Powered By Blogger
Showing posts with label Health new. Show all posts
Showing posts with label Health new. Show all posts

Friday, 23 August 2013

အလှကြိုက်သူ မိန်းကလေးများနှင့် ခြေစွယ်ငုပ်ခြင်း အကြောင်း



အလှကြိုက်သူ မိန်းကလေးများနှင့် ခြေစွယ်ငုပ်ခြင်း အကြောင်း
မေး။   ။ ဒေါက်တာရှင့် သမီးဟာ မိန်းကလေးဖြစ်ပြီး ခြေထောက်မလှ ဖြစ်နေပါတယ်။ ခြေမမှာ ခြေစွယ် မကြာခဏ ငုပ်ပါတယ်။ ငုပ်ရင်လည်း ဒေါက်ဖိနပ် မစီးနိုင်အောင်ကို နာနေပါတယ် ဆရာ။
တစ်ခါတလေဆို ပြည်ပါတည် တတ်လို့ စိတ်ညစ်ရပါတယ်။ ခြေစွယ်မငုပ်အောင် ဆိုင်သွားပြီး Nail Health လုပ်လည်း ခဏပဲခံတယ် ဆရာရယ်။ သမီးဘယ်လို လုပ်ရမလဲ။ ကူညီ ဖြေကြားပေးပါ။
မီးမီးချော(အမရပူရ)
ဖြေ။ ။ အမရပူရက သမီးချောက အလှကြိုက်ပါလျက် ခြေစွယ်ငုပ်ရလို့ စိတ်ညစ် နေရပါသတဲ့။ ဟုတ်ကဲ့ပါ၊ သမီးလို အလှကြိုက်လျက် ခြေမကဖျက် နေတဲ့ အလှကြိုက် သူလေးတွေ သိဖို့ ခြေစွယ်ငုပ်ခြင်း အကြောင်း ဆရာရှင်း ပြလိုပါတယ်။
ခြေစွယ်ငုပ်တယ် ဆိုတာက ခြေသည်းညှပ်စဉ်က ကျန်ခဲ့တဲ့ ခြေစွယ်က အသားထဲ တိုးဝင်ရာက ခြေစွယ်ဝန်းကျင်မှာ အနာဖြစ်လာတာပါ။ အဲဒီအနာက ပြည်ပါ လိုက်လာပြီး ပို၍ ဆိုးဝါးစေပါ တယ်။ ခြေသည်းညှပ်ရာမှာ ခြေစွယ်ကျန်ခြင်းနဲ့ ရှူးဖိနပ်ကျပ်ကျပ် စီးခြင်းတို့ဟာ ခြေချောင်းများကို စုညှစ်သလို ဖြစ်နေတာကြောင့် ခြေစွယ် ငုပ်တတ်ပါတယ်။
ကဲ ခြေစွယ် ငုပ်လာပြီဆိုပါစို့။ ဘာစလုပ်ကြမလဲ။
(၁)     ခြေစွယ်ငုပ်နေတဲ့ ခြေထောက်ကို ရေနွေးထဲမှာ ဆားထမင်းစား ဇွန်းနှစ်ဇွန်းခန့် ထည့်မွှေထားတဲ့ ဆားရေနွေးနဲ့ ဆယ်မိနစ်ခန့် စိမ်ပါ။(တစ်နေ့ နှစ်ကြိမ်ခန့် စိမ်ပါ) နာနေတဲ့ နေရာကို ပလာစတာ ကပ်ထားပါ။ ခြေညှပ်ဖိနပ်၊ ကွင်းထိုး ဖိနပ်စီးပါ။
(၂)     ခြေစွယ်နာ လုံးဝ ပျောက်ကင်းသွားမှ ခြေသည်းညှပ်ပါ။
(၃)     ခြေသည်းဆိုးခြင်း၊ ကြေးချွတ်ခြင်းတို့ကို ခြေစွယ်ငုပ်နေစဉ် မလုပ်သင့်ပါ။
ခြေစွယ် ငုပ်လေ့ရှိတဲ့ သမီး မီးမီးချောအနေနဲ့ ခြေစွယ်မငုပ်အောင် ကာကွယ် နည်းတွေရှိပါတယ်။
(၁)     နေ့စဉ် ခြေဆေးပါ။ ဆေးပြီးတာနဲ့ ရေစင်အောင် သုတ်ပါ။
(၂)     ရှေ့ဘက်မှာ ခြေချောင်းလေးများကို စုညစ်ထားတဲ့ ဦးချွန် ဒေါက်မြင့်မျိုး မစီးသင့်ပါ။
(၃)     ခြေဦးပိုင်း ဖွင့်ထားတဲ့ ချည်ထည်ခြေစွပ်၊ စတော်ကင်များကိုသာ ဝတ်ပါ။ နေ့စဉ်လဲပါ။
(၄) ခြေသည်းမညှပ်မီ ခြေသည်းနူးပျော့လာရန် ခြေထောက်ကို ရေနွေးထဲမှာ ၁ဝ မိနစ်ခန့်စိမ်ပြီးမှ လက်သည်းညှပ် ကောင်းကောင်းနဲ့ ခြေစွယ်မကျန်အောင် ညှပ်ပါ။ ထောင့်ဘက် အဖျားများကို တံစဉ်းတိုက်ပါ။ ခြေစွယ် ကုပ်နေလျှင် ထိုနေရာကို အချွန်အထက်ဖြင့် အတင်းမကော်ပါနဲ့။ ရေနွေးစိမ်ပြီး ခြေသည်းပျော့သွားမှ ခြေစွယ်ကို ညှပ်ပါ။
မြဝတီ

