Powered By Blogger

Sunday 10 March 2013

အသိပေးစကားစုများ ......( ၁ )


ဒီတစ်ခါတော့ သူငယ်ချင်းများအတွက် .. အရှင်ဆေကိန္ဒရဲ့ အသိပေးစကားစုလေးတွေကို မျှပေးချင်ပါတယ်....တနည်းအားဖြင့် မြတ်ဗုဒ္ဓရဲ့ ဆုံးမစကားလေးတွေပေါ့နော်...
ဒီအသိပေးစကားစုလေးတွေက အသိဥာဏ်ခွန်အားတိုးပြီး အခက်အခဲကိုကျော်လွှားနိုင်စေတယ်
အရှုပ်တွေကို ရှင်းစေတယ်... အသုံးအနှုန်း ကွာဟမှုကြောင့် လူ့ဘောင်အသိုင်းအ၀န်းထဲကို
အရောက်နည်းနေပါသေးတယ်...မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို စကားလုံး ပုံသဏ္ဍာန်ပြောင်းပြီး ရေးချထားတာလေးတွေပါ....
၁။ စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့စိတ်နဲ့ လဲလိုက်ပါ..ရှုပ်နေရင် ရှင်းတဲ့စိတ်.. ပူနေရင် အေးတဲ့စိတ်.. နောက်နေရင် ကြည်တဲ့စိတ်နဲ့ ချက်ချင်းလဲလိုက်ပါ။
၂။ ကောင်းတာကိုလုပ်ဖို့လွယ်ရင် ကောင်းတဲ့လူ.. မကောင်းတာကိုလုပ်ဖို့လွယ်ရင် ??။
၃။ သူများပေးစာ ကျွေးစာ တစ်ထောင်ဖိုးစားရတာထက် ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက
ပိုပြီး မြိန်တယ်။
၎။ လေးစားထိုက်တဲ့သူရဲ့ စကားကိုမှ နားထောင်ကြတာ... ကိုယ့်စကားနားထောင်စေချင်ရင် လေးစားထိုက်အောင် နေပါ။
၅။ ၀မ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ ... ၀မ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ...
ဘာမှ မယ်မယ်ရရ မရှိခဲ့ပါဘူး အသိဥာဏ်တိုးပြီး လူဖြစ်ကျိုးနပ်တယ် ဆိုလို့ တော်သေးတာပေါ့။
၆။ ငါ.... အတော်ဆုံး လို့ထင်နေရင်.... အဖျင်းဆုံး အဆင့်ကိုရောက်သွားပြီ။
၇။ တခြားပစ္စည်းတွေကိုရောင်းလိုက်ရင် အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်.. စိတ်ချမ်းသာမှုကိုရောင်းစားရင် အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်... စိတ်ချမ်းသာမှုကို ဘာနဲ့မှ မရောင်းစားပါနဲ့ ။
၈။ ကောင်းတဲ့အလုပ်ဟာ နောက်ကျတယ်ဆိုတာ မရှိပါဘူး လုပ်ငန်းမစရသေးတာပဲရှိပါတယ်။
၉။ စေတနာကောင်းနဲ့ ပြည့်ပြည့်စုံစုံ ကျွေးလိုက်ရလို့ ၀မ်းသာတယ်ဆိုရင်
သူ စားနိုင်သလောက် စားတာကိုလည်း ကျေနပ်နိုင်ပါစေ။
၁၀။ မမှားသောရှေ့နေ... မသေသော ဆေးသမားတဲ့ ဒီဖြေဆေးဟာ ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ် မမှားတာ အကောင်းဆုံးပဲ။
အသိဥာဏ်အားတွေဖွံဖြိုးတိုးတက်နိုင်ကြပါစေ......
Views: 271

No comments:

Post a Comment