Powered By Blogger
Monday 27 May 2013
စိတ်ရဲ့  ခွန်အား... စာစဉ် ( ၄ )
အားလုံးဘဲ  မင်္ဂလာ ပါ...အခု ကျနော် ရဲ့  စိတ်ရဲ့ ခွန်အား ..စာစဉ် ( ၄ ) ကို ရောက်ခဲ့ ပါပြီ...
ရှေ့  ကစာစဉ်လေးတွေ ကို ဖတ်ပေးတဲ့  ကျနော် သူငယ်ချင်း ညီ ညီမ အကို အမ တွေ အားလုံး ကို ကျေးဇူးတင်ပါတယ်ဗျာ... အခုလို မျိုးလေး ဆက်ရေးပေးပါလို့  ပြောပေးတဲ့ အတွ က်လည်း အားလုံး ကို ကျေးဇူးတင်ပါတယ်...   အခု တင်ပြပေးမဲ့  အကြောင်း အရာလေးတွေ ကိုလည်း တစ်ချို့  က သိမြင်ပြီးသား ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်...  သိပြီးသားသူတွေ အတွက်လည်း အမှတ်ရစေချင်တဲ့  စေတနာလည်း ပါပါတယ် ခင်ဗျာ..
  • ကြိုးစားပြီး ကိုယ်လိုချင်တဲ့ နေရာတစ်ခုကို မရသေးပါလားလို့ ...
  • စိတ်ထဲမှာ မတွက်ပါနဲ့...
  • မှန်မှန်ကန်ကန် ကြိုးစားတဲ့ သူတွေ ကို ကံတရားကြီးကမျက်ကွယ်ပြုထားတာ မဟုတ်ပါဘူး...
  • ထိုက်တန်တဲ့ နေရာ တစ်ခုပေးဖို့ ...
  • အချိန်ပေး စိစစ် ရွေးချယ်ပေးနေတာပါ...
  • ဒါပေမယ့်  မကြိုးစားတဲ့ သူတွေ ကိုလည်း...
  • ကံ တရား က မျက်ကွယ်ပြုထားဖို့ ဝန်မလေးတတ်ပါဘူး..                                                                         ကိုရဲ ( နည်းပညာ ) 
  • ကျနော် စကားပုံလေး တစ်ခုကြားဖူးတယ်...
  • " နောက်ထပ်ဘာသာ စကား တစ်ခု ကို တတ်မြောက်ထားတဲ့ သူ က လူဖြစ်ရကျိုးနှစ်ခါနပ်တယ်တဲ့ "
  • ဒါကြောင့်  ကိုယ့် ရဲ့ အားလပ်တဲ့ အချိန်တွေ ကို  အကျိုးမဲ့ ဖြုန်းတီးဖို့ မသင့်ပါဘူး...
  • လေ့လာဖို့ အချိန်မလုံလောက်တာ မဟုတ်ပါဘူး...
  • လေ့လာဖို့  ကျိုးစားမှု အချိန် မလုံလောက်တာပါ...                                                                                  ကိုရဲ ( နည်းပညာ ) 
  • ပြသာနာ တစ်ခု ဖြစ်တိုင်း ရှောင်ပြေးတတ်တာက...
  • လူတော် လူကောင်းတွေ ရဲ့  လုပ်ရိုး မဟုတ်ပါဘူး..
  • ပြသာတစ်ခု ကို      - ရဲရဲရင်ဆိုင်                             - ခေါင်းအေးအေးထား..
                            - အစအဆုံးဆန်းစစ်...
                            - ဦးနှောက် နဲ့ စဉ်းစား ဆုံးဖြတ် ... ဒါမှ လူတွေ လူကောင်းတွေ ရဲ့ လုပ်ငန်းစဉ်ဘဲ.....
                                                                    ကိုရဲ ( နည်းပညာ ) 
  • ကျနော် အရမ်း ကြိုက်တဲ့ နောက်ထပ်စကားပုံလေး တစ်ခုကိုလည်း ဝေမျှပေးချင်ပါသေးတယ်..        - သံတစ်ချောင်း ကျွတ်သွားလို့  မြင်းခွာ ပျောက်ခဲ့ရတယ်...
            - မြင်း ခွာ မရှိလို့  မြင်းလည်း ပျောက်ခဲ့၇တယ်.. 
            - မြင်း မရှိလို့  အရေးကြီး သတင်း ရောက်မလာခဲ့ဘူး...
            - သတင်းရောက်မလာလို့  စစ်ပွဲကြီးလည်း ရှုံးနိမ့် ခဲ့ ရတယ် တဲ့ .... ဒီ စကားပုံလေးရဲ့  အဓိ က ရည်ရွယ်ချက် ကတော့  ဘယ် အရာကိုမှ ပေါ့ပေါ့ မတွေးဘဲ  သတိ နဲ့   စိတ် အမြဲ ကပ် မှ  လူတော်လူကောင်းလေးတွေ ဖြစ် စေချင်တဲ့ ရည်ရွယ်ချက်လေးပါ... အားလုံး လိုချင်ပန်းတိုင် ကို တစ်ဆင့် ချင်း  တက်ရောက်ပြီးအောင်မြင် မှု ပန်းတိုင် ကို ဆွတ်ခူးနိုင်ကြပါစေ......
