Powered By Blogger
Showing posts with label general knowledge. Show all posts
Showing posts with label general knowledge. Show all posts

Wednesday, 7 August 2013

မှတ်ဖွယ်စုံရာ သုတပဒေသာ

     
၁။ ဇီးကွက် (owl) ၏မျက်လုံးဟာ သူတို့ ရဲ့ ဦးနှောက်ထက် ပိုကြီးပါတယ်။

၂။ အေးစက်နေတဲ့ အိပ်ခန်းထဲမှာ အိပ်ရင် အိမ်မက်ဆိုးတွေပို မက်နိုင်ပါတယ်။

၃။ အမေရိကန် သမ္မတ တွေထဲမှာ အေဘရာဟင်လင်ကွန်း(Abraham Lincoin)ဟာ အရပ်အရှည်ဆုံးပါ။ သူ့ အရပ်က ၆ ပေ ၄ လက်မ(1.9 m)ရှည်ပါတယ်။

၎။ အသံဟာ လေထဲမှာထက် ရေထဲမှာ ၄ ဆ လောက်ပိုပြီးမြန်စွာ သွားနိုင်ပါတယ်။

၅။ နို့ တိုက်သတ္တဝါတိုင်းမှာ လျှာတွေရှိကြပါတယ်။

၆။ အင်္ဂလန်နိုင်ငံ ၏မျိုးသားအားကစားဟာ ဘောလုံးကစားခြင်းမဟုတ်ပါဘူး။
ခရစ်ကက်(Cricket) ကစားခြင်းသာဖြစ်ပါတယ်။

၇။ ပင်ဂွင်းငှက်တွေဟာ လေထဲမှာ ၆ ပေလောက်အ ထိ မြင့်အောင် ခုန်နိုင်ပါတယ်။

၈။ ကုလားအုတ် (Camel)တွေဟာ ရေ ၂၅ ဂါလံလောက်ကို တစ်ခါတည်းသောက် နိုင်ပါတယ်။

၉။ ပစိဖိတ် သမုဒ္ဒရာ ထဲမှာ ကျွန်းပေါင်း ၂၅၀၀၀ လောက်ရှိပါတယ်။

၁၀။ ရေဘဝဲ (Octopus) တွေရဲ့ မျိုးပွားအင်္ဂါ (ဝှေးစေ့)တွေသည် သူတို့ ၏ ခေါင်းမှာ ရှိကြပါတယ်။

သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ပါစေ............

Wednesday, 31 July 2013

နတ်သမီးပုံပြင် ( မိန်းကလေးများအတွက်)


