Powered By Blogger

Wednesday 31 July 2013

%%% မကြာခဏ နုံးချည့်ညောင်းညာတက်သူတို့ အင်အားတိုးစေမည့် နည်းလမ်းများ %%%

မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။
ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။
(၁) ရေများများသောက်ပေးပါ
ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။
(၂) ကဖင်းဓာတ်ကို သတိထားပါ
တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင် တိုးစေပြီး စိတ်ရွှင်လန်း စေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများ မှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေ နိုင်ပါတယ်။
(၃) နံနက်စာကို ပုံမှန်စားပါ
နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ် ပေါ်မှာ မူတည် နေတဲ့ အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲ နေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျ စေတာကြောင့် နုံးချည့် နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။
(၄) အာဟာရပြည့်ဝအောင်စားပါ
ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက် ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝ စေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ် ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာ တတ်တာကြောင့် အဆီနည်း အသားလို သံဓာတ် ပါဝင်မှုများတဲ့ အစာ စားပေး သင့်ပါတယ်။
(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်
ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတို အတွင်း အလေးချိန် ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာ လျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့် ညောင်းညာ နိုင်ပါတယ်။
(၆) အိပ်ရေးဝဝအိပ်ပါ
တစ်ညကို ရှစ်နာရီလောက် အိပ်ချိန် ပေးသင့် ပါတယ်။ အိပ်စက် ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေထွက်လေ မှတ်တာ၊ ဘုရားစာ ရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက် အနားယူပါ။
(၇) အိပ်ဆေးမသောက်ပါနှင့်
အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့ အတွက် ဘာကြောင့် အိပ်မပျော် ရတာလဲ ဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့် ညောင်းညာ နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။ မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။
ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။
×××××××××××××××××××××××××××××××××××××××××××××××××
သစ်ထူးလွင်မှ သတင်းလေးပါ။ ဗဟုသုတ ပြန်ဖြန့် ပေးတာပါနော်။
ဖတ်ခဲ့သူများ: 59
အကြောင်းအရာ: ကျန်းမာရေးဗဟုသုတ

ကောင်မလေးတစ်ယောက် လူတစ်အုပ်စုရဲ့စော်ကားအနိုင်ကျင့်ခြင်းကို ခံလိုက်ရတယ်… ဒါကြောင့်… သူ မျှော်လင့်ချက်တွေ ကင်းမဲ့ခဲ့တယ်…


Posted by အိုင်အို နန်းထိုက် on July 31, 2013 at 14:00
Send Message View Blog







ကောင်မလေးတစ်ယောက် လူတစ်အုပ်စုရဲ့စော်ကားအနိုင်ကျင့်ခြင်းကို ခံလိုက်ရတယ်…
ဒါကြောင့်… သူ မျှော်လင့်ချက်တွေ ကင်းမဲ့ခဲ့တယ်…
သူ့ဘ၀ကို အဆုံးစီရင်ဖို့ စဉ်းစားခဲ့တယ်… ဒါပေမဲ့ သူချစ်တဲ့သူကို မထားရစ်ခဲ့နိုင်ဘူး…
ဒါနဲ့သူ သူချစ်တဲ့သူကို ဖုန်းကနေတဆင့် ပုံပြင်တစ်ပုဒ်ပြောပြလိုက်တယ်…

ကောင်လေးက နားထောင်ပြီးတော့ သူ့ပုံပြင်က ဘယ်သူ့ကိုဆိုလိုတာလဲဆိုတာကို

ု သိလိုက်တယ်…
... ဒါပေမဲ့ သူဒီလိုဖြစ်ရပ်မျိုးကို ချက်ချင်းလက်မခံနိုင်ဘူး… ကောင်လေးက ကောင်မလေးကိုပြောလိုက်တယ်…

သူ့ကို ၁၂ နာရီ အချိန်ပေးပါ…
ကောင်မလေးက ဒီအဖြေကို သိနေပြီ… မျက်နှာကို အတင်းပြုံးလိုက်ပြီး “ကောင်းပြီလေ… နင့်ကို ၁၂ နာရီ အချိန်ပေးမယ်… ငါ့ကို လဲ ၁၂ နာရီ အချိန်ပေးလိုက်မယ်…”

မိုးတဖြေးဖြေးလင်းလာပြီ… အရှေ့ဘက်ကနေ လင်းရောင်ခြည်ကို ၀ိုးတိုးဝါးတာမြင်နေရပြီ…
ကောင်မလေးက သိလိုက်ပြီ… သူ့မှာမျှော်လင့်ချက် မရှိတော့ဘူး။ ကိုယ့်ကိုယ်ကို လှလှပပဖြစ်အောင် ပြင်ဆင်လိုက်တယ်…
အိပ်ဆေးပုလင်း ကိုကြည့်ပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်…
သူ့မှာ လက်မှိုင်ကျစရာတွေ… တွန့်ဆုတ်နေတာတွေ ရောထွေးနေတယ်…


