Powered By Blogger

Sunday 3 March 2013

ပြုံးလိုက်ရအောင် (၃)


အခွင့်ကောင်း

ခြံထဲသို့ တစ်ဖက်ခြံမှ နွားမ ဝင်လာကြောင်း သားဖြစ်သူမှ အဖေဖြစ်သူကို အပြေးအလွှားသတင်းလာပေးသည်။
“ဖေဖေ……ဟိုဘက်ခြံက နွားမကြီး ကျွန်တော်တို့ ခြံထဲ ရောက်နေတယ် ခင်ဗျ”
“ဟေ့ကောင်……….ဘာလို့အော်နေရတာလဲ….မြန်မြန်သွားပြီး နို့သွားညှစ်စမ်းး”

မြိုရခက်ကြီး
ထမင်းဝိုင်းအနားတွင်ရပ်လျက် အန်တီမြ က ဧည့်သည်များကို စကားပြောသည်။
“စားကြပါနော်….အားမနာပါနဲ့….။ဒါနဲ့…ဦးဘမောင် ကြက်သား တတိယအတုံး ယူလိုက်ပါဦး….
ဘယ်သူ ဘယ်နှတုံး စားတယ်ဆိုတာ ကျွန်မ မမှတ်တတ်ပါဘူးရှင်”
ဆင်ခြေမပေးနဲ့
ကားတစ်စီး ရွာကို ဖြတ်မောင်းလာသည်။ လမ်းဖြတ်ကူးသောကြက်တစ်ကောင်ကို တိုက်မိသည်။
ကားဆရာ ကားအပြင်ဘက် ထွက်သည်။အနီးအနားမှာ ဘယ်သူမှမရှိသည်နှင့် ကြက်သေကို ကားထဲ့ပစ်ထည့်လိုက်သည်။
ဤအချိန်တွင် ကြက်ပိုင်ရှင် ပေါ်လာပြီး ကားဆရာကို လေသံမာမာဖြင့် ပြောသည်။
အတိုက်ခံရသူကို ဆေးရုံသွားပို့မလို့ပါလို့ ဆင်ခြေပေးမယ် မကြံနဲ့နော် ”
ကြက်တွေနဲ့အတူ
“ကျွန်မတို့လေ ကြက်တွေ အိပ်တန်းတက်တဲ့ အချိန်မှာ ကြက်တွေနဲ့ အတူ အိပ်ယာဝင်တယ်။ရှင်တို့ကော….”
“ကျွန်မတို့မှာ….ကြက်မရှိဘူး”
ဝေဖန်ရေးသမား
ကြက်ဖသည် ငှက်ကုလားအုတ်၏ ဥတစ်လုံးကို ကြက်ခြံထဲ ယူသွင်းလာပြီး ကြက်မများကို ပြသည်။
“မင်းတို့ကို ငါ မဝေဖန်ချင်ပါဘူး ။ ဒါပေမယ့် သူများတွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာတော့ ကြည့်ထားကြ”
လူကြီးလူကောင်း
အင်္ဂလိပ် ၊ ပြင်သစ် နှင့် ရုရှားကို ခေါင်း(၃) လုံးပါသော နဂါးကြီးက ဖမ်းမိပြီး ပြောသည်။
မင်းတို့ကို ငါ အခု စားမယ် ။ မစားခင် မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ် ။
ဆိုကြပါစို့…..အလုပ်ကနေ အချိန်စောပြီး မင်းတို့ အိမ်ကို ပြန်ရောက်လာတယ်..။
အိပ်ယာထဲမှာ မင်းမိန်းမ နဲ့ လင်ငယ်ကို ပက်ပင်းတွေ့တယ်။မင်းတို့ ဘာလုပ်မလဲ?
မင်းတို့ပေးတဲ့အဖြေကြောင့် ငါ့ခေါင်း(၃)လုံးစလုံးရယ်တယ်ဆိုရင် အဲဒီလူကို မစားဘဲ လွှတ်ပေးမယ် ။သဘောပေါက်ကြရဲ့လား?
“ သဘောပေါက်ပါတယ်”
ပထမဆုံး အင်္ဂလိပ် ထွက်လာပြီးဖြေသည်။
“ကျွန်တော်က လူကြီးလူကောင်းပီပီ ဆူညံဆူညံ ဘာမှမလုပ်ချင်ဘူး……….
သူငယ်ချင်း နည်းနည်းရွေ့စမ်းးးးးငါလဲ လှဲချင်တယ်” လို့ ပြောလိုက်မယ် ။
နဂါးခေါင်းတစ်လုံးပဲ ရယ်သည်။
ပြင်သစ်က ပြောသည်။
“ကျွန်တော်ကလည်း လူကြီးလူကောင်းပီပီ ဘာမှမပြောပဲ အိမ်ပြင်ကို ထွက်မယ်….
.ကျွန်တော့မယားငယ်ကို အိမ်ခေါ်လာပြီး စောစောက စုံတွဲအနားမှာ လှဲလိုက်မယ်”
နဂါးခေါင်း (၂)လုံးရယ်သည်။
ရုရှားအီဗန် ထွက်လာသည်။
စုပေါင်းလယ်ယာ လုပ်သားဖြစ်၍ တစ်ကိုယ်လုံး ညစ်ပတ်ပေရေ နေသည်။
ခေါင်းပေါ်က ဦးထုပ်သည် အရောင်ပင် မပေါ်တော့…၎င်းကပြောသည်။
“ကျွန်တော်က လူကြီးလူကောင်းမဟုတ်လား????အဲဒီတော့……”
ဤစကားကို ကြားသည်နှင့် နဂါးခေါင်း (၃)လုံးစလုံး အားရပါးရ ရယ်လေသည်။
ဆုံးမမယ်
တစ်ဖက်ခြံမှ ပျားမွေးသူ ကိုဘမောင် ကို အန်တီမြက ပြောသည်။
“ရှင့်ပျားတစ်ကောင် ကျွန်မကို တုတ်သွားတယ်ရှင့်”
“ဟုတ်လား ၊ ဘယ်အကောင်လဲ ပြော…..ကျွန်တော့ကို ပြ…..ဒီကောင့်ကို ကျွန်တော်ကောင်းကောင်းဆုံးမမယ်”

No comments:

Post a Comment