Powered By Blogger
Saturday 19 January 2013
ဒူးဆစ်ရောင်နာပျောက်လိုသော ..............
ဒူးဆစ်ရောင်ဝေဒနာသည်လူလတ်ပိုင်းနှင့်သက်ကြီးရွယ်အိုတို့ကိုဒုက္ခပေးတတ်သောနာတာရှည်ရောင်ရမ်းနာ
ဝေဒနာတစ်မျိုးဖြစ်ပါသည်။ ဝဖြိုးသည့် သက်ကြီးရွယ်အို အမျိုးသမီးတို့သည် ဒူးဆစ်ရောင် ဝေဒနာပို၍ စွဲကပ်
တတ်ပါသည်။
အောက်ဖော်ပြပါ နှိပ်နယ်နည်းများမှာ ဒူးဆစ်ရောင်ဝေဒနာအား သက်သာစေနိုင်ပါသည်။
၁။ လက်ဖဝါးဖြင့် ခုံညင်းရိုးအား နှိပ်နယ်ပေးခြင်းခုတင်ပေါ်တွင် ခြေဆန့်၍ ထိုင်ပြီး သို့မဟုတ် ထိုင်ခုံပေါ်ထိုင်ပြီးခုံ
ညင်းရိုး (ဒူးခေါင်းရိုး) ပေါ်လက်ဖဝါးထားကာ လက်ယာရစ်၍ နှိပ်ပေးပါ။ နှစ်မိနစ်မှ သုံးမိနစ်ထိ တဖြည်းဖြည်းနှင့်
အားစိုက်၍ နှိပ်ပေးပါ။
၂။ ဒူးဆစ်အနီးတစ်ဝိုက် အာရုံကြော အချက်အချာနေရာများအား နှိပ်နယ်ပေးခြင်း ထိုင်ခုံပေါ်တွင် ထိုင်၍ လက်မ
ထိပ်ပိုင်းဖြင့် အပြင်ဘက် ဒူးဆစ်ချိုင့်ခွက်တို့ကို နှိပ်နယ်ပေးပါ။ ထို့ပြင် တံကျင်ရိုး (Fibula) ထိပ်ပိုင်းရှိ ချိုင့်ခွက်နှင့်
ညို့သကျည်းရိုးထိပ်ပိုင်းရှိချိုင့်ခွက်တို့ကိုလည်း နှိပ်နယ်ပေးပါ။ဒူးခေါင်းရိုးနာကျင်သည့်နေရာကိုလည်းလက်မထိပ်
ပိုင်းဖြင့် နှိပ်နယ်ပေးနိုင်ပါသည်။အဆိုပါအာရုံကြောအချက်အချာနေရာများကိုတစ်မိနစ်စီ နှိပ်နယ်ပေးပါ။တဖြည်း
ဖြည်းအားစိုက်၍ နှိပ်နယ်ပေးပါ။ထုံလာ၊ကျဉ်လာ၊နာလာ၊ တောင့်တင်းလာသည်အထိ နှိပ်နယ်ပေးသွားပါ။ ဒူးဆစ်
ရောင်နာ ဝေဒနာ မုချပျောက်ကင်းသွားပါလိမ့်မည်။
ဝိတ်ချနည်း (ဟာသ)
လူဝကြီးတစ်ယောက်ဟာဝိတ်ချချင်တာကြောင့်ကုမ္ပဏီကိုဖုန်းဆက်လိုက်တယ်။ကုမ္ပဏီရဲ့အစီအစဉ်တွေကို မေး
ပြီး (၅) ရက်ကို (၁၀) ပေါင် ဝိတ်ကျစေတဲ့ လေ့ကျင့်ခန်းကို ယူမယ်လို့ ပြောလိုက်တယ်။
နောက်နေ့မနက်မှာတော့...
အိမ်တခါးခေါက်သံကြားလို့သွားဖွင့်ပေးလိုက်တယ် ။ ၁၉ နှစ်အရွယ် ချစ်စရာကောင်းတဲ့အားကစားမယ်လေးတစ်
ယောက် ရပ်နေတာ တွေ့တယ်။ ကလေးတစ်ယောက်လို ဝတ်ဆင်ထား ပြီး Nike အပြေးလေ့ကျင့်တဲ့ ဖိနပ်တစ်ရံ
ဝတ်ဆင်ထားပြီးလည်ပင်းမှာချိတ်ဆွဲထားတဲ့စာတ ကြောင်းလည်းရှိပါတယ်။မိန်းမငယ်လေးကသူ့ကိုယ်သူကုမ္ပဏီ
ကလွှတ်လိုက်တဲ့ ကိုယ်စား လှယ် ဖြစ်ကြောင်း မိတ်ဆက်ပြီး လည်ပင်းက စာကို ဖတ်ပြလိုက်တယ်။
"""ကျွန်မကို မှီအောင်လိုက်နိုင်ရင် ကျွန်မကို ရှင်ပိုင်ပြီ"""
လူဝကြီး သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘဲ မှီအောင် အတင်းပြေးလိုက် တော့တယ်။
မိုင်အတော်လေး ပြေးပြီးတဲ့နောက် မောဟိုက်လွန်းတာကြောင့်စိတ်မတင်မကျနဲ့ပဲအရှုံးပေးလိုက်တယ်။မိန်းမငယ်
လေးက နောက်ထပ် လေးရက်စလုံးလည်းဒီလိုပဲ ရောက်လာပြီး ပြေးကြတယ် ။၅ရက်မြှောက်နေ့မှာတော့ကုမ္ပဏီ
က ကတိပေးထားတဲ့အတိုင်း (၁၀) ပေါင် ဝိတ် ကျသွားမှန်းသိလိုက်တယ်။
ကျေနပ်စွာပဲ နောက်တစ်နေ့မှာတော့ ကုမ္ပဏီကို ထပ်ဖုန်းဆက်ပြီး  (၅) ရက်ကို ပေါင် (၂၀) ကျတဲ့ လေ့ကျင့်ခန်း
ထပ်ယူမယ်လ့မှာလိုက်တယ်။နောက်နေ့မနက်မှာအိမ်တခါးခေါက်လို့သွားဖွင့်ပေးလိုက်တော့...သူ့ဘဝမှာသူတွေ့
ဖူးသမျှ၊ ကြုံဖူးလာသမျှ အချောဆုံး၊ အလှဆုံးလို့ ထင်ရလောက်တဲ့ အချိုးအစားကျကျမိန်းမပျိုလေးတစ်ယောက်
ရပ်နေတာ တွေ့ပြန်တယ်။ Reebok လေ့ကျင့်ဖိနပ် တစ်ရံကလွဲလို့ ဘာမှဝတ်ဆင်မထားဘူး။လည်ပင်းမှာစာတန်း တစ်ခုပဲရှိတယ်။ အဲ့ဒါက...
                            """ကျွန်မကို မှီအောင်လိုက်နိုင်ရင် ကျွန်မကို ရှင်ပိုင်ပြီ"""
မိန်းမပျိုလေးကခန္ဓာကိုယ့်အချိုး၊အစားကအစ ချောမောပြေပြစ်၊လှလွန်းတာကြောင့်ပိုပြီးကြိုးစားပန်းစားပြေးလိုက်
တာပေါ့။ဒါပေမယ်ကံမကောင်းစွာပဲမှီအောင်မလိုက် နိုင်ပြန်ဘူး။ နောက်ထပ်လေးရက်လည်းဒီလိုပဲလိုက်ကြ၊ ပြေး
ကြတာပေါ့ဗျာ။  သူ့ခန္ဓာကိုယ်ကပိုပြီးကြည့် ကောင်းလာတာကလွဲပြီး မှီအောင်တော့မလိုက်နိုင်ခဲ့ပါဘူး။  (၅)ရက်
မြောက်နေ့မှာတော့ သူ့ ကိုယ်သူ ပေါင် (၂၀) လျော့ကျသွားမှန်း သိလိုက်တော့ ဝမ်းမြောက်သွားတယ်။
မကျေနပ်သေးဘဲ ကုမ္ပဏီကို နောက်တစ်ခါ ဖုန်းထပ်ဆက်ပြီး (၇) ရက်ကို ပေါင်(၅၀)ကျ စေတဲ့ လေ့ကျင့်ခန်းကို
မှာလိုက်တယ်။ ကုမ္ပဏီက သေချာအောင် ပြန်မေးတယ်။
"""ခင်ဗျား တစ်ကယ်ပဲ ဒီလေ့ကျင့်ခန်းကို လုပ်ချင်ပါသလား။ ဒီလေ့ကျင့်ခန်းက ကုမ္ပဏီရဲ့ အ
ရမ်းတင်းကြပ်ပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းဖြစ်လို့ပါ"""
"""အသေအချာပါပဲ။ ဒီနှစ်တွေမှာ အဲ့ဒီလိုအရသာ မခံစားရတာ ကြာပြီမို့ စမ်းသပ်ကြည့်ချင် ပါသေးတယ်"""
သူပြန်ပြောလိုက်တယ်။
တောင့်တင်းခိုင်မာပြီးကြွက်သားတွေ နဲ့ဖုထစ်ထွက်နေတဲ့  လူသန်ကြီး တစ်ယောက်ရပ်နေတာကို တွေ့ လိုက်
တယ်။ပန်းရောင်ဖိနပ်တစ်ရံကလွဲပြီးဘာမှဝတ်မထားဘူး။လည်ပင်းမှာတော့စာတစ်ကြောင်း ရေးဆွဲထားတယ်။
                                           """မင်းကို ငါမှီရင် မင်းဟာ ငါ့အတွက်ပဲ"""
အဲ့ဒီအပတ်မှာတော့ သူ့ကိုယ်သူ ( ၆၃ ) ပေါင် ကျသွားမှန်း သိလိုက်တယ်။
ဖတ်မိဖူးတဲ့ ဟာသလေးတခုပြန်မျှဝေပါသည်။
ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း
ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း
ဆေးမသောက်ပဲပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။သို့ပေမယ့်ဒီသဘာဝနည်းလမ်းကဆီးချိုရောဂါရှိ
သူများအတွက် အလွယ်ကူဆုံးနဲ့အကောင်းဆုံးထဲက ကုထုံးနည်းတစ်ခု ဖြစ်ပါတယ်။ ဆီးချိုတင်မကသွေးချို
လည်းပျောက်ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ရုံးပတီသီး
လိုအပ် ပါတယ်။
ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်)ကိုထိပ်နှစ်ဖက် ဖြတ်၊အလယ်မှာဓားနဲ့အပေါက်/အဆင်းဖောက်
ပေးပြီးရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ် ထားရပါမယ်။ ဖုံးအုပ် ထား ဖို့လည်း
လိုပါတယ်။အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။
ဒီမှာရုံးပတီသီးကိုပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့လိုပြီး ရေသန့်နဲ့စိမ်ရမှာ ဖြစ်ပါတယ်။နှစ်ပတ်ကြာ
တဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား
တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့စွဲသောက်ရင် သိသိသာသာကျဆင်း ပါတယ်။ဆီးချိုဟာ နာတာရှည် လို ပဲ
ဒုက္ခပေးနေတတ်ရင်ရုံးပတီသီးစိမ်တဲ့ရေကိုမနက်တိုင်းပုံမှန်သောက်ခြင်းဖြင့်ဆီးချိုရောဂါကိုသက်သာ ပျောက်
ကင်းစေတယ်လို့သိရပါတယ်။
http://www.innewsmyanmar.com/2012/12/blog-post_5404.html
တကယ်ဆိုရင်......ချစ်သူထက်ဘယ်အရာမှတန်ဖိုးမရှိပါဖူး
''''''''တကယ်ဆိုရင်......ချစ်သူထက်ဘယ်အရာမှတန်ဖိုးမရှိပါဖူး """"""
တစ်ဖက်က ၀င်လာသော ဖုန်းကိုကောက်ကိုင်လိုက်သည် . . .
ကောင်လေး   -        ဟယ်လို . . .သဲရေ မနက်ဖြန် သဲသိပ်သွားချင်တဲ့ တိရိစ္ဆာန်ရုံလိုက်ပို့ပေးမယ်နော် . . .
ကောင်မလေး -        ဟင့်အင်း ... သဲမသွားချင်ဘူး နေမကောင်းဖြစ်ချင်နေလို့
                           နောက်မှ အေးဆေးသွားတာပေါ့. . .
ကောင်လေး   -        ကောင်းပါပြီ ... အဲ့တာဆို ကို မနက်ဖြန် မလာတော့ဘူးနော်
                           သဲနားနားနေနေ နေလိုက်ပါဦး . . .
နောက် (၃) ရက်ခန့်ကြာသော် . . .
ကောင်လေးဘက်မှ ၀င်လာသော ဖုန်းအား ကောင်မလေးမှပင်အရင်စဖြေလိုက်သည် . . .
ကောင်မလေး   -    ကို သဲ အမေနဲ့ အပြင်ရောက်နေလို့ နောက်မှဆက်လိုက်နော် . . .
ကောင်လေး     -     အိုခေလေ ... ဒါနဲ့ သဲ နေကောင်း .... ဟဲလို ... ဟဲ လို ....
