တစ်ခါတုန်းက လူတစ်ယောက်ဟာနံနက်ခင်းစောစောအချိန်မှာအနီးအနားရွာတစ်ရွာဆီကို လမ်းလျှောက်ပြီးတော့ခရီးသွားခဲ့တယ်။သူဟာလမ်းဘေးဖက်တွေမှာစိုက်ပျိုးထားတဲ့ဖရဲသီးခင်းတွေကို မြင်တဲ့အခါ”သြော်ဒီအပင်တွေက သေးပြီးအသီးတွေကတော့ကြီးလိုက်တာနော်။သဘာဝတရားကြီးကလည်းမတရားလိုက်တာလို့ သူက တီးတိုးရေရွတ်ရင်း ဆက်ပြီးတော့ ခရီးထွက်ခဲ့တာပေါ့။
ဒီလိုနဲ့အချိန်အနည်းငယ်ကြာတော့ နေပူတဲ့အချိန်ကို ရောက်လာတာပေါ့။ဒါ့ကြောင့်သူဟာ အရိပ်အာဝါသကောင်းတဲ့ ညောင်ပင်ကြီးတစ်ပင်ကို တွေ့တဲ့အခါအနားယူဖို့ ညောင်ပင်အောက်ကိုဝင်နားခဲ့ တာပေါ့။ သူဟာ ညောင်ပင်ကြီးကို လှည့်ပတ်ကြည့်ပြီးတော့ သူကထပ်ရေရွတ်ပြန်တယ်။ ဒီအပင်ကြတော့ အပင်ကြီးကအကြီးကြီးပဲ၊ ဒါပေမယ့် အသီးလေးတွေကတော့ သေးသေးလေး။
အဲဒီလို တစ်ယောက်တည်း ညောင်ပင်ကြီးကို ကြည့်ပြီးတော့ သဘာဝတရားကြီးက မျက်နှာလိုက်တယ်လို့ ရေရွတ်နေတယ်။ထို့နောက် သူဟာ ခရီးပန်းလာတာကြောင့် ခဏတာမှေးလိုက်ဦးမယ် ဆိုပြီးလှဲလိုက်တာအိပ်ပျော်သွားတာပေါ့။သူအိပ်နေစဉ်မှာပဲ ညောင်သီးတစ်လုံးဟာသူ့ရဲ့မျက်ခုံးပေါ်ကို ပြုတ်ကျ ပါလေရော။ သူဟာ အရမ်းနာသွားပြီးတော့ လန့်နိုးသွားတယ်။
အဲ့ဒီအခါမှာ သူစဉ်းစားမိတာက တကယ်လို့ ညောင်သီးတာ အပင်ကြီးသလောက် အသီးကြီးမယ်ဆိုရင်ငါသေနေလောက်ပြီပေါ့။ အဲ့ဒီအခါမှ သူဟာ သူရေရွတ်မိခဲ့တဲ့အကြောင်းအရာတွေကို ပြန်ပြီးနားလည်ပေးခဲ့တယ်။ နောက်ဆုံးတော့ သူဟာ သဘာဝကြီးက မျက်နှာမလိုက်ပါဘူး၊ သူ့ဟာနဲ့သူ သင့်တင့်လျောက်ပတ်ပါပေတယ်လို့ ချီးမွမ်းရင်း ခရီးဆက်လက် ထွက်ခွါ သွားတော့တာပေါ့။
အင်္ဂလိပ်ပုံပြင်လေးတစ်ပုဒ်ကို ဘာသာပြန်ဆိုထားတာပါ။
ကြိုးစားပါဦးမည်
ဂျူမုံ