ပုံပြင်အစ……………..
တစ်ခါတုန်းက
ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ……..
“ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ”
ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က
“ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား”
ဟုမေးလိုက်လေ၏ ။
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။
ဘုရားသခင်ကဆက်ပြောပြသည် ။
ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး….
“ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် ”
ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။
ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။
“လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် …… မဖြစ်နိုင်တာ .”
ဟုပြောပြီးခေါင်းခါနေပြန်၏ ။
ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး …
“ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား”
ဟုထပ်မေးပြန်၏ ။
“ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်”
ဘုရားသခင်က ဆက်ပြောပြန်၏ ။
“ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ ”
“………..”
“နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။
နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။
“နူးညံ့လွန်းလှချည်လား
“ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်”
“သူမကတွေးတတ်လား”
ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။
“တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်”
နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏
“ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး”
“ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်”
“ဘာအတွက်လဲ”
“သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ”
ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။
“သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်”
ဟုဆိုလိုက်သည် ။
ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။
“ဟုတ်တယ် … လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်”
“သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်”
“အဲ့ဒီလောက်တောင်ပဲလား”
“ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ”
“အို”
“သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး”
“သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်”
နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။
“သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ …. သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်”
“…………”
“အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်”
“ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်”
“ဘယ်လို”
နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏
“ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ”
“ဘာချို့ ယွင်းချက်လဲ”
“သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်”
“ဟင်”
“နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်”
ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။
ပုံပြင်အဆုံး
ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို့ မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး.. စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့ အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ အားတင်းပြီး လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီးဆက်ဆံလိုက်ပါလို့ …ပြောကြားရင်း …..
ဒီပုံပြင်လေးဟာ လူနေ (နတ်သမီးအဆောင်)ဆိုတဲ့ ၀တ္ထု စာအုပ်ကလေးထဲက ဇာတ်လိုက်မင်းသားလေးကို သူ့ အဖေက ပြောပြနေတဲ့ ပုံပြင်လေးဖြစ်ပါတယ် ။ ၀တ္ထုစာအုပ်လေးက sample အဖြစ်ထုတ်ထားတာမို့ လို့ တော်တော်တော့ ရှာဝယ်ရမှာပါ ။ ဖတ်ကြည့်လိုက်ပါ အရမ်းကောင်းပါတယ် ။ လူနေရဲ့ ပရိသတ်တွေ သိပြီးသားနေမှာပါ ။ လူနေ ရဲ့ စာအရေးအသားကို ။ ဘယ်လို အကြောင်းအရာလေးလဲဆိုတော့ အသည်းကွဲနေတဲ့ ကောင်မလေး တစ်ယောက်ကို လမ်းမှန်ပြန်ရောက်အောင် ကောင်လေးတစ်ယောက်က ဘယ်လို ပို့ ပေးလိုက်တယ်ဆိုတဲ့ အကြောင်းလေးကို … လူငယ်အကြိုက် ..ရေးဖွဲ့ ထားထာ ဖြစ်ပါတယ် ။ ။
နန်းထိုက်အောင်
yamatoprince@gmail.com

Tuesday, 30 July 2013

မီးဖိုချောင်မှနည်းလမ်းကောင်းလေးများ


             
၁။ ခေါင်းကိုက်နေပါသလား၊ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။တဆစ်ဆစ် ကိုက်နေတာတွေ သက်သာသွားပါလိမ့်မယ်။

၂။ ခြင်ကိုက်လို့ယားနေပါလား၊ ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။

၃။ သကြားအညိုတွေခဲနေပါက ပန်းသီးတစိပ်လောက်ထည့်လိုက်ပါ။ ချက်ချင်းအရည်ပျော်သွားပါလိမ့်မယ်။

၎။ တစ်လတစ်ခါရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊ဒိန်ချဉ် ဘူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို
သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ကိုက်ခဲတဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေပါတယ်။

၅။ ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ကြည့် ပါ။ ပြောင်းဖူး ရဲ့ သဘာ ၀အချိုဓါတ်တွေ ထွက်လာစေပါတယ်။

၆။ ပုရွက်ဆိပ်ကလေးတွေ အိမ်မှာတန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။

၇။ ထမင်းအိုး ဟင်းအိုးတွေ တူးပြီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေထည့်ပြုတ်လိုက်ပါ။

၈။ ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီး အနှစ်ရည်)နဲ့ တိုက်လိုက်ပါ။

၉။ မီးဖိုချောင်သုံးစတီးအိုးခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပြီး အပြင်၊အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။
၁၀။ ရုံပတီသီးကြော်စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာမကြိုက်ပါက ဟင်းအိုးချတဲ့အချိန်မှာ သံပုရာသီး တစိပ်ထည့်လိုက်ပါ လုံးဝမချွှဲတော့ပါဖူး။

၁၁။ ကြက်သွန်နီနွာလို့ မျက်ရည်မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ် သုတ်ပီး လှီးပါ။

၁၂။ အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေစွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ အနံ့တွေပျောက်သွားပါလိမ့်မယ်။

၁၃။ ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေလာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ။

၁၄။ ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ အရောင်လွှင်ြ့ပယ်တာကိုကာကွယ်တဲ့ အပြင် ၊မှိုတက်မဖြစ်တော့ပါဖူး။

၁၅။ သတင်းစာကို ရေ နဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည်လင်လင်လေးဖြစ်လာပါလိမ့်မယ်။