ဒီလိုနဲ့တစ်ပတ်လောက်အကြာမှာ  ကောင်မလေးဖုန်းကိုကောင်လေး ထက်ဆက်ပြန်တယ်ဒီတစ်ခါတော့ သူကြား
ချင်သော သူ့ချစ်သူအသံမဟုတ်ပဲလူစီမ်းယောက်ျားတစ်ယောက်အသံကို ကြားလိုက်ရသည် . . .
လူစီမ်း               -     မင်းက _____ ရဲ့ချစ်သူလား ???
ကောင်လေး        -    ဟုတ်တယ် ခင်ဗျားကဘယ်သူလဲ ???
လူစီမ်း               -    ငါဘယ်သူလဲဆိုတာ သိဖို့ထက် မင်းကောင်မလေးနဲ့ စကားပြောလိုက်ပါဦး . . .
ကောင်မလေး       -   ဟဲလို , ကို သဲ ကိုအနားမှာရှိခဲ့တုန်းက ကို့တန်ဖိုးနားမလည်ခဲ့ဘူးသဲ လိုချင်သမျှ သဲ သွားချင်သမျှ                                  ကိုမလုပ်ပေးနိုင်ခဲ့လို့ သဲချမ်းသာစိတ်တွေ မက်မောခဲ့ပြီး မဖြစ်သင့်တဲ့ အမှားကြီးတစ်ခုကို လုပ်ခဲ့မိ
                           တယ်အခု သဲ ဘ၀ပျက်ရတော့မယ်...ကို့ကို သဲနောက်ဆုံးနှုတ်ဆက်ခဲ့ပါတယ်...ကို မရှိတော့မှပဲ သဲ
                           ကို့ တန်ဖိုးကို အတိအကျ နားလည်ခဲ့ရပါတယ်...သဲကို့ကိုတောင်းပန်ပါတယ် . . .
ကောင်လေး         -  သဲ စိတ်ကို အေးအေးထား အခု သဲဘယ်မှာလဲ ဘယ်ရောက်နေလဲ
ကောင်မလေး      -  သဲအခု ************* ကိုရောက်နေတယ် ကို ...
ကောင်လေး        -  See U နော် ကလေးလေး . . .
ချစ်သူထံမှ ဖုန်းချသွားပြီးနောက် သူမအား မော်ဖိန်း ဆေးများထိုးနေသည်ကိုသိနေရသော်လဲ ဘာမှ တန်ပြန်မတုန့်ပြန်နိုင်ပဲ
မျက်ရည်များကြားမှ ငြီမ်ခံနေရသည်...အရာရာ အားလုံးေ၀၀ါး လာသည်နှင့် အမျှခေါင်းမှ မိုက်ခနဲ မိုက်ခနဲ ဖြစ်ဖြစ်သွားပြီ...
အပြင်မှ ဆူညံသံများကြားရပြီးနောက်သူမ လောကကြီးကို ခေတ္တခဏမေ့သွားလေတော့သည် . . . . . . . . . . . .
သူမ သတိရလာတော့ အရာရာပေါ့ပါးလန်းဆန်သလို ခန္ဓာကိုယ်မှာပေါ့ပါးနေသလိုခံစားနေရတယ်...မျက်လုံးကတော့
အပြင်ဘက်မှတိုက်ရိုက်ထိုးထားသောအလင်းရောင်ကြောင့်ဖွင့်လို့မရသေး.ခန္ဒာကိုယ်ကိုတချက်လောက်လှုပ်ရှားကြည့်
သည်...အဆင်ပြေသည်...
လက်ကနေ တစ်ခုခုကို စမ်းမိသွားသည်...သူမ ရင်ထဲမှာ ပျော်ရွှင်သွားသလိုလို လှိုက်မောသွားသလိုလို ခံစားမိလိုက်ရတယ်
သူမ ဒီထိတွေ့မှုကို လွန်စွာမှ ရင်းနှီးနေသည် . . . . .
“ကိုကို့လက်...ဒါ ငါ့ချစ်သူ ကိုကို့ရဲ့လက်ဖ၀ါး . . . ကိုကိုဒီရောက်နေတာလား”
လိုက်ကြိုးစားယူလိုက်ရသည်.သူမမျက်လုံးကောင်းလာပြီ...ဘေးဘီဝဲယာကိုတစ်ချက်ကြည့်လိုက်ချိန်သူမဘေးမှာ သွေးသံရဲ
ရဲအသက်မြော့မြောလေးပင်ကျန်ရှိတော့တဲ့ သူမချစ်သူအား တွေ့လိုက်ရတယ် . . .
သူမဘာမှမပြောနိုင်တော့ စို့နင့်စွာ ချစ်သူနားသို့ တိုးကပ်သွားလိုက်သည်...သူမချစ်သူ သူမအား ပြုံး၍ကြည့်နေသည်...
သူမ စကားသံတို့မှာ ဆွံအနေသလို ဘာမှမပြောနိုင်တော့ပဲငိုချလိုက်တော့သည် . . . .
ကောင်လေး     -        သဲ . . . မငိုပါနဲ့ ...ကိုမရှိတဲ့နောက်ပိုင်း သဲသိထားရဖို့ကလောကကြီးမှာ ပိုက်ဆံ က အရေးကြီးတာ    
                             မှန်ပေမယ်ပိုက်ဆံနောက်ကိုမက်မောစွာမလိုက်မိပါစေနဲ့...အချစ်စစ်ဆိုတာရှာရခက်တယ်..
                             ပိုက်ဆံဆိုတာ..   ရှာရလွယ်ပါတယ်... သဲ မဆင်မခြင်စိတ်လေးနဲ့ ဖြစ်သွားခဲ့တာပါ...
                             ဒီအဖြစ်အပျက်လေးကို သင်ခန်းစာတစ်ခုလို သဘောထားလိုက်ပါတော့...
                             ကို သဲကို ပိုက်ဆံနဲ့ ၀ယ်လို့မရတဲ့ နှလုံးသားတစ်စုံနဲ့ကို့ဝိဥာည်တစ်ခုကို
                             လက်ဆောင်ပေးခဲ့တယ်...သဲ ကို ကို အ ရမ်း ချစ် တ ယ် . . . .ချ စ် တ ယ်.....ချစ..်...တ...ယ..်
သူမအား ကိုင်ထားသော လက်တစ်စုံမှာ လေတစ်ချက်အတိုက် မြေကြီးပေါ်သို့ဘယ်အရာမှ သယ်မဆောင်သွားပဲ ပေါ့ပေါ့ပါးပါး
ပြုတ်ကျသွားခဲ့လေပြီ အရာအားလုံးကို သူဘာမှ သိနိုင်မည်မဟုတ်တော့ချေ . . . . . . .
Ref; ~^•Sean Jon•^~
[Heart Canteen] (From  facebook)
စီးပွားရေးသမားတစ်ဦး၏ အကျင့်စာရိတ္တ
စီးပွားရေးသမားတစ်ဦး၏ အကျင့်စာရိတ္တ
အကျင့်စာရိတ္တက စကားလုံးများထက် တာသွားလှပေသည်။ အပွေးမြင် အပင်သိဆိုသလိုသင့်ဘ၀အခြေအနေကို
ကြည့်ကာသင်မည်သူဖြစ်သည်ဆိုသည်ကိုဆုံးဖြတ်နိုင်ပါတယ်။ထို့ကြောင့်ကျွန်တော်တို့ရဲ့လုပ်ငန်းတစ်ခုစတင်တည်
ထာင်တော့မယ်ဆိုရင်ကျွန်တော်တို့ရဲ့အကျင့်စာရိတ္တကိုဦးစွာအာရုံစူးစိုက်ရပါမယ်။
အကျင့်စာရိတ္တဆိုသည်မှာကျွန်တော်တို့အမှန်တကယ် ပြုမူလုပ်ဆောင်နေသောအရာများကိုဆိုလိုပါတယ်။လူတစ်
ယောက်ရဲ့လုပ်ဆောင်ချက်ကိုကြည့်ခြင်းအားဖြင့်သူ၏အကျင့်စာရိတ္တကိုသိနိုင်မည်။ကျွန်တော်တို့လူဘ၀ဖြစ်တည်
လာမည့် နေရာ၊မိဘ၊ ကလေးဘ၀စသည်တို့ကိုမရွေးချယ်နိုင်ပါ။ယင်းအပြင် ကျွန်တော်တိုရဲ့ကိုယ်ရည်ကိုယ်သွေး၊
ထူးချွန်မှုနှင့်ဥာဏ်ရည်ဥာဏ်သွေးတို့ကိုမရွေးချယ်နိုင်ပါ။သို့သော်ကျွန်တော်တို့ရဲ့အကျင့်စာရိတ္တကိုမူ ရွေးချယ်မှုပြု
နိုင်ပါတယ်။
တကယ်တော့အကျင့်စာရိတ္တ  ကောင်းများကတာရှည်ခံတဲ့ အောင်မြင်မှုများကိုပေးစွမ်းပါလိမ့်မယ်။သင့်အကျင့်စ
ရိုက်များကသင့်ဘ၀ကိုတည့်မတ်ပေးနိုင်သလိုဖြိုဖျက်ပစ်နိုင်ပါတယ်။အနှေးနှင့်အမြန်ဆိုသလိုသင့်အကျင့်စာရိတ္တ
များ ဗူးပေါ်သကဲ့သို့ ပေါ်လာပြီး သင် စိုက်သည့်အတိုင်း ရိတ်ရမှာပါ။
တစ်ကယ့်အခက်အခဲအကြပ်အတည်းဖိစီးမှုတွေနဲ့ကြုံတွေ့လာခဲ့ချိန်မှာသင့်အကျင့်စာရိတ္တအမှန်ကသင့်ကိုတည့်
မတ်သောဘ၀လမ်းကြောင်းပေါ်သို့ပို့ပေးမည်ဖြစ်ပြီးတဖြည်းဖြည်းချင်း ဖြတ်သန်းကျော်လွှားသွားခွင့်ကိုပေးပါတယ်။
တစ်ခါတလေပြုပြင်သင့်သည်များကို ပြုပြင်ဖို့လိုပါတယ်။ဒီလိုအချိန်ကျရင်ကျွန်တော်တို့ရဲ့အကျင့်စာရိတ္တကိုပိုမိုကောင်း
မွန်လာစေရန်မည်ကဲ့သို့ ပြုကျင့်ရမည်နည်း။ အချက် သုံးချက်ပဲ အရင်ရှာဖွေပါ။
တစ်အချက်က..... အားနည်းချက်များကို ရှာထားပါ။
နှစ်အချက်က....... နောင်တရပါ။
သုံးအချက်က...... ဘ၀သစ်ကို စတင်ပါလို့ ပြောပါရစေ။
သင်မှာ မည်သည့်အားနည်းချက်မျိုး ရှိနေတယ်၊ သင့်ဝန်းကျင်မှ သူများအောက် နိမ့်ကျနေသော အရာများကို
အချိန်ယူကာပြန်စဉ်းစားပါ။စွဲနေသောအမှားများကို တွေ့အောင်ရှာကာသင်သိရှိသဘောပေါက် လျှင် ၀န်ခံပါ၊
နောက်တရပါ။သင့်အားနည်းချက်များ၏အကျိုးဆက်ကိုခံယူပါ။ပြီးလျှင်ဘ၀အသစ် ကိုစတင်ပါ။ ကောင်းသော
အကျင့်စရိုက် လက္ခဏာများစတင်ပြုကျင့်ပါ။
မှန်ကန်သောလမ်းကြောင်းဖြင့်အမှားအမှန်ကို ဝေဖန်ထောက်ရှုပြီး ပြုပြင်ပြောင်းလဲ သွားကြမယ် ဆိုရင်တော့
ပိုမိုတိုးတက်ကောင်းမွန်လာမယ်လို့ ကျွန်တော် မြင်မိ ပါတယ်။အရေးကြီးဆုံးအချက် ကတော့အောင်မြင်သော
စီးပွားရေးသမားတစ်ဦးသည်သူ၏လုပ်ငန်းအပေါ်အပြည့်အ၀တာဝန်ယူတတ်ရပါမယ်။ သူတာဝန်ယူ လုပ်ကိုင်
သည့် မည်သည့် အလုပ်ကိုမဆိုအောင်အောင်မြင်မြင်လုပ်တတ်ရပါမယ်။
မည်သူမဆိုကိုယ့်တာဝန်ကိုယ်ကျေပွန်အောင်လုပ်ဆောင်မယ်ဆိုရင်တော့လုပ်ငန်းတွေမှာတိုးတက်ပြီး ပျော်ရွှင်
တဲ့ဘ၀လေးတွေပိုင်ဆိုင်ကြရမှာပါ။ဒီတော့ဘယ်အရာတွေကိုသတိပြုရမလဲဆိုတာကျွန်တော်သိသလောက်လေး
ပြောပြပါဦးမယ်။
၁။..... မိမိအမှားကို ၀န်ခံပါ။
၂။ .....လုပ်ငန်းပျက်ကွက်မှု မရှိခြင်း
၃။..... ငွေအပို မသုံးခြင်း
၎။...... အသေးစိတ်ကအစ ပြန်လှန်စစ်ဆေးတတ်ခြင်း
၅။...... တိကျသော အနာဂတ်ထားရှိခြင်း
၆။ ......တစ်ပါးသူကို အမှီသဟဲ မပြုခြင်း
၇။.......ကြီးမားသော ဆုံးဖြတ်ချက်များ ချမှတ်ရန် ခဲရင်းသော်လည်း တုန်လှုပ်မှု မရှိခြင်း
၈။...... အစပြုခဲ့သည့်အရာများကို လက်စသတ်တတ်ခြင်း
ဆိုတဲ့အကြောင်းလေးတွေကိုသာလိုက်နာနေတယ်ဆိုရင်တော့သင်ဟာ အောင်မြင်တဲ့စီးပွားရေးသမားတစ်ဦး
