တွေးတွေးပြီးပြုံး(၂)
မြှောက်ပေးလို့ 
~~~~~~~~~~
~~~~~~~~~~
လက်ဝှေ့ ပွဲ မကြည့် ဖူးသော ခြောက်နှစ်အရွယ်ကောင်လေးနဲ့  လေးနှစ်အရွယ်ကောင်မလေးမောင်နှမနှစ်ယောက်ကို ဖခင်က လက်ဝှေ့ ထိုးပွဲသို့ ခေါ်သွားသည်။ ပထမ အချီပြိးသွားသည့်အခါ အငယ်မလေးကသူ့ ဖခင်အား ...
"အဖေ ... စင်ပေါ်ကလူနှစ်ယောက်က အတော်ဆိုးတာပဲနော်၊ ဘောင်းဘီရှည်နဲ့ လူကြီးက ခဏခဏဝင်တားတာတောင် သူတို့ နားမထောင်ပဲ ရန်ဖြစ်နေကြတယ်။"
ထိုအခါ အကြီးကောင်လေးက ...
"ဘေးက လူတွေကဝိုင်းမြှောက်ပေးနေတာကိုး ညီမလေးရဲ့ "

အရေးကြီးတာအရင်ပြောမှပေါ့ 
~~~~~~~~~~~~~~~~~~~~~
တောရွာတစ်ရွာတွင် အဘိုးကြီး ၂ယောက် စကားပြောနေကြသည်။
ပ-အဘိုး။ ။"မနေ့ ကအာကာသယာဉ်ကိုလွှတ်တင်လိုက်ပြန်ပြီတဲ့ "
ဒု-အဘိုး။ ။"အင်း ... ခဏခဏ လွှတ်နေကြတာပါ။ သိပ်တော့ မထူးဆန်းတော့ပါဘူး။"
ပ-အဘိုး။ ။"အဏုမြူအသည်းကို တီထွင်လိုက်တယ်လို့ လည်းကြားရတယ်ဗျ"
ဒု-အဘိုး။ ။"သိပံ္ပပညာလေ မကြားဖူးတာတွေ မကြုံဖူးတာတွေ ဆက်တိုက်တီထွင်နေမှာ"
ပ-အဘိုး။ ။"အာဖရိကတိုက်မှာ အမျိုးသမီး (၈) မြွှာပူးမွေးသတဲ့ "
ဒု-အဘိုး။ ။"အာဖရိကမှာတင် မဟုတ်ဘူး။"
ပ-အဘိုး။ ။"ဒါနဲ့ စကားမစပ် ဘသော်ရဲ့ အိမ်မှာ အရက်ပုန်းကို ရှာတွေ့ သွားကြသတဲ့ ။"
ဒု-အဘိုး။ ။"ဟေ ... ဟုတ်လား။ အသေးမွှားကိစ္စတွေကို အရင်ပြောပြီး အခုလိုအရေးကြီးတဲ့ ဟာကျတော့ ဘာလို့ 
အခုမှပြောရတာလဲဗျ။ ဒုက္ခပါပဲ ... ငါ့ အရက်ပုံးတွေကိုလည်း အမြန်သွားဝှက်အုံးမှပဲ"

မိန်းမဆိုတာက

စိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ၂ ဦး စကားပြောနေကြသည်။
ပ-ကျောင်းသား။ ။"တောက် ... မိန်းမတွေနဲ့ အလုပ်တွဲလုပ်ရတာ အဆင်မပြေပါဘူးကွာ။ သူတို့ ကို ယောက်ျားလိုခိုင်းရင်
သူတို့ ကညည်းပြတယ်။"
ဒု-ကျောင်းသား။ ။"ဟကောင်ရ ... မိန်းမပဲ၊ မိန်းမလိုဆက်ဆံမှပေါ့ ။"
ပ-ကျောင်းသား။ ။"မိန်းမလို့ ဆက်ဆံပြန်တော့ လည်းသူတို့ က ကိုယ့် ကိုခိုင်းပြန်ရော။"

စိတ်တူကိုယ်တူ
~~~~~~~~~~~

ပ-လူ။ ။"မင်းမိန်းမနဲ့  မင်းစိတ်သဘောတူတဲ့ အချိန် ဖြစ်ဖူးသလား။"
ဒု-လူ။ ။"အေး ... တစ်ခါတော့ ဖြစ်ဖူးတယ်။ အိမ်မီးလောင်တုန်းက တို့ နှစ်ယောက်လုံး မတိုင်ပင်ပဲနဲ့  တစ်ချိန်တည်းမှာပဲ
တံခါးပေါက်ရောက်အောင် ပြေးခဲ့ ကြဖူးတယ်ကွ"

ကြားမဝင်ပေမယ့် 
~~~~~~~~~~~~

"မင်းနဲ့  မင်းကောင်မလေး ခွဲပြဲသွားတဲ့ ကိစ္စမှာ သူ့ အဖေကြီးက ကြားဝင်လို့ လား။"
" ကြားတော့ မဝင်ပါဘူး။ နောက်ကနေကန်လွှတ်လိုက်လို့ ပါ။"

No comments:
Post a Comment