Powered By Blogger

Wednesday 13 March 2013

ကိုယ့်ချစ်သူ ယောင်္ကျားလေးရဲ့သဘောထားတွေကို နားလည်ထားကြရအောင်


ကိုယ့်ချစ်သူ ယောင်္ကျားလေးရဲ့သဘောထားတွေကို နားလည်ထားကြရအောင်

ကိုယ့်ချစ်သူ ယောင်္ကျားလေးရဲ့သဘောထားတွေကို နားလည်ထားကြရအောင်။

မိန်းကလေးတွေ ရဲ့ စိတ်ခံစားမှုလေးတွေကို ရေးသားထားတာလေးတွေပါ
ယောက်ျားလေး ချစ်သူတွေအတွက် နားလည်မှုရစေတာပေါ့
ယောက်ျားလေးတွေမှာရော ခံစားမှုလေးတွေ မရှိနိုင်ဘူးလား ?
ယောက်ျားလေးတွေ ရဲ့ ခံစားမှု ကို နားလည်စေလိုတဲ့သဘောနဲ့ ဒီ ပိုစ် လေး ရေးသားလိုက်ရတာပါ ။ အမှားပါရင်တော့ ခွင့်လွှတ်ပေးပါ။

1. မချစ်ပဲနဲ့ ချစ်တယ်လို့ မလိမ်ညာပါနဲ့ … မချစ်၇င် မချစ်ဘူးအစကထဲကပြတ်သားပေးပါ ။(ဆန်းစစ်ဖိုလုံလောက်တဲ့
အချိန်ကိုယူသင့်ပါတယ်)

2.၇ည်းစားဟောင်းရှိခဲ့ဖူးတာချစ်သူရှိခဲ့ဖူးတာအပြစ်မဟုတ်ပါဘူး ဒါပေမယ့်အတတ်နိုင်ဆုံးအမှန်အတိုင်း ချစ်သူယောက်ျားလေးကို ပြောပြပေးပါ။အချိန်ကြာပြီးမှ လိမ်ညာတယ်ဆိုတာ သိ၇တဲ့အခါ ခံစားရတဲ့ သူမှာ
ပိုပြီးနာကျင်စေပါတယ်။

3. ချစ်သူယောက်ျားလေးေ၇ှ့ မှာ အရင်၇ည်းစားဟောင်းအကြောင်းကို ခဏခဏပြောဖို့မသင့်တော်ပါဘူး...

4. မိန်းကလေးအများစု ပြောတတ်ကြပါတယ် …သူတို့ ဘ၀တစ်ခုလုံးပေးအပ်လိုက်ရတာပါတဲ့
ယောက်ျားလေးတွေကရော …. နှလုံးသားတစ်ခုလုံး ပေးဆပ်ပြီးမချစ်ခဲ့ရလို့လား ?

5. ယောက်ျားလေးတွေဟာ ချစ်သူ နဲ့ ပါတ်သက်တဲ့ နေ့၇က်တွေထက် အဲဒီနေ့၇က်တွေမှာ ဘာလုပ်ခဲ့တယ်ဆိုတာကိုသတိပိုရတတ်တယ်…မိန်းကလေးတွေနဲ့ကွာနေတဲ့အချက်ကတော့နေ့စွဲတွေကိုမှတ်တတ်
တာမျိုးမဟုတ်ပါဘူး … နေ့ စွဲတွေကအလွတ်ကျက်ထားလို့၇ပေမယ့် အမှတ်တ၇လေးတွေကို အလွတ်ကျက်ထားဖို
့ဆိုတာမဖြစ်နိုင်ပါဘူး။

6. ချစ်သူတွေ ဖြစ်သွားကြ၇င် သူငယ်ချင်းယောက်ျားလေးတွေနဲ့ အေ၇ာတ၀င်မနေပါနဲ့ … အထူးသဖြင့်
ကိုယ့်ချစ်သူကောင်လေး၇ဲ့ေ၇ှ့ မှာပေါ့

7. ချစ်သူယောက်ျားလေးနဲ့ ချိန်းတွေ့ တဲ့အခါ မထင်မှတ်တဲ့ ကြင်နာမှုလေးတွေကို ပေးပါ
နှစ်များစွာတိုင်အောင် သူသတိရနေမှာပါ (ဥပမာ - ကိုယ်တိုင် ချက်ယူလာတဲ့ဟင်း နဲ့ ထမင်းချိုင့်လေးကို သူ
့ကိုကျွေးတာမျိုးပေါ့)

8. ယုံကြည်မှုပေးပါ - ယောက်ျားလေးတိုင်းဟာ အခွင့်အေ၇းသမားတွေမဟုတ်ပါဘူး ...လွတ်လပ်စွာ
နေချင်ရုံသက်သက်ကို ဆိတ်ကွယ်၇ာလို့ မထင်မှတ်ပါနဲ့ ။

9. တခါတလေ ယောက်ျားလေးတွေမှာ ဆန်းသစ်တဲ့စိတ်ကူးလေးတွေရှိကြတယ် …
(ဥပမာ - တီရှပ် အင်္ကျီ အတူလေးတွေဝယ်ပြီး လျောက်လည်ချင်တာလို ဟာမျိုးပေါ့ … သဘောမတူရင်နေပါ
ကြောင်လွန်းပါတယ် လို့တော့ မတုံ့ ပြန်မိစေနဲ့ပေါ့)

10. ယောက်ျားလေးတွေမှာလည်း မိန်းကလေးသူငယ်ချင်းတွေ ဆိုတာ ရှိတတ်ပါတယ်…
ဒါပေမယ့်ကိုယ့်ရဲ့ချစ်သူနဲ့ယှဉ်လိုက်မယ်ဆိုရင် သူတို့ ရဲ့ပတ်သက်မှုက ကွာခြားလွန်းပါတယ်…မောင်၊နှမလို သဘောထားမျိုးပါ …။