ဆိုတာ ယုံမှားသံသယမရှိတော့ပါဘူး
သင့်လုပ်ငန်းကို အောင်မြင်သင့်သလောက်မအောင်မြင်ရန် ဟန့်တားနေသည့်အရာမှာ စိုးရွံ့ထိတ်လန့်တတ်
ခြင်းပင်ဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းအောင်မြင်အဆင်ပြေရန်ကြီးမားသောတံတိုင်းဖြစ်သည့် စိုးရွံ့ကြောက်ရွံ့
ခြင်းဆိုသည့်တံတိုင်းကို ကျော်ဖြတ်ရပါမည်။သင်မှာရင်ဆိုင်ရဲသည့်သတ္တိအမှန်ပင် မွေးမြူနိုင်ပြီးဆိုရင်သင့်ဘဝ
စတင်နိုင်ပြီလို့မှတ်ထားလိုက်ပါ။
အများစုမှာ အန္တရာယ်ကင်းကင်းနှင့် မိမိ၏ အားကိုမစိုက်ထုတ်ဘဲလုပ်သားများ ငှားရမ်းကာ အလုပ်လုပ် လိုကြ
ပါတယ်။ စွန့်စားခြင်းကို ပြုသည့် ခြေလှမ်းကို မလှမ်းရဲ လျှင် ရှေ့တွင် စောင့်နေသည့် အခွင့်အလမ်း များအား
လက်လွတ် ဆုံးရှုံးရပါမယ်။လူအတော်များများ က ပေါ်ပေါက်လာမည့်အခွင့်အရေးများကိုတစ်ဖက်သတ်စောင့်
မျှော်လျက်ရှိကြတာကို တွေ့ရှိရပါတယ်။ သို့သော်ကျွန်တော်တို့သည် အခွင့်အရေး ကို ကိုယ်တိုင်ဖန်တီးသူနှင့်
အခွင့်အရေးများ ကျွန်တော်တို့အပေါ်သို့သက်ရောက်လာရန် ကိုယ်တိုင်ပြုလုပ်နိုင်သူများ ဖြစ်ပါတယ်။
အမှန်တကယ်တော့အခြားသူများကသင့်ကိုတွန်းအားပေးမည့်အဖြစ်၊လက်ခံမည့်အဖြစ်၊အကူအညီတို့ကို
စောင့်မနေဘဲသင်ကစတင်လှုပ်ရှားပါ။ခုရှုပ်မှ နောင်ရှင်းဆိုသည့်အတိုင်းနောင်ဖြစ်လာမည့် ပြဿနာများ
အတွက်ယခုကတည်းက ကြိုတင်ရှင်းထုတ်လိုက်ပါ။
စွန့်ဦးတီထွင်ကြသူများသည် အမှားများ၊ ပြဿနာများနှင့် အများဆုံးကြုံတွေ့ကြရသူများဖြစ်ပြီး အောင်မြင်ခြင်း
အသီးအပွင့်ကိုလည်း စံစားကြရပါတယ်။ လုပ်ငန်းတစ်ခုလုပ်တာပဲဖြစ်ဖြစ်၊ စီးပွားရေးတစ်ခုကို စတင်တော့မည့်
သူပဲဖြစ်ဖြစ်အရင်ဆုံး သင်ဘာလိုချင်သည်ကို သင်ကိုယ်တိုင် သိနေရပါမယ်။
အပြင်ပန်းမှအလုပ်များကိုချောမွတ်အောင်ဦးစွာလုပ်ပါ။သင်လည်းဝင်ဆန့်နိုင်စေပါ။ပြီးမှသင်၏အိမ်ကိုတည်
ဆောက်ပါ။ လက်တွေ့လုပ်ဆောင်ဖို့ တွန်းအားပေးပါ။ ကျွန်တော်တို့ရဲ့ လုပ်ငန်းအခြေအနေ တည်ငြိမ်ရေးကို
ဦးစားပေးပြီးမှကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာနှင့်အိမ်တွင်းရေးကိုပို၍သာယာအောင်စွမ်းဆောင်နိုင်ကြမှာ
ဖြစ်ပါတယ်။ စွန့်စားခြင်းတွေကိုလည်း လုပ်ဆောင်ဖို့ရန် မိမိကိုယ်၌ ဆန္ဒရှိဖို့ လိုအပ်လှပါတယ်။
နောက်တစ်ချက်ကတော့ မှားရဲပါ။ အမှားသိပြီး အမှန်ပြင်နိုင်ဖို့ ကြိုးစားစေချင်ပါတယ်။
လုပ်ငန်းလုပ်ဆောင်စဉ် မလုပ် မဖြစ် လုပ်ဆောင်တတ်ရမည့် အရာမှာ စုစည်း ဦးဆောင် တတ်ရန် ဖြစ်ပါတယ်။
အရာရာကိုစည်းစနစ်တကျ ထားရှိတတ်ခြင်းသည် သင့်လုပ်ငန်းကိုပို၍လွယ်ကူချောမွတ်စွာလည်ပတ်စေပါတယ်။
ကိုယ့်လုပ်ငန်းကိုကျစ်ကျစ်လစ်လစ်ဖွဲ့စည်းတည်ဆောက်တတ်ဖို့အရေးကြီးပါတယ်။သင်ပိုင်ဆိုင်သည့်အရာများကို
စာရင်းအတိအကျသိခြင်း၊သင့်လုပ်ငန်းတည်ရာ၏ပတ်ဝန်းကျင်အနေအထားများကို လေ့လာခြင်း၊သင့်စားသုံးသူများ
၏အမှာစာများစာရင်းကိုတိတိကျကျထားသိုမှတ်ထားခြင်း၊ နောက်ရှင်းလင်းကာနားလည်လွယ်သည့်အလုပ်ညွှန်ကြား
ချက်များနှင့် သင့်ဝန်ထမ်းများရဲ့ အ၀င်အထွက် စာရင်းများကိုလည်း ပြုစုရေးသားထားဖို့ လိုပါတယ်။
လူအများကိုစုစည်းဦးဆောင်နိုင်သည့်အရည်အသွေးသည်အခြားသောအရည်အသွေးများကဲ့သို့တစ်စတစ်စတိုးပွား
လာစေရန် ပြုလုပ်ယူနိုင်ပါတယ်။ဒီအပိုင်းမှာဆိုရင်သင်ကအားနည်းသည်ဆိုရင်ထိုအရာကို ရှောင်တိမ်းခြင်းမပြုဘဲ
တိုးတက်အောင်လုပ်ဆောင်စေချင်ပါတယ်။ဦးစီးဦးဆောင်မှုအရာ၌ကျွမ်းကျင်သူအားအားကိုးကာသင့်လုပ်ငန်းတိုး
တက်ရေးအတွက်ကြီးကြပ်အကြံပြုဖို့တိုက်တွန်းပါတယ်။သတိကြီးစွာထားပြီးဆက်လက်လုပ်ဆောင်သွားရင်းသင်ယူ
သွားမယ်ဆိုရင်တော့သင်ရဲ့ ဦးစီးဦးဆောင်နိုင်တဲ့ အရည်အချင်းတွေတိုးတက်လာမယ်လို့ကျွန်တော် ပြောပါရစေ။
အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တွေကို ကြည့်မယ်ဆိုရင် ဘာကြောင့် အောင်မြင်ကြသနည်း။
ဘယ်အရာကသူတိုမှာပိုမိုတိုးတက်အောင်ကြံဆောင်ပေးနေသလဲ။ကျွန်တော် လေ့လာမိသလောက်ပြောရရင်ဖြင့်
အောင်မြင်သည်ဆိုသူများသည်အခြားတစ်ပါးသောသူများထံမှကြိုးကြိုးနွံနွံသင်ယူခံကြသူများ ဖြစ်ကြပါတယ်။စိတ်
နူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြပါတယ်။
စိတ်နှလုံးနှိမ့်ချတတ်သောသူများကအများအားဖြင့်နားထောင်ပြီးရှင်သန်ကြီးထွားနိုင်ကြပါတယ်။နှိမ့်ချခြင်းဆိုတာမှာ
လည်းအတိုင်းအတာအကန့်အသတ်လေးတွေရှိကြပါတယ်။အခြားသူတွေကိုသူတို့ကစုံလုံးပစ်မှီခိုခြင်းမဟုတ်ကြပါဘူး။
နှိမ့်ချလိုက်ခြင်း၊ကြိုးနွံခြင်းတို့ရဲ့ နောက်ကွယ်မှာသင်ယူရန်၊တိုးတက်ရန်လက်စဖွင့်လိုက်ခြင်းတွေသာဖြစ်ကြပါတယ်။
နှိမ့်ချခြင်းဟာလူအများနှင့် ပေါင်းသင်း ဆက်ဆံမှုအတွက် ပေါင်းကူးတံတားကြီးပင် ဖြစ်ပါတော့တယ်။
MyanmarICT ဂျာနယ် တွင် ဖော်ပြပါရှိပြီး ဖြစ်ပါသည်။
ကြည့်သူဦးရေ: 19
အချစ်ဟင်းအိုးလေးပြန်နွှေးနည်း
ချစ်တတ်တဲ့သူတိုင်း အမြဲစိမ်းလန်း သာယာနေတဲ့ အချစ်သစ်တောလေး ပိုင်ဆိုင်ဖို့နဲ့အချစ်ဟင်းအိုးလေး အေးစက်နေ
ခဲ့ရင် ဘယ်လိုပြန်နွှေးမလဲ ဆိုတာပါပဲ။ ကဲ.. သင့်အချစ်တွေကို ဘယ်လိုပြန်နွှေးမလဲ။ ချစ်တော့ ချစ်ချင်တယ်။ဒါပေမယ့်
အလုပ်ရှုပ်မခံချင်ဘူး ဆိုတာမျိုးမလုပ်ပါနဲ့။ သင်ချစ်တဲ့ သူတိုင်း ဒီနေ့ထက်မနက်ဖြန် ပိုချစ်ချစ်လာမယ်။ မနေ့ကထက်
ဒီနေ့ ပိုချစ်ကြမယ်ဆိုတာချည်းပါပဲ။ လူနှစ်ဦးကြားမှာ သံယောဇဉ်ကြိုးတစ်ချောင်း ခိုင်မြဲဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့
မဟုတ်ပါဘူး။ တစ်ချို့စုံတွဲတွေမှာ အချိန်အများကြီးယူတယ်။  တစ်ချို့ကြတော့   ချစ်ဖို့အတွက်    သံယောဇဉ်ခိုင်မြဲဖို့
အတွက် အချိန်တွေက ဘယ်လို မျက်လှည့်ပြသွားတယ် မသိပါဘူး။   သိပ်ချစ်ပါတယ် ဆိုတဲ့    လူတွေမြင်ဖူးပါတယ်။
စကားတွေ ကြားဖုးပါတယ်။ အချိန်တွေ မကြာကြီးမလိုပါဘူး။ လိုအပ်တာ ယုံကြည်မှုနဲ့ နားလည်မှုပါ။ ။
အချစ်ဟင်းအိုးလေးပြန်နွှေးဖို့.............
၁။ ချစ်သူများနေ့
၂။ နှစ်ပါတ်လည်နေ့
၃။ လပါတ်လည်နေ့
၎။ သင့်ချစ်သူရဲ့မွေးနေ့
၅။ သင့်မွေးနေ့
၆။ လက်စကိုင်တဲ့နေ့
၇။ ရည်းစားစကား စပြောတဲ့နေ့
၈။ ပထမဆုံးမျက်လုံးချင်းဆုံလို့ရင် ခုန်ခဲ့တဲ့နေ့
၉။ ရင်ထဲမှာ ပီတိအဖြစ်ရဆုံးနေ့
၁၀။ သူ့ကြောင့်အင်အားတွေရပြီး ပျော်ရွှင်မှုတွေ ရရှိခဲ့တဲ့နေ့
စသည်ဖြင့် အမှတ်တရနေ့ရက်တွေ မှတ်သားထားပါ။ သူမမှိတ်မိရင်တောင် သင်ကအဲဒီနေ့ မရောက်ခင် သတိပေးပြော
ပေးပါ။ အချစ်ကို ရိုသေလေးစားပါ။ ပေါ့ပျက်ပျက် စကားတွေ မပြောပါနဲ့။ စိတ်ထဲက မပါဘဲ မပြောပါနဲ့။ ချစ်တတ်တဲ့သူ
တွေ အတွက် မျက်ဝန်းအကြည့်တွေက အစ အဓိပ္မါယ်တွေ ပြည့်နှက်နေပါတယ်။ အေးစက်စက်ချစ်သူကို အကြင်နာတွေ
ရွှန်းဆိုနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပေးပါ။ ခုမှ တရေးနိုးသဖွယ် ထုံထိုင်းနေတဲ့ ချစ်သူကို သူပျော်စေမယ့် စကားတွေနဲ့
ဆွဲဆောင်ပါ။ အလုပ်တွေနဲ့ ရှုပ်နေတဲ့ ချစ်သူကို ခွန်အားတွေ ပေးကြည့်ပါ။ အရိပ်တကြည့်ကြည့်နဲ့ အေးဆေးဆေးဘေး
နားမှာ နေပေးပါ ။ ချစ်တတ်တဲ့ သူတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလိုပါပဲ ချစ်ခံနိုင်ရည်ရှိတဲ့ သူဖြစ်ဖို့ဆိုတာ
လည်း မလွယ်ပါဘူး။ နှစ်ဦးနှစ်ဘက်မျှတမှ အချစ်တွေက လတ်ဆတ်မွှေးပျံ့နိုင်မှာပါ။ မဆာလာ နိုင်နိုင်ဖြူးသလိုမျိုးပေါ့။
ထာ၀၇အမြဲ သင်တို့အချစ်တွေ အပ်ကြောင်းထပ် ထည်ထားချင်ပါသလား။ ဒါ ဆို I LOVE YOU ချစ်တယ် ဆိုတဲ့ စကား
ပြောဖို့ ဘယ်တော့မှ မတွန့်ဆုတ်နဲ့။ မရှက်နဲ့......
