Powered By Blogger

Sunday 17 March 2013

ပေါ့ပေါ့ပါးပါး ပြုံးစရာ ဟာသ (၂)


ပင်ပန်းလို့
စိတ်ရောဂါဝေဒနာရှင်တစ်ယောက်က ဆရာဝန်ကိုပြောသည်။
"ဆရာ ကျွန်တော်အခုနေတဲ့အခန်းမှာ မနေချင်တော့ဘူး အခန်းပြောင်းနေလို့ရမလား"
"ဘာဖြစ်လို့လဲကွ"
"အခုကျွန်တော်နဲ့အတူတူနေတဲ့အခန်းဖော်က တစ်ချိန်လုံး
ငါးထိုင်မျှားနေတယ်၊ ငါးမျှားတံလဲမပါဘဲနဲ့ ဆရာရယ် ဘယ်လိုလုပ် ငါးမိတော့မှာလဲ"
"သူ့ဟာသူမျှားနေတာပဲကွ မင်းကဘာဖြစ်လို့လဲ"
"သူ့ဟာသူမျှားတာပဲဆိုပြီး ဒီတိုင်းထိုင်ကြည့်နေလို့ဘယ်ကောင်းမလဲ'' ဆိုပြီး
''သူငါးမမိမချင်း ကျွန်တော်ကလှေထိုင်လှော်ပေးနေရတာ ပင်ပန်းလို့"။
ပုစွန်ထုပ်
လူသားစား အရိုင်းတစ်ယောက် ၎င်း၏သားငယ်နှင့်အတူ လမ်းလျှောက်နေသည်။
ဤအချိန်တွင် ၎င်းတို့အပေါ်မှ လေယာဉ်တစ်စင်း ဖြတ်ပျံသွားသည်။ သားငယ်က-
'' အဖေ...အဲဒါဘာလဲ ''
'' လေယာဉ်ပျံ သူဟာ ပုစွန်ထုပ်လိုပဲ အထဲမှာပါတာ စားလို့ရတယ် ''။
ဝမ်းချုပ်နေလို့
တောရွာတစ်ရွာတွင်နေထိုင်သော အဘကြီးတစ်ယောက် မြို့ပေါ်ရှိ အသိတစ်ယောက်ဆီသို့
အလည်လာ၏။ အသိအိမ်သို့မရောက်ခင်လမ်း၌ အထုပ်တစ်ထုပ်ကောက်ရလေသည်။ ထိုအ
ထုပ်ကိုဖွင့်ကြည့်လိုက်ရာ ဆပ်ပြာမွှေးခဲများဖြစ်နေသည်။ သို့သော်လည်း ခေါင်ပါးသည့်တောရွာတွင်
နေထိုင်သည့်အလျှောက် သဲဆပ်ပြာ၊ဆင်ချေးတုံးဆပ်ပြာလောက်သာသိသော သူ့အဖို့အထူးအဆန်း
ဖြစ်နေသည်။
''ဟာ...ဘာလေးလဲမသိဘူး၊ မွှေးတေးတေးနဲ့ မုန့်ထင်တယ၊် နည်းနည်းလောက်မြည်းကြည့်ဦးမှ'' ဟုဆိုကာ
ကိုက်လိုက်လေသည်။ထိုအဖြစ်ကို မြင်တွေ့လိုက်သောလမ်းသွားလမ်းလာတစ်ဦးမှ- ''ဟာ...အဘ အဘစား
နေတာဆပ်ပြာတွေ'' ''ဟင်... အေး သိသားပဲကွယ် အဘ၀မ်းချုပ်နေတာ သုံးရက်လောက်ရှိပြီကွဲ့'' ။
ခဏချေး
ကုန်သည်တစ်ဦးသည် လူပြတ်လှသော တောလမ်းခရီးတစ်ခုကိုဖြတ်သွားစဉ်
လူစိမ်းနှစ်ဦး ရုတ်တရက်ရောက်လာပြီး-
''ဗျို့ ... ဆရာကြီး၊ ကျွန်တော်တို့နှစ်ယောက်ကို
ငါးမူးစေ့ တစ်စေ့လောက်ချေးစမ်းပါ''
''ဘာ ... ဘာကိစ္စရှိလို့လဲ၊ ဘာဖြစ်လို့လဲဗျ''
''အော် ... ဒီလိုဗျ၊ ကျုပ်တို့နှစ်ယောက် ခင်ဗျားဆီကဓါးပြတိုက်ရင်
ဘယ်သူကငွေထုပ်ကိုယူပြီး ဘယ်သူကဆွဲကြိုးနဲ့ လက်ပတ်နာရီယူရမယ်ဆိုတာ
ခေါင်းပန်းလှန်ချင်လို့ပါ''။
ပြောလို့မဖြစ်ဘူး