အဲဒီ အချိန်မှာဘဲ ဖုန်းသံမြည်လာတယ်… ကောင်လေးဆက်လာတာပါ…
“ငါတညလုံး စဉ်းစားထားပြီးပြီ… ငါနင်ကိုပြောပြချင်တာက…”
ကောင်မလေးက လုပြီးပြောလိုက်တယ် “မပြောနဲ့တော့… ငါသိတယ်… နင်ဘာပြောမလဲဆိုတာကို။ နင်ငါ့ကိုချစ်တယ်လို့ တစ်ခွန်းလောက်ပြောပေးပါလား…”


ကောင်မလေးက အိပ်ဆေးတွေကို လက်ဖ၀ါးပေါ်တွန်ချလိုက်တယ်… အလုံးတစ်ရာလောက်ရှိတဲ့ ဆေးပြားတွေဟာ သူ့လက်သေးသေးလေးမှာ အပြည့်ပါဘဲ…
ကောင်လေးက ညင်သာစွာပြန်ပြောလိုက်တယ်… “ အင်း… ငါနင့်ကိုချစ်တယ်…”
“ဒီကိစ္စဟာနင့်ရဲ့ အမှားမဟုတ်ပါဘူး… နင်လဲမဖြစ်ချင်ဘူး… ဒါပေမဲ့လဲ ဘယ်တတ်နိုင်မှာလဲ… ငါတစ်ခုတောင်းဆို ချင်တယ်… လိုက်လျောနိုင်မလား?”
“အင်း.. နင်ပြောလေ… ငါနားထောင်နေမယ်… ဒီ အချိန်တိုတိုလေးမှာ လုပ်ပေးနိုင်မယ်ဆိုရင် ငါလိုက်လျောပေးပါ့မယ်…”

“အချစ်…

ငါတို့လက်မထပ် ခင် အထိ နင့်ရဲ့ အပျိုစင်ဘ၀ကို ဒုတိယတစ်ခေါက် စောင့်ထိန်းပေးနိုင်မလား?”
“ဘာ?” ကောင်မလေး ခဏတာ မှင်သက်သွားပြီး “ဒါမျိုးက တစ်ကြိမ်ဘဲရှိတာ… ဘယ်လိုလုပ်ပြီးဒုတိယ တစ်ကြိမ်ရှိမှာလဲ?”
“ဟုတ်တယ်၊ ပထမ တစ်ကြိမ်တုန်းက နင် မဆုံးရှုံးချင်ဘူး… နင့် ဆန္ဒမပါဘဲ ပေးလိုက်ရတာ… ဒုတိယတစ်ကြိမ်ကိုတော့ နင့်ရဲ့စိတ်ဆန္ဒနဲ့ ငါ့ကိုပေးနိုင်မလား?”

ဘိုင်း… ဆေးပုလင်းနဲ့ ဖုန်း ကောင်မလေးရဲ့လက်ထဲကနေ လွတ်ကျသွားတယ်…
ကောင်မလေးရဲ့ ကြည်လင်လှတဲ့ မျက်ရည်တွေဟာ သူ့ရဲ့မျက်နှာပြင်အတိုင်းစီးကျလာတယ်…

“ဟဲလို… နင်ဘာဖြစ်သွားတာလဲ?”

ကောင်လေး တော်တော်လေးလန့်သွားတယ်… သူ ခြေကုန်လက်ပန်း ကောင်မလေးရဲ့ အိမ်ကို ပြေးလာခဲ့တယ်…
သူ သူ့ကို ဆုံးရှုံးလို့မဖြစ်ဘူး… သူ သူ့ကိုချစ်တယ်…
သူဘာဘဲဖြစ်နေပါစေ… သူသိတာက.. သူဟာ သူ့ရဲ့ အသက်… သူဟာ သူ့ရဲ့နတ်သမီး… သူဟာ သူ့ရဲ့တစ်ခုတည်းသော…
သူ မောမောဟိုက်ဟိုက်နဲ့ ကောင်မလေးအိမ်တံခါးရှေ့ရောက်တဲ့အချိန်မှာ…
တံခါးကိုဆွဲဖွင့်လိုက်တယ်… ကောင်းမလေး ရဲ့မျက်ရည် အဆက်မပျက် ကျဆင်းနေတဲ့ မျက်ဝန်းအစုံဟာ တံခါးဝကို စိုက်ကြည့်နေတယ်…
“ဟူး…”သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်တယ်… “ တော်သေးတာပေါ့… ငါ့မှာလန့်လို့သေတော့မယ်…”

ကောင်မလေးက သူ့ဆီက ပြေးဖက်လိုက်တယ်… နူးညံ့စွာ ပြောလိုက်တယ်…
“ငါ ငါ့ရဲ့ဒုတိယ တစ်ကြိမ်ကို နင့်ကိုပေးမယ်… အခုပေးလဲရတယ်…”
ကောင်လေးက ကောင်မလေးရဲ့ လင်းလက်နေတဲ့ မျက်ရည်ကို အနမ်းပေးပြီးပြောလိုက်တယ်…
“မဟုတ်ဘူး… အဲဒီနေ့ကိုစောင့်ပါ… အဲဒီနေ့မှာ နင်ငါ့ကိုပေးမယ်ဆိုမှငါယူမယ်… ငါစောင့်မယ်… နင်လဲစောင့်ရမယ်… သိလား?”