(နေရာဒေသမရွေး လစ်ရင်လစ်သလိုပြော ဘယ်တော့မှစိတ်ဆိုးဘူး၊ ချစ်တယ် ဆိုတဲ့ စကားက ချစ်သူနား ထဲမှာ အကြား
ချင်ဆုံးစကားပဲ အလိုချင်ဆုံးအရာထဲမှ ချစ်သူပေးတဲ့ အမွှေးပံျ့ဆုံးပန်းလိုပါပဲ။ချောကလက်ဆိုတာကလဲ အချစ်ကိုဖော်ပြ
တဲ့ လက်ဆောင်ပစ္စည်းတွေက အနှစ်သာရအပြည့်ဝဆုံး လက်ဆောင်တမျိုးပေါ့။ ပေးကြည့်။ ဟင်းအင်း ချောကလက်စား
ရင် ဝ လာမှာပေါ့လို့ သာပြောမယ်။ မယူတဲ့သူမရှိဘူး။ ချစ်သူကို သိပ်ချစ်နေပါတယ် ဆိုတဲ့အကြောင်းသတိ၇တိုင်းစာေ၇း
ကြည့် mp 3 နဲ့ဖမ်းထားပါ ခံစားချက် အစစ်အမှန် တွေကိုလိမ်လို့ မရပါဘူး။) ဒီနည်းလေးက လေ့လာမိသမျှ ရင်ကိုအထိ
ဆုံးပေါ့။ သူပေးခဲ့ဖူးတဲ့ လက်ဆောင်အသေးအဖွဲ ကအစ တယုတယပြန်ပြီး ဘယ်လိုတန်ဖိုးထား ကြောင်းပြပါ။ သူပြောခဲ့
ဖူးတဲ့ စကားတွေက အကြိုက်ဆုံးတွေကို အကြောင်းအရာ အဖြစ်အပျက်နဲ့တကွပြန်ပြောပေးပါ။ မမြင်ရတဲ့ထောင့်တနေ
ရာမှာ အချစ်အိမ်လေး ခိုင်မြဲနေကြောင်း ယုံကြည်မှု သက်သေပြပါ။ ကဲ...နောက်ဆုံးအနေနဲ့အချစ်ဟင်းအိုးလေး မြန်မြန်
မွှေး နိုင်မယ့် အချက်လေးတွေကို တိုတိုတုတ်တုတ် အဟုတ်လမ်းညွှန်နိုင်ပါတယ်။
၁။ သွားခဲ့ဖူးတဲ့နေရာတွေကို ထပ်သွားပါ။
၂။ စားခဲ့ဖူးတဲ့အစားအစာတွေကို ပြန်စားပါ။
၃။ ဝတ်ခဲ့ဖူးတဲ့အမှတ်တရ၀တ်စုံလေးတွေကို အတူဝတ်ကြပါ။
၎။ လုပ်ခဲ့ဖူးတဲ့ အမှတ်တရလေးအတိုင်း ဆက်လုပ်ပါ။
၅။ စတွေ့တုန်းကအတိုင်း အပြုအမူ၊ အနေအထိုင်တွေ လုပ်ကြည့်ပါ။
၆။ ပွင့်ပွင့်လင်းလင်း ညှိယူပါ။
၇။ ကိုယ့်ဘက်က ချစ်သူအလိုကျ ပျော်ပျော်၇ွှင်၇ွှင် လိုက်နေကြည့်ပါ။
၈။ မေ့မရတဲ့ပျော်စရာတွေ အကြောင်းအရာတွေ ပြန်ပြောပေးပါ။
၉။ အမှတ်တရ နေ့ရက်လေး၊ စိတ်လှုပ်ရှားစရာ နေ့ရက်လေးမျိုး ပြန်လုပ်ကြည့်ပါ။
၁၀။ ရင်ခုန်ရဆုံးနေ့လေးရဲ့ အဖြစ်အပျက်တွေကို သတိရပေးလိုက်ပါ။
ကဲ..ပျော်စရာအချစ်အိမ်လေးက အပြုံးမျက်နှာနဲ့လူ ဖြစ်ချင်ရင်တော့ ဒီနည်းလေးတွေကို လိုက်လုပ်ကြည့် ပါ။
Ref:http://linaung86.blogspot.com/
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)
ကောင်လေးနဲ့ခွေးလေး
စတိုးဆိုင်ပိုင်ရှင်ကဆိုင်တံခါးဝမှာဆိုင်းဘုတ်အသစ်တစ်ခုထပ်ချိတ်သည်။
"ခွေးပေါက်ကလေးများရောင်းရန်ရှိသည်"                        
သည်ကြော်ငြာမျိုးကိုကလေးတွေအလွန်စိတ်ဝင်စားသည်။သူတို့ကခွေးချစ်တတ်သူများမဟုတ်လား။ခဏအကြာ
မှာကလေးတစ်ယောက်ဆိုင်ပေါက်ဝသို့ရောက်လာသည်။
"ခွေးလေးတစ်ကောင်ဘယ်လောက်ရောင်းသလဲခင်ဗျ"
ကောင်လေးကမေးသည်။
"ဒေါ်လာ၃၀ကနေ၅၀အထိဈေးအစားစားရှိတယ်"
ဆိုင်ရှင်ကဖြေသည်။ ကောင်လေးကသူ့အိပ်ကပ်ထဲမှာရှိသည့်ပိုက်ဆံအကြွေတွေကိုနှိုက်ထုတ်သည်။
"ကျွန်တော်မှာ၂ဒေါ်လာနဲ့၃၇ဆင့်ရှိပါတယ်၊ခွေးလေးတွေကျွန်တော်ကြည့်လို့ရမလားခင်ဗျ"ဆိုင်ရှင်ကပြုံးသည်။
ထို့နောက်ခွေးအိမ်ထဲမှာရှိနေသည့်ခွေးမကြီးကိုလေချွန်ပြီးခေါ်လိုက်သည်။
 ခွေးမကြီးဆိုင်ခန်းထဲပြေးဝင်လာတော့သူ့နောက်ကခွေးပေါက်ကလေးငါးကောင်တန်းစီ၍လိုက်ပါသည်။ပိစိကွေး
လေးတွေ၊အမွေးကသိပ်ရှည်တော့တစ်ကိုယ်လုံးအမွေးတွေဖုံးကာလုံးနေသည်။အဲသည်ထဲမှာတစ်ကောင်ကဟိုး
နောက်မှာပြတ်ကျန်ခဲ့သည်။သူကတော့ထော့တီးထော့နဲ့နဲ့လမ်းမလျှောက်တက်သလို။ကောင်လေးကသည်ဟာ
လေးမြင်တော့ချက်ချင်းစိတ်ဝင်စားသွားသည်။"ခွေးလေးဘာဖြစ်တာလဲဟင် "ခွေးလေးမှာမွေးကတည်းကတင်ပ
ဆုံအရိုးခွက်ပါမလာသဖြင့်တစ်သက်လုံးခြေထော့ဖြစ်နေမည်ဟု   တိရိစ္ဆာန်ဆေးကုဆရာဝန်ကပြောဆိုသည့်အ
ကြောင်း ဆိုင်ရှင်ကရှင်းပြသည်။ကောင်လေးပိုပြီးစိတ်ဝင်စားသွားသည်။
"ဒီခွေးလေးကိုကျွန်တော်ဝယ်ချင်တယ်ဗျာ"
ကောင်လေးဆိုသည်။
"ဟာ...မ၀ယ်ပါနဲ့ကွ၊မင်းတကယ်လိုချင်ရင်ငါပေးပါ့မယ်"
သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။သူကမကျေနပ်သည့်အမူရာမျိုးနဲ့ဆိုင်ရှင်ကြီးကိုမော့
ကြည့်ပြီးပြန်ပြောသည်။
  "အလကားပေးတာ ကျွန်တော်မလိုချင်ဘူးခင်ဗျ၊ ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့တန်းတူ တန်ဖိုးရှိတာပဲ၊ 
တစ်ပြားသားမှ မလျော့ပါဘူး၊  ကျွန်တော်တန်ဖိုးအပြည့်ပဲပေးမယ်၊  ဒါပေမဲ့ ကျွန်တော်မှ လောလောဆယ် 
၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲပါတယ်၊  အခုတော့ဒါပဲယူထားပါ၊  နောက်ကို တစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ
ကျွန်တော်ဆက်ပေးပါ့မယ်"
သို့သော်စတိုင်းဆိုင်ရှင်ကအလျှော့မပေး။
"မ၀ယ်နဲ့ကလေးရ၊ နောက်ကျတော့မင်းစိတ်ပျက်သွားလိမ့်မယ်၊ဒီခွေးလေးကပြေးနိုင်လွှားနိုင်မှာမဟုတ်ဘူး၊
မင်းနဲ့ခုန်ပေါက်ကစားနိုင်မှာမဟုတ်ဘူး" 
သည်အခါကျတော့မှကောင်လေးကဆိုင်ရှင်ကြီးကိုမော့ကြည့်ကာသူ့ ဘောင်းဘီအောက်နားစကိုလှန်၍ပြရင်း
လေသံတိုးတိုးနှင့်ပြောသည်။
"ကျွန်တော်လဲ ကောင်းကောင်းမပြေးနိုင်ပါဘူးဗျာ၊ပါပီလေးခမျာမှာလဲသူ့ကိုကိုယ်ချင်းစာမယ့်လူတစ်ယောက်
လောက်တော့ရှိဖို့လိုမှာပေါ့"................တဲ့။
ကောင်လေး၏ဘယ်ခြေထောက်ကလေးကအတော်ကိုဆိုးဆိုးဝါးဝါးပင်သိမ်နေကောက်နေတာလမ်းလျှောက်
နိုင်ရန်အတွက် သတ္ထုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။
[မူရင်း။  ။ Dan Clark ၏ Puppies for Sale]
လိမ်ညာသူကို အကဲခတ်နည်း
ချစ်သူများ အကြားမှာဖြစ်စေ၊ စီးပွားရေး ဆက်ဆံမှုမှာ ဖြစ်စေ၊ နိုင်ငံရေး စည်းရုံးရာမှာဖြစ်စေ အမှန်တရားနှင့် လိမ်ညာခြင်း
ကိုခွဲခြားတတ်ဖို့ အလွန်အရေးကြီးပါသည်။ တကယ်တော့ လူတစ်ယောက် လိမ်ညာစကား ပြောနေ သည်ကို သိနိုင်ရန် အ
လွန်ခက်ခဲလှပါသည်။ အချို့မှာ အမှန်ပြောနေသလိုပင် လွယ်လွယ်ကူကူ လိမ်ညာစကား ပြောဆိုတတ် လေ့ရှိသည်။ မည်
သို့ဖြစ်စေကာမူသင်သည်ထိုလူတစ်ဦးကသင့်အားလိမ်ညာပြောနေသည် ဟုတ်မဟုတ်ကိုသိမြင်နားလည်တတ်ဖို့လိုပါမည်။
သို့မဟုတ်ပါက သင်သည် သူတပါး၏ လိမ်ညာ လှည့်ဖျားခြင်းကို အလွယ်တကူ ခံရပါလိမ့်မည်။ သို့ရာတွင် လူတစ်ယောက်
က  သင့်အားလိမ်ညာနေခြင်း ကို သင် မည်သို့ သိနိုင်မည်နည်း။လူတစ်ယောက်က လိမ်ညာစကား ပြောနေသည်ကို သိနိုင်
ကြည့်မြင်နိုင်သော နည်းလမ်းများ ရှိပါသည်။ ထိုနည်းလမ်းမှာလူတစ်ယောက်၏ဟန်ပန်အမူအယာကို သေသေချာချာကြည့်
တတ်ရန်ပင်ဖြစ်ပါသည်။ လိမ်ညာစကားပြောသူ တို့၏ ယေဘူယျ အမူအယာများ မှာ စိုးရိမ်ကြောက်လန့်သည့် အမူအယာ၊
မျက်နှာလွဲတတ်သည့် အမူအယာ၊ မျက်တောင် အလွန်ခတ်သည့် အမူအယာ၊ လက်ကနာမငြိမ်သည့် အမူအယာတို့ ဖြစ်ကြ
သည်။
လူတစ်ယောက်၏ အမူအယာကို ကြည့်မြင်တတ်ဖို့မှာ လူတစ်ယောက် လိမ်ညာနေသည်ကို သိနိုင်ရန်အလွန်အရေးပါသည့်
အချက်ဖြစ်သည်ဟု စိတ်ပညာရှင် ပါရဂူကြီးတစ်ဦးက အောက်ပါအတိုင်း ရှင်းပြခဲ့ဖူးသည်။လူတစ်ယောက်သည်မျက်လုံးခြင်း
ဆိုင် ကြည့်ရန် ရှောင်ဖယ် တတ်ခြင်း၊ မျက်လုံးမှာ တနေရာထဲတွင် မကြည့်နေဘဲပတ်ဝန်းကျင်ကို ဝေ့ပတ် ကြည့်နေခြင်းနှင့်
မျက်တောင် မကြာခဏ ခတ်နေခြင်း စသည်တို့သည် စကား ပြောရသည့်အခါမှာ သက်တောင့်သက်သာ မရှိသည့် စိတ်ပ
ညာဆိုင်ရာအခြေအနေ ဖြစ်ပြီး ထိုအခြေအနေမျိုးမှာ လူတစ်ယောက်သည်လိမ်ညာနေခြင်း၊ဟန်ဆောင် နေခြင်းတို့ကြောင့်
ဖြစ်တတ်သည်။
လူတစ်ယောက်သည် စကား ပြောစဉ် စိတ်ရှုတ်သည့်ဟန် ဖြစ်ခြင်းသည်လည်း လူတစ်ယောက်မှာ သူလိမ်ညာနေစဉ် ထို
လိမ်ညာခြင်း အပေါ်တွင် ဘယ်လို ဆင်ခြေ ပေးရမည်ကို တစ်ချိန်တည်း စဉ်းစား တတ်သောကြောင့် ဖြစ်သည်။ထိုသို့ဖြင့်
သူ့၏စကား အသွား အလာ အပေါ်မှာအာရုံစိုက်မှုကို ပြတ်တောင်း စေပြီး၊အနည်းငယ် ရောထွေးရှုတ်ထွေးသွားစေတတ်
သည်။
လိမ်ညာ ပြောသူတို့မှာအများအားဖြင့်စကားကိုအလွန်မြန်အောင် ပြောလေ့ ရှိတတ်ပြီး၊ သို့မဟုတ်ပါက တိုတို တောင်း
တောင်းပြတ်တောက် ပြတ်တောက် ပြောတတ်ပြီး၊ အခြေအနေ တရပ်ရပ်ကို တစ်ဖက်လူအမြန်ဆုံးလက်ခံလာအောင်၊
သို့မဟုတ်ထိုအကြောင်းအရာ၏ ထွက်ပေါက်မှ အမြန် ထွက်နိုင်အောင် လုပ်တတ်ကြသည်။
လိမ်ညာသူတစ်ဦး၏ဟန်ပန်အမူအယာကို သေသေချာချာကြည့်လျှင်သူသည်ကိုယ့်ကိုယ်ကိုကာကွယ် နေသည့်ဟန်အမူ
အယာမျိုး ဖြစ်နေသည်။ သူတို့မှာ ကိုယ့်ကိုယ်ကို ခုခံသည့် လှုပ်ရှားမှုမျိုး ဖြစ်သည့် နောက်သို့ ခြေလှမ်း ဆုတ်ခြင်း၊လက်