Wednesday, 14 August 2013

မစားပဲနေနိုင်သော်လည်း မအိပ်ပဲ မနေနိုင်



လူတစ်ယောက်ဟာ အစားလုံးဝ မစားပဲ ရေသောက်ပြီးနေရင် ပျှမ်းမျှ အားဖြင့် ၁လ မှ ၂ ကြား အသက်ရှင်နိုင်တယ်လို့ လေ့လာတွေ့ရှိချက်များက ဆိုပါတယ်။ သို့ပေမယ့် လူတစ်ယောက်ဟာ ရက်ပိုင်းအတွင်းသာ မအိပ်ပဲ နေရင် သေနိုင်ကြောင်း သိရပါတယ်။

ဂင်းနစ်စံချိန်များအရ လူတစ်ယောက် မအိပ်ပဲ အနေနိုင်ဆုံးက ၂၆၄ နာရီပဲ ရှိပါတယ်။ သို့ပေမယ့် ယင်းစံချိန်တင်ပြီး သူ့ရဲ့  စိတ်ရော၊ ကိုယ်ပါ သာမန်လို မဟုတ်ပဲ ကျန်းမာရေးချို့ ယွင်းချက်ပေါင်း များစွာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အိပ်စက် အနားယူမှုက လူတစ်ယောက်အသက်ရှင်ဖို့အတွက် အရေးကြီးဆုံးထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ 

အစားမစားပေမယ့် ရေချည်းသောက်ပြီးနေတော့ ရက်ပိုင်းလောက်အတွင်း ထူးထူးခြားခြားပြောင်းလဲမှု မရှိပါဘူး။ သို့ပေမယ့် ဒါက တစ်ဦးချင်းစီရဲ့  အာဟာရ၊ ကျန်းမာရေး အခြေအနေ၊ ကိုယ်ခံစွမ်းအားများနဲ့လည်း သက်ဆိုင် ပါသေးတယ်။ သို့ပေမယ့် မိပ်ပဲနေရင်တော့ ဘယ်လောက်ပဲ ကျန်းမာရေး ကျန်းမာရေး ဘယ်လောက်ပဲ ကောင်းကောင်း ဆိုးရွားတဲ့ ကျန်းမာရေး ရလဒ်များသာ ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး

http://www.yoyarlay.com/health/beauty/37158-sleep-will-that-good-habit-for-health

.
Like ·  ·  · 1:27pm (7 hours ago) · 

သွားတိုက်ဆေးနဲ့ပတ်သတ်ပြီး သင်မသိသေးသော အချက်များ



သွားတိုက်ဆေး ၀ယ်ပြီဆို ဒီတိုင်း သုံးလို့ရရင် ပြီးရောဆိုပြီး ၀ယ်တာထက်

သူ့မှာ ပါတဲ့ ပစ္စည်း အညွှန်းလေးကို ကိုယ်နဲ့ကိုက်မကိုက် ကြည့်ပြီးဝယ်တာက ပိုပြီးကောင်းမယ်ထင်ပါတယ် သွားတိုင်ဆေးရဲ့ အောက်ဖက်နားမှာ လေးထောင့်ကွက်လေးနဲ့အရောင်လေးတွေပါပါတယ်... အလှထည့်ထားတာမဟုတ်ပါဝူး.. အရောင်လေးတွေမှာ အဓိပ္ပာယ်ကိုယ်စီရှိပါတယ်...အဲ့ဒါတွေကတော့

အစိမ်းရောင်။ ။ သဘာဝ

အပြာရောင်။ ။ သဘာဝ + ဆေးပါး

အနီရောင် ။ ။သဘာဝ+ ဓာတုဆေးပါး

အနက်ရောင်။ ၊ ဓာတုဆေးဝါးသီးသန့်

credit to Electrical Technology

Wednesday, 7 August 2013

တညင်းသီးစားပြီးရင် ဘယ်လိုဆက်လုပ်သင့်လဲ

Altermative Medicine ဟုခေါ်သော ပေါင်းကူး ဆေးပညာ ပါရဂူ ဒေါက်တာ ခင်မောင်လွင်၏ ဟောပြောချက်တွင် တညင်းသီးကို ဓာတ်ခွဲ သုတေသန ပြုကြည့်သောအခါ လူကို အကျိုးပြုသည့် မည်သည့် အဟာရ မျှမပါဝင်ဟု ဆိုသည်။ ၎င်းတွင် ပါဝင်သော ဖန်ချောင်း ကဲ့သို့သော ကလာပ်စည်းများသည် ကျောက်ကပ်တွင် သွားပိတ်နိုင်သဖြင့် အန္တရာယ် ရှိသည်။ ကျောက်ကပ်ပျက်စီး စေနိုင်သည်။ စားသင့်သည့် အသီး မဟုတ်။ အတိုင်း အတာမရှိ။ လုံးဝမစားသင့်သော အသီးမျိုး ဖြစ်သည်ဟု တင်ပြထားသည်။ သို့သော် တညင်းသီးကို မြန်မာတို့ စားသုံးခဲ့သည်မှာ
နှစ်ပေါင်း ၂၀ဝ ကျော်ခဲ့ပြီဟု သိရှိရသည်။

