက်လက်ယှဉ်ပြိုင်နေပါတယ်။  ပြိုင်ပွဲရဲ့နောက်ဆုံးမှာတော့
မျှော်စင်အိုကြီးထိပ်ကို ရောက်သွားတဲ့ “ကိုရွှေဖားသည်ဂရိတ်” ဖားစွမ်းကောင်းကလေး
ကလွဲလို့ကျန်တဲ့ဖားတွေအကုန်လုံး အောက်ကိုပြုတ်ကျပြီးအရှုံးနဲ့
ရင်ဆိုင်သွားကြရပါတယ်။
ဖားအားလုံးဟာ အနိုင်ရသွားတဲ့ ဖားစွမ်းကောင်းလေးရဲ့ အကြောင်းနဲ့ ဘယ်လိုကြောင့်
အခြားဖားတွေမလုပ်နိုင်တဲ့ အလုပ်ကိုလုပ်နိုင်တာလဲဆိုတာကို
သိချင်စိတ်ပြင်းပြနေကြတာပေါ့။ အဲဒါနဲ့ အဲဒီဖားကလေးကို “သင် အဘယ်လိုစွမ်းအားတွေ
ခွန်အားတွေသုံးပြီး ဒီလောက်မြင့်တဲ့ မျှော်စင်အိုကြီးပေါ်ကို တက်သလဲ”
လို့ဝိုင်းမေးကြပါတယ်။ အဲဒီမှာသူတို့ဟာ ဖားကလေးရဲ့လျို့ဝှက်ချက်ကို
သိသွားကြပါတယ်။ အဲဒါကဘာလဲဆိုတော့ ဖားကလေးဟာနားမကြားဘူးဆိုတာပါပဲ။
ဒီပုံပြင်လေးထဲက သင်ဘယ်လိုသင်ခန်းစာရသလဲ?
*သင့်ကို စိတ်ပျက်၊ အားလျော့စေမယ့် ဘယ်လိုစကားတွေမှနားမယောင်ပါနဲ့။*
အဲဒါက အရေးကြီးပါတယ် ဘာကြောင့်လဲဆိုတော့ အဲဒီစကားမျိုးတွေက သင့်ရဲ့
စိတ်နှလုံးထဲမှာရှိတဲ့ အိမ်မက်တွေ မျှော်လင့်ချက်တွေအားလုံးကို
ဖျက်ဆီးပစ်မှာဖြစ်လို့ပါပဲ။
ဒါကြောင့် သင့်ကိုခွန်အားပေးနိုင်တဲ့ စကားစုများ၊ အကြောင်းအရာများကို
သာအမြဲစဉ်းစားပါ။ ဘာကြောင့်လဲဆိုတော့ သင်တွေးတော၊ ဖတ်ရှု၊ နားထောင်
တဲ့အကြောင်းအရာအားလုံးဟာ သင့်ရဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ကို
အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိနေမှာဖြစ်လို့ပါ။
ထို့ကြောင့် *အမြဲတမ်း အကောင်းမြင်ပါ။* *ဒီထက်ပိုပြီးလုပ်သင့်တာတစ်ခုကတော့
နားထိုင်းနေပါ။* ဘယ်လိုအချိန်မျိုးမှာ နားထိုင်းနေရမလဲဆိုတော့
သင့်ကိုတစ်စုံတစ်ဦးက သင်၏ရည်မှန်းချက် ကိုမဖြစ်နိုင်ဘူးလို့ပြောလာတဲ့အခါမှာပါ။
*ငါလုပ်နိုင်တယ်လို့ အမြဲတမ်းကိုယ့်ကိုယ်ကိုသတိပေးနေပါစေ။ *

ဥာဏ်စမ်းလေးဖြေကြပါအုံး


ဥာဏ်စမ်းလေးဖြေကြပါအုံး

 အောက်ဆုံးမှာ အဖြေပေးထားပါတယ် ဒါပေမယ့် အဖြေကို ကြိုမကြည့်ပါနဲ့  ကြိုးစားဖြေကြည့်ပေါ့ ပြီးမှ ကိုယ့်အဖြေမှန်လာမှားလားတိုက်ကြည့်ပေါ့ မဟုတ်ဘူးလား 

ဒီဥာဏ်စမ်းက အမေရိကန် Harvard တက္ကသိုလ်ရဲ့ ၂၀၀၁ခုနှစ်မှာ Institute of
 
Science ဂုဏ်ထူးတန်းကိုမေးတဲ့ မေးခွန်းလိုဆိုထားပါတယ်။
 
မေးခွန်းက အကယ်၍

၁= ၅
၂= ၂၅
၃= ၁၂၅
၎= ၆၂၅
၅= ?
 