ကောင်လေးက ကောင်မလေးရဲ့ကောင်းကို ပွတ်ပြီးပြောလိုက်တယ် " နင်သေသွားရင် ငါနင့်ကို ဘယ်လိုဆက်ချစ်ရတော့မှာလဲ? ငါနင့်ကိုချစ်တာ နင့်ကိုပျော်ရွှင်ကြည်နူးစေချင်လို့ပါ..."

ကောင်မလေး ဖြတ်သန်းလာခဲ့တဲ့ နေ့များစွာမှာ ပထမဦးဆုံးသော “ကြည်နူးမှု အချစ်မျက်ရည်ကျဆင်းခဲ့ရတယ်…”

လူတစ်ယောက်ကို ချစ်တာ သူ့ကောင်းကွက်ကိုဘဲ ချစ်တာမဟုတ်ဘဲ သူ့ရဲ့ အားနည်းချက်၊ လိုအပ်ချက်၊ မှားယွင်းချက်လေးတွေကိုပါ လက်ခံနိုင်ဖို့လိုပါလိမ့်မယ်...



နန်းထိုက်အောင်


yamatoprince@gmail.com


Credit to Myawaddy



Views: 549


Tags: blog, boy, girl, hot, kiss, love, news

နတ်သမီးပုံပြင် ( မိန်းကလေးများအတွက်)


ပုံပြင်အစ……………..
တစ်ခါတုန်းက
ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ……..
“ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ”
ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က
“ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား”
ဟုမေးလိုက်လေ၏ ။
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။
ဘုရားသခင်ကဆက်ပြောပြသည် ။
ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး….
“ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် ”
ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။
ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။
“လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် …… မဖြစ်နိုင်တာ .”
ဟုပြောပြီးခေါင်းခါနေပြန်၏ ။
ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး …
“ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား”
ဟုထပ်မေးပြန်၏ ။
“ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်”
ဘုရားသခင်က ဆက်ပြောပြန်၏ ။
“ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ ”
“………..”
“နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။
နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။
“နူးညံ့လွန်းလှချည်လား
“ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်”
“သူမကတွေးတတ်လား”
ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။
“တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်”
နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏
“ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး”
“ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်”
“ဘာအတွက်လဲ”
“သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ”
ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။
“သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်”
ဟုဆိုလိုက်သည် ။
ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။
“ဟုတ်တယ် … လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်”
“သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်”
“အဲ့ဒီလောက်တောင်ပဲလား”
“ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ”
“အို”
“သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး”
“သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်”
နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။
“သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ …. သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်”
“…………”
“အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်”
“ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်”
“ဘယ်လို”
နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏
“ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ”
“ဘာချို့ ယွင်းချက်လဲ”
“သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်”
“ဟင်”
“နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်”
ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။
ပုံပြင်အဆုံး
ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို့ မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး.. စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့ အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ အားတင်းပြီး လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီးဆက်ဆံလိုက်ပါလို့ …ပြောကြားရင်း …..
ဒီပုံပြင်လေးဟာ လူနေ (နတ်သမီးအဆောင်)ဆိုတဲ့ ၀တ္ထု စာအုပ်ကလေးထဲက ဇာတ်လိုက်မင်းသားလေးကို သူ့ အဖေက ပြောပြနေတဲ့ ပုံပြင်လေးဖြစ်ပါတယ် ။ ၀တ္ထုစာအုပ်လေးက sample အဖြစ်ထုတ်ထားတာမို့ လို့ တော်တော်တော့ ရှာဝယ်ရမှာပါ ။ ဖတ်ကြည့်လိုက်ပါ အရမ်းကောင်းပါတယ် ။ လူနေရဲ့ ပရိသတ်တွေ သိပြီးသားနေမှာပါ ။ လူနေ ရဲ့ စာအရေးအသားကို ။ ဘယ်လို အကြောင်းအရာလေးလဲဆိုတော့ အသည်းကွဲနေတဲ့ ကောင်မလေး တစ်ယောက်ကို လမ်းမှန်ပြန်ရောက်အောင် ကောင်လေးတစ်ယောက်က ဘယ်လို ပို့ ပေးလိုက်တယ်ဆိုတဲ့ အကြောင်းလေးကို … လူငယ်အကြိုက် ..ရေးဖွဲ့ ထားထာ ဖြစ်ပါတယ် ။ ။
နန်းထိုက်အောင်
yamatoprince@gmail.com

Tuesday 30 July 2013

မီးဖိုချောင်မှနည်းလမ်းကောင်းလေးများ


             
၁။ ခေါင်းကိုက်နေပါသလား၊ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။တဆစ်ဆစ် ကိုက်နေတာတွေ သက်သာသွားပါလိမ့်မယ်။

၂။ ခြင်ကိုက်လို့ယားနေပါလား၊ ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။

၃။ သကြားအညိုတွေခဲနေပါက ပန်းသီးတစိပ်လောက်ထည့်လိုက်ပါ။ ချက်ချင်းအရည်ပျော်သွားပါလိမ့်မယ်။