... တညင်းသီးကို ကြိုက်သူများ အတွက် တင်ပြလိုသည်မှာ မြန်မာ့ ရိုးရာဆေးပညာ ရှု့ထောင့်များအရ စေးထန်ပျစ်ချွဲသော အာပေါအာဗန္ဓရ အစာဖြစ်သည်။ အာကာသကို ပျက်စေသဖြင့် အပေါက်အခေါင်းများ ကိုပိတ်စေနိုင်သော အစာဖြစ်သည်။ ထိုအစာကိုစားလျှင် အာကာသ ပွင့်စေတတ်သော အစာနှင့် တွဲဖက်စားသင့်သည်။

တညင်းသီးပြုတ်ကို တို့စရာများ အဖြစ် စားလျှင်အဖြေဓာတ်အဖြစ်
ရှောက်ရွက် အနည်းငယ်ကို တို့စားပေးပါ။ ပိတ်သော အာကာသဓာတ်
ကိုပြန်ပွင့်အောင် ကူညီပေးနိုင်သည်။ တညင်းသီး ပြုတ်လျှင် သကြား အနည်းငယ်နှင့် ရှောက်ရွက်ထည့်ပြီး ပြုတ်ပါ။ နူးလွယ်ပြီး အဖန်ဓာတ်၊ အစေးဓာတ်လျော့နည်း စေသည်။ တညင်းသီးကို ရင့်သည့် အသီးရှောင် ပြီးနုသော အသီးများကို ထက်ခြမ်းခွဲပြီး ဖန်ပုလင်းတွင် ထည့်ပြီးဆားရည် စိမ်ထားပါ။ အာကာသ ပိတ်ခြင်း၊ ကျောက်ကပ်တွင် အစေးဓာတ်ပိတ်ဆို့
ခြင်းမှကာကွယ် နိုင်ပါသည်။ ထမင်းစားသောအခါ ကြိုက်တတ်၍ တညင်းသီးများများ စားမိလျှင်ဖြစ်စေ၊ တညင်းသီး အုန်းနို့ဆမ်းစားမိလျှင်
ဖြစ်စေ၊စားပြီးပြီးချင်း သံပုရာဖျော်ရည် တစ်ခွက် သောက်ပေးပါ။ အဆိပ် မတက်စေနိုင်သော အဖြေဓာတ်ဖြစ်ကြောင်း တင်ပြလိုက် ရပေသည်။
ကိုဇေ (MDY) ပြန်လည်မျှဝေသည်။
ကြည့်သူဦးရေ: 627

ဝမ်းပျက်၊ ၀မ်းလျှောနေချိန် ဆောင်သင့်၊ ရှောင်သင့်သည့် အချက်များ...............

ဝမ်းလျှောတယ် ဆိုတာ ယေဘုယျ အားဖြင့် ပျော့ပျောင်းတဲ့ အရည်ကြည် ဝမ်းတွေ သွားနေပြီး မကြာခဏ ဝမ်းသွားနေတဲ့ အခြေအနေကို ခေါ်ပါတယ်။

ဝမ်းလျှော တာက အများအားဖြင့် နှစ်ရက် လောက်ပဲ ကြာပေမယ့် ကြာရှည် ဝမ်းသွားတဲ့ အခြေအနေ ဆိုရင် နှစ်ရက်ကျော် ကြာတဲ့အထိ ဝမ်းသွား တတ်ပါတယ်။ ဒီအခြေအနေမျိုးမှာ ရေဓာတ် ခမ်းခြောက်မှု ဖြစ်တတ် ပါတယ်။ ဝမ်းပျက် ဝမ်းလျှော တာက ဘက်တီးရီးယားပိုး ဝင်တာ၊ ဗိုင်းရပ်စ်ပိုး ဝင်တာ၊ အစာနဲ့ မတည့်တာ၊ ကပ်ပါးပိုးတွေ ဝင်တာ၊ ဆေးနဲ့ မတည့်တာနဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါ တွေကြောင့် ဖြစ်တတ်ပါတယ်။ ဝမ်းပျက်တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေက ဗိုက်အောင့်တာ၊ လေထတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ အိမ်သာကို အလောတကြီး သွားချင်စိတ် ပေါ်တာ စတာတွေ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဝမ်းပျက်ပါစေ၊ ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ ဆောင်သင့်၊ ရှောင်သင့်တဲ့ အချက်တွေကို သိနားလည်ထားဖို့ လိုပါတယ်။

ရေနှင့် ဓာတ်ဆားသောက်ပါ - ဝမ်းပျက်ဝမ်းလျှောတာကို ကုသဖို့ အကောင်းဆုံးနည်းက ရေနဲ့ အရည်များများ သောက်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဝမ်းလျှောတာကြောင့် ခန္ဓာကိုယ်က အရည်ဆုံးရှုံးမှု များတဲ့အတွက် ရေများများ ပြန်သောက်ပေးသင့်တာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ရေနဲ့အတူ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပါ ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဓာတ်ဆားထုပ်ကို သတ်မှတ်ထားတဲ့ အချိုးအဆအတိုင်း ရေနဲ့ဖျော်ပြီး သောက်ပေး ရမှာ ဖြစ်ပါတယ်။ ရေသောက် ရာမှာ ရေသန့် ကို သောက်ပေးရမှာ ဖြစ်ပြီး ရေမသန့်ဘူး ထင်ရင် ကျိုချက်ပြီး သောက်ပါ။