လူတော်တွေတက်တဲ့ ဟားဗတ်ရဲ့မေးခွန်းကို ဖြေကြည့်ကြရအောင်...သူငယ်ချင်းတို့အားလုံးမှာ ဟားဗတ် တက်နိုင
တဲ့ အရည်အချင်းရှိကြပါတယ်။
 

ချိုချဉ်တစ်လုံးကို ၁ကျပ်ပေးရတယ်။

ချိုချဉ်အခွံ ၃ခုကို ချိုချဉ်တစ်လုံးနဲ့ လဲနိုင်တယ်။

၁၅ ကျပ်ဖိုး ၀ယ်တယ် ဆိုပါစို့။

စုစုပေါင်း ချိုချဉ်ဘယ်နှစ်လုံး စားရမလဲ.. ?


က) ၀ လုံး
ခ) ၁၅ လုံး
ဂ) ၂၀ လုံး
ဃ) ၂၁ လုံး
င) ၂၂ လုံး

အားလုံး ဖြေကြည့်ကြပါနော်။ လူတော်တွေပဲဆိုတာ သိပါတယ်။ ပျော်ပျော်ပါးပါး အပျင်းပြေပေါ့...း)

Answer...??????






တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။

ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို
သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့
ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်း
ပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။


အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင်
ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက
ဘာလဲ... ?

ဝါသနာပါသူများ ဖြေကြည့်ကြပါ။ အပျင်းလဲပြေ... ပျော်စရာလည်း ကောင်းပါတယ်။

+++++++++++++++++++++++++
 စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူးနော်။

တစ်ခါတလေ အတွေးတွေကို အဆုံးစွန်ထိ တွေးလိုက်မိရင် အသိဥာဏ်က သာမန်အဆင့်လောက်ပဲ
ဖြစ်သွားတတ်ပါတယ်တဲ့။ ဒါကြောင့် Don't think too much.း)

Answer 1.


၁= ၅ ဆိုတော့

အဖြေက ၅ = ၁ ပါတဲ့
 
လွယ်လွန်းတဲ့အတွက် လူကိုဒွိဟဖြစ်စေတဲ့ မေးခွန်းလေးပါ။ ၀င်ဖြေသူများ ကျေးဇူးတင်ပါတယ်.. ဟားဗတ်သွားကြရ
အောင်...
Answer 2.



ဘင်းဂို...... အဖြေက (၂၂)လုံး ဖြစ်ပါတယ်။

၁၅ကျပ်ဖိုးဝယ်တော့ ချိုချဉ်က = ၁၅ လုံး

အခွံ၁၅ခုနဲ့ ချိုချဉ်ပြန်လဲတော့.....= ၅လုံး

ရတဲ့ ၅လုံးထဲက အခွံ၃ခုနဲ့ ပြန်လဲတော့ = ၁လုံး

ကျန်တဲ့ အခွံနှစ်ခုနဲ့ နောက်ဆုံးရတဲ့ အခွံပေါင်းပြီး ပြန်လဲတော့ နောက် ၁ လုံးထပ်ရတယ်။ စုစုပေါင်း (၂၂) လုံးရပါ
တယ်။ ရှိသမျှအခွံကို လွှင့်မပစ်ဘဲ အကုန်လဲစားလိုက်တာ..း) အလုံး(၂၀) ဖြေသူတွေ၊ (၂၁)လုံး ဖြေသူတွေလဲ
မှန်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့သွားက ပိုးစားနေလို့ လျှော့စားလိုက်တာတဲ့း) အခွံကို လွှင့်မပစ်ဘဲ ပြန်
လဲစားကြတဲ့အတွက် အားလုံးက လူတော်တွေပါပဲ။ ၀င်ရောက်ဖြေဆိုကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်
နောက် လူချင်းကြုံခဲ့ရင် ချိုချဉ်လေးတွေ ကျွေးပါ့မယ်း)
Answer 3.