၎။ တစ်လတစ်ခါရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊ဒိန်ချဉ် ဘူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို
သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ကိုက်ခဲတဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေပါတယ်။

၅။ ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ကြည့် ပါ။ ပြောင်းဖူး ရဲ့ သဘာ ၀အချိုဓါတ်တွေ ထွက်လာစေပါတယ်။

၆။ ပုရွက်ဆိပ်ကလေးတွေ အိမ်မှာတန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။

၇။ ထမင်းအိုး ဟင်းအိုးတွေ တူးပြီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေထည့်ပြုတ်လိုက်ပါ။

၈။ ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီး အနှစ်ရည်)နဲ့ တိုက်လိုက်ပါ။

၉။ မီးဖိုချောင်သုံးစတီးအိုးခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပြီး အပြင်၊အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။
၁၀။ ရုံပတီသီးကြော်စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာမကြိုက်ပါက ဟင်းအိုးချတဲ့အချိန်မှာ သံပုရာသီး တစိပ်ထည့်လိုက်ပါ လုံးဝမချွှဲတော့ပါဖူး။

၁၁။ ကြက်သွန်နီနွာလို့ မျက်ရည်မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ် သုတ်ပီး လှီးပါ။

၁၂။ အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေစွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ အနံ့တွေပျောက်သွားပါလိမ့်မယ်။

၁၃။ ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေလာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ။

၁၄။ ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ အရောင်လွှင်ြ့ပယ်တာကိုကာကွယ်တဲ့ အပြင် ၊မှိုတက်မဖြစ်တော့ပါဖူး။

၁၅။ သတင်းစာကို ရေ နဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည်လင်လင်လေးဖြစ်လာပါလိမ့်မယ်။

၁၆။ ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကိုစင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။

၁၇။ ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေဖူး။

တီတီလေးရဲ့အတွေးများဘလော့မှကူးယူဖော်ပြပါသည်
             
          

ရေကန်ထဲကဆား(စိတ်ဓါတ်ကျနေသူများအတွက်ပါ)

အရမ်းကောင်းတဲ့ ဥပမာ လေးပါ ...ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ်

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်
သူဟာ တစ်နေ့မှာတော့
အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့  ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့
လူငယ်တစ်ယောက် ဆီ ရောက်လာပါတယ်..


ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်..... ရေဖန်ခွက်ထဲကို
ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာလူငယ်ကို သောက်စေပါတယ်. ပြီးတော့ဘယ်လိုအရသာမျိုး ရှိသလဲလို့
မေးတဲ့အခါ ထိုလူငယ်က


“ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်


.. ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို  ဆားတစ်ဆုပ်ကို  ယူလာခဲ့ပါလို့  ခိုင်းလိုက်ပြီး  သူနဲ့အတူ
လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်.


မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်းအလွန်ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နာ ရောက်လာကြ
ပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်.
. ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ


ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်..


ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်..
ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက
ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့ လူငယ်က
ပြန်ဖြေလိုက်ပါတယ်.. ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ
“ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်..ဘ၀မှာ ကြုံလာတဲ့
နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်
မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို
ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့
ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့…”
“ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ   ကြုံလာတိုင်းခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ..
ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲကျင့်ကြံလိုက်ပါ..ဒီလိုဆိုရင်နာကျင်ခံစား
နေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါးသက်သာသွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်..


“Stop being a glass. Become a lake.” ဒီဥပမာလေးကို သဘောကျလို့ ပြန်လည်ဝေမျှပါတယ်

သော်တာ မောင်ထံမှ
ကြည့်သူဦးရေ: 267

ခပ်ညံ့ညံ့လူ အပိုင်း(၄)

ခပ်ညံ့ညံ့လူအပိုင်း (၄)

ခပ်ညံ့ညံ့လူနှင့်ထိုင်းနိုင်ငံအလည်အပတ်ခရီးသွားခြင်းအကြောင်း

ခပ်ညံ့ညံ့လူနှင့်စကားပြောရသည်မှာတစ်ခါတစ်လေတွင်အဆင်မပြေပါ......ယခုလည်းသူပြောချင်တာ
ကိုသာဆက်ပြောနေသည်အစီအစဉ်ကလုံးဝမကျပေ....အကြောင်းအရာတွေကဟိုရောက်လိုက်.......
သည်ရောက်လိုက်ဖြစ်နေသည်။
အစီအစဉ်ကျအောင်ပြောပြပါလားဆိုတော့....နားမထောင်ချင်လည်းနေဗျာစိတ်ကူးရတာပြောရတာတဲ့
နကိုကတည်းကညံ့ပါတယ်ဆိုမှ....ဟုဆိုလာသည်....
ကျွန်တော်က...ဟုတ်ပါဘူးဆရာရယ်..ဆရာပြောချင်တာသာပြောပါတော့ဟုဆိုလိုက်ရတော့သည်။