နို့နှင့် နို့ထွက်ပစ္စည်းများ ရှောင်ပါ -ဝမ်းလျှော နေချိန်မှာ နို့ကို ချေဖျက်ဖို့ လိုအပ်တဲ့ အင်ဇိုင်း (lactase) ထောက်ပံ့မှု လျော့ကျ သွားတာကြောင့် နို့နဲ့ နို့ထွက် ပစ္စည်းတွေ ကို ရှောင်သင့် ပါတယ်။ နို့ကို ကောင်းကောင်း မချေဖျက် နိုင်တာကြောင့် ပိုပြီး ဝမ်းလျှောတာနဲ့ လေထတာတို့ ဖြစ်နိုင်ခြေ များပါတယ်။

ဆီကြော်စာ၊ ဟင်းခတ် အမွှေးအကြိုင် ကဲသော အစားအသောက် တို့ကို ရှောင်ပါ- ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ အဆီအအိမ့်များတဲ့ အစာ၊ ဆီကြော်စာ၊ အမျှင်ဓာတ် များတဲ့ အစာနဲ့ ဟင်းခတ် အမွှေးအကြိုင်ကဲတဲ့ အစားအသောက် တို့ကို ရှောင်သင့် ပါတယ်။

သတ္တုဓာတ် ပါဝင်သော အစားအသောက်များ စားပါ - တချို့ သတ္တုဓာတ်နဲ့ အာဟာရ ဓာတ်တို့ ပါတဲ့ အစားအသောက် တွေကို စားပေးရင် အူလမ်းကြောင်း တစ်လျှောက် အစာဖြတ်သန်းမှု နှေးစေပြီး ဝမ်းပျက် ဝမ်းလျှော ဖြစ်တာကို သက်သာ စေပါတယ်။ ဥပမာ- ဆန်ပြုတ် ပျော့ပျော့၊ ငှက်ပျောသီး၊ ပေါင်မုန့်နဲ့ စွပ်ပြုတ်စတဲ့ အစာတွေကို စားပေးသင့်ပါတယ်။

အဆီ နည်းသော ဒိန်ချဉ် အသင့်အတင့် သောက်ပါ - ဝမ်းလျှောချိန်မှာ ဒိန်ချဉ် သောက်ရင် အစာခြေ အူလမ်းကြောင်း တစ်လျှောက်မှာ အစာကြေညက်စေတဲ့ အကျိုးပြု ဘက်တီးရီးယား တွေ ရရှိစေတာကြောင့် ဝမ်းပျက် ဝမ်းလျှောတာကို သက်သာ စေပါတယ်။

ချင်းလက်ဖက်ရည် သောက်ပါ -ချင်းလက်ဖက်ရည် သောက်တာက ဗိုက်အောင့်တာနဲ့ လေပွ တာကို သက်သာ စေပါတယ်။ မုန်လာဥနီ ဖျော်ရည်နဲ့ တလည်း သီး ဖျော်ရည် သောက်တာ ကြောင့်လည်း ဝမ်းအရည် သွားတာကို သက်သာစေပါတယ်။

ကဖင်းနှင့် အယ်လ်ကိုဟော ရှောင်ပါ - ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် အပြင် အရက်ကိုလည်း ရှောင်သင့် ပါတယ်။ ဆန်ပြုတ် ပူပူ သောက်ပါ ဆန်လုံး ညိုကို ရေနဲ့ ၄၅ မိနစ်ခန့်ပြုတ်ပြီး သောက်တာက ဝမ်းပျက် ဝမ်းလျှော ရောဂါကို သက်သာ အောင် ကုသ ပေးနိုင်ပါတယ်။ ဆန်လုံးညိုမှာ ဗီတာမင် ဘီ အုပ်စု ပါဝင်ပါတယ်။

ဗီတာမင်စီ ပါသော အစားအသောက်ကို ရှောင်ပါ - ဝမ်းလျှောနေချိန်မှာ ဗီတာမင်စီ ပါတဲ့ အစား အသောက်ကို အလွန်အမင်း စားတာကြောင့် ဝမ်းပျက်ဝမ်းလျှောကို ပိုဆိုး စေနိုင်ပါတယ်။

ပျားရည် သောက်ပါ - ပျားရည် ထမင်းစားဇွန်း လေးဇွန်းနဲ့ ရေတစ်ခွက် ရောသောက်ပေးရင် ဝမ်းပျက် ဝမ်းလျှောတာ သက်သာ သွားပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါး တက္ကသိုလ်)

မြ၀တီ
သူငယ်ချင်းများတွက် မျှဝေလိုက်တာပါ။
ရွှင်လန်းချမ်းမြေ့ပါစေ။ အားလုံးကိုလေးစားလျက်
ချောလေး

Sunday, 4 August 2013

ကိုယ်တွင်း အဆီပိုများကို ဖယ်ရှားနိုင်သော နည်းလမ်းများ


သင့်ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကိုလောင်ကျွမ်းစေပြီး ကိုယ်တွင်းအဆီပိုတွေကို ဖယ်ရှားပေးနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးလိုက်ပါ။