၁၆။ ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကိုစင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။

၁၇။ ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေဖူး။

တီတီလေးရဲ့အတွေးများဘလော့မှကူးယူဖော်ပြပါသည်
             
          

Tuesday, 9 July 2013

အခြေခံစာရင်းကိုင်ပညာ (၃)

စာ၇င်းရှင်းတမ်းများ

လုပ်ငန်းတစ်ခု၏ ဘဏ္ဍာရေး အကြောင်းအချက်များ ဖော်ပြသော အဓိက ရှင်းတမ်းနှစ်ခုမှာ

  1. လက်ကျန်ရှင်းတမ်း (Balance Sheet)
  2. အရှုံးအမြတ်ရှင်းတမ်း ( Profit & Loss Statement) များဖြစ်သည်။  
   လက်ကျန်ရှင်းတမ်း သည် နေ့ရက်တစ်ခုတွင် လုပ်ငန်း၏ ရပိုင်ခွင့်များနှင့် တကွ ၄င်းရပိုင်ခွင့်များအပေါ် မြီရှင်များ(Creditors)၏တောင်းခံနိုင်သော အခွင့်အရေးနှင့် လုပ်ငန်းပိုင်ဆိုင်ခွင့်များကို ဖော်ပြပါသည်။ ၄င်းရှင်းတမ်းသည် ဖော်ပြခဲ့ပြီးသော(အခြေခံ(၂))  ရပိုင်ခွင့် = ပိုင်ဆိုင်ခွင့်+ပေးရန်တာဝန်   ဟူသောညီမျှခြင်းကို အကျယ်ချဲ့ထွင်ရေးမှတ်ခြင်းပင် ဖြစ်သည်။
    လက်ကျန်ရှင်းတမ်းတစ်ခုကို ရေးဆွဲသောအခါ စာရင်းအင်းပညာ သဘောအရ ညီမျှခြင်းလက္ခဏာကို ချန်လှပ်၍ ဒေါင်လိုက် နှစ်ထပ်မျဉ်းသားထားသော စာမျက်နှာ၏ တဖက်တွင် ရပိုင်ခွင့်များ(Assets)ကို ဖော်ပြီး ပေးရန်တာဝန် (Liabilities)များနှင့် ရင်းနှီးငွေ(Capital) တို့ကို အခြားတဖက်တွင်ဖော်ပြရပါသည်။


      အရှုံးအမြတ်ရှင်းတမ်းသည် လုပ်ငန်း၏ လုပ်ဆောင်မှုကြောင့် ရင်းနှီးငွေ အပေါ်မည်သို့အကျိုးသက်ရောက်ပုံကို ထုတ်ဖော်ပြသသည့်စာရင်းရှင်းတမ်းတစ်ခုဖြစ်သည်။ ထိုရှင်းတမ်းသည် အချိန်ကာလတစ်ခု၏ လုပ်ဆောင်မှုအသေးစိတ်များကို အကျဉ်းချုပ်အားဖြင့် ၄င်းကာလ**င် ရင်းနှီးငွေတိုးပွားလာသည်၊လျော့နည်းသွားသည် ဟူသောအချက်ကို ပြသည်။
အခြားတဖက်အားဖြင့်ဆိုသော် အရှုံးအမြတ်ရှင်းတမ်းသည် အချိန်ကာလတစ်ခုအတွင်း ရရှိသောဝင်ငွေနှင့် ကုန်ကျစရိတ်တို့ကို နှိုင်းယှဉ်၍ လုပ်ငန်း၏ အရှုံးအမြတ်ကို ဖော်ပြသည်။ လုပ်ငန်း၏ အရှုံးအမြတ်ကို အရှုံးအမြတ်ရှင်းတမ်း ဖြင့်ဖြစ်စေ၊ အရှုံးအမြတ်စာရင်း  (Profit & Loss Account) ပုံစံဖြင့်ဖြစ်စေ ဖော်ပြနိုင်သည်။
@ facebook