               ခပ်ညံ့ညံ့လူ....၂၀၁၁ခုနှစ်အောက်တိုဘာလမှာ...ထိုင်းနိုင်ငံ...မဲဆောက်မြို့ကိုအလည်အပတ်
လေ့လာရေးခရီးသွားခဲ့သည်....အခြေအနေကောင်းလျင်ပျော်သလောက်နေမည်ဟုဆုံးဖြတ်ထားသည်....
ဟိုကိုရောက်တော့ခပ်ညံ့ညံ့လူကိုတာဝန်ခံခေါ်ဆောင်သူက.....အဖွဲ့အစည်းတစ်ခုတွင်အသုံးချရန်ကြိုးစား
လာသည်....မလုပ်နိုင်ဟုအပြတ်ငြင်းလိုက်သည်....တာဝန်ခံခေါ်လာသူ၏စိတ်သရုပ်အမှန်ကိုသိရလေပြီ
ခပ်ညံ့ညံ့လူကိုအလုပ်အကိုင်တစ်ခုရှာပေးပြီးနေအိမ်မှဥပါယ်တမျှင်သုံးပြီးထွက်ခွာစေလေသည်............
ခပ်ညံ့ညံလူမှာ....Migrant School တစ်ခုတွင်ကျောင်းဆရာဝင်လုပ်သည်.....လူပေါင်းစုံ...စရိုက်ပေါင်းစုံ
နှင်စတင်၍ထိတွေ့ဆက်ဆံရသည်....တော်လှန်ရေးသမားများ / ဒုက္ခသည်ဆိုသူများ/လုပ်စားသတင်းသမား
များ.....မဲဆောက်ရောက်မြန်မာများ/နိုင်ငံခြားမှအလှူရှင်ဆိုသူများ (အသားလို၍အရိုးပေးသူများ)/နိုင်ငံရေး
သမားဆိုသူများ/တရားမဝင်မြန်မာအလုပ်သမားများအကြောင်းကိုတော်တော်လေးသိခွင့်ရခဲ့သဖြင့်..........
ဗဟုသုတများစွားတိုးပွားရင်းဖြင့်......ညံ့ပြီးရင်းညံ့ခဲ့လေသည်...အကြောင်းအရင်းမှန်မှာသူတို့၏ခံယူချက်...
အတွေးအခေါ်...ကိယ်ကျင့်တရားများကိုခပ်ညံ့ညံ့လူလက်မမီနိုင်ခဲ့ကြောင်းကိုတော့ပွင့်လင်းစွာဝန်ခံပါ၏..။
ခပ်ညံ့ညံ့လူနေ့စဉ်မြင်တွေ့နေရသည်မှာတရားမဝင်မြန်မာအလုပ်သမလေးများပင်ဖြစ်ပါသည်...............
ရောက်စကတော့မြန်မာ့ဟန်လေးများမပျောက်သေး....တစ်လကျော်လောက်ကြာသောအခါ....အရင်ရောက်
နေသူများ၏လက်သုံးစကားအတိုင်းပြောရလျင် Maesot Chapter (မဲဆောက်လူနေမှုပုံစံ)ဝင်ကုန်တော့သည်
ဈေးပေါပေါဖြင့်ဝယ်နိုင်သောဖုန်းကလေးတွေကိုယ်စီ (မြန်မာငွေ၁၀၀၀၀ိ/လောက်ရှိလျင်လူတိုင်းဖုန်းကိုင်နိုင်သည်)
ဆံပင်ကလေးတွေကနီကြောင်ကြောင်...စကတ်တွေဂါဝန်တွေ...ဘောင်းဘီကွာတားဆိုက်စုံတွေနှင့်ဖြစ်ကုန်ကြ
သည် (ဈေးထဲမှာကိုယ်တိုင်တွေ့ရသောကြောင့်ပြောပါသည်)စတိုင်တွေပြောင်းကုန်သည်...........................
ခပ်ညံ့ညံ့လူမှာတော့ဖုန်းမရှိပါ....Laptop တစ်လုံးတော့ရှိသည်.....အွန်လိုင်းသုံးရန်ဖြစ်သည်......................
ကျောင်းတွင်အင်တာနက်ဖရီးရပါသည်........ဈေးထဲသို့ဈေးဝယ်သွားရင်းယခုမှရောက်လာသူပုံစံဖမ်းရင်း......
သူတို့အကြောင်းကိုလေ့လာစုံစမ်းကြည့်သည်......တစ်ယာက်တစ်မျိုးပင်ဖြစ်သည်.................................။
တစ်ယောက်သောကောင်မလေးက....ဖုန်းကိုင်တာမိတ်ဆွေတွေနှင့်ပြောဖို့ပါတဲ့...တစ်နေ့တာ(၉)ဘတ်.....
(ထိုင်းနိုင်ငံသုံးငွေ) free လုပ်ထားရင်တစ်နေကုန်ကျူလို့ရတယ်...သိပ်တန်တာဘဲတဲ့...မြန်မာပြည်မှာဆို
လမ်းဘေးက (အများသုံးတယ်လီဖုံး)ပြောရင်တောင်တစ်မိနစ်၅၀/၁၀၀ကျပ်ပေးရတာတဲ့...ဒီမှာဖရီးလုပ်ထားလျင်