၁) သစ်ကြံပိုးခေါက် ထည့်ချက်ပါ

ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုတတ်ကြတဲ့ သစ်ကြံပိုးခေါက်မှာ အဆီလောင်ကျွမ်းစေတဲ့ အာနိသင် ရှိပါတယ်။ အစာစားပြီးတဲ့အခါ ခန္ဓာကိုယ်အတွက် ပိုလျှံနေတဲ့ သကြားဓာတ်တွေကို အဆီအဖြစ် သိုလှောင်မှုကို သစ်ကြံပိုးခေါက်က တားဆီးပါတယ်။ သစ်ကြံပိုးခေါက်က ကိုယ်အလေးချိန် မတက်စေဘဲ အချိုဓာတ်ကို ရရှိစေပါတယ်။ သစ်ကြံပိုးခေါက် အပါအဝင် ဟင်းခတ်အမွှေးအကြိုင် အများစုက အရသာအတွက်ထည့်တဲ့ အဆီ၊ ထောပတ်နဲ့ ဆားတွေထက် ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ အာနိသင်ရှိပါတယ်။

(၂) ကုလားပဲ စားပါ

ကုလားပဲမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီကို လောင်ကျွမ်းစေတဲ့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ကုလားပဲခွက် တစ်ခွက်စာကနေ ၁၂၀-၁၄၀ ကယ်လိုရီ ရရှိပြီး ဆာလောင်မှုမရှိဘဲ ကျေနပ်မှုကို ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ကုလားပဲစားသုံးတာက ခါးသေးသွယ်ပြီး ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ တွေ့ရပါတယ်။

(၃) မနက်စာ ကြက်ဥစားပါ

စိန့်လူးဝစ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ကာဗိုဟိုက်ဒရိတ်နဲ့ ပမာဏတူတဲ့ ကြက်ဥကို စားသုံးတာက ကိုယ်အလေးချိန် လျှော့ချနိုင်တာကို တွေ့ရပါတယ်။ နောက်ထပ်တွေ့ရှိချက်တွေအရ မနက်စာမှာ ကြက်ဥစားပေးတာက တစ်နေ့တာအတွက် ကယ်လိုရီစားသုံးမှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။

(၄) မှိုထည့်ချက်ပါ

မှိုထဲမှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ ဂလူတမိတ်ပါဝင်ပြီး အရသာ ကောင်းမွန်တာကြောင့် အနည်းငယ်စားရုံနဲ့ စိတ်ကျေနပ်မှု ရစေပါတယ်။

(၅) သရေစာအဖြစ် အစေ့အဆန်များကို စားပါ

အစေ့အဆန်တွေမှာ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အဆီတွေ ပါဝင်တာကြောင့် ဆာလောင်မှုကို လျော့နည်းစေပါတယ်။ အစေ့အဆန်တွေမှာ ခန္ဓာကိုယ်မှ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့ အာနိသင်ရှိပြီး ပြည့်အင့်မှုကို ဖြစ်စေပါတယ်။

(၆) ပုစွန်ဆိတ် စားပါ

ပုစွန်ဆိတ်လေးအောင်စ စားသုံးပါက ခန္ဓာကိုယ်မှ ပရိုတင်းလိုအပ်ချက်ရဲ့လေးပုံ သုံးပုံကို ရရှိနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ မိန်းကလေးတွေဟာ ကယ်လိုရီ ၃၀ ရာခိုင်နှုန်းကို ပရိုတင်းကနေ ရယူပြီး ကြွက်သားတည်ဆောက်မှုနဲ့ ဇီဝဖြစ်ပျက်မှုကို လုပ်ဆောင်ပါတယ်။ တိုဟူး၊ ဒိန်ချဉ်၊ ကြက်သား၊ အဆီဖယ်ထားတဲ့ အမဲသား၊ ဝက်သားနဲ့ ငါးတွေကနေလည်း ပရိုတင်းကို ရရှိနိုင်ပါတယ်။

(၇) လက်ဖက်စိမ်းရည် သောက်ပါ

တစ်နေ့ကို လက်ဖက်စိမ်းရည် လေးခွက်သောက်ပေးပါက နှစ်ပတ်အတွင်း ကိုယ်အလေးချိန် ရှစ်ပေါင်ကျဆင်းစေတယ်လို့ အမေရိကန် အာဟာရဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

(၈) ကောက်နှံတစ်ခုလုံး ပါဝင်စာစားပြီး သကြားဓာတ်ကို ထိန်းပါ

ကောက်နှံတစ်ခုလုံး ပါဝင်စာကလည်း သင့်ခန္ဓာကိုယ်အတွင်းရှိ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာကို တဖြည်းဖြည်းချင်း ချေဖျက်ရလို့ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။ သကြားဓာတ် ထိန်းထားနိုင်တာက ခါးပတ်လည်မှာ အဆီသိုလှောင်မှုကို လျော့နည်းစေပြီး ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။

(၉) ငရုတ်သီး ထည့်ချက်ထားသော ဟင်းကိုစားပါ

ငရုတ်သီးကို ဟင်းထဲမှာ ထည့်ချက်စားလေ့ ရှိကြပါတယ်။ တစ်နေ့ကို ငရုတ်သီးထည့်ချက်တဲ့ ဟင်းတစ်မျိုးစားပေးပါက ဇီဝဖြစ်ပျက်မှုကို ၂၅ ရာခိုင်နှုန်း ပိုမိုကောင်းစေတယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ရပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)Ref: Good Health posted on Yatanarpon.com.mm