အခြေခံစာရင်းကိုင်ပညာ-၂


အခြေခံစာရင်းကိုင်ပညာ(၂)
By Saw Han Nyunt in ၁၄။ငွေကြေး၊စာရင်းစီမံခန့် ခွဲရေး (Files)
·
ရပိုင်ခွင့်များ၊ ရင်းနှီးငွေ နှင့် ပေးရန်တာဝန်

(Assets,Capital , Liabilities)



စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တည်ဆောက်ရာမှာ ထိုလုပ်ငန်းအတွက် ငွေ ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်။ ထိုငွေဖြင့်လုပ်ငန်း တွင် အသုံးပြုရန်လိုသော ပစ္စည်းများ ၀ယ်ယူရမည်။

ထိုသို့ဝယ်ယူသော ပစ္စည်းများ မှာ အဆောက်အဦး ပရိဘောဂ၊ တပ်ဆင်ပစ္စည်းများနှင့် ရောင်းရန်ကုန် ပစ္စည်းများ စသည်တို့ဖြစ်သည်။ လက်ရှိငွေ (Cash in Hand)၊ လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုသောပစ္စည်းများကို ရပိုင်ခွင့်များ(Assets)၊ဟုခေါ်သည်။ လုပ်ငန်းတွင် မြှုပ်နှံထားသော ငွေရင်းကို ရင်းနှီးငွေ (Capital) ဟုခေါ်သည်။

လုပ်ငန်းသည် အခြားသူ ထံမှ ငွေချေးခြင်း ၊ ပစ္စည်းအကြွေးဝယ်ခြင်း ပြုခဲ့ လျှင် ၄င်းငွေချေးသူ နှင့်ကုန်ကြွေး ပေးသူတို့ကို လုပ်ငန်း၏ မြီရှင် (Creditor) ဟုခေါ်သည်။ လုပ်ငန်းသည် ထို (Creditor)အား ပေးရန်ရှိသော အကြွေးကို မပေးဆပ် လျှင် Creditor များသည် လုပ်ငန်း၏ ဥစ္စာပစ္စည်းများကို တောင်ခံ ပိုင်ခွင့် ရှိသည်။ Creditor တို့ က လုပ်ငန်း၏ ရပိုင်ခွင့်များ အပေါ်တောင်းခံနိုင်သော အခွင့်အရေးကို လုပ်ငန်း၏ ပေးရန်တာဝန်များ (Liabilities) ဟုခေါ်သည်။



- Assets မှာ Cash, Inventory, Customers Receivable , Equipment, Buildings တို့ပါဝင်ပါတယ်။

- Liabilities မှာ Debt, Amount owned to Suppliers, Prepaid Accounts/ Advances from Customers, Tax Owed, Wages Owed to Employees စတာတွေပါဝင်ပါတယ်။

- Owners' Equity မှာ Investment , Additional Paid-in Capital, Retained Earning တွေပါဝင်ပါသည်။



အထက်ဖော်ပြပါ အကြောင်းများ ကို ညီမျှခြင်းဖြင့် ဖော်ပြရလျှင်



Assets (A) = Liabilities (L) + Owner' Equity (OE)



1.စုစုပေါင်းရပိုင်ခွင့် = လုပ်ငန်းပိုင်ဆိုင်ခွင့်(သို့)ရင်းနှီးငွေ

2.ရပိုင်ခွင့် = ပိုင်ဆိုင်ခွင့် + ပေးရန်တာဝန်

အခြေခံစာရင်းကိုင်ပညာ-၁


အခြေခံစာရင်းကိုင်ပညာ(၁)
By Saw Han Nyunt in ၁၄။ငွေကြေး၊စာရင်းစီမံခန့် ခွဲရေး (Files) ·