(၉)ဘတ်ဆိုတော့မြန်မာငွေ(၂၇ဝ)လောက်ဘဲကျတယ်...ဦးလေးကလည်း..ညံ့ရောဘဲ..တဲ့..................
မြန်မာဆန်တဲ့ဝတ်စုံလေးတွေကိုမဝတ်ကြတော့ဘူးနော်...ဆိုတော့ "ရောမရောက်လျင်ရောမလိုကျင့်ရတယ်လေ"
ဦးကဒါတောင်မသိပါလား..တဲ့...တစ်ခါတစ်လေထိုင်းရဲနဲ့တိုးရင်ထိုင်းဟန်ပေါက်နေမှာဖြစ်မယ်တဲ့...............
အရစ်ခံရလျင်ဘတ်(၁၀၀)ပေးမှလွတ်တာလေ...။  ဘာလို့ပေးရတာလည်းမေးကြည့်တော့....သမီးတို့မှာ....
ဘတ်(အလုပ်လုပ်ခွင့်စာအုပ်) မှမရှိတာတဲ့...တစ်နေ့ကိုဘယ်လောက်ရသလည်းမေးကြည့်တော့................
ဘတ်၁၀၀/၁၂၀/၁၅၀ အမျိုးမျိုးပေါ့တဲ့ အိုတီ (Over Time) နဲ့ဆိုလျင်ကိုက်ပါတယ်တဲ့...ဘယ်မှာနေကြသလည်း
ဆိုတော့...တစ်ချို့လည်းစက်ရုံတန်းလျားမှာနေတယ်...သမီးတို့ကတော့သူငယ်ချင်းတွေစုပြီးငှားနေတယ်.....
ဒီမှာနေလျင်ကောလာမဖမ်းဘူးလားမေးတော့...မဲဆောက်ရဲတွေကတောမဖမ်းပါဘူးတဲ့..ဘန်ကောက်ကဆင်း
လာတဲ့အထူးရဲဆိုလျင်တော့ဝင်ဖမ်းတာဘဲတဲ့...ပြီးလျင်မြဝတီကမ်းနားသွားပုံတယ်လေ..သူတို့လည်းပြန်ရော
ထိုင်းထဲကိုပြန်ဝင်လာလိုက်တာဘဲ......ထိုင်းတောမော(လူဝင်မှုကြီးကြပ်ရေးက)တရားစွဲပြီးထောင်မချဘူးလား
မေးတော့....ဦးကလည်းညံ့လိုက်တာမဲဆောက်တစ်ခွင်ကတရားမဝင်အလုပ်သမားဦးရေကနှစ်သိန်းကျော်လောက်
ရှိတော့ထောင်ချမယ်ဆိုလျင်နောက်ထပ်အကျဉ်းထောင်ဆယ်လုံးလောက်ဆောက်ရမှာငွေကုန်မှာပေါ့တဲ့......
သမီးတို့လိုတရားမဝင်အလုပ်သမားတွေကလုပ်ခပေါတော့ ထိုင်းအလုပ်ရှင်တွေကလက်မလွှတ်ချင်ကြဘူး
ထိုင်းရဲတွေကိုငွေပေးထားတာ...ဖမ်းမယ်ဆိုရင်တောင်ရဲကကြိုပြီးလာပြောတော့ရှောင်လို့ရတာပေါ့......တဲ့
ထိုင်းရဲတစ်ချို့တောင်မြန်မာစကားတတ်နေကြပြီ....ဘတ်(အလုပ်သမားလက်မှတ်)မပါလျင်သူတို့က......
၁၀၀ ပေးတဲ့ (၅၀/၆၀/ရ၀/၈၀/၉၀)ဘဲပါလို့ပေးလျင် "မရဘူး"တဲ့..ဒီနှစ်ခွန်းကိုတော့ကောင်းကောင်းတတ်တယ်
ခပ်ညံ့ညံ့လူပြုံးဖြစ်လေသည်...ကောင်မလေးက...ဦးလေးကိုကြည့်ရတာဒီကိုရောက်တာမကြာသေးဘူးနဲ့
တူတယ်...သွားသတိ....လာသတိနော်တဲ့...မဲဆောက်မှာကိုယ့်မြန်မာအချင်းချင်းဆိုပြီးသိပ်မယုံနဲ့တဲ့..........
လူလယ်တွေများတယ်တဲ့...ဈေးဝယ်ရင်ထိုင်းဆိုင်မှာဝယ်နော်...ဈေးမှန်တယ်အလေးပြည့်တယ်.............
မြန်မာပြည်ကလူတွေရောင်းတဲ့ဆိုင်ဆိုဈေးနည်းနည်းလျှော့မယ်...အလေးများများခိုးတတ်တယ်တဲ့......
အကုန်လုံးတော့မဟုတ်ပါဘူး....အများစုကတော့အလေးခိုးတယ်တဲ့....သိပ်မညံ့နဲ့နော်ဦးလေး........
ထိုင်းစကားလေးလည်းတတ်အောင်သင်ထားဦး...သမီးပြန်ဦးမယ်တဲ့။
ကျွန်တော့မှာတရားဝင် Passport (နိုင်ငံကူးလက်မှတ်)ရှိနေသူကိုသူမ...သိမသွားရှာပါ။
ခပ်ညံ့ညံ့လူညံ့နေသောအကြောင်းအရာတော်တော်များများကိုတော့နောက်မှဘဲဆက်ပြောပါတော့မည်။