Wednesday, 31 July 2013

%%% မကြာခဏ နုံးချည့်ညောင်းညာတက်သူတို့ အင်အားတိုးစေမည့် နည်းလမ်းများ %%%

မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။
ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။
(၁) ရေများများသောက်ပေးပါ
ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။
(၂) ကဖင်းဓာတ်ကို သတိထားပါ
တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင် တိုးစေပြီး စိတ်ရွှင်လန်း စေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများ မှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေ နိုင်ပါတယ်။
(၃) နံနက်စာကို ပုံမှန်စားပါ
နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ် ပေါ်မှာ မူတည် နေတဲ့ အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲ နေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျ စေတာကြောင့် နုံးချည့် နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။
(၄) အာဟာရပြည့်ဝအောင်စားပါ
ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက် ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝ စေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ် ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာ တတ်တာကြောင့် အဆီနည်း အသားလို သံဓာတ် ပါဝင်မှုများတဲ့ အစာ စားပေး သင့်ပါတယ်။
(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်
ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတို အတွင်း အလေးချိန် ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာ လျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့် ညောင်းညာ နိုင်ပါတယ်။
(၆) အိပ်ရေးဝဝအိပ်ပါ
တစ်ညကို ရှစ်နာရီလောက် အိပ်ချိန် ပေးသင့် ပါတယ်။ အိပ်စက် ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေထွက်လေ မှတ်တာ၊ ဘုရားစာ ရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက် အနားယူပါ။
(၇) အိပ်ဆေးမသောက်ပါနှင့်
အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့ အတွက် ဘာကြောင့် အိပ်မပျော် ရတာလဲ ဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့် ညောင်းညာ နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။ မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။
ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။
×××××××××××××××××××××××××××××××××××××××××××××××××
သစ်ထူးလွင်မှ သတင်းလေးပါ။ ဗဟုသုတ ပြန်ဖြန့် ပေးတာပါနော်။
ဖတ်ခဲ့သူများ: 59
အကြောင်းအရာ: ကျန်းမာရေးဗဟုသုတ

Sunday, 28 July 2013

နံနက်စာ ပုံမှန်စားလေ့မရှိသူများ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများ


          နှလုံး ကျန်းမာရေးသည် မနက်စာ စားသောက်သည့် အလေ့အထနှင့် ဆက်နွယ်မှုရှိပြီး နေ့စဉ်နေ့တိုင်း နံနက်စာကို ပုံမှန် အချိန်ယူ စားသောက်သင့်ကြောင်း သုတေသီများက အကြုံပြု ပြောကြားလိုက်သည်။ Circulation (သွေးလှည့်ပတ်မှု) ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည့် ဆောင်းပါးသည် လူပေါင်း (၂၇၀၀၀)၏ နေထိုင်မှု ဓလေ့စရိုက်နှင့် ကျန်းမာရေး ဆက်နွယ်မှုတို့အပေါ် အခြေခံ သုတေသန ပြုထားခြင်း ဖြစ်သည်။ သုတေသီများက နံနက်စာ မစားဘဲ နေခြင်းသည် နှလုံးတွင် ပြဿနာများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို ပိုမို ကြီးမားလာစေနိုင်ကြောင်း ဆိုသည်။

တစ်ဖက်တွင်လည်း နံနက်စာကို ကျန်းမာရေးနှင့် လျော်ညီသင့်တင့်သည့် ရွေးချယ်မှုမျိုးဖြင့် စားသောက်သင့်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဟားဗက် ပြည်သူ့ကျန်းမာရေး ဆေးကျောင်းမှ ပညာရှင်များက မနက်စာ လွတ်သွားခြင်းကြောင့် ခန္ဓာကိုယ်သည် ဇီဝကမ္မ ဖြစ်စဉ်များအတွက် ပိုမို အားစိုက် လှုပ်ရှားရလေ့ရှိကြောင်း ရှင်းပြခဲ့သည်။ ထိုအနေအထားကြောင့် ခန္ဓာကိုယ် သွေးလှည့်ပတ်မှုတွင် အဓိက အစိတ်အပိုင်းဖြစ်သော နှလုံးသည် ထိခိုက်မှု ပိုကြီးလာတတ်ကြောင်းလည်း သိရသည်။

ဗြိတိသျှ နှလုံးဖောင်ဒေးရှင်းကလည်း မနက်စာကို လျော်လျော်ကန်ကန် စားသုံးခြင်းသည် လူအများအနေဖြင့် သကြားဓာတ် လွန်ကဲသည့် Snackကဲ့သို့ သရေစာမုန့်များ စားသောက်ခြင်းကို အတားအဆီးတစ်ရပ် ဖြစ်သွားစေလေ့ရှိကြောင်း ထောက်ခံထားသည်။ အသက်(၄၅)နှစ်မှ (၈၂)နှစ်ကြား လူပေါင်း (၂၇၀၀၀)တို့၏ (၁၆)နှစ်ကြာ ကျန်းမာရေး မှတ်တမ်းများနှင့် နေထိုင်မှု ဓလေ့စရိုက်များကို သုတေသီများက ယှဉ်တွဲ လေ့လာခဲ့ပြီး ယင်းတို့အနက် (၁၅၀၀)ခန့်သည် နှလုံးဖောက်ပြန်မှု၊ သေဆုံးသည်အထိ ဆိုးရွားသည့် နှလုံးရောဂါ ထိုးနှက်မှုများနှင့် ကြုံခဲ့ရကြောင်း တွေ့ရှိခဲ့သည်။ အဓိကအားဖြင့် ယင်းတို့အနက် အများစုသည် မနက်စာ ပုံမှန်စားသောက်သည့် အလေ့အကျင့်မျိုး ကင်းကွာနေသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။