                                                                                        ကိုရဲ ( နည်းပညာ ) 
စိတ်ရဲ့  ခွန်အား ... စာစဉ် ( ၃ )
  • ကိုယ့် ကို ကိုယ် အလုပ်များအောင် နေပါ...
  • အလုပ်တွေ များနေပါစေ..
  • နာကျင်စရာတော်တော် များများ ဟာ ဒီလို နဲ့ ...
  • တဖြည်းဖြည်းလျော့ပါး သွားတာကို ...
  • ထူးဆန်းဖွယ် သင် တွေ့ မြင် ရလာပါလိမ့်မယ်...                                                              ကိုရဲ ( နည်းပညာ ) 
  •  ဘ၀ ဆိုတဲ့  တိုက် ပွဲ ကြီး ကို ...
  • လူတိုင်း ရင်ဆိုင်နေရတယ်နော်...
  • အနိုင် အရှုံး ဘယ်သူမှ မသိတဲ့  ဒီ ကစားပွဲကြီးမှာ...
  • သူများထက်မသာတောင် ..
  • တန်းတူနေရာတစ်ခုတော့  ရမှာ မလွဲပါဘူး ... 
                                                                     ကိုရဲ ( နည်းပညာ ) 
  • ခုလို ချိန်မျိုးမှာ လုပ်သင့်တာထက်...
  • လုပ်ချင်တာကို လုပ်ခဲ့ မယ်ဆိုရင် ...
  • နောင်တစ်ချိန်မှာ လုပ်ပိုင် ခွင့်တွေ ဆုံးရှုံးသွားနိုင်သလို ...
  • လုပ်သင့်တာကိုသာလုပ်ခဲ့ ရင်...
  • နောင်တစ်ချိန်မှာ ရလာမဲ့ အကျိုးကျေးဇူး က...
  • မလွဲ မသွေ ကြိးမားမှာပါ...
                                                                       ကိုရဲ ( နည်းပညာ ) 
  • တကယ်လို့ များ တစ်စုံတစ်ယောက် က...
  • အဲဒီ သီချင်းထဲမှာ ... သူ ပြောချင်တဲ့  စကားလုံးလေးတွေ ကို...
  • သင့် ဆီ သွယ်ဝိုက် ပြောဆိုချင်နေတာကိုရော..
  • သင် သတိထားမိပါရဲ့ လား .. သူငယ်ချင်းတို့ ..  
                                                                          ကိုရဲ ( နည်းပညာ ) 
  • သင်ဟာ သင့် ပြိုင်ဘက် ပေါ် ကို ...
  • ဘယ်လို အနိုင် ယူမယ်လို့ ...
  • သင် တိတ်တဆိတ် ဟစ်ကြွေးနေချိန်မှာ....
  • သင့် ပြိုင်ဘက် က စာအုပ် ကို အဆက်မပြတ် လှန်နေဘီနော် ...                                                                                                        ကိုရဲ  ( နည်းပညာ )
     အခုတင်ပြခဲ့ တာလေးတွေ ကို တစ်ချို့  သူငယ်ချင်းတွေလည်း သိမြင်သား ဖြစ်လောက်ပါတယ် ...ဒါပေမယ့် သတိမမူ ဂူမမြင် ဆိုတဲ့  စကားပုံလေး အတိုင်း ဘဲ ... အမှတ်ရသွားရင်ဘဲ ကျေနပ်ပါတယ် .. သူငယ်ချင်းတို့ အားလုံး စိတ်ချမ်းသာ ကိုယ် ကျန်းမာ နဲ့  ဘ၀ ကို ရဲ ရဲ ကျော်ဖြတ်နိုင် ပါစေလို့ ... ဆုတောင်းလျက်..... 
                                                                       ကိုရဲ ( နည်းပညာ )
စိတ်ရဲ့ ခွန်အား .... စာစဉ် ( ၂ )
ကဲ အခုတစ်ခါ မှာလဲ  ကျနော် တို့ ဆိုဒ် အတွင်းမှာ ရှိတဲ့  သူငယ်ချင်း ညီငယ် ညီမငယ် အကို အမ အားလုံး ကို မင်္ဂလာပါလို့  အရင် ဆုံးပြောပါရစေ...
ကျနော် ဒီ စာလေးတွေ တင်ဖြစ်တဲ့ ရည်ရွယ် ချက်ကိုလည်း စာစဉ် ( ၁ ) မှာ ဖော် ပြ ခဲ့ ပြီး ဖြစ်သလို ...
 ကျနော့် ရည်ရွယ် ချက် က ကျနော့် ရဲ့ စာသားလေးတွေ ကို ဖတ်ပြီး တစ်စုံတစ်ယောက်ဘဲ ဖြစ်ဖြစ် ...
အားဆေး တစ်ခွက် ဖြစ်သွားမယ်ဆိုရင် တကယ် ၀မ်းသာမိမှာ အမှန်ပါဘဲ ခင်ဗျာ ...