11. ယောက်ျားလေးတွေက ချစ်သူ မိန်းကလေး ကိုလှစေချင်ကြတယ် …. လှလို
့ချစ်ခဲ့တာမဟုတ်ပေမယ့်ကို့ချစ်သူ လှနေတာကို အမြဲ မြင်ချင်ကြတယ် ….။

12. တခါတ၇ံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့ 
မိန်းကလေးတွေကထင်တတ်ကြတယ် … အဲလိုမဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကို
မဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။

13. ရှိတတ်ပါသေးတယ် … မိန်းကလေးတွေဟာ သူတို့ သူငယ်ချင်းတွေ ရှေ့ မှာ ကို့ချစ်သူလို့ပြောဖို့ ၊
မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် … ကောင်လေးသူငယ်ချင်းတွေ ရှေ့ မှာကျတော့ကို့ကိုချစ်သူ လို့ အသိပေးစေချင်ကြတယ် …Action to action ပါ ပဲဗျာ … မိန်းကလေးကသာ သူ့ မိတ်ဆွေတွေ အလယ်မှာ
ချစ်သူလို့အသိပေးပါစေ…ယောက်ျားလေးများက သူ့ အလိုလို သူငယ်ချင်းတွေနဲ့တွေ့ တိုင်းချစ်သူလို့
မိတ်ဆက်ပြီးသားဖြစ်သွားပါလိမ့်မယ် …။

14. ဘ၀မှာ ၇င်ဆိုင်ဖို့ အားအင်တွေ နဲ့အခြေတည်ဖို့ လုပ်ငန်းတွေကိုလုပ်ဆောင်နေတဲ့အချိန်မှာ
တခါတရံ လစ်ဟာမှုလေးတွေ ရှိခဲ့၇င် နားလည်ပေးပါ …ဂရုမစိုက်တာမဟုတ်ပါဘူးနောင်တစ်ချိန်မှာပိုပြီး ဂရုစိုက်နိုင်ဖို့ပါ ။

15. ဂိမ်း ၊ဘောလုံးပွဲ မက်တဲ့ ယောက်ျားလေးတွေရှိတယ်… စိတ်အတွက်ဖျော်ဖြေမှုတစ်ခုအနေနဲ့
ကစားနေတာပါ… တစ်သက်လုံး အဖော်ပြု ပေးနေမှာ ကွန်ပျူတာတစ်လုံး နဲ့ဘောလုံးကွင်း တစ်ခုမဟုတ်တာ ယောက်ျားလေးတိုင်း သိထားကြပါတယ် ။

16. ချစ်သူနှစ်ယောက် ဘ၀တစ်ခု ထူထောင်ဖို့ ဆိုတာ ယောက်ျားလေး၇ဲ့ တာဝန်ပါ … ဒါပေမယ့် သူ့ မိသားစု အခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ် …။

17. မိန်းကလေးတစ်ယောက်က ထက်မြက်နေဖို့ မလိုပါဘူးဘေးနားကနေ
အလိုက်အထိုက်အကြံဥာဏ်ပေးနိုင်ရင်ရပြီ ၊ကူညီပေးနိုင်၇င်တော့ အတိုင်းထက်အလွန်ပေါ့…။

18. ဥပုသ်စောင့်တဲ့ ကျား မရှိဘူး တဲ့ … မှန်ပါတယ် ဒါပေမယ့် ဦးနှောက် ၊ အသိပညာတွေ နဲ့ 
ထိန်းချုပ်နိုင်မှုစွမ်း၇ည်တွေက အလကား ထားတာမဟုတ်ပါဘူး … လူ့ တန်ဖိုးရဲ့အဆုံးအဖြတ်တွေပါ ။

19. ယောက်ျားလေးတွေ၇ဲ့ မကောင်းတဲ့အကျင့် တစ်ခုခု( ဆေးလိပ် ၊အ၇က် ၊ကွမ်း)စတာတွေကိုမကြိုက်၇င် ချစ်သူမိန်းကလေးက ပြောင်းလဲပစ်နိုင်ပါတယ် … ချစ်သူမိန်းကလေး၇ဲ့ ပါးနပ်စွာပြောဆို နိုင်မှုနဲ
့ နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။

20. နောက်ဆုံးတစ်ချက်ကတော့ မာန်မာန ပါပဲ…လူတိုင်းရှိတတ်ကြတာပါ။
ယောက်ျားလေးတစ်ယောက်၇ဲ့ မာန်မာနကို အတတ်နိုင်ဆုံး မစော်ကားမိပါစေနဲ့ ။ ယောက်ျားတစ်ယောက်ဟာ
မိမိချစ်သူ မိန်းကလေးအတွက် မာန်မာနတွေကို လျော်ထားတတ်ကြတယ်။ ဒါပေမယ့်ယောက်ျားတစ်ယောက်၇ဲ့မာန က မာနကြီးလှပါတယ်ဆိုတဲ့ မိန်းကလေးတွေထက်အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေါ့...

လောကမှာ အဆိုးနဲ့ အကောင်း ဒွန်တွဲနေပါတယ်… လူဆိုးရှိသလိုလူကောင်းလည်းရှိမှာပါ
မည်သူကိုမှထိခိုက်စေလိုတဲ့ဆန္ဒမရှိပါဘူး။

ချစ်သူယောက်ျားလေးအပေါ်ကို မိန်းကလေးတွေနားလည်ပေးနိုင်ရင် ကျေနပ်ပါတယ် ဗျာ
Tags: feel

No comments:

Post a Comment