စာရင်းကိုင်ပညာ၏ရည်ရွယ်ချက် 

အဖွဲ့အစည်းတစ်ခုအနေဖြင့် စီးပွားရေးအဖွဲ့အစည်း၊လူမှုရေးအဖွဲ့အစည်း၊အစိုးရ ဌာန အဖွဲ့အစည်း ၊ စသည် မည်သည့်အဖွဲ့အစည်းမျိုးမဆို ၄င်းတို့၏ ငွေရေးကြေးရေး နှင့် ပတ်သတ်သော လုပ်ငန်းဆောင်ရွက်ချက်များကို စာရင်းမှတ်တမ်းများတွင် ရေးသွင်းထားရှိရန်၊ ၄င်းတို့၏ ဘဏ္ဍာရေးအခြေအနေကိုအကျဉ်းချုပ်တင်ပြရန်နှင့် လုပ်ငန်းအကြောင်းအရာများကို လိုအပ်သလို အစီရင်ခံနိုင်ရန် ရည်ရွယ်သည်။





ငွေကြေးတန်ဖိုး တွက်ဆ ဖော်ပြနိုင်သည့် လုပ်ငန်းဆောင်ရွက်ခြင်းများ ကို နေ့စဉ်မှတ်တမ်းထားရှိရမည်။

၎င်းတို့မှာ လုပ်ငန်းအနေဖြင့်မည်သည့်ပစ္စည်းများဝယ်သည် ၊ မည်သည့်တို့ကို ရောင်းသည် ၊ ငွေလက်ကျန်မည်မျှရှိသည် ၊ဘယ်လောက်ထုတ်ပေးမည်၊မည်သည့်အသုံးစရိတ်အတွက် ငွေ မည်မျှကုန်ကျမည် စသဖြင့်ဖော်ပြပါရှိသည်။ လုပ်ကိုင်ဆောင်ရွက်ချက်များ ၏ နေ့စဉ်မှတ်တမ်းများကို ထားရှိရခြင်းနှင့် ၄င်းတို့ကို အချိန်ကာလအလိုက်၊ အကျဉ်းချုပ်ပြုလုပ်ရခြင်းတို့ ကို ပြုလုပ်ပေးရသည်။ 

အထက်ပါမှတ်တမ်းများ ထားရှိပြီး အကျဉ်းချုပ်ဖော်ပြ ရခြင်း၏ ရည်ရွယ်ချက်မှာ -

1. လုပ်ငန်း၏ အခြေအနေကို မျက်ခြေမပြတ်ရန် နှင့် ပိုင်ဆိုင်သော ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ဖြစ်သည်။ (ပိုင်ဆိုင်သော ပစ္စည်းများ မှာ အဆောက်အဦး၊ ပရိဘောဂများ၊ ကုန်ပစ္စည်းများ၊ ငွေကြေး စသည်တို့ဖြစ်သည်။)

2. လုပ်ငန်းနှင့် အခြား ပုဂ္ဂိုလ်များ၏ ငွေကြေးဆက်သွယ်မှုတို့ကို အစဉ်သိရှိနိုင်ရန်ဖြစ်သည်။ (ထိုသို့သိရှိရန်အတွက် လုပ်ငန်း၏ ပေးရန်အကြွေး မည်မျှရှိသည်၊ မည်သည့်နေ့ရက်တွင်ပြန်ဆပ်ရမည် စသည်ကိုမှတ်တမ်းများ ထားရှိရန်လိုအပ်သည်။ ၄င်းအပြင် အခြားလူများက လုပ်ငန်းအား ပေးရန် မည်မျှရှိသည်ကိုလည်း မှတ်တမ်းထားရှိရမည်။)