ဖတ်ဖူးတဲ့ ဆိုက်ဒ်ထဲမှာတော့ တစ်ချို့က လက်နဲ့ တစ်ခုခုကို ညှပ်နေတဲ့ ပုံစံလုပ်ပြမှာပေါ့လို့ ဖြေထားကြတယ်။
မျက်မမြင်က မျက်စိသာ မမြင်တာ ဆွံအသူ မဟုတ်ဘူးလေ။ ကတ်ကြေးတစ်လက် ပေးပါလို့ ပြောလိုက်ရုံပါပဲ။

ကြည့်သူဦးရေ: 331

ကိုယ်သင်းနံ့လေးမွှေးစေဖို့


ကိုယ်သင်းနံ့လေးမွှေးစေဖို့

လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိယုံကြည်မှုရှိပြီး ပေါင်းသင်း

ဆက်ဆံရေးမှာလည်း အောင်မြင်မှာပါ။

တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။
ဒါပေမဲ့ တကယ့်စစ်မှန်တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်
တဲ့ အကြောင်းရင်းတွေထဲမှာ လိင်အမျိုးအစားအလိုက်လည်းကွာခြားပါတယ်။


အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက်လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံးနေတဲ့
အစားအစာတွေနဲ့ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။
ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်းများမှီဝဲခြင်း၊   အရက်သောက်ခြင်း၊  ဇင့်ဓာတ်လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေ
သန့်ရှင်းမှု မရှိခြင်းတွေကတော့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်စေတဲ့အဓိကအကြောင်းအရာတွေလို့ လေ့လာတွေ့ရှိရပါတယ်။

ချွေးနံ့သက်သာစေမည့် အစားအစာများ

အမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်း

သီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ကောင်းအောင်အထောက်အပံ့ဖြစ်

စေပါတယ်။


ချွေးနံ့သက်သာစေမည့် အပြုအမူများ

ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ နေ့စဉ်  ရေမှန်မှန်ချိုးပြီး တစ်နေ့အ

ဝတ်အစားတစ်နေ့ပုံမှန်လျှော်ပါ။
အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ  ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။
အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူးစတွေနဲ့ ပွတ်

တိုက်ပေးပါ။ ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့ နည်းလမ်းပါပဲ။ ပူပြင်းတဲ့ရာသီဥတု

မှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကိုသာဝတ်ဆင်ပါ။
ဒါပေမယ့်လက်ပြတ်အင်္ကျီဝတ်ဆင်ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေလို့ပါပဲ။ 

ချွေးနံ့သက်သာစေမည့် နည်းလမ်းများ

- ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေ

တဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာ

ရည်ကို မသုံးဖို့သတိပြုပါ။ 

- မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း ချွေးနံ့သက်သာစေပြီး

ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။ 

- ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည်   အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့်  ရေစိမ်ပေးခြင်းက

လည်း ကိုယ်သင်းနံ့မွှေးစေနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးချိုင်းကြားမှာကပ်ပေးပါ။ ခြောက်သွေ့သွားတဲ့အခါ

ခွာပြီးရေဆေးပေးရင် တစ်နေ့တာလုံး ချွေးနံ့ကင်းစင်စေမှာပါ။


- ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့   အကြောင်းအရာတွေထဲမှာ ခြေဆီလို့ခေါ်တဲ့ ခြေထောက်မှ  ထွက်တဲ့ ချွေးနံ့က

လည်း ပါဝင်ပါတယ်။ ဒါကြောင့်ခြေဖဝါးနဲ့ ခြေချောင်းလေးများကို နေ့စဉ်  ချေးချွတ် သန့်စင်ပေးပြီး ဖိနပ်စီးရာမှာ

လည်း လေဝင်လေထွက်ကောင်းတဲ့ဖိနပ်မျိုးကိုစီးပါ။
ကြည့်သူဦးရေ: 287

Gmail ရဲ့သမိုင်း


Paul Buchheit

အမေရိကန်ကွန်ပျူတာပရိုဂရမ်မာ
Friend Feed တည်ထောင်သူ
Case Western Reserve တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
Google ၏ လက်ရွေးစင်ပရိုဂရမ်မာများမှ ၂၃ ယောက်မြောက်


2004 March
ကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို
စတင်လွှင့်ထုတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB
အထိပေးမည်ဟု တရားဝင်ဖွင့်ဟခဲ့ရာ မယုံကြည်သူများက ကုမ္ပဏီငယ်တစ်ခု၏ April
Fool တစ်ခုမျှသာ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း Spam နည်းပါးခြင်းနှင့်
အလွန်အဆင့်အတန်းမြင့်မားသော Ajax နည်းပညာသုံးထားသည့် Gmail ကို Invite မှ
တစ်ဆင့် စတင်လက်ခံခဲ့ရပြီးနောက် Gmail ၏ ကမ္ဘာသက်ဝင်လှုပ်ရှားလာခဲ့တော့သည်။

