Powered By Blogger

Sunday 3 March 2013

ပြုံးလိုက်ရအောင် (၁)


၁။ရိုးရိုးသားသား
စတိုးဆိုင်တွင် ဖြစ်သည်။
လူငယ်တစ်ယောက်သည် ကုတ်အကျီင်္တစ်ထည်ကို ကိုင်ကြည့် ၊ဝတ်ကြည့်သည်။ဝေခွဲမရဟန်ဖြင့် အရောင်းစာရေးမကို မေးသည်။
“ ဒီအကျီင်္ဟာ သက္ကလပ်အစစ်နဲ့….ချုပ်ထားတာ မှန်ပါတယ်နော် ”
“ ကျွန်မ မလိမ်ချင်ပါဘူးရှင်……….ကြယ်သီးတွေကတော့ ပလတ်စတစ်ပါ”
၂။လိုချင်တာရမယ်
ဆိုင်ရှေ့တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်….
“ ယောကျာ်းမှ လွဲ၍ မိန်းမသုံးပစ္စည်း အကုန်ရမည်”
၃။ကူညီပါ့မယ်
ဟင်းသီးဟင်းရွက်သည်ကိုအဘွားကြီးကပြောသည်။
“ အာလူး ငါးပိဿာဝယ်မလို့ သမီးရယ်….ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်…”
“ စိတ်ချ အဘွား…..အဘွားသယ်နိုင်အောင် ကျွန်မ ချိန်ပေးလိုက်ပါ့မယ် ”
၎။မထိုင်နဲ့လေ
အိမ်ထောင်ပရိဘောဂဆိုင်သို့ လူကြီးတစ်ယောက် ဝင်လာပြီး ဆိုင်ရှင်ကို မကျေမနပ် ပြောသည်။
“ မနေ့က ခင်ဗျားဆိုင်က ကျွန်တော် ကုလားထိုင်ဝယ်သွားတယ်….ဒီနေ့ ကျိုးသွားပါပကော..ဗျ”
“ ဟုတ်လား???....တစ်ယောက်ယောက် တက်ထိုင်လိုက်မိပြီ ထင်တယ် ”

၅။ဟုတ်သလိုလိုပဲ
နှစ်ချုပ် အစီရင်ခံစာကို ဖတ်ရင်း စက်ရုံအုပ်ချုပ်ရေးမှူးက ၎င်း၏ အတွင်းရေးမှူးမလေးကို မေးသည်။
“တစ်သန်းကို သုည ဘယ်နှလုံးထည့်ပြီး ရေးရလဲ? ”
“ ခြောက်လုံးးးပါ”
“သန်းတစ်ဝက် ဆိုရင်ကော….”
“သုံးလုံးပါ ”
၆။ဈေးလျှော့ယူခြင်း
လူငယ်တစ်ယောက် မိမိ အပ်ထားသော ဖိနပ်ကို လာရွေးသည်။ ဖိနပ်ပြင်သမားက ပြောသည် ။
“ ပြင်ခ ၂၀၀ - ကျပါတယ် ”
“နည်းလှချည်လား….ကျွန်တော်လာအပ်တုန်းက ၄၀၀ ကျမယ်ဆို ”
“ ခင်ဗျားရဲ့ ဖိနပ်တစ်ဖက်ပျောက်သွားလို့ပါ ”
၇။ချစ်သား
(ရူမေနီးယား သမ္မတ ချောင်ရှက်စကူ သက်ရှိထင်ရှားရှိစဉ်က ဖြစ်သည်။)
ချောင်ရှက်စကူသည် ၎င်း၏ ပြည်ထဲရေးဝန်ကြီးကို မေးသည် ။
“တို့နိုင်ငံမှာ ဘယ်သူ အချမ်းသာဆုံးလဲကွ ”
“ သမ္မတကြီးရဲ့ သားပါ ”
“ဟေ……ဟုတ်လား ၊ အင်းးး ….ငါပေးတဲ့ မုန့်ဖိုးတွေကို သူမသုံးဘဲ စုထားတာကိုး”
123tagged.Com
Tags: ဟာသ

No comments:

Post a Comment