နှစ်ဖက်ယှက်ထားခြင်း၊ လက်ခေါက်လက်ဆစ်များကိုကျစ်လစ်ထားခြင်းများလုပ်တတ်ကြသည်။တစ်ခါ လိမ်ညာသူသည်
စကားပြောနေသည့်အကြောင်းအရာကို နားမလည်ဟန်၊ သဘော မပေါက်ဟန်လုပ်ပြီး ဟန်ဆောင် တတ်သည်။
သူသည် ထိုသို့ နားမလည် သဘော မပေါက်သည့် ဟန်ဆောင်ခြင်းဖြင့် သဘောရိုး ရှိသူ၏ အမြင်ကိုလေ့လာပြီး၊ ထိုသ
ဘောရိုးရှိသူ၏ အမြင်နှင့် ထပ်တူ လက်ခံသူ ဖြစ်သကဲ့သို့ ဖော်ပြလေ့ရှိသည်။ တစ်ခါတစ်ရံတွင် လိမ်ညာသည့် သူမှာရှေ့
နောက် မညီသည့် အမူအယာမျိုး ရှိကြသည်။ ဥပမာ ဟုတ်ပါတယ်ဟု ပါးစပ်က ပြောပြီး ခေါင်းခါခြင်းကဲ့သို့ ရှေ့  နောက်
မညီသည့်အမူအယာမျိုးများသည် မသိစိတ်နှင့် သက်ဆိုင်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။အလွန်အမင်းရယ်သွမ်းသွေး
ခြင်းနှင့် ဖက်လှဲတကင်းရင်းနှီး ခင်မင်မှု ပြခြင်းသည်လည်း လိမ်ညာခြင်း၏ အရေးပါသည့်သင်္ကေတများ ဖြစ်ကြသည်။
လိမ်ညာသူမှန်သမျှသည်သူတို့မှာမိတ်ဆွေကောင်းများ ဖြစ်ကြသည်ကို ပြသရန်အရေးကြီးသည်။သို့မှာသာတစ်ဖက်သူမှ
အလွယ်တစ်ကူယုံကြည်လာအောင် စွဲဆောင်နိုင်ပေလိမ့်မည်။ အများအားဖြင့်လိမ်ညာမည့်သူသည် လိမ်ညာစကားပြော
ရန် အတွက်ကြိုတင်ပြင်ဆင်မှု မလုပ်ထားတတ်ပါ။ သူတို့ လိမ်ညာပြောမည့် စကားများ ကို ကြိုတင် စီစဉ်ထားခြင်း မရှိ
တတ် သောကြောင့်သူတို့အားအသေးစိတ် မေးခွန်းတစ်ခုထုတ်လိုက်ပါကအဖြေကိုကျကျနန ပြန်မပေးနိုင်တော့ဘဲသူ့၏
စကားများမှာ ရှေ့နောက် ချော်ထွက်ပြီး၊ သူ့အား အနည်းငယ် တွေဝေ သွားစေ တတ်ပါသည်။
တဖက်တွင်လည်း လိမ်ညာ စကားပြောသူမှာ မလိုအပ်သည့် ရှင်းလင်းချက်များ အများအပြား ထုတ် ရှင်း တတ်ပြီး၊ ထို
လိမ်ညာသည့် အကြောင်းအရာ၏ အသေးစိတ်ကို မလိုအပ်ဘဲ အမြောက်အများ ထည့်သွင်း ပြောလေ့ရှိကြသည်။ ထို့
ကြောင့်လူတစ်ဦးတစ်ယောက်က သင့်အား လိမ်ညာ စကား ပြောနေသည် ဟုတ် မဟုတ်ကို သိလို ပါလျှင် အကောင်း
ဆုံး မှာ ထိုသူပြောသည့်စကားများကို သေသေ ချာချာ အာရုံစိုက်၍ နားထောင်ပြီး သူ့၏ အမူအယာကို အသေးစိတ်
အကဲခတ်ကြည့်ခြင်းဖြစ်သည်။
ထို့အခါ လိမ်ညာ ပြောသူ၏ အရှေ့အနောက် မညီညွတ်သည့် အကြောင်းများကို အလွယ်တစ်ကူ သိမြင်နားလည် နိုင်
ပါလိမ့်မည်။ ဤတွင် လိမ်ညာသူ မှ သူ့၏ စကားနှင့် ဟန် ပန် အမူအယာကို နားထောင်သူ သည် အသေးစိတ်လေ့လာ
အကဲခတ်ကြည့်ရှုနေပြီး လေးလေး နက်နက် စူးစိုက် နားထောင်နေသည်ကို သိလျှင် သူ့မှာ အနေအထိုင် ခက်လာပြီး
စကားစကို ဖြတ်၍ အခြားစကား ပြောင်းပြောခြင်း သို့မဟုတ် စကားဖြတ်၍သာ ထွက်သွားခြင်း လုပ်ပါတော့မည်။
Things you can do from here: Subscribe to Aung.Info using Google Reader Get started using Google Reader
to easily keep up with all your favorite sites --
ဖယောင်းတိုင် တစ်တိုင်ကနေ တစ်တိုင်ကို အလင်းကူးပေးတဲ့အခါ၊ ကိုယ့်ဆီက အလင်းရောင်မလျော့သလို အခြားသူဆီမှာ
လည်း ပိုမို ထွန်းလင်းလာတဲ့အတွက် လောကရဲ့ အမှောင်တွေကို ပိုလို့ ဖယ်ရှားစွမ်းနိုင်ပါတယ် ...။ ---------------------------------------------------------------------------------------------------------------------------------------------- S E A G A T E B O Y Z =======================================================================
သင်၏အိပ်စက်ပုံ အနေအထားက ဖော်ပြနေသော သင့်ကိုယ်ရည်ကိုယ်သွေး
သင်၏အိပ်စက်ပုံ အနေအထားက ဖော်ပြနေသော သင့်ကိုယ်ရည်ကိုယ်သွေး
သင်ရဲ့အိပ်စက်ပုံအလေ့အထဟာသင်ထင်တာထက်ပိုပြီးသင့်အကြောင်းကို ဖော်ပြနေနိုင်ပါတယ်။အတွေ့ရများတဲ့
အိပ်စက်ပုံတွေကို ခန္ဓာကိုယ် ဘာသာစကား ကျွမ်းကျင်သူတွေကအကဲဖြတ်ပြီးဒီလိုအိပ်စက်ပုံအနေအထားတွေက
သင်ဟာ ခေါင်းမာသူလား၊ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်သူလား၊ နေရာယူတတ်သူလားဆိုတာကိုသဲလွန်စပေးနေ
ကြောင်း ဆိုပါတယ်။
သန္ဓေသားအနေအထား အိပ်စက်တတ်သူလား
အိပ်တဲ့အခါ ဘောလုံးတစ်လုံးထဲမှာ ကွေးပြီးအိပ်သလိုအိပ်တတ်သူလား။လေ့လာမှုအရလူတစ်ဝက်ကျော်ဟာစောင်
ခြုံပြီးသန္ဓေသားတစ်ဦးလို ကွေးကာအိပ်တတ်တယ်လို့သိရပါတယ်။သန္ဓေသားလိုအိပ်စက်တာကသက်သောင့်သက်
သာရှိပြီး စိတ်ပူပင်သောကတွေ လျော့ပါးသွားပါတယ်။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
သန္ဓေသားလို ခန္ဓာကိုယ်ကို ကွေးပြီး အိပ်စက်တတ်သူတွေက နိုးနေတဲ့ အချိန် အတောအတွင်းမှာ အလွန်တာဝန်
သိပြီး ကျေပွန်ကြပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ် ဆောင်ရမယ့်အလုပ်တွေအကြောင်းကိုအလွန်အမင်းစဉ်းစားတတ်
သူလည်း ဖြစ်ပါတယ်။
သစ်တုံးတစ်တုံး အနေအထား အိပ်စက်တတ်သူလား
လက်မောင်းနှစ်ဖက်ကိုခန္ဓာကိုယ်ရဲ့ ဘေးနှစ်ဖက်ချပြီး ဘေးစောင်းအနေအထားအတိုင်းအိပ်စက်တတ်သူလား.?။
လေ့လာမှုအရ လူဦးရေ ၃၀ ရာခိုင်နှုန်း နီးပါးဟာoစ်တုံးတစ်တုံးချထားသလိုအိပ်စက်တတ်တယ်လို့သိရပါတယ်။
ဒီလို အိပ်စက်ပြီး နိုးလာတဲ့အခါ တစ်ကိုယ်လုံးတောင့်တင်းနေပြီး အိပ်ရာ နိုးချိန်မှာ မသက်မသာခံစားရတတ်ပါ
တယ်။ အိပ်နေတဲ့အချိန်မှာြွကက်သား တွေက သင့်တော်တဲ့ အနားရမှု မရှိလို့ပါ။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
အေးဆေးတဲ့ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။မကြာခဏတစ်ဦးတည်းသီးသန့်နေတတ်ပြီးသမားရိုးကျဘဝမျိုးမှာ နေ
တတ်ပါတယ်။
ဘေးစောင်းကွေးရင်း ဘေးချထားတဲ့ လက်တွေဆုပ်ကိုင်ကာ အိပ်တတ်သူလား
သင်က ဘေးစောင်း ပြီး လက်တွေကို ဆန့်တန်းကာ အိပ်စက်တတ်သူလား။ ဒီလိုအနေအထားနဲ့ အိပ်စက်သူက
၂၅ ရာ ခိုင်နှုန်းခန့် ရှိပါတယ်။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
သူတို့ဟာနံနက်အိပ်ရာနိုးတဲ့အခါစိတ်ဓာတ်တက်ကြွနေတတ်ပါတယ်။ဒါပေမဲ့သူတို့ကအိပ်မက်တွေမက်၊စိတ်ကူး
တွေယဉ်ကာ နေတတ်တာကြောင့် အချိန်ဖြုန်းမှန်းမသိ ဖြုန်းနေမိတတ်ပါ တယ်။
မှောက်လျက် အိပ်တတ်သူလား
ဗိုက်ကို အိပ်ရာနဲ့ ကပ်ပြီး လက်နဲ့ ခြေထောက်တွေကို ဘေးထုတ်ကာ အိပ် တတ်သူလား။ ဒီလို အိပ်တတ်သူက
၁၇ ရာခိုင်နှုန်းရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
မှောက်ရက် အိပ်တတ်သူအများစုကအချိန်ကိုစီမံခန့်ခွဲတတ်ကြပါတယ်။ဘယ်တော့မဆို နေရာရအောင်ယူတတ်
ပါတယ်။ ဒါပေမဲ့ ဒီလို အနေအထားနဲ့ အိပ်တာက နိုးလာတဲ့အချိန်မှာခန္ဓာကိုယ်ကိုသိပ်ပြီးသက်သောင့်သက်သာ
မရှိစေပါဘူး။ ညဘက်မှာ အိပ်ရေးဝ၀ အိပ်ပျော် တတ်ကြပါတယ်။
www.yoyarlay.com/health/health-article/32802-2012-11-30-08-36-27
Friday 18 January 2013
စိတ်ကျန်းမာရေးအတွက် ကျင့်သုံးလိုက်နာရမည့် အချက် ၁၀ ချက်
စိတ်ကျန်းမာရေးအတွက် ကျင့်သုံးလိုက်နာရမည့် အချက် ၁၀ ချက်
စိတ်ကျန်းမာရေးအတွက် ကျင့်သုံးလိုက်နာရမည့် အချက် ၁၀ ချက်
               စိတ်ကျန်းမာရေးအတွက် ကျင့်သုံး လိုက်နာရမယ့် အချက် ၁၀ ချက်ဆိုပြီး နိုင်ငံတကာ စိတ်ရောဂါပညာရှင်များက ယခုလို တိုက်တွန်း ထားပါတယ်။
၁။ အကောင်းမြင်ပေးပါ။
၂။ အသက်ရှင်သမျှကာလပတ်လုံး ဆက်တိုက် လေ့လာသင်ကြားမှု ပြုလုပ်ပါ။
၃။ အမှားများမှ အဖြေရှာပြီး သင်ခန်းစားယူပါ။
၎။ နေ့စဉ် ကိုယ်ကာယ လေ့ကျင့်ခန်း တစ်ခုခု ပုံမှန် ပြုလုပ်ပါ။
၅။ မလိုအပ်သော အရာများဖြင့် ဘဝကို မရှုပ်ထွေးစေပါနှင့်။
၆။ အရှုံးမပေးပါနှင့်။ ဘဝ၏ အောင်မြင်မှုကို မာရသွန်ပြေးလမ်းတစ်ခုအဖြစ် မှတ်ယူပါ။
၇။ မိမိ၏ အရည်အချင်းကို စမ်းစစ်၍ ကိုယ်တိုင် လေ့ကျင့်ပြုစုပျိုးထောင်ပါ။
၈။ မိမိပတ်ဝန်းကျင်ကို နားလည်ပေးနိုင်အောင် ကြိုးစားပါ။
၉။ ဘဝအတွက် ပန်းတိုင်ထားရှိပြီး အိပ်မက်ကို အကောင်အထည်ဖော်ပါ။
၁၀။ ဘာသာရေး လေ့လာလိုက်စားပါ။
--
Ref: positivemed
အိမ်ထောင်ပြုခြင်းနှင့်ပါတ်သတ်သော ဟာသ
အိမ်ထောင်ပြုခြင်းနှင့်ပါတ်သတ်သော ဟာသ
ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီးမငြိတွယ်နဲ့။
အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်တဲ့ ဟာသလေးတွေ
လူနားး အသက်ရှည်ရှည် နေနိုင်ဖို့ နည်းလမ်းလေးများ ရှိလားဆရာ?