  • စိုးရိမ် သောက ဟူသည် လူတစ်ယောက်အား...
  • တိုး တက် မှုကို မဖြစ်စေသည့် အပြင်...
  • လူကို ပါ ဆုတ်ယုတ် ပျော့ ညံ့လာစေလို့  ...
  • စိတ် ဓါတ် ခိုင်ခိုင်မာမာ ထားပြီး...
ဒီ စိုး ရိမ် မှု ကို တိုက် ထုတ်ပြစ်လိုက်ပါ...
                                                                    ကိုရဲ ( နည်းပညာ ) 
  • တစ်ချို့ လူတွေ က သောကဖိစီးတာတွေ များရင် ....
  • ဒေါသဖြစ်ကျတယ် ....ဒါ ကမဖြစ်သင့်ပါဘူး...
  • သောကဖိစီးရင် လောကကြီးကို..
  • ရဲ ၀င့်စွာ စိန်ခေါ်လိုက်ပါ ...
ပြသာနာကို ထပ်ခါ ထပ်ခါ အဖြေရှာ ပါ ..
ကျနော်လည်း ပုထုစဉ်ပါဘဲ သောကဖိစီးလို့  ဒေါသမဖြစ်ခဲ့ ဘူးဘူးလို့ မဆိုလိုပါဘူး ...
ဖြစ်ခဲ့ ပါတယ် ဒီလို ဘဲ တစ်ဖြည်းဖြည်း ကျင့် ယူရင် အားလုံး အေးချမ်းကျမှာပါ..
                                                                      ကိုရဲ ( နည်းပညာ ) 
  • လောကမှာ ဖြစ်ချင်တာကို  ဖြစ်အောင် မလုပ်နိုင်ဘူးဆိုတာ မရှိပါဘူး ...
  • မဖြစ်သေးတာဘဲရှိတာပါ ...
  • စိတ်တန်ခိုး သာ ပြင်းထန်နေပါစေ...
  • မိမိ ကိုယ်တိုင် လိုချင်တဲ့ ဖြစ်ချင်တဲ့ ဘ၀မျိုး ... အဆင့်အတန်းမျိုးကို...
မရမရှိ ရကို ရမှာပါ ....
         ဒီဆိုဒ်အတွင်းမှာ ရှိတဲ့  သူငယ်ချင်းများအားလုံး ညီငယ် ညီမငယ် အကို အမတွေ အားလုံး .. .
စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့  ဘ၀ ကို  အရုံးမပေးဘဲ ရဲ ရဲ ၀င့် ၀င့် ကျော်ဖြတ်နိုင်ကျပါစေ...
                                                                                   ကိုရဲ ( နည်းပညာ ) 
စိတ်ရဲ့ ခွန်အား... စာစဉ် ( ၁ )
အခု ဒီ ဖိုရမ်လေး ကို စုဆောင်းပြီးတင်ပြဖြစ်တာကတော့  လူတစ်ယောက်မှာ အနည်းဆုံးတော့  stress တစ်ခုခုကြောင့်  စိတ်ဓါတ်လေး တွေ ယိမ်းယိုင်နေတဲ့ အချိန်မှာ ပြန်လည် ကြိုးစားချင်စိတ်လေးတွေ ဖြစ်စေဖို့  ရည်ရွယ်ပါတယ် ... 
ဒီ ဆိုဒ် ထဲမှာ ရှိတဲ့  ကျနော့်  သူငယ်ချင်း ညီ ငယ် ညီမငယ် အကို အမတွေ အားလုံး ကို အောက်ကဖော်ပြမဲ့ စာသားလေးတွေထဲ က တစ်စိတ်တစ်ဒေသ ကနေ ကူညီ ခွင့် ရပါစေလို့ ...
- ကံတရားကမင်းဆီကိုစည်းစိမ်ချမ်းသာတွေကိုသာ...
-ယူဆောင်လာချင်လာလိမ့်မယ်...
-ဒါပေမယ့် ဥာဏ်ပညာ ကြီးမြင့်မှုကိုတော့ ...
-ဘယ်တော့မှယူဆောင်လာမှ မဟုတ်ပါဘူး...
-ဒါကြောင့်  ကံ ဥာဏ် ၀ိရိယ ဆိုတဲ့ လက်နတ်သုံးမျိုး နဲ့ ...
- ကံတံရား ဆိုတဲ့  တံတိုင်းကြီး ကို ကျော်ဖြတ်လိုက်စမ်းပါ...
-သူငယ်ချင်းတို့ ရာ...
                                                                                  ကိုရဲ ( နည်းပညာ )
- လောကမှာ ဘာပဲလု ပ်လုပ် အနစ်နာခံ ...
-ပင် ပင် ပန်းပန်း နဲ့  ဘ၀ အရင်းအနှီး ပေးရတာပါဘဲ ..
-ရဲရဲ ပေးပစ် မကြောက်နဲံမရွံ နဲ့ ..
-ဘ၀ ကို အရင်း အနှီး များများ ပေးမှ ...
-အကျိုး အမြတ် များများ ရမယ် ...
-လောကမှာ အောင်မြင်သူမှန်သမျှ ဟာ...
