Powered By Blogger

Sunday 17 March 2013

ငွေရှိတိုင်း မဖြစ်နိုင်သောအရာများ(အောက်ကအချက်၂၀ကိုဖတ်ပေးပါ)


ငွေရှိတိုင်း မဖြစ်နိုင်သောအရာများ(အောက်ကအချက်၂၀ကိုဖတ်ပေးပါ)

၁။ပိုက်ဆံပေးပြီးအစားအသောက်တွေ(Food)ကို မင်းဝယ်လို့ရလိမ့်မယ်၊
   စားချင်စိတ်(Appletite)ကိုဝယ်လို့မရဘူး။
၂။ပိုက်ဆံပေးပြီး ဟာသတွေ  (Fun)ကို မင်း ဝယ်လို့ရလိမ့်မယ်။
    ပျော်ရွှင်ခြင်း(Joy)ကို မင်းဝယ်လို့မရဘူး။
၃။ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီးကို မင်းဝယ်နိုင်လိမ့်မယ်၊
    မေတ္တာတရား(Love)ကို ဝယ်လို့မရဘူး။
၎။ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ(Medicine)ကို မင်းဝယ်လို့ရလိမ့်မယ်၊
    ကျန်းမာခြင်း(Health)ကို ဝယ်လို့မရဘူး။
၅။ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး(Books)ကို မင်းဝယ်လို့ရလိမ့်မယ်၊
    အသိပညာ(Knowledge)ကို ဝယ်လို့မရဘူး။
၆။ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့အဆောက်အဦး(House)ကို မင်းဝယ်လို့ရလိမ့်မယ်၊
    ကိုယ့်မြေ  ကိုယ့်ရေနဲ့ ရှင်သန်ရာဘဝအိမ်(Home)ကို ဝယ်လို့မရဘူး။
၇။ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ(Bed)ကို မင်းဝယ်နိုင်လိမ့်မယ်၊
    ချိုမြိန်စွာ အိပ်စက်ခြင်း(Sleep)ကို ဝယ်လို့မရဘူး။
၈။ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတနေရာ(Position)ကို မင်းဝယ်လို့ရလိမ့်မယ်၊
    လေးစားမှု(Respect)ကိုဝယ်လို့မရဘူး။
၉။ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)ကိုမင်းဝယ်လို့ရလိမ့်မယ်၊
    လှပတင့်တယ်မှု (Beauty)ကိုဝယ်လို့မရဘူး။
၁၀။ပိုက်ဆံပေးပြီး နာရီ(Clock)ကို မင်းဝယ်လိုရလိမ့်မယ်၊
      အချိန်(Time)ကို ဝယ်လို့မရဘူး။
၁၁။ပိုက်ဆံပေးပြီး ဂြိုလ်တုတလုံးကို(Satellite)ကို မင်းဝယ်လို့ရလိမ့်မယ်၊
      နည်းပညာ (Technique)ကို ဝယ်လို့မရဘူး
၁၂။ငွေကြောင့် အချွေအရံတွေအများကြီး (Servant)ကို မင်းဝယ်လို့ရလိမ့်မယ်၊
      သစ္စာရှိမှု (Faithfulness)ကိုဝယ်လို့မရဘူး။
၁၃။ငွေကြောင့် အသိအကျွမ်းတွေ အများကြီး(Acquaintances)ကိုမင်းဖန်တီးနိုင်လိမ့်မယ်၊
      မိတ်ဆွေစစ်တွေ(Friends)ကို ဝယ်လို့မရဘူး။
၁၄။အနားယူချိန်တွေ၊အားလပ်ချိန်တွေ(Leisure)ကို မင်းဝယ်လို့ရချင်ရလိမ့်မယ်၊
      ငြိမ်းချင်းခြင်း (Peace)ကို ဝယ်လို့မရဘူး။
၁၅။အဖြစ်အပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ်(New Age)ကိုမင်းဝယ်နိုင်လိမ့်မယ်၊
      လုံးဝမေ့ပျောက်ခြင်း(Forget)ကိုဝယ်လို့မရဘူး။
၁၆။ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊
      အသက်တချောင်းကိုငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။
၁၇။ငွေပုံပေးပြီး အရှက်ကွဲအောင်လုပ်လို့ရတယ်၊
      အရှက်တကွဲ အကျိုးနည်းဖြစ်သွားရင်တော့ ငွေပုံပေးပြီး သိက္ခာဆည်လို့မရဘူး။
၁၈။ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်းတားနိုင်လိမ့်မယ်၊
      လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ် အောင်ပြန်ကာလို့မရဘူး။
၁၉။ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊
      အကောင်းမြင်ခိုင်းလို့မရဘူး။
၂၀။လောကတွင်  ငွေရလျှင် ဘာမဆိုလုပ်မည်၊
     အရာအားလုံးရင်းနိုင်သည်ဟူသောသူနှစ်မျိုးသာရှိသည်။
       (၁) တစ်မျိုးမှာမွေးကတည်းက သူများသုံးသလိုမသုံးရပဲ  သူများသုံးသလိုသုံးချင်သူ
       (၂) အသိပညာနဲ့ အတတ်ပညာနည်းပါးပြီး ပေါ့ပေါ့စားချင်သူ
 (မလေးရှားထုတ် ခေါင်းလောင်းသံ သတင်းနဲ့ရုပ်သံဂျာနယ်မှကူးယူတင်ပြသည်)

No comments:

Post a Comment