Powered By Blogger

Sunday 10 March 2013

ဘူးသီးအကြောင်းသိကောင်းစရာ


ဘူးသီးအကြောင်းသိကောင်းစရာ
ဘူးသီးသည် အ၀ါရောင်သန်းသောအစိမ်းရောင် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ များသောအားဖြင့် ပုလင်းပုံသဏ္ဍာန်ရှိပါသည်။အဖြူရောင် ခပ်ပျော့ပျော့အသားထဲတွင် အမျှင်ဓာတ်များစွာပါရှိပါသည်။အသီး ၏ အလယ်ပိုင်းရှိ ရေမြှုပ်ကဲ့သို့ ပျော့ပျောင်းသောအသားများထဲတွင် အဖြူရောင်အစေ့များ စုပြုံစွာပါရှိပါသည်။ အစေ့သည် လေးထောင့်ပုံသဏ္ဍာန်ရှိကာ၊ အနားတွင်အထစ်ကလေးများ ဖြစ်ပါသည်။
ဘူးပင်သည် အလွန်အေးသော ရာသီဥတုကိုမကြိုက်ပါ။ ပူနွေးစိုစွတ်သော ရာသီဥတုတွင်ကောင်းစွာ ဖြစ်ထွန်း ပါသည်။ ဘူးသီးအစေ့မှ အပင်ပေါက်ပြီး၊ ၂-လအကြာတွင် အရွက်ညှာမှ အဖြူရောင်အပွင့် ပွင့်ပါသည်။ ပွင့်ချပ်များမှာ ၄-လက္မခန့် ရှိပြီး လှပပါသည်။ ဘူးပင်ကိုစင်ခံပြီး စိုက်ပျိုးပေးပါက၊ စိမ်းစိုကြီးမားသော အရွက်များဖြင့် နွယ်တက်၍ အကြီးမြန်ပါသည်။ အထူးသဖြင့် အရွက်၏အောက်ပိုင်းတွင် နူးညံ့သောအမွှေးများ စွာဖြင့် ဖုံးအုပ်ထားသောကြောင့် အစိမ်းရောင်ကတ္တီပါးသားကဲ့သို ဖြစ်နေပါသည်။ ပင်စည်များ သည် ပဉ္စဂံပုံ သဏ္ဍာန်ရှိကာ အလွန်မာကျောပါသည်။ အပင်ပေါက်ပြီး ရက် ၆၀-၇၀ ခန့် အကြာတွင် အသီးသီးပါသည်။ ဘူးသီး၏ အခွံပေါ်တွင်လဲ အမွှေးနုလေးများစွာ ပါရှိပါသည်။
ဘူးခွံအခြောက်ကိုအိန္ဒိယနိုင်ငံတွင် ထမင်းစားပန်းကန်ခွက်ယောက်အဖြစ် သုံးပြုကြသလို၊ ဟိန္ဒြူကြိုးတပ် တူရိယာ အဖြစ်လဲ တီးမှုတ်ကြသည်ကိုတွေ့ မြင်ကြရပါသည်။ အိန္ဒိယနိုင်ငံတွင်ဘူးသီး ကို Lauki ဟုခေါ်ပါ သည်။ ၄င်းတို့ သည် ဘူးသီးကို တွင်ကျယ်စွာစားသုံးကြသည့်အပြင်၊ ရိုးရာရောဂါကုထုံးဖြင့်လဲ ကုသလျှက် ရှိကြပါသည်။
ဘူးသီး တွင် အဆီနှင့် ကိုလက်စထရောပါဝင်မှု နဲပါးကာ၊ ရေဓာတ် ၉၀% ပါရှိပါသည်။ ရေဓာတ်ပါဝင်မှုများ သောကြောင့် အပူငြိမ်းစေသော အအေးစာ ဖြစ်ပါသည်။ ဘူးသီးတွင် အစာကြေလွယ် သော အမျှင်ဓာတ်၊ သံဓာတ်၊ Vitamin C ၊ Vitamin B Complex၊ Zinc နှင့် မဂ္ဂနီစီယမ် တို့ ကြွယ်ဝစွာ ပါရှိပါသည်။ ဆိုဒီယမ် နှင့် ပိုတက်စီယမ် တို့ လဲ ပါရှိပါသည်။ low-cal ဖြစ်သောကြောင့် ကလေးငယ်များ အတွက် သင့်တော်သည့် ဟင်းသီင်္းဟင်းရွက်တစ်မျိုးဖြစ်ကာ၊ အသက်အရွယ်ကြီးရင့်သူများ အတွက်လဲ အထူး သင့်တော်ကောင်းမွန် သောကြောင့် ဘူးသီးကို အသက်အရွယ်အပိုင်းအခြားမရွေး စားသုံးနိုင်ကြပါသည်။ ဘူးသီးမှ လူသားတို့  ကျန်းမာရေးအတွက် များစွားအထောက်အကူပြုပုံကို အောက်ပါအတိုင်း လေ့လာမှတ်သားနိုင်ပါသည်။
