Powered By Blogger

Sunday 17 March 2013

အစာအိမ်အောက်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်


အစာအိမ်အောက်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်

အစာအိမ်အောက်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်
အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကိုကိုယ့်နှင့်မကွ ဆောင်ထားကြ
သည်မှာများကြပါသည်၊သင်သည် ယခု ဆန်ဆေးရည်ကို နေ့ စဉ်ပုံမှန်သောက်သုံးပါ က အစားအစာဆောင်ရခြင်းနှင့် အစာ
အိမ်အောက်ခြင်း နာခြင်းများ မရှိတော့ပါ ။
ကျောင်းတက်စဉ်က သူငယ်ချင်းများနှင့် မိတ်ဆွေများထဲ့မှ အစာအိမ်ဖြစ်သောသူများကို ပြောပြပြီး သောက်ခိုင်းခဲ့လို့  အစာ
အိမ်သမား တော်တော်များများပျောက်ကင်းသက်သာခဲ့ပြီး ကောင်ညှင်းပေါင်းတောင် မစားရဲသူများတောင် စားလို့ ရလာနိုင်
သော ဆန်ဆေးရည်ဖြစ်ပါသည်…

အစာအိမ်သမားများအတွက် ဆန်ဆေးရည်ကို အောက်ပါအတိုင်း လုပ်ဆောင် သောက်သုံးလိုက်ပါ
မနက်အိပ်ယာထထခြင်း မနက်ဆန်ဆေးရည်ကို မက်ခွက်တခွက်လောက်ကို အမြဲသောက်ပေးပါ ။
ရောဂါပေါ်မှုတည်ပြီး သောက်ပေးရပါမည် အချိန်ကိုတော့ လပိုင်းထိမနက်တိုင်းမနက်တိုင်းသောက်ပေးပါ ။

လုပ်ဆောင်နည်း .........
မနက်ထမင်းချက်ဖို့ ဆန်ဆေးသည့်အခါ ပထမ ဆန်ဆေးရေကို အလျှင်အမြန်ဆေးပါ ပထမရေသည် ဆန်တွင် ပါဝင်သော
သဲအမှုန့် များ ကို ဆေးကြောခြင်းဖြစ်ပါသည်။

ဒုတိယအကြိမ်တွင် ဆေးသောဆန်ဆေးရေကို လက်ဖြင့် ကျကျနန ပွတ်သက်ဆေးကြောပြီး ရရှိလာသော ဆန်ဆေးရေကို
မနက်အိပ်ယာထထခြင်း မက်ခွက်ကြီး တစ်ခွက်စာ သောက်သုံးပေးပါက အစာအိမ်ဖြစ်သော သူများသည် မိမိ ဖြစ်နေသော
ရောဂါဝေဒနာ ပျောက်ကင်းသွားပါလိမ့်သည် ။
ဒီပိုစ်လေးကို ကျွန်တော် ချစ်သူ MAY အစာအိမ် အောင့်နေတယ် ဆိုလို့ အွန်လိုင်းပေါ် နည်းလမ်းကောင်းများရှိမလား ဆိုပြီး
လိုက်ရှာ ရင်းနဲ့တွေ့ လို့ ပြန်လည် မျှ ဝေ ပေးလိုက်ပါတယ်၊ ကျေးဇူးတင်ပါတယ်။
Mg Mandalay —

No comments:

Post a Comment