ခပ်ညံ့ညံ့လူ အပိုင်း(၃)

ခပ်ညံ့ညံ့လူ   အပိုင်း(၃)

ခပ်ညံ့ညံ့လူနှင့်ဆေးရုံပေါ်ကဖြစ်ရပ်များ

ခပ်ညံ့ညံ့လူရဲ့ဘဝသည်နယ်စုံအောင်သွားခဲ့ရသောကြောင့်သူ့ဘဝကလည်းစုံလင်ပါသည်
ခပ်ညံ့ညံ့လူပုသိမ်မြို့တော်မှာခေတ္တနေထိုင်စဉ်ဆေးရုံနှင့်ပတ်သက်၍အောက်ပါအတိုင်းတွေ့ကြုံရ
ဖူးလေသည်.......ခပ်ညံ့ညံ့လူဧ။်ဦးလေးတော်သူသည်အစာအိမ်ရောဂါပြင်းထန်လာ၍ပုသိမ်ပြည်သူ့ဆေးရုံ
ကြီးကိုလာတက်ပါသည်....ဦးလေးဧ။်ယခင်ဆေးစာအဟောင်းကိုဖတ်ကြည့်တော့ Cancer ဖြစ်နေပြီဟုသိရ
ပါသည်....ဆေးရုံရောက်တော့ထုံးစံအတိုင်းဆီးစစ်..သလိပ်စစ်...သွေးစစ်...ဓာတ်မှန်ရိုက်...လုပ်ရတော့ငွေ
တော်တော်လေးကုန်သွားသည်...ဘာရောဂါဖြစ်သည်ကိုမသိရသေး.....သိရတာတစ်ခုတော့ရှိသည်.......
ဆေးရုံတွင်ဘာမျှအလကားမရပါ....ဂွမ်းကအစဝယ်ရသည်.....။
နောက်နေ့ကျတော့...ဦးလေးဗိုက်ခွဲရမည်တဲ့...မခွဲမီသွေးသွင်းရန်လိုသည်တဲ့....သွေးရှာရတော့သည်......
သွေးတစ်ပုလင်းကိုကျပ်တစ်သောင်းနှင့်လှူမည့်သူရှိသည်တဲ့....ဆေးရုံဝန်ထမ်းကပြောလာသည်............
ခပ်ညံ့ညံ့လူကဆေးရုံသွေးလှူဘဏ်မှာလာလှူထားတဲ့သွေးတွေရှိနေတာသိနေ၍ဒီသွေးတွေထဲကလောလော
ဆယ်သုံးလို့မရဘူးလားမေးတော့.....ကိုယ့်ဘာသာကြည့်လုပ်ကြည့်လေဟုပြောသည်.....။
ခပ်ညံ့ညံ့လူကမြို့ခံဆိုတော့ဘာလုပ်ရမည်ကိုသိသည်....ဘုန်းကြီးကျောင်းစာသင်တိုက်(တိုက်ကြီးကျောင်း)
ကိုသွားသည်....တာဝန်ခံဆရာတော်ကိုလျှောက်ထားတော့စာသင်သားရဟန်းတစ်ပါးကသွေးလှူရန်လိုက်
လာသည်...မြတ်သောဒါနဖြစ်ပေသည်။ သွေးကိစ္စအဆင်ပြေတော့နောက်တစ်ခုပေါ်လာပြန်သည်.........
မနက်ဖြန်ခါခွဲစိတ်ခန်းဝင်ရမှာဆိုတော့......ခွဲစိတ်မည့်ဆရာဝန်ကြီးကို...တတ်နိုင်သလောက်သွားကန်တော့
ရန်....ဆေးရုံဝန်ထမ်းကောင်လေးကပြောလာသည်....ခပ်ညံ့ညံ့လူကခွဲစိတ်ခန်းဝင်တာကန်တော့ရလား...
ကျွန်တော့ဦးလေးကဆရာဝန်ထက်အသက်ကြီးတယ်လေဟုပြန်ပြောမိတော့...ခင်ဗျားတို့တွေဟာလေ....
လူမှုရေးအသိညံ့တယ်...ကိုယ့်လူနာကိုဒါမှဂရုစိုက်မှာပေါ့ဗျ...တဲ့..ချုပ်ရိုးလေးတွေလည်းသပ်ရပ်မှာပေါ့တဲ့..
ဟုတ်ပေသားဘဲ....ငါကလည်းညံ့လိုက်တာ..ဟုခပ်ညံ့ညံ့လူတွေးမိသည်...ညနေကြတော့ချုပ်ရိုးလှရန်....
ငွေ (၃၀၀၀၀ိ/)ကိုစာအိတ်ကလေးထဲထည့်၍သွားရောက်ဂါရဝပြုခဲ့သည်...ဆရာဝန်အမျိုးသမီးကိုဦးလေး