ကျန်းမာရေးအတွက်အကျိုးကျေးဇူးများ
· ရေဓာတ်ပါဝင်မှုများပြီး၊ အအေးစာဖြစ်သောကြောင့် ဆီးမကောင်းသောသူများနှင့် Uric အက်ဆစ် များ၍ ဆီးပူသောသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး၊ သံပရာရည်ဖြင့်ရောကာ သောက်သုံး ပေးသင့်ပါသည်။ ကျောက်ကပ်ရောင်ခြင်းကိုလဲ ကုသပေးနိုင်စွမ်းရှိပါသည်။
· ဆီးချိုရောဂါသည်များ အတွက်လဲ အထူးသင့်လျော်ပါသည်။
· ၀မ်းလျောခြင်းကြောင့် ရေငတ်နေသူများ၊ အဆီဓာတ်များသောအစားအစာ(သို့ မဟုတ်)ဆီကြော်မုန့်  စားသုံးပြီးနောက် ရင်ပူနေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ကာ ဆားအနဲငယ်ရော၍ သောက် သုံး ပေးသင့်ပါသည်။
· ပူပြင်းသောနွေရာသီတွင် ဆုံးရှုံးသွားသောချွေးများအတွက်၊ အထက်ပါအတိုင်း သောက်သုံးပေးပါက၊ လူကိုပြန်လည်လန်းဆန်းစေပါသည်။ အပူရှပ်ခြင်းမှလဲ ကာကွယ်ပေးပါသည်။
· သွေးတိုးရောဂါသမားများနှင့် နှလုံးရောဂါဝေဒနာရှင်များကို များစွာအကျိုးပြုပါသည်။
· ဘူးညွန့် /ဘူးရွက် တို့ သည် အသည်းရောင်အသားဝါရောဂါကို ဟန့် တားကာကွယ်ပေးပါသည်။
· ဆံပင်ဖြူခြင်းကိုသက်သာလျော့နဲစေပါသည်။
· အဆီဓာတ်ပါဝင်မှုနည်းပြီး၊ အမျှင်ဓာတ်ပေါများသောကြောင့် အစာကျေလွယ်ပြီး၊ ၀မ်းချုပ်ခြင်းမှလဲ ကာကွယ်ပေးပါသည်။
· အာရုံကြောများကို အားကောင်းစေကာ မှတ်ဥာဏ်ကိုဖွံ့ ဖြိုးတိုးတက်စေပါသည်။ (စိတ်ဖောက်ပြန်သူ များ အတွက်လဲ ကောင်းကျိုးပြုပါသည်)
· ဆံပင်မရှိ၍ ထိပ်ပြောင်သူများသည် ဘူးညွန့် /ဘူးရွက်အရည်ကို လိမ်းပေးသင့်ပါသည်။
· သွာကိုက်ခြင်းကိုလဲ သက်သာပျောက်ကင်းစေပါသည်။ သွားများမပျက်စီးရအောင် ကြိုတင်ကာကွယ် သည့်အနေဖြင့် ဘုးညွန့် အရည်ဖြင့် ပလုပ်ကျင်းပေး သင့်ပါသည်။
· ဖက်ခွက်နာ/ပြည်တည်နာများ၊ ၀က်ရူးပြန်ခြင်းနှင့် အစာမကြေခြင်း ဝေဒနာများကိုလဲ သက်သာ ပျောက်ကင်းစေပါသည်။