တရားသူကြီးက သက်သေထွက်ဆိုမယ့်သူကို မှာတယ်။
"တရားရုံးမှာ စစ်ဆေးမေးမြန်းတဲ့အချိန် မလိမ်ညာရဘူး။ ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်တာကိုပဲ ပြောရမယ်။ တစ်ခြားလူပြောတာကို မပြောရဘူး။ နားလည်လား"
"ဟုတ်ကဲ့ နားလည်ပါတယ်"
"ကောင်းပြီ မောင်ရင်ရဲ့ မွေးနေ့နဲ့ မွေးဖွားရာဇာတိကို အရင်ပြောပါ"
"တရားသူကြီးမင်း ခင်ဗျာ ဒါကို ကျွန်တော်ပြောလို့မဖြစ်ဘူး။ အဲဒါတွေကို ကျွန်တော့်အမေကတစ်ဆင့် ကျွန်တော်သိခဲ့ရတာမို့ပါ" ။
လုံခြုံစိတ်ချရအောင်
ကလေးတစ်ယောက် စတိုးဆိုင်လာပြီး အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်ဝယ်
တယ်။ အရောင်းတာဝန်ခံက လျှာရှည်ပြီးမေးတယ်။
တာဝန်ခံ။ ။ ကလေးရဲ့  အမေ အတွက်လား။
ကလေး။ ။ ဟုတ်ပါဘူး။
တာဝန်ခံ။ ။ အော်...ဒါဆို ကလေးရဲ့  အစ်မအတွက်ပေါ့။
ကလေး။ ။ သူ့အတွက်လည်းဟုတ်ဘူး။
တာဝန်ခံ။ ။ ဟင်... ဒါဆို ဘယ်သူ့အတွက်လဲ။
ကလေး။ ။ ညီလေးအတွက်ပါ။ တီဗွီမှာကြော်ငြာတယ် ဒါကိုသုံးထားရင် စက်ဘီးလည်းစီးနိုင်ပါတယ်၊
ရေလည်းကူးနိုင်ပါတယ်၊ ဒါလေးနဲ့ဆိုလုံခြုံ မှုရှိတယ် ဆိုလို့ပါ။
တော်ပါသေးရဲ့ဆရာရယ်
တိုက် ၂လွှာမှာနေတဲ့ အမျိုးသမီးတစ်ဦး အခန့် မသင့်ဘဲ ခြေထောက်ကျိုးသွားရာ ဆရာဝန် က
သူမ၏ ခြေထောက်အား ကျောက်ပတ်တီး စီးပေးပြီးနောက် သူမအား လှေကားများ မတက်ရန်
ပြောကြားပြီး...
၇ လအကြာ မှာ ကျောက်ပတ်တီးကို ဖယ်ရှားပေးလိုက်သော အခါ-
အမျိုးသမီး ။ ။ ဒါဆို ကျွန်မ လှေကားတက်လို့ ရပြီပေါ့။
ဆရာဝန် ။ ။ ရပါပြီ ခင်ဗျာ။
အမျိုးသမီး ။ ။ အမလေး... တော်ပါသေးရဲ့ဆရာရယ်၊ ကျွန်မတို့ တိုက်က ဓာတ်လှေကားမရှိတော့
ကျွန်မ ရေပိုက်ကြီးကို ဖက်တက်ရတာ မောလှပြီ။
သူ့အမြင်
လူတစ်ယောက်သည် မော်ဒန် ပန်းချီပြပွဲသို့ လာရောက်ကြည့်ရှုသည်။
ပန်းချီကားများကိုတမေ့တမောခံစားကြည့်ရှုလာရင်း တစ်နေရာသို့အရောက်တွင် နံရံတွင်ရေးထားသော
အရုပ်တစ်ရုပ်ကို ကြည့်ပြီး ပန်းချီဆရာ ဆိုလိုသည့် အဓိပ္ပာယ်ကို စဉ်းစားမရဖြစ်နေသဖြင့်
ဖြတ်သွားသူတစ်ယောက်အား မေးလိုက်သည်။
"မိတ်ဆွေ တဆိတ်လောက်ဗျာ... ဒီပုံက ဘာကိုဆိုလိုချင်သလဲဆိုတာ ၀ိုင်းစဉ်းစားပေးပါလား"
"ဘယ်ပုံလဲဗျာ "
"ဒီပုံလေဗျာ ဆေးအနီလေးနဲ့ရေးထားတဲ့ဟာလေ၊ ကျွန်တော်ကတော့ လူရုပ်လို့ထင်တယ်၊ ပြီးတော့ မျှားလေးကလဲညွှန်ထားသေးတယ်၊