- ဘ၀ ကို အရင်း အနှီး များများ ပေးပြီး..
-အဆင်းရဲ့ အပင်ပန်း ခံ ခဲ့ တဲ့ သူတွေ ချည်းပါဘဲ ...
                                                                      ကိုရဲ ( နည်းပညာ ) 
-မကောင်းတဲ့ အကျင့် တစ်ခုကို ...
-တံခါးမကြီး ကနေ အပြီးပိုင် လွှင့် ပစ်လို့ မရခဲ့ ရင်တောင် ...
-လှေကားထစ် ကနေ တစ်ထစ်ချင်း ဆင်းခိုင်းလို့ ၇တယ်နော် ...
                                                                            ကိုရဲ ( နည်းပညာ ) 
- ကိုယ် ကျင့် တရား ကို ..
-မွေးမြူတတ်ဖို့ လိုတယ် ...
-ကိုယ့် ကျင့် တရားကို ..
-ထိန်းသိမ်းတတ်ဖို့  ပိုပြီးလိုတယ် ...
-ကိုယ်ကျင့်တရားကို ....
-မြင့် တင်တတ်ဖို့ က သာပြီးလိုတယ် ....
                                                                     ကိုရဲ ( နည်းပညာ ) 
- လောကမှာ လူ သုံးမျိုး သုံးစားရှိတယ်တဲ့ ...
      ( ၁ ) ဖြစ်ချင်တာကို ဖြစ်အောင် လုပ်တဲ့ သူ ။ 
      ( ၂ )  ဖြစ်လာမှာကိုစောင့်  စားနေတဲ့ သူ ။ 
     ( ၃ )  ဘာဖြစ်လာမလဲလို့ .. သိချင်နေတဲ့ သူရယ်တဲ့ ...
ကဲ  သူငယ်ချင်းတို့ ရော ဘယ်လို လူမျိုးဖြစ်ချင်ပါသလဲ...
 အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ နဲ့ ဘ၀ ပန်းတိုင် ကို လျှောက်လှမ်းနိုင်ကျပါစေ....   
                                                                                  ကိုရဲ ( နည်းပညာ )    
ပြီးမှ မရယ်နဲ့နော်...
> ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။
> ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။
> ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး
> “အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။
>
> နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး
> ထွက်ပြေးသွားခဲ့တယ်။
>
> ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။
> “သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!”
> အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။
>
> ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက် ထွက်လာတယ်။
> သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက်သားလောက်အောင် ခြောက်ပစ်ရမယ်” ဆိုပြီး ရယ်နေခဲ့တယ်။
>
> သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။
> သူခိုးက “အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက
> “တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။
> အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။
>
> ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။
> အဘိုးအိုက “ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်” လို့ ရေရွတ်လိုက်တယ်။
>
> အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။
> တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ
> “ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံအသံ ထွက်လာတယ်။
>
> အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။
>
> အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး “သံတူရွင်းရလည်း မဆိုးပါဘူး" ဆိုပြီး ထပြန်သွားတယ်..
>
> အဲ့အချိန်မှာဘဲ..အဲ့အဖြစ်အပျက်တွေကို ဖတ်လိုက်ရတဲ့ ရုပ်ဆိုးဆိုးနဲ့ သရဲက ပြုံးနေလေသတဲ့..:P
သူငယ်ချင်းများတွက် မျှဝေလိုက်တာပါ။
ရွှင်လန်းချမ်းမြေ့ပါစေ။ အားလုံးကိုလေးစားလျက်
ချောလေး
အစာမကြေဘူးလား သင်္ဘောသီးစိမ်းကိုစား
သင်္ဘောသီးစိမ်းက သင်္ဘောသီးမှည့်ထက် ဘာလို့ပိုကောင်းသလဲ။ သင်္ဘောသီးမှည့်မှာ ဓါတ်တိုး ဆန့်ကျင် (antioxidant) ပစ္စည်းများ နှင့် ဗိုက်တာမင်တွေ ပါဝင်ပေမယ့် သင်္ဘောသီး စိမ်းမှာ ပိုမိုကြွယ်ဝတဲ့ papain ဓါတ်ကြောင့် အစာခြေအင်ဇိုင်းတွေဖြစ်ပေါ်စေပါတယ်။
Papain ဓါတ်က အစာအိမ်ကိုဘယ် လို အကျိုးပြုသလဲ။ Papain ဓါတ်ဟာ ခိုင်ခံ့တောင့်တင်းတဲ့ ပရိုတင်းတွေကိုတောင် ချေဖျက်ပေးနိုင်ပါတယ်။ Papain ကို အသားနူးဆေး (meat tenderizer) အဖြစ်ထုတ်လုပ်ပြီး ရောင်းချလျက်ရှိ ပါတယ်။
ဒါကြောင့် Papain ကြွယ် ၀တဲ့ သင်္ဘောသီးစိမ်းကိုစားရတာ အလွန်အားကောင်းတဲ့ အစာခြေအင် ဇိုင်းကို အစာအိမ်ထဲထည့်ထားတာ ပါပဲ။ သင်္ဘောသီးစိမ်းကိုဘာကြောင့် အစာမရှိတဲ့ အချိန်မှာစားရတာလဲ။ ဗိုက်ထဲအစာမရှိတဲ့အချိန် သင်္ဘောသီးစိမ်းစားတဲ့အခါ ဟိုက်ဒရိုကလိုရစ်အက်ဆစ်ပမာဏ နည်းစေ ပါတယ်။ အစာအိမ်ထဲမှာ ဟိုက်ဒရိုကလိုရစ်အက်ဆစ်နည်းတာကြောင့် ပရိုတင်းချေဖျက်အင်ဇိုင်းတွေဟာ အစာအိမ်မှ အူသိမ်အထိ အလေအ လွင့်မရှိဘဲ ဆင်းသွားနိုင်ပါတယ်။
အူသိမ်ထဲရောက်လာတဲ့ ပရိုတင်းချေ ဖျက်အင်ဇိုင်းတွေကို သွေးလည်ပတ်မှု စနစ်ကစုပ်ယူပြီး သွေးတွင်း ဓါတ်တိုးပရိုတင်း (oxidized protein) တွေကို ချေဖျက်ပေးပါတယ်။ အား ကောင်းတဲ့ပရိုတင်းချေဖျက်အင်ဇိုင်းတစ်ခုဖြစ်တဲ့ Papain ကို အစာမရှိတဲ့ အချိန် ဦးဆုံးစားလိုက်တဲ့အခါ သွေးထဲကို အလေအလွင့်မရှိ ရောက်သွားစေပြီး အဆိပ်အတောက် ပရိုတင်း တွေကိုချေဖျက်ပေး တာကြောင့် သွေးခဲရောဂါများမှ ကာကွယ်ပေး ခြင်း၊ ကင်ဆာဆဲလ်များ ချေဖျက်ပေး ခြင်းစတဲ့ အကျိုးကျေးဇူးများရရှိမှာ ဖြစ်ပါတယ်။
သင်္ဘောသီးစိမ်းက သင်္ဘောသီးမှည့်ထက် ဘာလို့ပိုကောင်းသလဲ။ သင်္ဘောသီးမှည့်မှာ ဓါတ်တိုး ဆန့်ကျင် (antioxidant) ပစ္စည်းများ နှင့် ဗိုက်တာမင်တွေ ပါဝင်ပေမယ့် သင်္ဘောသီး စိမ်းမှာ ပိုမိုကြွယ်ဝတဲ့ papain ဓါတ်ကြောင့် အစာခြေအင်ဇိုင်းတွေဖြစ်ပေါ်စေပါတယ်။
Papain ဓါတ်က အစာအိမ်ကိုဘယ် လို အကျိုးပြုသလဲ။ Papain ဓါတ်ဟာ ခိုင်ခံ့တောင့်တင်းတဲ့ ပရိုတင်းတွေကိုတောင် ချေဖျက်ပေးနိုင်ပါတယ်။ Papain ကို အသားနူးဆေး (meat tenderizer) အဖြစ်ထုတ်လုပ်ပြီး ရောင်းချလျက်ရှိ ပါတယ်။
ဒါကြောင့် Papain ကြွယ် ၀တဲ့ သင်္ဘောသီးစိမ်းကိုစားရတာ အလွန်အားကောင်းတဲ့ အစာခြေအင် ဇိုင်းကို အစာအိမ်ထဲထည့်ထားတာ ပါပဲ။ သင်္ဘောသီးစိမ်းကိုဘာကြောင့် အစာမရှိတဲ့ အချိန်မှာစားရတာလဲ။ ဗိုက်ထဲအစာမရှိတဲ့အချိန် သင်္ဘောသီးစိမ်းစားတဲ့အခါ ဟိုက်ဒရိုကလိုရစ်အက်ဆစ်ပမာဏ နည်းစေ ပါတယ်။ အစာအိမ်ထဲမှာ ဟိုက်ဒရိုကလိုရစ်အက်ဆစ်နည်းတာကြောင့် ပရိုတင်းချေဖျက်အင်ဇိုင်းတွေဟာ အစာအိမ်မှ အူသိမ်အထိ အလေအ လွင့်မရှိဘဲ ဆင်းသွားနိုင်ပါတယ်။
