Powered By Blogger

Friday 1 March 2013

ငါးမုတ်ပဲငပိအချိုနှပ်


ငါးမုတ်ပဲငပိအချိုနှပ်

ပါဝင်ပစ္စည်းများ
-ငါးမုတ်၃ကောင်
-Ginger paste နဲနဲ
-ဆနွမ်းနဲနဲ
-မုန်လာဥနီ ၁တောင့်
- water chestnut နဲနဲ
- soy bean၂ဇွန်း(စားပွဲတင်)
-ကြက်သွန်နီ၁ဥ
-ကြက်သွန်ဖြူ ၃မွာ၊ ဂျင်းနဲနဲ
-ပဲငံပြာရေအကြည်၂ဇွန်း( စားပွဲတင်)
-ဆား၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-သကြား၁ဇွန်း(အချိုဇွန်း)
-ငရုတ်ချိုအနီ၁တောင့်(ပါးပါးလှီး)
ကြက်သွန်နီ အကွင်းလိုက်လှီးထားပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။

ငါးမုတ်ကိုသန့်စင်ကာ ဂျင်း၊ ဆနွမ်း၊ ဆား နယ်ထားပြီး ကြော်ကာ ဆီစစ်ထားပါ။
 
ဆီပူတွင် ကြက်သွန်နီကွင်း ၊ဖြူ များ ထဲ့ကြော်ပါ။ မုန်လာဥနီများထဲ့ပါ။
ကြက်သွန်နွမ်းပြီ ဆိုရင် water chestnut များထဲ့ပါ။ ပဲငပိ ၊ ပဲငံပြာရေအကြည်၂ဇွန်း( စားပွဲတင်)၊ ဆား၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ သကြား၁ဇွန်း(အချိုဇွန်း) ထဲ့ရေ နဲနဲထဲ့ကာပွက်လာကာ ရေပျစ်ပျစ်ဖြစ်လာရင်ငရုတ်ချိုအနီ၁တောင့်(ပါးပါးလှီး) များနောက်ဆုံးအုပ်ပြီး ကြော်ထားသောငါးကြော်လေးများပေါ်ဆမ်းကာ ပူပူလေးစားလို့ရပါပြီ။
 
  
အကြောင်းအရာ: ဟင်းချက်နည်း

No comments:

Post a Comment