ဆရာဝန်းး အိမ်ထောင်ပြုလိုက်ပါ...
လူနားး အဲဒါက တကယ်အသက်ရှည်စေတယ်လား ဆရာ?
ဆရာဝန်းး အိမ်ထောင်ပြုလိုက်ပါ...အသက်တော့ မရှည်ပါဘူး။ အသက်ရှည်ရှည် နေချင်စိတ်တော့ထပ်ဖြစ်လာတော့မှာ
မဟုတ်ဘူး။
------------------------------------------------------------
အမေး ~ မင်္ဂလာပွဲမှာ စုံတွဲတွေ ဘာလို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်လေ့ရှိကြသလဲ။
အဖြေ ~ ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုပါပဲ။ လက်ဝှေ့သမားတွေ မသတ်ပုတ်ခင်မှာလက်ဆွဲနှုတ်ဆက်ကြသလိုမျိုးပေါ့။
ဇနီးးး မောင် ဒီနေ့က ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နော်။ ဘာလုပ်ကြရင် ကောင်းမလဲဟင်?
ခင်ပွန်းးး (၂)မိနစ်လောက် (၀မ်းနည်းခြင်း အထိန်းအမှတ်နဲ့) ငြိမ်သက်နေကြတာပေါ့ကွာ။
-------------------------------------------------------------
လူတွေ “ချစ်လို့လက်ထပ်တာ” နဲ့ “မိဘတွေစီစဉ်မှုကြောင့် လက်ထပ်တာ”ကွာခြားပုံအကြောင်း ဆွေးနွေးနေရင်
ရယ်စရာ ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့အဲဒါက လူတစ်ယောက်ကို “ကိုယ့်ကိုကိုယ် သတ်သေတာ” နဲ့
“အသတ်ခံရတာ”ဘယ်ဟာပိုကောင်းလဲလို့ မေးတာနဲ့ အလားသဏ္ဍာန် တူလို့ပါ။
------------------------------------------------------------
ဘယ်မှာလဲကိုယ်စောင့်နတ်ကြီးရယ်
လူတစ်ယောက်လမ်းပေါ်မှာ လျှောက်လာရင်းသူ့အနောက်ဘက်ကအသံတစ်သံကြားလိုက်ရပါတယ်။“မင်း နောက်
တစ်လှမ်းလျှောက်ရင် ခေါင်းပေါ်ကိုအုတ်ခဲတစ်လုံးပြုတ်ကျပြီး မင်းသေလိမ့်မယ်”။အသံကြောင့်လူလည်းလမ်းလျှောက်
တာရပ်လိုက်တဲ့အချိန်မှာ သူ့အရှေ့တည့်တည့်ကို တကယ်ပဲအုတ်ခဲတစ်လုံး ပြုတ်ကျလာလို့ အရမ်းအံ့အားသင့်သွား
ပါတယ်။အဲဒီလူ ဆက်လျှောက်လာရင်း လမ်းဖြတ်ကူးရမယ့် နေရာအရောက်မှာ စောစောကအသံထွက်လာပြန်ပါတယ်။
“ရပ်လိုက်။ လုံးဝဆက်မလျှောက်နဲ့။ နောက်ထပ်တစ်လှမ်းလှမ်းလိုက်ရင် မင်းကိုကားကြိတ်ပြီး သေလိမ့်မယ်။” လူလည်း
အသံခိုင်းတဲ့အတိုင်း ရပ်နေစဉ်မှာပဲ လမ်းထောင့်ကကားတစ်စီး ရုတ်တရက်ထွက်လာပြီး သူသီသီလေး လွတ်သွားပါတယ်။
လူလည်း သိချင်စိတ်နဲ့ “ခင်ဗျားဘယ်သူလဲ” လို့ အသံကို မေးလိုက်ပါတယ်။ အသံက “ငါက မင်းရဲ့ကိုယ်စောင့်နတ်ကွ”
လို့ ပြန်ဖြေပါတယ်။ အဲဒီအခါမှာ လူက စိတ်ပျက်လက်ပျက်နဲ့မေးလိုက်ပါတယ်... “ဒါနဲ့များ ကျွန်တော် မင်္ဂလာဆောင်တုန်း
ကကိုယ်စောင့်နတ်ကြီး ဘယ်များရောက်နေခဲ့လည်းဗျာ.....”
------------------------------------------------------------------
ပူစရာမလိုတော့ဘူးလေ
မင်္ဂလာပွဲရဲ့ပရိသတ်အားလုံးဟာဖခင်ဖြစ်သူကသတို့သားရှိရာဆီကိုမင်းလမ်းတလျှောက်တွဲခေါ်လာတဲ့လှလှပပသတို့သမီး
လေးကို ငေးကြည့်နေကြပါတယ်။သူတို့နှစ်ယောက်သတို့သားရှိရာ စင်မြင့်ပေါ်ရောက်တဲ့အခါသတို့သမီးက သူ့ဖခင်ကိုညင်
ညင်သာသာနမ်းလိုက်ပြီး လက်ထဲကို တစ်စုံတစ်ခုထည့်ပေးလိုက်ပါတယ်။ ကြည့်နေတဲ့ ဧည့်ပရိသတ်တွေဟာ သတို့သမီး
လေးသူ့ဖခင်ရဲ့လက်ထဲကို ဘာထည့်ပေးလိုက်သလဲဆိုတာ သိပ်သိချင်သွားကြပါတယ်။ဘာလဲဆိုတာကို ပြောပြစေချင်တဲ့
အကြည့်တွေနဲ့ဝိုင်းကြည့်နေတဲ့မျက်လုံးတွေကြောင့်ဖခင်ဖြစ်သူဟာလည်းလူတွေသိပ်သိချင်နေမှန်းရိပ်မိသွားပြီး ကြေညာ
လိုက်ပါတော့တယ်။“ဧည့်ပရိသတ်များ ခင်ဗျာ... ဒီနေ့ဟာ ကျွန်တော့်ဘ၀ရဲ့ကံအကောင်းဆုံးနေ့ပါ... ” ပြောရင်း သူ့သမီး
ပေးတဲ့ပစ္စည်းလေးဆုပ်ကိုင်ထားတဲ့ လက်ကိုမြှောက်ပြလိုက်ပြီး “နောက်ဆုံးတော့ကျွန်တော့သမီးလေး ကျွန်တော့ Credit
Card ကို ပြန်ပေးပါပြီဗျာ...”လက်ထပ်ပေးမယ့် ဘုန်းတော်ကြီး အပါအ၀င် ဧည့်ပရိသတ်အားလုံး ရယ်ကြပါတော့တယ်။
သတို့သားက လွဲရင်ပေါ့လေ..........................
ပြီးပါပြီ...