3. လုပ်ငန်း ၏ ၀င်ငွေ နှင့် ကုန်ကျစရိတ်များကို ချိန်ဆတွက်ချက် နိုင်ရန်ဖြစ်သည်

4. လုပ်ငန်း ၏ ဘဏ္ဍာရေးအခြေအနေကို အချိန်မရွေးသိရှိနိုင်ရန် တို့ဖြစ်သည်။

Sunday, 7 July 2013

လူခန္ဓာ့ပေါ်မှာ ဆွဲသည့် သက်ဝင် ပန်းချီများ

 ကမ္ဘာအတော်ဆုံး လူ့ခန္ဓာကိုယ်ပေါ်မှာ ပန်းချီဆွဲနိုင်သူအဖြစ် သတ်မှတ်ခံထားရသူ Johannes Stoetter မှ သဘာဝဆန်ဆန် ပန်းချီများကို လူသားများဆီမှာ ဖန်တီးပြီး ဆွဲသားထားပါတယ်...။
အသက် (၃၅) နှစ် ရှိသည့် Johannes ဟာ ပန်းချီကားများကို ပန်ချီးဆွဲသည့် canvas ပေါ်မှာ ဆွဲသားရာမှ လူသားတို့က အရေအပြားပေါ်မှာ ဆွဲသားရန် စိတ်ကူးရရှိခဲ့ပါတယ်။
ထိုသို့ လက်ရာပြောင်မြှောက်သည့် ပန်းချီကားများ ဆွဲသားရန် အချိန် (၅) လ ကြာအောင် လေ့ကျင့်ခဲ့ရပါတယ်။
အီတလီနိုင်ငံသား Johannes ဟာ အချိန်အားဖြစ် (၂၀၀၀) ခုနှစ် ၊ သူ့အသက် (၂၃ )နှစ်အရွယ် ချိန်လောက်က စပြီး လူသားအရေးပြားပေါ်တွင် ပန်းချီဆွဲဖို့ စိတ်ကူးရရှိလာပြီး စတင်ဖန်တီးခဲ့ပါတယ်လို့ ဆိုခဲ့ပါတယ်။
ထို့နောက် သူဟာ သူ့စိတ်ကူးကို အကောင်အထည်ဖော်ရန် စိတ်ဓာတ် တက်ကြွခဲ့ပြီး အရောင်၊အသွေးစုံလင်သည့် ပန်းချီကားများကို ပုံစံကွဲပြားသည့် လူများ၊ ပုံစံကွဲပြားသည့် အရောင်အသွေး၊ပုံစံကွဲပြားသည့် လှုပ်ရှားမှု သဏ္ဍန်များဖြစ် စတင်ကာ ဖန်တီးခဲ့ပါသည်..။
ထိုပန်းချီကားများ ဖန်တီးရာတွင် သူ့အတွက် ငွေကြေးတစ်စုံတရာ ရရှိရန် မျှော်လင့်ချက် မရှိသောလည်း သူ့ဝါသနာ ၊ သူ့စိတ်ကူး တို့ကို နှစ်သက်စွာ ဖန်တီးလိုသည့် ဆန္ဒနှင့်သာ ဖန်တီးခဲ့ပါသည်...။
Johannes ဖန်တီးခဲ့သည့် သဘာဝ ပန်းချီများကို ဆက်လက်ရှုစားကြပါစို့....။
ပထမဦးဆုံး အဖြစ် သစ်ရွက်ပုံရိပ်များ ပန်းချီကားကို ရှုစားနိုင်ပါတယ်ရှင်..။ ရွက်ကြွေတောမှာ လွှင့်မျောနေသည့်  လူသားတစ်ဦးအား ရွက်ကြွေများနှင့် မခြား ဖန်တီးခဲ့ပါသည်။
ဒုတိယ အနေဖြစ် ညအချိန်မှာ ကျက်စားတတ်သည့် ဇီးကွက်၏ အလှကို ဇီးကွက်တစ်ကောင်အလား ဖန်တီးခဲ့ပါသည်။ ထိုပန်းချီကားကို (၈) နာရီကြာ ဆွဲသားခဲ့ရပါတယ်လို့ Johannes က ဆိုပါတယ်။
တတိယ အနေဖြစ် ပွင့် ချပ် ၊ ပွင့်လွှာတွေရဲ့ သဏ္ဍန် ပန်းချီကားများကို ဖန်တီးရေးဆွဲခဲ့ပါသည်။