ပန်းချီဆရာ ဘာကိုဆိုလိုချင်သလဲ အဓိပ္ပာယ်ဖော်လို့မရဘူးဖြစ်နေတယ်"
"ဟာ...ခင်ဗျားကလဲ အဲဒါ ယောကျာ်းအိမ်သာသို့လို့ လမ်းညွှန်ထားတာလေဗျာ"။
ချိုသာစွာပြောပါ
လေယာဉ်တစ်စီး စက်ချို့ယွင်းနေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ။
အားလုံးက ဘုရားတလို့။ အဲဒါကို Pilot က လေယာဉ်မယ်အား
ခရီးသည်တွေကို အားပေးစကားပြောဖို့ လွှတ်လိုက်တဲ့ အခါ၊ လေယာဉ်မယ်က ချိုချဉ်ဗန်းလေး
ကိုင်လို့ အပြင်ထွက်သွားပြီး-
" ကဲ ခရီးသည်များရှင် မသေခင်လေး အချိုတည်း ကြရအောင် " တဲ့။
ရိုက်ချင်ပေမယ့်
ရွာတစ်ရွာတွင် သာလှနှင့်ဖိုးထောင်တို့စကားများရာ ဖိုးထောင်ကခေါင်းကိုထိုးခံပြီး-
'' ဟေ့ သာလှ ရိုက်စမ်းပါ ရိုက်ရဲရင် ရိုက်စမ်းပါ ''
သာလှသည် ဒေါသနှင့် ရိုက်ထည့်လိုက်သည်။ ထို့နောက် ကျေရာကျေကြောင်း တောင်းပန် ဆေးကုသပေးရင်း သာလှကျွဲတစ်ကောင် ပြုတ်သွားသည် ။
တစ်နှစ်အကြာတွင် သူတို့နှစ်ယောက် ရန်ဖြစ်ကြပြန်ရာ စိတ်မြန်သော သာလှက တုတ်ဆွဲပြန်၍ ဖိုးထောင်က-
'' ရိုက်ရဲရင် ရိုက်စမ်းပါ ''
သာလှ တုတ်ကို လွှတ်ချပြီး ပြောလိုက်သည်မှာ-
'' ရိုက်တော့ ရိုက်ချင်တာပေါ့ကွာ ဟွန်း…တစ်ကောင်တည်းကျန်တော့လို့ ''။
ဈေးကြီးလို့
ဆရာဝန်က သူ့အကူကိုပြောသည်-
ဆရာဝန်။ ။ ငါ့မှာ အစာအိမ်အောင့်နေတယ်။ ဆရာဝန်သွားခေါ်ချေကွာ။
အကူ။ ။ ဆရာကိုယ်တိုင်လဲ ဒေါက်တာပဲလေ။
ဆရာဝန်။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် ငါ့ကုသကြေးက မြင့်တယ်ကွ။
နိုင်ငံတော်အလံ
ဒတ်ခ်ျ (ဟော်လန်) လူမျိုးနှင့် အမေရိကန်တို့ နိုင်ငံတော် အလံအကြောင်း ပြောနေကြသည်။
အမေရိကန်။ ။ ခင်ဗျားတို့ရဲ့ အနီ၊ အဖြူ၊ အပြာ သုံးရောင်ချယ် အလံရဲ့ အဓိပ္ပာယ်က ဘာလဲဗျ။
ဒတ်ခ်ျ ။ ။ အော်... ဒါက နိုင်ငံတော်ရဲ့ အခွန်အခနဲ့ ပြည်သူတွေကို ကိုယ်စားပြုတယ်လေ။
အခွန်အခတွေ အကြောင်းပြောကြတဲ့အခါ ကျုပ်တို့ မျက်နှာတွေ နီလာကြရော။
ဆောင်ရမယ့် အခွန်နှုန်းကို သိရတဲ့အခါ မျက်ဖြူဆိုက်ချင်လာတယ်။ အဲ...
တကယ်တန်းဆောင်ရရော ပြာကျပြီသာမှတ်ပေတော့။
အမေရိကန်။ ။ ဒါဆို ကျုပ်တို့နဲ့ တူတူပဲပေါ့။ ကျုပ်တို့သာတာကတော့ ကြယ်တွေပါမြင်ယောင်မိတယ်ဗျာ။
၃x၃= ?