www.funnyworld.com
အချိန်ဖြုန်းကြမယ်..။
အချိန်ဖြုန်းကြမယ်..။
             လောကကြီးက ပုံမှန်အတိုင်းလည်ပါတ်မယ်.....တိုင်းပြည်အစိုးရ တည်ငြိမ်ပြီး  နိုင်ငံရေး အပြောင်းအလဲ မရှိဘူး ၊ ကိုယ်၌ က လည်းခန္ဓာကိုယ် ကျန်းမာ၍ စိတ်လွတ်လပ်သူ ဖြစ်နေပါလျှင်....... ကျွန်တော်တို့မှာ  အချိန်တွေ သိပ်ပေါများပါတယ်...။ သုံးမကုန်တဲ့ အချိန်တွေကို ကိုယ့်စိတ်ဆန္ဒရှိသလောက် ဖြုန်းလို့ရနေပါတယ်...။
            အချိန်ဖြုန်းရတာဟာ ပိုက်ဆံဖြုန်းရတာထက် ပိုလို့လွယ်ပါတယ်..။ ဘယ်လိုကြောင့်လဲ ဆိုရင်  ငွေဆိုတာ အချိန်လို မပေါများ တဲ့အတွက် ဖြုန်းချင်တိုင်းဖြုန်းမရပါဘူး..။ ရှိမှ ပေါများမှ ဖြုန်းလို့ရနိုင်တာပါ..။ အချိန်ကတော့ လူရယ်လို့ ဖြစ်လာရင် ကိုယ်လုပ်ချင် သလောက်လုပ်နိုင်ဖို့ အချိန်ကို  အမိဝမ်းက ကျွတ်ကတည်းက "အော်တိုမစ်တစ်" ပိုင်ဆိုင်ခဲ့ပြီးသားမို့လို့  ဖြုန်းချင်ရင် စဉ်းစားစရာ ထဲ့ တွက်စရာမလိုပါဘူး..။ စိတ်ရှိသလို ဖြုန်းထဲ့လိုက်ရုံပါဘဲ... အဲ့တော့   နေ့(၁၂) နာရီ နဲ့ ည(၁၂)နာရီ ပေါင်းတစ်နေ့တာ (၂၄) နာရီ ဆို တဲ့ တစ် ရက်ကို ခွဲပဲဖြုန်းဖြုန်း ... တပေါင်းတည်းပဲ ဖြုန်းဖြုန်း...  ကြိုက်သလိုသာ ဖြုန်း... ဖြုန်းလို့မ၀သေးရင် နောက် တစ်ရက် ဆိုတာ  လာဦးမည်   ..။ အဲ့မှာ ဆက်ဖြုန်းဒီလိုမှ မ၀သေးဘူး ဆို၇င် လတွေ ၊ နှစ်တွေ ကျန်းမာနေစဉ် ကာလ တစ်လျှောက်လုံးသာ အ၀ဖြုန်း.... ဘယ်သူမှ မဟန့်တားပါဘူး..။
        ဒါပေမယ့်  ဖြုန်းပုံဖြုန်းနည်းကတော့  အလွန် လိုအပ်ပါတယ်..။ ကိုယ်ဖြုန်းမယ့် အချိန်ကို  ကိုယ့်သွားမယ့် ဘ၀လမ်းခရီးအတွက်
အကျိုးရှိရာတွေမှာ ဖြုန်းတတ်ဖို့ လိုပါတယ်...။ ခုခေတ်လူငယ် အတော်များများ ဖြုန်းကြသလို P-2 ဂိမ်းဆိုင်၊ အင်တာနက်ဆိုင် ၊နက်ဝေါ့ခ်
ဂိမ်းဆိုင် ၊တစ်နေကုန် လဘက်ရည်ဆိုင် ထိုင်နဲ့ ဘိလိယက်ထိုး အစရှိသဖြင့်သော အလုပ်တွေနဲ့ ဖြုန်းကြမယ်ဆိုရင် အကျိုးရှိနိုင်စရာ ကိုယ်ပိုင်အချိန်ကို  ဖြုန်းတီးမှုလား  ဆိုတာ သေသေချာချာ ဂဃနဏ စဉ်းစားသင့်ကြပါတယ်..။
       ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...။ ဥပမာ p-2 တို့ နက်ဝေါ့ခ် ဂိမ်းတွေကို ဆော့ရင်းနဲ့  ကိုယ့်ဘ၀ကို ဂိမ်းကစားပွဲ တစ်ခုလိုသဘော ထားပြီး ဂိမ်းကစားကွက်တွေကနေ  သင်ယူနေတယ် ဆိုရင် ပေါ့...။
      ထို့အတူပဲ...။
      (infml the net.)ဆိုတဲ့ (internet.) လို့ ခေါ်တဲ့ "နိုင်ငံတကာ ကွန်ပြူတာ ကွန်ရက်" ကို ၀င်ရောက်သုံးစွဲရင်းနဲ့ "MIRC" "G- talk" ပေါက်တတ်ကရ  "Chat Room" တွေထဲမှာ  တကယ့်ကိုယ့်အတွက်  ဘ၀တိုးတက်ရာ မိတ်ဆွေရှာတာ ၊ "web page" တွေမှာ ကိုယ့်ဝါသနာနဲ့ အပ်စပ်ရာ " data "တွေ "information" နဲ့"informally" တွေကို ရှာဖွေ ဖတ်ရှု့တာ  ဆည်းပူးတာ  ဆိုရင်ပေါ့..။
      ဒီလိုပဲ လဘက်ရည်ဆိုင် ထိုင်တာနဲ့  ဘိလိယက် ကစားခြင်းတွေဟာလည်း  ထိုနည်းလည်းကောင်းပါဘဲ...။
      ဒါပေမယ့်  ခုတော့ တွေ့နေ မြင်နေရသမျှသော ခေတ်လူငယ်တွေရဲ့ ပြယုဂ်တွေဟာ အထက်က ပြောသလိုတွေ.... ဘာမှ မပါ ပါဘူး
ဘာရည်ရွယ်ချက်မှ မရှိပါဘူး ။ တစ်နေ့ တစ်နေ့ လူငယ်တွေ ပေါပေါရတဲ့ အချိန်တွေကို ဖြုန်းလိုက်သမျှ ဖြုန်းနည်းတွေဟာ.. အံ့မခန်း
နိုင်အောင် များပြားလှပြီး ရည်ရွယ်ချက်မဲ့ကို ဖြုန်းနေကြတာပါဘဲ..။
      တချို့ဆို နေမြင့်မွှန်းလွဲမှ ထ မိဘဆီကနေ  ကိုယ်သုံးဖို့ ၅၀၀.. ၁၀၀၀ လက်ဖြန့်  ပြီးရင် တစ်နေကုန် သွားချင်ရာ သွား ၊ခြေဦးတည့်
ရာ ရှောက်သွား ၊စားချိန်ကြ အချိန်မှန် အိမ်ပေါ်တက် ထမင်းစား ၊ ညအချိန်မတော်မှ ပြန်လာ ကိုယ့်အိမ်ကို ကိုယ်  သူခိုးလို ပြန်ဝင် အိပ် ..
ဒါနဲ့ပဲ တန်ဖိုးဖြတ်မရတဲ့ တစ်နေတာ အချိန်ကို ကုန်ကြပါတယ်...။ ဒါဟာ သာမန်လူတန်းစားထက် အနည်းငယ်မြင့်တဲ့ လူလတ်တန်းစား
အဆင့်က လူငယ်တွေ ရဲ့ အချိန်ဖြုန်းနည်း လို့ ဆိုမယ် ဆို ဆိုလို့ရပါတယ်..။
     ဒီလိုမျိုးပဲ ချမ်းသာတဲ့ လူတန်းစားက လူငယ်တွေ ကြပြန်တော့လည်း ...ငွေကြေးဥစ္စာ ပေါများတဲ့  ဘ၀မှာ လူလာဖြစ်ရတဲ့ ဘ၀ပေး
အခြေအနေအလျောက်. နေ့နေ့ ညည ကားတစ်စီးနဲ့ သွားချင်ရာကို သွား ၊ လုပ်ချင်ရာကို လုပ် ၊ ဒါကိုမှ ရိုးသွားပြီဆိုရင် ပြည်ပ သွားဈေး ၀ယ်....ပြည်တွင်း ပြည်ပက " day club " "night club" တွေတက်ပြီး စိတ်ထင်သလို မူးကြ ၊ ရူးကြ ၊ ပျှော်ကြပါးကြနဲ့  ဆန္ဒရှိသလို မိဘငွေကြေးကို သုံးစွဲ ဖြုန်းတီးပြီး အချိန်ကို ဖြုန်းကြပါတယ်..။
      ဒီအထဲကမှ  အခြေခံလူတန်းစားတွေ ဖြစ်တဲ့  လူငယ်တွေကြတော့... အထက်က လူတန်းစား နှစ်ရပ်နဲ့ အနည်းငယ် အချိန်ဖြုန်းပုံ
ခြားနားပါတယ်..။ ဘယ်လိုပုံ ခြားနားသလဲ ဆိုရင်...သူတို့မှာ တစ်ခြားသူများလို အချိန်ဖြုန်းနိုင်ဖို့ လိုအပ်ချက်ရှိပါတယ်.. ဒီလိုအပ်ချက်
ဟာ ဘာလဲ ဆိုတော့   ပိုက်ဆံပါ..။ ဒီအတွက် သူတို့ဟာ  သူတို့ပိုင် အချိန်တွေကို ဆန္ဒရှိသလို ဖြုန်းနိုင်ဖို့ရာ ငွေရှာရ ကြပါတယ်..။ သူ
တို့ ဘယ် လိုပုံ ငွေရှာကြရသလဲ ဆိုရလျှင်..
           ယေဘုယျ သာမန်လူတန်းစား ရပ်ကွက် တစ်ခုအတွင်းက လူငယ်တွေ ငွေရှာဖွေပုံရှာဖွေနည်းကို  သိသလောက်မြင်သလောက်    ရေးသားပြရသည် ရှိသော်.... ဆင်းရဲသည့် မိဘများ၏ ပညာရေးပံ့ပိုးမှု အားနည်းလျော့ပါးသည့် ဘ၀ပိုင်ရှင်များ ဖြစ်သည့် အတွက်  သူတို့ဟာ ကိုယ်ကာယကို ရင်းနှီးပြီး တစ်နေ့တာ လုပ်အားခ ငွေကြေးကို လဲလှယ်ယူရတဲ့နေ့စား ဆောက်လုပ်ရေး အလုပ်သမားဘ၀ကို   မိုးရွာမရှောင် နေပူမရှောင် ရယူကြရပါတယ်..။
ပန်းရံ ၊ လက်သမား ၊ ဆေးသုတ် အစရှိသဖြင့်သော  အလုပ်ကြမ်းတွေကို  နောက်လိုက်လုပ်သား အဖြစ်ရယူကြပြီး... တစ်နေ့တာ ကုန် ဆုံးလို့ ညနေ အလုပ်အပြန်ခရီးမှာ.. သူတို့ရဲ့ လက်ကျန် အချိန်ခရီးကို ဆန္ဒရှိသလို မိမိတို့ လက်တွင်းမှ ငွေကြေးပိုင်ဆိုင်မှု အတိုင်းအ တား အလိုက် ဖြုန်းကြပါတော့တယ်..။
     ကိုယ်ပင်ပင်ပန်းပန်း ရှာလာတဲ့ ငွေကို နှမျောတွန့်တိုမှု တစ်စုံတစ်ရာ မရှိပဲ  အရက်ဆိုင်ထိုင်ကြ ၊ လဘက်ရည်ဆိုင်မှာ သန်းခေါင် သန်းလွှဲထိုင်ပြီး  တောင်စဉ်ရေမရတွေ ထိုင်ပြောကြ ၊ ရပ်ကွက်ထဲ အသုဘရှိလျှင် ဖဲဝင်ရိုက်ကြ နဲ့ ဖြုန်းတီးကြပါတယ်..။ ဒီကြား ထဲကမှ ဆန်းဆန်းပြားပြား ခံစားမှုလေးနဲ့ အချိန်ဖြုန်းချင်တဲ့ လူငယ်တွေကြပြန်တော့ "marijuana " (ဆေးခြောက် ) ယခုခေတ်ဆေး ဆိုင်တွေမှာ နားလည် မှု နဲ့ ပေါပေါများများ ၀ယ်လို့ရတဲ့ "heroin" အနွယ်ဝင် "tablet" တွေ သုံးစွဲ ကြပြီး ကိုယ့်ကျန်းမာရေးနဲ့ ဘ၀ ကိုယ်ဖျက်ပြီး အချိန်ဖြုန်းကြပါတော့တယ်..။  ကိုယ့်သွေးနဲ့ ချွေးနဲ့ ရင်းပြီးရလာတဲ့ လုပ်အားခကို မိဘကို ပြန်ပေးရကောင်းမှန်းလဲ မ သိကြပါဘူး..။ ပေးခဲ့သည် ဆိုလျှင်လည်း သုံးချင်ရာ သုံးပြီးမှ  ကျန်သည့် ငွေလေး တစ်ပဲခြောက်ပြားလောက် ပါပဲ..။
           ဤကဲ့သို့ လူတန်းစားမျိုးစုံက လူငယ်တွေ ဘယ်လိုပုံ ဘယ်လို နည်းလမ်းနဲ့ အချိန်ကို ဖြုန်းဖြုန်း...အချိန်တွေကတော့ လူ
ကျန်းမာနေစဉ် ဘ၀တစ်လျှောက် ဖြုန်းမကုန်အောင် ရှိ နေကြပါတယ်..။
          ဒါပေမယ့် ဒီလူငယ်တွေ ပေါပေါရလို့ ဖြုန်းခဲ့တဲ့ အချိန်တွေဟာ ပေါပေါနဲ့ ပြန်ဝယ်မရမှန်း အဲဒီအချိန်မှာ  သူတို့ မေ့နေကြပါ တယ်..။  ဒီလိုမေ့နေတဲ့ အမေ့ဟာ ဘယ်အချိန်မှာ မှ သူတို့ ပြန်သတိရလာကြသလဲ ဆိုရင်တော့....သူတို့ နှလုံးသားနဲ့ဘ၀ကို နာကျင်
စို့နင့်ထိခိုက်လာစေတဲ့ အချိန်မျိုးကို တွေ့မှပဲ ဖြစ်ပါတယ်..။ ဒီအချိန်မှာ သူတို့ ဖြုန်းခွင့်ရှိလို့ လွဲမှားစွာ ဖြုန်းခဲ့တဲ့ အချိန်တွေဟာ....