2005 Jan
Hacker များ အလွယ်တကူဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော လုံခြုံရေးဟာကွက်တစ်ခုကို
Slash dot တွင် ဖော်ပြခဲ့ရာ အဆိုပါပြဿနာကို အလွယ်တကူဖြင့်
ပြန်လည်ပြင်ဆင်ပြီးချိန်တွင် Google ကိုယ်တိုင်သည် သူတို့၏ Service ကို
လူများစွာ စိတ်ဝင်စားကြောင်း ယုံကြည်သွားခဲ့သည်။

2005 Apr
သိုလှောင်မှုပမာဏကို 2 GB အထိ မြှင့်တင်ပေးခဲ့ပြီး စာပို့သောနေရာတွင် Plain Text အဆင့်မှ HTML
အဆင့်သို့ တိုးမြှင့်ပေးခြင်း၊ Font ပြောင်းလဲနိုင်ခြင်းအပါအ၀င် Feature
အသစ်များကို ထပ်မံပေါင်းထည့်ခဲ့သည်။

2005 May
ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အစရှိသော ဘာသာစကားများကိုပါ Gmail တွင်
ပေါင်းစပ် ထည့်သွင်း အသုံးပြုနိုင်စေရန် ပြုလုပ်နိုင်ခဲ့သည်။

2005 Jun
တစ်ကမ္ဘာလုံးတွင် Gmail Account 1.2 သန်းခန့်ရှိလာခဲ့ကြောင်းကို ကမ္ဘာကျော် Popular Science
မဂ္ဂဇင်းကြီးမှ Gmail ၏ ထုတ်လုပ်မှုမန်နေဂျာကို စစ်တမ်းကောက်ယူပြီး
ဖော်ပြပေးခဲ့သည်။ လကုန်ပိုင်းတွင် ဖင်လန်၊ ပိုလန်နှင့်
ဆွီဒင်ဘာသာစကားများကို ထပ်မံထည့်သွင်းခဲ့သည်။

2005 July
Gmail အသုံးပြုနေစဉ်တွင် Inbox အတွင်းမှနေ၍ Google Search Engine ကို
အသုံးပြုနိုင်သည့် Service ကို ထည့်သွင်းခဲ့ပြီး Gmail ၏
သိုလှောင်မှုပမာဏမှာ 2 GB အကျော်ထိ ရောက်ရှိခဲ့ပြီး တစ်နေ့တွင် 14 MB နှုန်း
သိုလှောင်မှုပမဏာကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးသည့်စနစ်ကို
စတင်သုံးစွဲခဲ့သည်။

2005 Aug
အချို့သော User များကို 100 Invitation ပေးအပ်ခဲ့သည်။ ယုံကြည်စိတ်ချရသော Developer
များနှင့် Programmer များကို Invite ပြုလုပ်ခွင့် 1000 အထိ ရရှိခဲ့သည်။
ဂရိ၊ ဟန်ဂေရီ၊ အင်ဒိုးနီးရှား၊ ဗီယက်နမ် စသော ဘာသာစကား ၁၂ မျိုးအထိ
ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Aug 24
Mobile ဖုန်းများတွင် Text Message ပေးပို့နိုင်ရန်အတွက် Gmail မှတစ်ဆင့်
အသုံးပြုနိုင်ရန် စတင်ပြုလုပ်ပေးခဲ့သည်။ အမေရိကန်တွင် Invitation
ကုတ်ဖြင့် Gmail Mobile များကို Tex Message များ ပေးပို့နိုင်သည်။
ထိုကဲ့သို့ပေးပို့ခြင်းတွင် Web ပေါ်တွင်သုံးသော Gmail ကဲ့သို့ Spam
များကို ရှင်းလင်းသေသပ်စေသည်။ https စနစ်ကို ဂရုတစိုက်သုံးစွဲသည့်အတွက်
လုံခြုံရေးပြည့်ဝပြီး လူကြိုက်များလာခဲ့သည်။ အချို့သော ISP Mail များအတွက်
စိတ်တိုင်းကျ Customize လုပ်ခွင့်ကို ပေးအပ်ခဲ့သည်။