ဆရာဝန်က စိတ္တဇဝေဒနာသည်တွေကို ဦးနှောက်စွမ်းရည် တိုးတက်မှု ရှိမရှိ စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။
တစ်ယောက်စီခေါ်ပြီး မေးခွန်းတစ်ခုမေးလိုက်တယ်။ မေးခွန်းက ၃ နဲ့ ၃ မြှောက်ရင်ဘယ်လောက်လဲတဲ့။
ပထမတစ်ယောက်ကိုမေးတော၊့ အဖြေ " ၃၄ "ရတယ်လို့ဖြေတယ်။ ဒါနဲ့ဆရာဝန်လည်းခေါင်းရမ်းပြီးသွားခိုင်းလိုက်တယ်။
နောက်ဒုတိယတစ်ယောက်ကိုလည်း ဒီမေးခွန်းပဲဆက်မေးတယ်။ သူကတော့ " ကြာသပတေး ရပါတယ်ဆရာ'' တဲ့။
ဒါနဲ့ပဲ တတိယတစ်ယောက်ထပ်ခေါ်ပြီးမေးပြန်တယ်။
ဆရာဝန်။ ။ ၃ နဲ့ ၃ မြှောက်ရင်ဘယ်လောက်ရလဲ။
လူနာ။ ။ ၉ ရပါတယ်ဆရာ။
အဲဒီမှာဆရာဝန်က ၀မ်းသာသွားတယ်။ တိုးတက်လာပြီပေါ့၊ ဒါနဲ့ဆရာဝန်က ဆက်မေးလိုက်တယ်၊ မင်းဘယ်လိုရတာလဲလို့။
အဲဒီမှာလူနာက ပြန်ဖြေလိုက်တာကတော့-
'' ဆရာ... ကျွန်တော်ပထမလူရတဲ့ `၃၄´ ထဲက ဒုတိယလူရတဲ့ `ကြာသပတေး´ကို နှုတ်လိုက်တာပါ '' တဲ့။
ပုံပြင်
အန်တီမြသည် သမက်ဖြစ်သူ ကိုဘမောင်ကို နားမလည်ဟန်ဖြင့်မေးသည်။
"မောင်ဘမောင်၊ ငါ့မြေးကို မင်းညတိုင်း ပုံပြောပြီး သိပ်တယ်။
မင်းပြောတဲ့ ပုံပြင်တိုင်း "သူတို့နှစ်ယောက် လက်ထပ်လိုက်ကြတယ်၊ ပြီးတော့ အသက်ထက်ဆုံး
ပျော်ရွှင်စွာ နေထိုင်သွားကြတယ်။ ဒါကလည်း ဇနီးဖြစ်သူဟာ
မိဘမဲ့ ဖြစ်သွားလို့ပါကွယ်" နဲ့ချည်း အဆုံးသတ်နေတယ်။
ဘာကြောင့်လဲဆိုတာ ငါ့ကိုရှင်းပြစမ်းပါ"။
အမလေးတော့...
အသက်ငယ်ငယ် အမျိုးသမီးချောတစ်ဦး ဟိုတယ်တစ်ခု၏
ခေါင်မိုးပေါ်တွင်နေပူစာလှုံနေသည်။
ချောင်ကျသောနေရာဖြစ်သည်ဟုယူဆပြီးနောက်
သူမ၏ရေကူးဝတ်စုံကိုပါချွတ်ပစ်လိုက်ရန် သူမဆုံးဖြတ်လိုက်သည်။
သိပ်မကြာမှီမှာပင် သူမ၏ အနီးသို့ ချဉ်းကပ်လာသည့်ခြေသံကိုကြားလိုက်ရသဖြင့်
သဘက်ကိုယူပြီး သူမ၏ကိုယ်ပေါ်သို့ လွှားလိုက်၏။
''ဒီမှာ အမျိုးသမီး'' သက်ပြင်းရှိုက်သံနှင့်အတူ ဟိုတယ်မန်နေဂျာမှပြောသည်။
''ဒီနေရာဟာ အ၀တ်မပါဘဲနဲ့ နေပူစာလှုံရမယ့် နေရာမဟုတ်ပါဘူးခင်ဗျာ''
'' ဒါပေမယ့် ရှင်....ရှင်းပြစမ်းပါအုန်း'' သူမကဆက်ပြောသည်-
'' ဒီအပေါ်မှာကျွန်မအတွက်ကြောင့် ဘယ်သူမှအနှောင့်အယှက် ဖြစ်မှာမဟုတ်ပါဘူး''
'' ကျွန်တော် သိပါတယ်'' မန်နေဂျာ၏အသံက ဟိန်း၍ထွက်လာသည်။
''ဒါပေမယ့် ခင်ဗျားလှဲအိပ်နေတဲ့ နေရာဟာ ဧည့်ခန်းရဲ့  အပေါ်တည့်တည့်မှာပါ။
ကောင်းကင်ရှုခင်းကိုကြည့်တဲ့ တစ်ဘက်မြင် အလင်းဖောက် ဒိုးယိုပေါက်အမိုးဖြစ်နေပါတယ်ခင်ဗျာ''
'' ရှင်...ဟင်...ဟင်......'' ။
Views: 867

No comments:

Post a Comment