အူသိမ်ထဲရောက်လာတဲ့ ပရိုတင်းချေ ဖျက်အင်ဇိုင်းတွေကို သွေးလည်ပတ်မှု စနစ်ကစုပ်ယူပြီး သွေးတွင်း ဓါတ်တိုးပရိုတင်း (oxidized protein) တွေကို ချေဖျက်ပေးပါတယ်။ အား ကောင်းတဲ့ပရိုတင်းချေဖျက်အင်ဇိုင်းတစ်ခုဖြစ်တဲ့ Papain ကို အစာမရှိတဲ့ အချိန် ဦးဆုံးစားလိုက်တဲ့အခါ သွေးထဲကို အလေအလွင့်မရှိ ရောက်သွားစေပြီး အဆိပ်အတောက် ပရိုတင်း တွေကိုချေဖျက်ပေး တာကြောင့် သွေးခဲရောဂါများမှ ကာကွယ်ပေး ခြင်း၊ ကင်ဆာဆဲလ်များ ချေဖျက်ပေး ခြင်းစတဲ့ အကျိုးကျေးဇူးများရရှိမှာ ဖြစ်ပါတယ်။
ဖတ်ခဲ့သူများ: 23
အကြောင်းအရာ: ကျန်းမာေ၇း
ခံတွင်းအနံ့နံခြင်း နှင့် ဖြေရှင်းနည်းများ
ခံတွင်း အနံ့ နံခြင်းကို ဆေးပညာအရ halitosis လို့ ခေါ်ပါတယ်။ English လိုတော့ လွယ်လွယ်ကူကူ bad breath ပေါ့။ Halitosis ဟာ လူတွေမှာ တွေ့ရများတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အဓိက ဖြစ်စေတဲ့ အကြောင်းအရာကတော့ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေလို့ ဖြစ်ပါတယ်။
များသောအားဖြင့် ပါးစပ်နံတဲ့သူတွေဟာ သူတို့ ပါးစပ်နံတာကို သတိမထားမိကြပါဘူး။ အခြားသူတွေက သတိထားမိပေမယ့် အားနာလို့ ဖြစ်စေ ရှက်လို့ ဖြစ်စေ ဘာမှ မပြောဘဲ အောင့်အင်း သည်းခံပြီး နေလေ့ရှိတတ်ကြတယ်။ အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းက ဖြစ်စေ မိသားစုဝင်တစ်ယောက်ယောက်က ဖြစ်စေ ပြောသောကြောင့်သာ သူတို့ သတိထားမိတတ်ကြပါတယ်။
ပညာရှင်တွေရဲ့ အဆိုအရတော့ ကျွန်တော်တို့ အားလုံးနည်းပါးဟာ ဘ၀ရဲ့ တစ်ချိန်ချိန်မှာတော့ ပါးစပ်နံတာ ဖြစ်ခဲ့ဖူးပါလိမ့်မယ်တဲ့။ တခါတလေကျတော့လည်း ပင်ကိုက ပါးစပ်မနံပေးမယ့် အနံ့ပြင်းတဲ့ အစာတွေ ဥပမာ။ ။ ကြက်သွန်ဖြူကဲ့သို့ သော အစာတွေကို စားမိပြီး အနံ့ထွက်တာမျိုးလည်း ရှိတတ်ပါတယ်။ နံတယ်မနံဘူးဆိုတာက ဓလေ့ထုံးစံနဲ့လည်း ဆိုင်သေးတယ်။ တချို့ကျတော့ ဆေးလိပ်သောက်လို့ အနံ့နံတာမျိုး။ သူတို့အချင်းချင်းတော့ မနံဘူးပေါ့။ ဘေးက ဆေးလိပ်မသောက်တဲ့သူကသာ အနံ့မခံနိုင်တာ။ ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းနံ့ နံခြင်းရဲ့ တရားခံတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကြောင့် ခံတွင်းခြောက်ခြင်း၊ သွားဖုံးေ၇ာင်ခြင်း တို့ကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။
ခံတွင်း ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ပါးစပ်နံ့ခြင်းအတွက် အကောင်းဆုံး ကာကွယ်နည်းတစ်လက် ဖြစ်ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို သေချာလုပ်ဆောင်ရင် အနံ့နံသူအများစုဟာ အဆိုပါ အခြေအနေမှ သက်သာသွားတာကို တွေ့ရပါတယ်။ အဲဒီလို လုပ်တာတောင်မှ မသက်သာဘူးဆိုရင် ခံတွင်း အတွင်းမှ ဖြစ်စေ ခန္ဓာကိုယ် အတွင်းမှ ဖြစ်စေ ရောဂါ တစ်ခုခုရှိနေတတ်ပါတယ်။ ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်လို့မှ အဆင်မပြေပါက တတ်ကျွမ်းသည့် ဆရာဝန်တို့နှင့် ပြသစေလိုပါတယ်။
ခံတွင်း အနံ့ဆိုးခြင်းဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။
ခံတွင်းအနံ့ဆိုးအောင် ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ခံတွင်း သန့်ရှင်းမှုအားနည်းခြင်း
