ငပိရည်ကျိုကြော်
ချစ်မိတ်ဆွေများ မင်္ဂလာပါရှင်။ post အဟောင်းလေးပါ။
အိမ်တိုင်းမှာ လွယ်လွယ်ကူကူရှိပြီး သိပ်ချက်မစားဖြစ်တဲ့ ဟင်းလေးပါ။
ငပိရည်ကျိုတော့ အိမ်တိုင်း မကြာခဏလုပ်စားဖြစ်မှာပါ။
ဒါလေးကတော့ ကျိုစားတဲ့ငပိရည်ကို ငပိကြော်ကြော်သလိုကြော်ထားတာမို့ 
နေ့စဉ်ချက်နေကျဟင်းတွေက ခွဲထွက်ပြီး မိသားစုအားလုံးထမင်းမြိန်စေမှာ အသေအချာပါပဲ။
လိုအပ်သောပစ္စည်းများ
- ငပိရေကျို ၅ကျပ်သားခန့် 
- ကြက်သွန်နီ ၂ဥ
- ကြက်သွန်ဖြူ ၅မွှာ
- ငရုတ်သီးအကြမ်းဖတ် စားပွဲတင်ဇွန်း ၅ဇွန်း
- ဆီ ဟင်းခတ်ဇွန်း ၁ဇွန်း
ငပိများကို ငရုတ်ဆုံထဲတွင် ညက်နေအောင်ထောင်းပါ။
ကြက်သွန်ဖြူနီကိုရောထောင်းပါ။
ဆီ ဟင်းခတ်ဇွန်း ၁ဇွန်းကို အပူပေးပြီး ကြက်သွန်ဖြူနီထောင်းကို ဆီသတ်ပါ။
ကြက်သွန်များအရောင်ရဲလာလျှင် ငရုတ်သီးအကြမ်းဖတ်ထည့် အစိမ်းနံ့ပျောက်အောင် ဆီသတ်ပါ။
ထို့နောက် ထောင်းထားသောငပိများထည့် အရသာမှုန့်အနည်းငယ်ထည့်ကာ ဆီပြန်လာအောင်ကြော်ပါ။
ဆီပြန်လာပြီဆိုလျှင်တော့ နေ့စဉ်စားနေကျ အရသာတွေက ကွဲထွက်စေမဲ့ ငပိရည်ကျိုကြော်လေး ရပါပြီရှင်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေရှင်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေရှင်။
ချစ်တဲ့
စု
တဲ့ 
စိတ်စေရာ
မျှဝေရင်းနဲ့  ရှလွတ် ရှလွတ်ဖြစ်လာပြီ
....... ချစ်သူစားဖိုမှူးကို ချက်ကျွေးခိုင်းမယ် .... 
No comments:
Post a Comment