ရောဂါအကြောင်းမေးကြည့်တော့ထင်သည့်အတိုင်း....အစာအိမ်ကင်ဆာဖြစ်နေပြီတဲ့...နောက်ထပ်ဘယ်
လောက်နေရဦးမှာလည်းမေးကြည့်တော့အများဆုံးတော့(၈)လလောက်နေရမယ်ထင်တယ်တဲ့(ခွဲစိပ်ပြီးလျင်)
ဦးလေးကိုတော့ကင်ဆာဖြစ်နေကြောင်းလုံးဝအသိမပေးခဲ့ပါ....။ခွဲစိပ်မှုအောင်မြင်ခဲ့ပါသည်......။
ဦးလေးကတော့....ငါ့ရောဂါသက်သာသွားပြီတဲ့...မင်းတို့ကူညီပေးတာလည်းကျေးဇူးတင်ပါတယ်.....
ဟုပြောသည်...ဦးလေးမသိသောအချက်မှာ...ရွာမှသူ့ဥယျာဉ်ခြံကလေးကိုငွေကျပ်(၃၀၀၀၀၀)နှင့်အပေါင်
ထားခဲ့သည်ကိုမသိခဲ့ပါ......ဦးလေးမှာလူ့လောကတွင်နောက်ထပ်(၂)နှစ်ခန့်နေပြီးဆုံးသွားခဲ့ပါသည်။
ဦးလေးဆုံးသွားသည့်တိုင်မိသားစုမှအကြွေးဆပ်၍မကျေနိုင်သေးပါ။
ခပ်ညံ့ညံ့လူကသူငယ်ချင်းကိုထိုအကြောင်းပြောပြတော့...မင်းကလည်းကွာတဲ့ဆေးရုံတော်တော်များများ
မှာဒါမျိုးတွေရိုးနေလိုထုံးစံဖြစ်နေပြီတဲ့.....ခပ်ညံ့ညံ့လူမှတ်ထားလိုက်သည်။
ရန်ကုန်တွင်ရှိသောသူငယ်ချင်းဆရာဝန်နှင်တွေ့တော့ဦးလေးဆေးရုံတက်စဉ်ကအကြောင်းတွေပြန်ပြောပြ
မိသည် (မကျေနပ်ကြောင်းပါ)........သူငယ်ချင်းဆရာဝန်ကပါရဂူတစ်ယောက်ဖြစ်သည်.....................
သူကပြောသည်မှာ..." အားလုံးကိုအထင်မလွဲပါနဲ့ကွာ...ဒို့ဆေးရုံမှာဒါမျိုးမရှိဘူး " ဟုပြောသည်........
ဟုတ်ပေမပေါ့....သူတာဝန်ထမ်းဆောင်နေတာက...စစ်ဆေးရုံဖြစ်သည်........။
ခပ်ညံ့ညံ့လူက......" စစ်ဆေးရုံဆိုလျင်ငွေမပေးရဘူး....အရပ်ဆေးရုံဆိုလျင်ပေးရတယ်...ဒီလိုလား " ဟု
ပြန်မေးတော့....မင်းဟာလေ...သိပ်ခွကျတယ်...ငယ်ငယ်ကအတိုင်းဘဲ...ထင်ရာပြော...လုပ်ချင်တာလုပ်
ညံ့သေးတယ်...ပတ်ဝန်းကျင်ကိုမျက်ခြည်မပြတ်နဲ့ ပေးသင့်တာပေး...ယူသင့်တာယူ....မှန်တယ်ဆိုတာ
နေရာတိုင်းကောင်းတာမဟုတ်ဘူး...ရိုးသားဖြောင့်မတ်ခြင်းကကောင်းတယ်....ဒါပေမဲ့...အဲဒီလူကတော့
ထမင်းစားလို့ကောင်းမှာမဟုတ်ဘူး....တဲ့.....။
ခပ်ညံ့ညံ့လူကနားမလည်ချင်ယောင်ဆောင်၍...ဘာဆိုင်လို့လည်း...ငါထမင်းစားလို့ကောင်းသားဘဲ...ဟု
ပြန်ပြောတော့...  သူငယ်ချင်းက....ထမင်းစားလို့ကောင်းချင်ကောင်းမှာပေါ့....ဟင်းကတော့..............
ကောင်းမှာမဟုတ်ဘူးကိုယ့်လူတဲ့.....မင်းညံ့သေးတာဘဲတဲ့ဗျာ......။
ဒီတစ်ခါလည်းခပ်ညံ့ညံ့လူ.......ညံ့တယ်ဟုအပြောခံဖြစ်လေသည်။

  အညတြစာစဉ် (၂၄၁)...........မကူးယူပါ...မိတ္တူမှန်ဖြစ်ပါသည်......ခပ်ညံ့ညံ့လူ။


ကြည်သူဦးရေ: 13