နှလုံးထိခိုက်မှုကို ထိခိုက်စေသည့် အခြားညွှန်ကိန်းများမှာ ဆေးလိပ်သောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ ဖြစ်ကြောင်းလည်း ပညာရှင်များက ထပ်မံ အတည်ပြုခဲ့သည်။ သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ လားကာဟေးလ်က BBCနှင့် အင်တာဗျူးတွင် "ကျွန်မတို့ ပြောချင်တာကတော့ နံနက်ခင်း ကိုယ့်အိမ်မှာ အစားမှန်မှန် စားဖို့ပါပဲ။ အထူးသဖြင့် မနက်အိပ်ရာထပြီး (၁)နာရီ အတောအတွင်းလောက် ဆိုပါတော့။ တစ်ခုခု အကျိုးရှိတယ်ဆိုတာ ဘာမှ အကျိုးမရှိတာထက် ကောင်းပါတယ်။ သေချာတာက ကျန်းမာရေးအရ မျှခြေရှိတဲ့ နေထိုင်မှု ပုံစံတစ်ခုက အမြဲတမ်း ပိုကောင်းတဲ့ဘက်က ရှိတယ် ဆိုတာပါပဲ"ဟု ပြောကြားခဲ့သည်။

သူမက နံနက်စာလွတ်ပြီး နေ့လယ်စာ စားချိန်ထိ အဆာခံနေရခြင်းသည် ရေရှည်တွင် ထိခိုက်မှု များလိမ့်မည်ဟု ဆိုသည်။ "မနက်စာကို လက်လွတ် မခံပါနဲ့။ ခန္ဓာကိုယ်ထဲက ဇီဝကမ္မ ဖြစ်စဉ်တွေအတွက် ပိုအားစိုက်ရရင် သွေးတိုးနိုင်တာမျိုး၊ အဝလွန်တာမျိုး၊ ဆီးချိုဖြစ်တာမျိုး ကြုံရနိုင်တယ်။ အဲဒီအချက်တွေ အားလုံးက နှလုံးကို ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် မနက်စာကို လက်လွတ် မခံပါနဲ့"ဟုလည်း ဒေါက်တာကာဟေးလ်က အလေးအနက် ထပ်မံ တိုက်တွန်းသွားသည်။
                မူရင်းလင့်

ကျန်းမာရေးအတွက် စမတ်ကျကျ လမ်းလျှောက်ပါ


ကျန်းမာရေးအတွက် စမတ်ကျကျ လမ်းလျှောက်ပါ


ချက်ကို ကျောရိုးဖက်သို့ ဆွဲ ဆန့်ပြီး လမ်းလျှောက်ကြည့်ပါ။ သင်၏ ဝမ်းဗိုက်
ကြွက်သားများကို တည် ငြိမ်စေရန် ခါးစည်း၊ ဗိုက်စည်းဖြင့် ထိန်း၍ ခပ်မတ်မတ် လျှောက်ပါ။ လမ်းလျှောက်စဉ် လက်ကိုလွှဲပါ။ တင်၊ပေါင်မှ
ကြွက်သားများကို ခြေနှင့်တတန်းတည်းဆန့်၍ လျှောက်ပါ။ ပေါင်အတွင်း
ဖက်ကြွက်သားများကို ဒူးနှင့်တတန်းတည်းထား၍ လျှောက် ခြင်းဖြင့်
ခြေထောက်၏ တည်ငြိမ်မှုကို ရရှိစေပြီး ခြေခွင်ခြင်း မဖြစ်စေပါ။

ခါးကို မတ်၍ လျှောက်မိ စေဖို့ အမြဲဂရုစိုက်ပါ။ ခါးမတ်ခြင်းဖြင့် ဝမ်းဗိုက်
သည်လည်း တပါးတည်း ဖြောင့်တန်းလာပြီး အပြင်တွင် တက် ကြွသည့်
အသွင်ကို ဆောင်စေပါမည်။ ခါးကိုင်းလျှောက်မိလျှင် မိမိ ကိုယ်ကို ချက်ချင်းပြုပြင်လိုက်ပါ။

ခြေဖျားကို ရှေ့သို့ ပစ်၍ လျှောက်ပါ။ ဘေးဘက်ကို ကားပြီးဘဲ သွား သွားသလို မလျှောက် မိစေဖို့ သတိပြုပါ။ ခြေလှမ်းတိုင်း ခန္ဓာကိုယ်
နှင့်ခြေထောက်ကို တတန်းတည်း ဖြစ် ပါစေ။ ခြေထောက်က ခန္ဓာကိုယ်၏အရှေ့ကို အရင်ရောက်နေသည့် ပုံစံ မျိုးမဖြစ်စေရန် ထိန်းလျှောက်ပါ။ Cat walk ပုံစံ မျဉ်းတပြေးတည်း လျှောက်ခြင်းမျိုးကို ကြိုးစားလျှောက် ခြင်းထက် ပုံမှန်ပခုံးကို ဖွင့်၍လျှောက်ပါ။ ဦးခေါင်း
အတွက် ခေါင်းပေါ်တွင် စာအုပ်ကိုတင်၍ လျှောက်ခြင်းကလည်း ခေါင်း၏
အနေအထားကို ကြည့်ကောင်းစေသဖြင့် လေ့ကျင့် လျှောက်လှမ်းကြည့်ပါ။