သူတို့ ဖြုန်းခဲ့ပုံ ဖြုန်းခဲ့နည်း အလိုက်.. သူတို့စိတ်နဲ့ ခန္ဓာကိုယ်ကို  လှလှပပကြီး ပြန်ဒဏ်ခတ်ပါတော့တယ်..။
         ဒီအချိန်ကြမှ  မှားမှန်းသိကြပါတယ် ။ ငိုကြပါတယ် ။ ကြေကွဲကြ ပါတယ်။ နာကျင်ကြ ပါတယ် ။ နောင်တတွေ တစ်လှေကြီးနဲ့ကျန်
နေတဲ့ အနည်းငယ်သော ဘ၀ အချိန်တွေကို ခရီးဆက်ကြရပါတော့တယ်...။
      ဒီနေရာမှာ တချို့ကလည်း ဖြုန်းပုံ ဖြုန်းနည်းလေး အနည်းငယ်မဆိုးရွားလေတော့  ကျန်ရှိနေတဲ့ သူတို့ အချိန်လက်ကျန်ကို  ကိုယ့်
ဘ၀အတွက် ကောင်းသော အချိန်ဖြုန်းနည်းလေးဘက်ကို  ပြောင်းလဲ ဖြုန်းတီးခွင့် ၇ကြပါတယ်..။ ဒါပေမယ့် ရည်ရွယ်ရာကို အဆုံးတိုင်
ရောက်သည် အထိတော့  သူတို့အတွက်  ဖြစ်မလာနိုင်တော့ပါဘူး..။
      ဒီထက်ဆိုးအောင် ဖြုန်းခဲ့ သူတွေကတော့  သူတို့ရဲ့ ကျန်နေတဲ့ ဆက်ဖြုန်းခွင့် အချိန်တွေကို  အသည်းတွေ ကြွေပျက်လို့ သွေး
တွေ ပါးစပ်က အန်ပြီး တစ်ဖုံ ၊ သံခြေကျင်း အခတ်ခံပြီး ကျောက်မိုင်းခွဲ ထုနေရတဲ့ ရဲဘက်လုပ်သား ဘ၀က တစ်မျိုး ၊ မူမှန် လူတစ်   ယောက်ရဲ့ ပကတိစိတ် ပျောက်ပြီး အရူးထောင် သံတိုင်ကြားမှာ နေနေရတဲ့ ဘ၀ပုံနဲ့ တစ်သွယ်.၊ သူငယ်ချင်း အပေါင်းအသင်းတွေ
ဆီမှာ အငြိုငြင်ခံပြီး လက်ဖြန့်ခံ အကူအညီယူ ဘ၀နဲ့တစ်နည်း ကုန်လွန်ကြရပါတော့တယ်.... တချို့ဆို ဒီထက်ဆိုးပြီး ပညာလေး တစ်ပိုင်းတစ်စနဲ့  ဘ၀အကြောင်းဘာမှ နားမလည်သေးတဲ့ အရွယ်မှာ စိတ်အလို လိုက်ခဲ့မိတဲ့ ဒဏ်ကြောင့် ကလေးတွေ ကုဋေကုဋာနဲ့ စုတ်ပြတ်သတ်နေတဲ့ အိမ်လေးတစ်လုံးထဲက မပြည့်စုံမှုပေါင်းများစွာ ၀ိုင်းပါတ်ခံထား၇တဲ့ မိသားစု ဘ၀နဲ့ စိတ်ဆင်းရဲစရာ အကောင်း ဆုံး နဲ့  လူ့လောက လက်ကျန် အချိန်တွေကို အားအင်ချိနဲ့စွာ ဖြုန်းကြရပါတယ်....။
          ဒါဟာ.... အချုပ်အနေနဲ့ သုံးသပ်ကြည့်မယ်ဆိုရင် ဖြုန်းလို့ရတဲ့ အချိန်ကို  မမှန်ကန်တဲ့နည်းတွေနဲ့ ကိုယ့်ဘ၀တိုးတက်မှုကို
ဖီဆန်ပြီး ပေါ့ပေါ့တွေး ပေါ့ပေါ့နေပြီး ကိုယ့်ဘ၀အချိန်တွေကိုရည်ရွယ်ရာမဲ့ အလဟဿ ဖြုန်းခဲ့မိကြလို့ပါပဲ..။
     အမှန်တကယ်ဆိုရင်  ကိုယ့်ရဲ့ ဖြတ်သန်းရာ ဘ၀ခရီးအတွက် အကျိုးအမြတ် ဖြစ်စေနိုင်မယ့် အကျိုးပြုလုပ်ငန်းဆောင်တာတွေ ပြု
လုပ်ရင်း ပေါလှတဲ့ အချိန်တွေကို ဖြုန်းသင့်ကြပါတယ်..။ ထိုကဲ့သို့ပဲ  အချိန်ဆိုတာ ပြန်ဝယ်ယူလို့၇နိုင်မယ့်  အရာတစ်ခု မဟုတ်ဘူးဆို
တာ ထိုစဉ်ကတည်းက သိသင့်ပါတယ်..။ ကိုယ်ငယ်ရွယ်စဉ်မှာ အချိန်ဖြုန်းနိုင်အောင် ဖြုန်းခွင့်ပြုတဲ့ ကိုယ့်ရဲ့မိဘတွေဟာလဲ...ခိုင်မာတဲ့
ဒြပ်ဝတ္တု ပစ္စည်းတွေ မဟုတ်ဘဲ  ဖြစ်လွယ် ပျက်လွယ်တဲ့  ရုပ်နာမ်ခန္ဓာနဲ့ တည်ဆောက်ထားတဲ့ သေမျိုးဖြစ်ပြီး အချိန်မရွေး ကိုယ့်ဘေး
နားက ထွက်ခွာသွားနိုင်တယ် ဆိုတာ သိထားသင့်ပါတယ်..။
   ကိုယ့်ရဲ့ (objective.) ဦးတည်ချက်မရှိပဲ ဖြုန်းခဲ့တဲ့ အချိန်ကို ( Ideal word.) အစစ်အမှန်တည်ရှိနေသော လောကရဲ့ (Being.) ရှိမှု၊
( knowing.) သိမှု တွေနဲ့ ထိတွေ့ကြုံတွေ့လာရတဲ့ ကာလမှာ ကိုယ်ကိုတိုင်ပဲ အဆိုးအကောင်းမှန်သမျှ  ပြန်ခံစားရမယ်ဆိုတာကို  သိထားသင့်ပါတယ်..။
       တကယ်တော့ စိတ်ခံစားမှု အရ ရှေ့လာမယ့်ဘ၀ကို မတွေးတောတတ်ဘဲ ကြိုတင်မပြင်ဆင်တဲ့ အချိန်ဖြုန်းနေခြင်းဟာ..(meaning
fulness.) အဓိပ္ပါယ် တိကျသေချာမှု မရှိတဲ့ (empiricist.) အာရုံသိ ပဓာန၀ါဒီ ဆိုတဲ့ ၀ါဒကို  (existentialist.)ဖြစ်တည်မှုပဓာန ၀ါဒီနဲ့
 ပေါင်းစပ်နေခြင်းပဲ ဖြစ်ပါတယ်..။ ဒီပေါင်းစပ်မှုဟာ ဘယ်တော့မှ ဆုံဆည်းခြင်းမရှိနိုင်မယ့် လောကနဲ့ ဆန္ဒကြားမှာရှိတဲ့ အကြီးမား ဆုံး   သော(gap.) အဟ... ဟနေသော ပေါင်းစပ်မှုသာ ဖြစ်ပါတယ်..။
      လူငယ်ဆိုတာ တန်ဖိုးဖြတ်မရသေးတဲ့ တွင်းထွက်စ ကျောက်ရိုင်းတုံး ဖြစ်ပါတယ်..။ ကိုယ့်ကိုကိုယ်သာ မှန်ကန်တဲ့ အကျိုးရှိတဲ့ အ
ချိန်ဖြုန်းနည်းနဲ့ ပွတ်တိုက်လိုက်မယ်ဆိုရင် သိန်းကျောက်ကနေ  ပြည်တန်ကျောက်ဘ၀ အထိ ပြောင်းလဲသွားနိုင်တဲ့ ဘ၀မျိုးကို ရရှိသွား
နိုင်သည်မှာ ဧကန်မလွဲ ဖြစ်ပါတယ်..။ နိုင်ငံနဲ့ လူမျိုးအတွက်  တန်ဖိုးဖြတ်မရတဲ့ လူသားတွေ ဖြစ်လာနိုင်ပါတယ်..။ဒါကြောင့်  ဒီဆောင်း
ပါးကို ဖတ်ပြီး မိမိတို့ရဲ့ ပေါလှတဲ့ အချိန်တွေကို မှန်ကန်သော မိမိဘ၀အကျိုးပြု လုပ်ငန်းတွေမှာ ယခုကစလို့ လက်တွေ့ကျကျ ဖြုန်းတီး
နိုင်ကြပါစေ...။
                                     ကကြီး။(၁၇.၁.၂၀၁၂)
                                http://kagyi13.blogspot.com/
“ရုတ်တရက် လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း”
“ရုတ်တရက် လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း”
ရုတ်တရက်တွေ့ကြုံရသော ရောဂါဝေဒနာများအတွင်းမှ ရုတ်တရက်လေဖြတ်ခံရသော လူနာနှင့်ပတ်သက်၍
တွေ့ကြုံရပါက သက်ဆိုင်ရာဆေးရုံသို့မရောက်မီ ကုသ၍ရနိုင်သော ကုသနည်းတစ်ခုအား သိရှိနိုင်ပါရန်မျှဝေ
ပေး လိုပါသည်။
ယင်းနည်းစနစ်၏ ပထမအရေးကြီဆုံးအချက်မှာ လေဖြတ်သောလူနာကိုဧည့်ခန်း၊ရေချိုးခန်း၊အိမ်သာစသည်
ဖြင့် ဖြစ်သည့်နေရာတွင်ပင်ဖြစ်စေ၊ဖြစ်သောနေရာမှရွှေ့ပြောင်းသယ်မခြင်းလုံးဝမပြုလုပ်ရပါ။ထို့သို့ချက်ချင်း
ရွှေ့ပြောင်းသယ်ဆောင်လာမိပါက ကားဆောင့်ခြင်း၊ လှုပ်ရှားခြင်းဒဏ်များကြောင့်ဦးနှောက်သွေးကြောလေး
များ ပို၍လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။
ထို့ကြောင့်လူနာကို မည်သည့်နေရာသို့မျှ ပြောင်းရွှေ့ခြင်း မပြုလုပ်ပါနှင့်။လူနာအား ဖြစ်ပွားသည့်နေရာ၌ပင်
အသာထူမပေးပြီး ပြန်လဲမကျသွားစေရန်အသာမှေး၍ ထိုင်စေရပါမည်။လူနာကိုယ်တိုင်မထိုင်နိုင်ပါကဘေးမှ
ှလူတစ်ဦးက အသာမှေး၍ ထူမပေးထားပါ။ ထိုသို့ ထူမပြီးပြီးချင်း ပိုးသတ်ထားသောဆေးထိုးအပ်သို့မဟုတ်မီး
ကင် ထားသော လက်ချုပ်အပ် ထိပ်ဖျားဖြင့် လူနာ၏ ဘယ်ဘက်လက်ချောင်းထိပ်ဖျားအားလုံးကို (ပဲစေ့ခန့်)
သွေးတစ်စက် စီ ထွက်လာအောင် ဖောက်ပေးပါ။ သွေးစက် ပဲစေ့ခန့် ထွက် မ ထွက် ခေတ္တ စောင့်ကြည့်ပါ။
အကယ်၍ သွေးမထွက်ပါက သွေးထွက်လာအောင် လက်ဖြင့် ညှစ်ထုတ်ပေးပါ။ လက်ချောင်းတိုင်း သွေးတစ်
စက်စီ ထွက်သွားပြီး မိနစ်ပိုင်းအတွင်း လူနာ ပြန်လည်သတိရလာပါလိမ့်မည်။
အကယ်၍ လူနာပါးစပ်ရွဲ့သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည့်တိုင်အောင်လက်ဖြင့်ပွတ်ဆွဲပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း နားဖောက်သည့်နေရာ၌ အပ်ဖြင့်တစ်ချက်နှစ်ချက်စီ ဖောက်ပေးပါ။
နားရွက် နှက်ဖက်စလုံးမှ ပဲစေ့ခန့် သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း ပါးစပ်ရွဲ့ရာမှ ပြန်တည့်သွားပါ
လိမ့်မည်။ ထိုလူနာ ပုံမှန်အခြေအနေသို့ ရောက်အောင်စောင့်ပြီးမှ ဆေးရုံသို့ လူနာကိုပို့စေပြီး ဆေးကုသမူ ခံ
ယူပါ။ ယခုကဲ့သို့ ရှေးဦးစွာ ပြုစုပြီးမှ ဆေးကုသမှုခံယူစေပါက အကြောသေခြင်း၊ ကိုယ် တစ်ခြမ်းသေခြင်း၊ခြေ
လက်လှုပ်မရခြင်း၊ စကားမပီသခြင်းတို့မှ ကင်းဝေးစေပါသည်။
ဤနည်းမှာ လက်တွေ့သက်သာပျောက်ကင်းစေသော အရေးပေါ်ကုသနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာ
မှကင်းဝေးစေရန် စေတနာဖြင့် ကုသိုလ်ပြုခြင်း ဖြစ်ပါသည်။
ယင်းနည်းစနစ်သည် တရုတ်ပြည်၌ ကုသနေသောနည်းမှ ဘာသာပြန်ဆိုထား၍ မိတ်ဆွေတစ်ဦးထံမှ သိရှိရပါသ
ဖြင့် အများပြည်သူများမှ ရုတ်တရက် လေဖြတ်ခြင်းခံရသော ဝေဒနာသည် တစ်ဦးတစ်ယောက်အား တွေ့မြင်ကြုံ
တွေ့ရပါက လတ်တလော ရှေးဦးသူနာပြု ကုသနည်းကဲ့သို့ လူနာကိုသွေးဖောက်ပြီး အမြန်ကယ်ဆယ် ကူညီပေး
နိုင်ရန် မျှဝေပေးလိုက်ရပါသည်။
ပြည်သူတိုင်းကျန်းမာကြပါစေသော်ဝ်။
(၁၄.၁.၂၀၁၃-နေ့ ကြေးမုံသတင်းစာမှ ဆောင်းပါးကို မူရင်းအတိုင်း ပြန်လည်မျှဝေ ခြင်းဖြစ်ပါသည်။)