ထို့နောက် ပင်စည်တစ်ခု၏ အရင်းမြင့်တစ်ခုကို စိတ်ရှည်လက်ရှည် ရေးသားခဲ့သူပါ။ အချိန်ကြာကြာ လေ့လာခဲ့သည့် သူ၏ ပန်းချီကားများမှာ အံ့မခန်းပါပဲ။
နာနတ်သီးလေးကလဲ မူရင်းတိုင်းလိုပါပဲ။
ဆူးတွေကြားမှ သဘာဝအလှ
ဟောဒီ အစိမ်းရောင်ဖားလေးကိုတော့ လူ (၅) ယောက်ဖြစ် စုပေါင်းထားပြီး ဆွဲထားရပါတယ်။  ရုတ်တရက်သာ ကြည့်မည်ဆိုလျှင် လူ (၅) ဦးစုပေါင်းထားသည့် အနုပညာနှင့် မတူပဲ အရွက်ပေါ်က ဖားဟုသာ မြင်ယောင်ဖွယ်ရှိခဲ့ပါသည်။
လူသားနှင့် မြွေ ဘယ်က စပြီး ဘယ်မှာ ဆုံးခဲ့ပါသလဲ..။
နံရံထဲက လူသား
ဒါလေးက သူ (၂၀၀၀) ခုနှစ်မှာ ပထမဦးဆုံး ဆွဲသားသည့်သည့် ပန်းချီပါ။
အရောင်အသွေး ခွဲခြားမှုက သဘာဝ အသီးရောင်အတိုင်း  ဆွဲသားခဲ့တာပါ။
Johannes ဟာ သူ့ရဲ့ ပန်းချီကားများအတွက် နှလုံးသားတံခါးကို ဖွင့်ပြီး နှလုံးသားအပြည့်နှင့် ဆွဲခဲ့သူပါ။
အထမဦးဆုံး အနေနှင့် body painting world championship (၂၀၀၉) မှာ စတင်ယှဉ်ပြိုင်ခဲ့ပြီး ထိုပွဲမှာပဲ ပဉ္ဇမကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ထိုအချိန်မှစပြီး သူရဲ့ အနုပညာစိတ်များဟာ ပိုမိုတက်ကြွလာကာ အစဉ်မပြတ် ကြိုးစားမှုများကြောင့် (၂၀၁၂) ခုနှစ်မှာ ပထမနေရာကို ရရှိခဲ့သူဖြစ်ခဲ့ပါတယ်။
သူ့အတွက်တော့ အံ့မခန်း ပျော်ရွှင်မှု ဖြစ်ခဲ့ပါတယ်လို့ သူက ဆိုခဲ့ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ဆွဲခဲ့သည့် ပန်းချီကားများဟာ အထူးတကာ့ အထူးဆုံး ပန်းချီကားများပါပဲ..။ ဘာကြောင့် ဆိုတော့ သူတို့တွေက အခြားပန်းချီကားများကဲ့သို့ ငြိမ်သက်နေခြင်းမဟုတ်ပဲ လှုပ်ရှားမှုတွေနှင့်အထူ ဖန်တီးနိုင်ပါတယ်။ ကားဗတ်ပေါ်မှာ ဆွဲတာနှင့်အတူပဲ နူးညံ့နွေးထွေးတဲ့ အသားပေါ်မှာ ဆွဲရသည့်အတွက် ပိုပြီးလဲ နှစ်သက်ဖွယ်ကောင်းပါတယ်။
သူရဲ့ စိတ်ကူးစိတ်သန်း အများစုက သဘာဝတရားအပေါ်ခံစားပြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်တယ်လို့ သူက ဆိုပြန်ပါတယ်။
သူက သဘာဝရဲ့ လျို့ဝှက်ချက် အလှတွေကို နှစ်သက်စွာ ခံစားရင်း သူ့ရဲ့ ပန်းချီဆွဲခြင်း အတတ်နှင့် ပေါင်းစပ်ကာ မြတ်နိုးစွာ ဆက်လက်ဖန်တီးနေမှာပါသု ဆိုခဲ့သူပါ။
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်