မရမ်းသီးထောင်း
မရမ်းသီးထောင်းလေး လာပြန်ပါပြီနော်။
ဒီတခါတော့ ယောင်းမကြီးထောင်းတဲ့နည်းလေးနဲ့ ထောင်းထားပါတယ်နော်။
ငါးပိကိုဆီသတ်ထည့်ထားလို့ ပိုမွှေးပြီး အရသာအပြောင်းအလဲလေးဖြစ်တာပေါ့နော်။
- မရမ်းသီး ၁၀ သား
- ငရုတ်သီးစိမ်း ၁၀ တောင့်
- နံနံပင် ၁စီး
- ငပိစိမ်းစား စားပွဲတင်ဇွန်း ၂ဇွန်း
- ဆီ ဟင်းခတ်ဇွန်း ၁ဇွန်း
- ကြက်သွန်ဖြူ ဥတလုံး ၁၀ဥ
- ပုဇွန်ခြောက် စားပွဲတင်ဇွန်း ၃ဇွန်း
- ဟင်းခတ်မှုန့်အနည်းငယ်
မရမ်းသီး ငရုတ်သီးစိမ်း နံနံပင်များကိုရောကြိတ်ထားပါ။ မရမ်းသီးအရောထဲကိုပုဇွန်ခြောက်ထည့်ပါ။
ဆီပူလာလျှင် မီးပိတ်ပြီး ကြက်သွန်ဖြူထည့် မိနစ်ဝက်ခန့်မွှေပါ။
ငါးပိစိမ်းစားထည့် အနံ့မွှေးပျံ့လာအောင်ကြော်ပါ။ ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပါ။
ငပိစိမ်းစားကြော်ကို မရမ်းသီးအရောထဲထည့်မွှေပါ။
အနံ့အရသာတမျိုးထူးခြားတဲ့ မရမ်းသီးထောင်းလေး ရပါပြီနော်။ 
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စိတ်စေရာဘလော့ဒ်ဂါမှ ကူးယူမျှဝေသည်။ 
အားးးးမျှဝေသူတောင် သားရေယိုလာပြီ .... တို့ စရာ တို့ စရာ ရှာလိုက်အုံးမယ်အေ ... 
No comments:
Post a Comment