2005 Sep
ချက်၊ ဟင်ဒီ၊ ထိုင်း၊ တူရကီ စသော ဘာသာစကား ၉ မျိုး ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Oct
အင်္ဂလန်တွင် ရှိသော gmail.com ကုမ္ပဏီတစ်ခုနှင့် နာမည်ကိစ္စ စကားပြောဆိုခဲ့ရပြီး
Username@gmail.com နေရာတွင် Username@google.com အဖြစ်
အချို့နေရာများတွင် ပြောင်းလဲပစ်ရန် သဘောတူညီခဲ့ရသည်။

2005 Dec
ဆက်သွယ်နိုင်သောအုပ်စုများ (Contact Group)၊ သူငယ်ချင်းများ၊ ၀န်ထမ်းများ (Co-Wokers) စသော Feature
အသစ်များကို ထပ်မံပေါင်းထည့်၍ သုံးစွဲသူတစ်ဦးအနေဖြင့် gmail ကို
စိတ်တိုင်းကျ ထိန်းသိမ်းကွပ်ကဲ နိုင်စေရန် ပြုလုပ်ပေးခဲ့သည်။

2005 Dec 16
Gmail Mobile အသစ်တစ်ခုထပ်မံထုတ်လွှင့်ခဲ့သည်။ အဆိုပါ http://m.gmail.com သည်
Gmail Mobile များအတွက် အထူးဝက်ဆိုက်ဖြစ်ပြီး Source Forge
အဖွဲ့အစည်းမှနေ၍ Gmail Mobile 1.0 ကို Open Source အနေဖြင့်
ရေးသားပေးခဲ့သည်။

2006 Jan
Menu bar တွင် Delete button ကို ပေါင်းထည့်ပေးခဲ့သည်။ အဆိုပါ Bottom သည် Gmail
စစထွက်ချင်းတွင် မပါဝင်ခဲ့၍ သုံးစွဲသူတိုင်းက ဝေဖန်ခဲ့ကြသည်။

2006 Feb
သုံးစွဲသူတိုင်း၏ Chatting စကားပြေဆိုမှုများကို မှတ်သားထားနိုင်ရန် Chat History ကို ပေါင်းထည့်ပေးခဲ့သည်။

2006 Mar
Gmail for your domain ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Gmail သည် တစ်နှစ်လျှင် ၂၅
ဒေါ်လာဖြင့် ၀ယ်ယူသုံးစွဲရပြီး အဖွဲ့အစည်းများအတွက် အလွန်ကောင်းမွန်သော
ဝန်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။

2006 Apr
Google Calendar Service ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။

2006 Nov
Java Application များဖြင့် အသုံးချနိုင်သော Gmail ကို Mobile ဖုန်းများပေါ်တွင်
အလုပ်လုပ်နိုင်စေရန် အထူးသဖြင့် ဓာတ်ပုံများ၊ Document များ၊ Attachment
များကို ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

2007 Jan
Docs & Spread Sheets ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူ
register ပြုလုပ်၍ သုံးစွဲနိုင်ရန် Gmail ကို Invite ဖြုတ်ပေးခဲ့သည်။

2007 Feb
IMAP Access ကို ပြုလုပ်နိုင်စေရန် စတင်ကြော်ငြာခဲ့ပြီး Gmail Lab ကို မိတ်ဆက်ခဲ့ပါသည်။

2008 Nov
Themes များ ပေါင်းထည့်ခဲ့သည်။

2008 Dec
To do list ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူအနေဖြင့် Task များပေါ်တွင် ပေါင်းထည့်ခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်သည်။

2009 Jan
Google Gear ကို စတင်မိတ်ဆက်ခဲ့သည်။ နောင်တွင် အဆိုပါ Google Gear သည် Gmail ကို Off line Mode ဖြင့် သုံးစွဲစေနိုင်ခဲ့သည်။

2009 Feb
Undo Bottom ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူပေါင်း သန်း ၁၀၀ ခန့်အထိ ရှိလာခဲ့ပြီး Gmail သည် မကြာခဏ service Down သွားလေ့ရှိသည်။

2009 July
Gmail တွင် တစ်ဖက်အသုံးပြုသူ၏ မျက်နှာကိုပါ မြင်တွေ့စေနိုင်သော Video Chat ကိုပါ ပေါင်းထည့်ပေးခဲ့သည်။

2009 Sept
ယခုအချိန်တွင် သုံးစွဲသူအများအပြား၏ request လုပ်မှုကြောင့် Gmail သည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွားလျက် ရှိသည်။
ကြည့်သူဦးရေ: 24