သွားပညာရှင်တွေရဲ့ ပြောဆိုချက်အရ ခံတွင်း အနံ့ထွက်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ခံတွင်း သန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်ပါတယ်တဲ့။ ကျွန်တော်တို့ စားလိုက်တဲ့အစာတွေကို ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ချေဖျက်နိုင်ပါတယ်။ သို့သော် ဘယ်သူမှ အစာတစ်လုပ်ကို ပါးစပ်ထဲမှာ စက္ကန့်ပိုင်းထက် ပိုပြီး ငုံမထားတဲ့အတွက် မသိသာပါဘူး။ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့ရင်တော့ ဘက်တီးရီးယားတွေအတွက် ရိက္ခာတစ်လက်ဖြစ်လာပါတော့တယ်။ အစာကို ချေလိုက်ရင် hydrogen sulphide ဆိုတဲ့ ဓာတ်ငွေ့တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ သူကမှ အနံ့ နံစေတာပါ။ ၎င်းဓာတ်ငွေ့ကို ကြက်ဥပုပ်တွေမှာလည်း တွေ့ရတတ်ပြီး ပုပ်အက်အက်အနံ့ကို ဖြစ်ပေါ်စေပါတယ်။
နောက်တစ်ချက်က ဘက်တီးရီးယားတွေဟာ အစာဟောင်းတွေနဲ့ ပူးပေါင်းပြီး သွားတွေနဲ့ သွားဖုံးပေါ်မှာ သွားချေးလို့ ခေါ်တဲ့ အဖြူရောင် (သို့) အရောင်မရှိတဲ့ အဖတ်ကလေးတွေကို ဖြစ်စေပါတယ်။ ပမဏနည်းပါးရင် အရောင်မဲ့တတ်ပြီး များပြားလာပါက အဖြူေ၇ာင် အဖတ်တွေအဖြစ် တွေ့မြင်ရတတ်ပါတယ်။ သွားကို နှံအောင် မတိုက်ပါက ၎င်းအဖတ်များသွားကြားနှင့် ပါးစောင်တို့တွင် တင်ကျန်နေတတ်ပါတယ်။ အဆိုပါ သွားချေးများသည် သွားဖုံးေ၇ာင်ခြင်းကို ဖြစ်ပေါ်စေပြီး အနံ့ဆိုးများကို ထုတ်လွှတ်နိုင်ပါတယ်။
သွားတုသန့်ရှင်းမှု အားနည်းခြင်း
သွားအတု အံပုံအတု အသုံးပြုသူများသည် ၎င်းတို့ကို ပုံမှန်သန့်ရှင်းအောင် ဆေးကြောခြင်း မရှိပါက ဘက်တီးရီးယားများ ပေါက်ပွားပြီး အနံ့ဆိုးများ ထွက်နိုင်ပါသည်။
ပါးစပ်ခြောက်ခြင်း
ကျွန်တော်တို့ရဲ့ ပါးစပ်တွေကို တံတွေးလို့ခေါ်တဲ့ saliva က အမြဲတမ်း စိုစွပ်ပြီး သန့်ရှင်းနေအောင် ပြုလုပ်ပေးနေပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် ပါးစပ်ခြောက်နေပါက အရေပြားမျက်နှာပြင်ရှိ အညစ်အကြေးများနှင့် dead cell များကို မဖယ်ရှားနိုင်တော့ပေ။ ထိုအခါ ပါးစပ်နံတတ်ပါသည်။ ရေသောက်နည်းခြင်းကလည်း ပါးစပ်ခြောက်ခြင်းကို အားပေးပါသည်။ အထူးသဖြင့် ယခုလို ပူအိုက်သည့် ရာသီဥတုတွင် ရေခဏခဏ သောက်ပေးခြင်းဖြင့် ပါးစပ်အတွင်း စိုစွပ်မှုကို ထိန်းသိမ်းထားနိုင်ပါသည်။
အစားအသောက်ကြောင့် ပါးစပ်နံခြင်း
ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် အချို့သော မဆလာမှုန့်များသည် စားလိုက်ပါက ပါးစပ်နံ ခြင်းကို ဖြစ်ပေါ်စေပါသည်။ အရက်နှင့် ကော်ဖီသည်လည်း အနံ့ဆိုးစေတတ်ပါသည်။ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများသည် အသီးအရွက်ထက် အသားကို ချေဖျက်ပါက အနံ့ဆိုးသော ဓာတ်ငွေ့များကို ပိုထုတ်ပေးလေ့ရှိသည်။ ထို့ကြောင့် သွားကြားတွင် အသားစများ ကျန်ခဲ့ခြင်းသည် အရွက်စများကျန်ခဲ့ခြင်းထက် အနံ့ဆိုးခြင်းကို ပိုမို ဖြစ်ပေါ်စေနိုင်ပါသည်။
ဆေးများ
အချို့သော ကြာရှည်စွဲသောက်ရသည့် ဆေးများသည် ခံတွင်း ခြောက်ခြင်း နှင့် တံတွေးအထွက်နည်းခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုအခါမျိုးတွင်လည်း ပါးစပ်နံနိုင်ပါသည်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်အငွေ့သက်သက်ကြောင့် တော့ ပါးစပ်မနံတတ်ပါ။ သို့သော် ဆေးလိပ်သည် ပါးစပ်ခြောက်ခြင်းကို အားပေးသလို သွားနှင့် ခံတွင်း ကျန်းမာရေးကိုလည်း အားနည်းစေပါသည်။ ထို့ကြောင့် တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်သောနည်းအားဖြင့် ပါးစပ်နံခြင်းကို ဖြစ်စေနိုင်ပါသည်။