· နံက်စာမစားမီ၊ ဘူးသီးကိုဖျော်ရည်လုပ်ပြီး နေ့ စဉ်တစ်နေ့ လျှင် တစ်ခွက်ပုံမှန်သောက်သုံးပေးပါက၊ အရွယ်တင်နုပျိုစေပါသည်။
· မိတ်၊အင်ပျဉ်ကဲ့ သို့ အရေပြားပေါ်တွင် အဖုအပိန့် အနီကွက်ထပါက၊ ဘူးသီးကိုကျိတ်ချေ၍ ဘူးသီး အနှစ်များဖြင့် လိမ်းပေးခြင်းဖြင့် ချက်ချင်းသက်သာပျောက်ကင်းစေပါသည်။
· ဘူးသီးကို မှန်မှန်စားပေးခြင်းဖြင့် အပြစ်အနာအဆာမရှိသော လင်းလက်စိုပြည်လှပသည့် အသား အရေ ကိုပိုင်ဆိုင်နိုင်ပါသည်။
· ဘူးသီး သည် အသည်းပုံမှန်အလုပ်မလုပ်နိုင်သူများကို ကောင်းစွာအကျိုးပြုပေးပါသည်။
· နာတာရှည်အိပ်မပျော်နိုင်ဘဲ။ မျက်စေ့ကြောင်နေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး၊ နှမ်းဆီနှင့် ရော၍ ဦးခေါင်းခွံ(ဦးရေပြား) ကို ညစဉ်နှိပ်ပေးခြင်းဖြင့် ထိရောက်စွာအကျိုးရှိစေပါသည်။
· အစာအိမ်အက်ဆစ် အထွက်လွန်သူများအတွက် သက်သာပျောက်ကင်းစေပါသည်။
· နှလုံးကို အားကောင်းစေပါသည်။
· အဆိပ်ပြေစေပါသည်။
· ချောင်းဆိုးခြင်းကြောင့် အသက်ရှုလေပြွန်ရောင်နေသူများ၊ လည်ချောင်းနာသူများ နှင့် ပန်းနာရင်ကြပ် ရောဂါသည်များ ကို ကုသပေးနိုင်စွမ်းရှိပါသည်။
မှတ်သားရန်>>
ဘူးသီးသည် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးရသည့် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါသည်။
အစိမ်းစားပါက၊ အစာအိမ် နှင့် အူမ များကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။
ဘူးသီးသည် ကိုယ်ခန္ဓာအတွင်းရှိ အင်္ဂါအစိပ်အပိုင်းများကို အကျိုးပြုရုံသာမက၊ အသားအရေကို ကျန်းမာလှပ စေခြင်း/ဆံပင်ဖြူခြင်းကို လျော့နဲစေခြင်းတို့ အပြင် ကိုယ်အလေးချိန်ထိန်းလိုသူများကိုလဲ ထိထိရောက်ရောက် အကျိုးပြုစေသည့်အစွမ်းသတ္တိများနှင့်ပြည့်စုံသောအစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ရေဓာတ် ပါဝင်မှုများပြားသဖြင့် အချိန်ကြာမြင့်စွာချက်ပြုတ်ပေးရန်မလိုဘဲ၊ အချိန်ကုန်သက်သာစေပါသည်။
ထို့ ကြောင် ရာသီစာ ဆေးဘက်ဝင် ဟင်းရွက်နွယ်ပင်တစ်မျိုးဖြစ်သည့် ဘူးသီးကို စားသောက်နိုင်ကြပါစေကြောင်း
သတင်းကောင်းပါးအပ်ပါသည်
ဘာသာပြန်သူ - promise.pauk
ကိုးကားချက် - Health Benefits of Bottle Gourd/Calabash, published by Neha Rathore

No comments:

Post a Comment