ခံတွင်း အနံ့နံနိုင်သောရောဂါနှင့် ကျန်းမာရေးအခြေအနေများ
အာသီးရောင်ခြင်း
ဆီးချို (uncontrolled)
အဆုပ်ပွ ရောဂါ၊ လေပြွန်ရောင်ရောဂါနှင့် နာတာရှည်အဆုပ်ရောဂါများ
ထိပ်ခပ်နာ
အစာအိမ်ရောင်ခြင်း
အမျှင်ဓာတ်နှင့် ကဆီဓာတ်အစားနည်းပြီး အသား အစားများခြင်း
နာတာရှည် အသည်းရောဂါသည်များ
နာတာရှည် ကျောက်ကပ်ရောဂါသည်များ
အချို့သောကင်ဆာများ ဥပမာ။ ။ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ နှင့် အစာရေမျိုကင်ဆာ
ခံတွင်း အနံ့နံခြင်းကို ဘယ်လိုပျောက်အောင် လုပ်မလဲ။
ခံတွင်း သန့်ရှင်းရေးနှင့် ကျန်းမာေ၇း
ပါးစပ်နံတယ်ဆိုတာ ဆေးခန်းသွားပြီး ကုသလို့ရတဲ့ အခြေအနေမျိုး မဟုတ်ပါ။ ဆေးဆိုင်မှ ဆေးဝယ်သောက်လို့လည်း ပျောက်မည်မဟုတ်။ ဆေးဆိုင်များတွင်လည်း ခံတွင်းအနံ့ပျောက်ဆေးဆိုပြီး ကြော်ငြာထားသော ငုံဆေး ၊ ပလုပ်ကျင်းဆေးနှင့် သောက်ဆေးများကို တွေ့ဖူးပါလိမ့်မယ်။ အဆိုပါဆေးများသည် ခံတွင်းအနံ့ကို ယာယီသာ ကောင်းအောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ပုံမှန်သွားတိုက်မည် သွားကြားထိုးမည်ဆိုပါက ခံတွင်းအနံ့ထွက်ဖို့ သိပ်မဖြစ်နိုင်တော့ပေ။
သွားတိုက်ရာတွင် တစ်နေ့ကို အနည်းဆုံး ၂ကြိမ်တိုက်ဖို့လိုသည်။ သွားတိုက်ဆေးသည် ပြည်တွင်းပြည်ပမှ ထုတ်လုပ်သည့် ချိုရဲရဲ သွားတိုက်ဆေးများ မဟုတ်ဘဲ floride ပါဝင်သည့် အရသာမရှိသည့် သွားတိုက်ဆေးများသာ အကောင်းဆုံးဖြစ်ပါသည်။ သွားတိုက်တံတွင် ပျော့ပျောင်းသည့် အမွှေးလေးများပါဝင်ရမည်ဖြစ်ပြီး အတိုအရှည်မတူညီပါက ပိုကောင်းသည်ဟု ဆိုကြသည်။ သွားတိုက်တံတစ်ချောင်းကို တိုက်လာလိုက်တာ လူမှန်းသိကတည်းကနေ ဘွဲ့ရသည်အထိ ဆိုတာမျိုးလည်း ရှောင်ကြဉ်ရမည်။ ၃ လတန်သည် ၄ လတန်သည်တွင် တစ်ကြိမ်မျှ သွားတိုက်တံအသစ်တစ်ချောင်း ဖြင့် လဲလှယ်ပေးရမည် ဖြစ်သည်။ သွားတစ်ခါတိုက်ပါက အနည်းဆုံး ၂ မိနစ်ခန့်ကြာရမည် ဖြစ်သည်။ သွားတိုက်ပြီးပါက သွားပွတ်တံဖြင့် ဖြစ်စေ၊ လျှာပွတ်တံဖြင့် ဖြစ်စေ လျှာကို ရွရွကလေး ပွတ်၍ သန့်ရှင်းရေး လုပ်ပေးရပါမည်။ စနစ်တကျသွားတိုက်နည်း နှင့် သွားကြားထိုးနည်းကို အောက်ပါပုံများမှတဆင့် ကြည့်ရှုနိုင်ပါသည်။
အခြားသောနည်းလမ်းတွေကတော့....
အစာစားပြီးတိုင်း ပလုပ်ကျင်းပါ။ ထိုအခါ စားကြွင်းစာကျန်များ သွားများအတွင်း၌ တင်ကျန်ခြင်းကို ကာကွယ်ပေးပါသည်။
အကယ်၍ ပလုပ်ကျင်း၍ အဆင်မပြေပါက ပီကေ၀ါးပါ။ ပီကေကို ပါးစပ်အတွင်းနှံ့အောင် ၀ါးပါက ပါးစပ်အတွင်းမှ တံတွေးများပါထွက်လာပြီး ခံတွင်း သန့်ရှင်းခြင်းကို အားပေးပါသည်။
မိမိစားမည့်အစာကို သတိထားပါ။ အရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ရမည့်အချိန်မျိုးတွင် ခံတွင်းနံစေသော အစားအစာများကို ရှောင်ကြဉ်ပါ။
ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ သို့သော် မရှောင်နိုင်ပါက သွားဆရာဝန်နှင့် ပုံမှန်ပြသကာ သွားနှင့် သွားဖုံးကျန်းမာရေးကို ဂရုစိုက်ပါ။
ဖတ်ခဲ့သူများ: 38
အကြောင်းအရာ: ကျန်းမာရေး