ထူး
Health Updates Journal

Friday, 26 July 2013

Virginity fraud အပျိုရည် ပျက်ခြင်း(အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

မိန်း ကလေး တယောက် ကနေ အကျိုးတခုခုကို မျှော် ကိုးပြီး မမှန်ဘဲနဲ့ အပျိုစစ်ပါတယ်လို့ ပြောလိုက် တာကို Virginity fraud အပျိုရည်- လိမ် တယ်၊ Virginity lie အပျိုရည်-မုသား နဲ့ Chastity fraud အဗြဟ္မစရိယ-အ ကျင့် လို့လဲ ခေါ် တယ်။

Paternity fraud မိဖ မစစ်ဘူးဆိုတာလိုဘဲ ဒီ အယူအ ဆဟာလဲ ငြင်းခုန်စရာ တခုပါဘဲ။ အပျို စစ်-မစစ်ရဲ့ Definition အဓိပ္ပါယ်ဖွင့်မှု နဲ့ Importance အရေးပါမှု ဆိုတာကို လူ့အသိုင်း အဝိုင်းမှာ တသဘော ထဲ မရှိပါ။ Sexual double standard ကျား-မ နှစ်ခွအမြင် ရှိတာနဲ့ မရှိတာမှာ ကွာကြ တယ်။

Female virginity အပျိုစစ်မှုကို

1. Hymen အပျိုမြှေး ရှိတာ-မရှိတာနဲ့ တိုင်းမလား။
2. Philosophical criteria ဒဿနိက-သတ်မှတ်ချက်ကော ထားမလား။

လူမှုအသိုင်းအဝိုင်းတွေက မတူကြပါ။ Rape victim အဓမ္မပြုကျင့်ခံရသူမျိုးကို အကဲဖြတ်တာတော့ တူကြတာ များပါတယ်။ မိန်းကလေး တယောက် Boyfriend ယောက်ျားလေးအဖေါ် ထားပြီဆိုကတည်းက (လိင်ဆက်ဆံမှု မရှိအုံးတော့) တန်ဘိုး သတ်မှတ်မှုမှာ အမှတ် လျော့ခံရပြီ။ Lesbian sexual activity မိန်းကလေးချင်းချင်း လိင်ကိစ္စထိ ရောက်ကြအုံးတော့ စောစောက မိန်းကလေးလောက် အမှတ် မလျှော့တတ်ဘူး။

ရှေးခေတ်လို့ ပြောရမယ်၊ ခုခေတ်လဲ ရှိတော့ ရှိသေးတာပါ၊ မင်္ဂလာဦးညမှာ အိပ်ယာခင်း၊ အဝတ်အစားမယ် ကညာမြှေးစုတ်လို့ ထွက်တဲ့ သွေးစွန်းတာ လက်တွေ့ မြင်ရမှသာ သတို့သမီးဟာ အပျိုစစ်ခဲ့ပါတယ် ဆိုတာရဲ့ Proof သက်သေခံ ဖြစ်တယ်။ ဒီအချက်ကို Marriage contract မင်္ဂလာဆောင် (ကန်ထရိုက်) စာချုပ်ကတည်းက တည့်ထားတတ်တယ်။ ဘယ်ရမလဲ လူဆိုတာ ကြံရည်-ဖန်ရည် ရှိတယ် မဟုတ်လား။ ခေတ်လူတွေမှ တော်ကြတယ် မထင်ပါနဲ့။ Techniques to simulate the bleeding သွေးအတု လုပ်နည်းတို့ Physical sensation of rupture စုတ်ပြဲသွားလို့ နာကျင်မှု အယောင်ဆောင်တို့ ဆိုတာတွေလဲ ရှေးကတည်းက ရှိနေခဲ့ပါတယ်။

Methods of detection ဘယ်လို စမ်းသပ်မလဲ -

1. Hymen restoration surgery အပျိုမြှေးကို ခွဲစိတ်ကုသပြီး ပြန်လုပ်ပေးထားသလား။ Vagina's general state of elasticity ပုံမှန်ရှိအပ်တဲ့ (ဗဂျိုင်းနား) ရဲ့ ကြုံ့နိုင်-ဆန့်နိုင်စွမ်း ရှိသလား-မရှိဘူးလား ဆိုတာတွေ စစ်တာကို လူမျိုးစု အတော်များများမှာ ဆရာဝန်တွေက လုပ်ရတာတော့ မဟုတ်ပါ။ အများလက်ခံတဲ့ အမျိုးလဲတော်တဲ့ အမျိုးသမီးကြီး တဦးဦးကနေ လုပ်ရပါတယ်။ နောက်ပိုင်းမှာတော့ ဆရာဝန်တွေကို သုံးလာတာလဲ ရှိပါတယ်။ ဆေးလက်မှတ် ထုတ်ပေးဘို့ လိုတတ်လို့ပါ။

2. ဆရာဝန်နဲ့ မလုံလောက်ရင် "စုံထောက်" အားကိုးကြတာလဲ ရှိတယ်။ Private detective တွေက မိန်းကလေးရဲ့ သမီးရည်းစားထား သမိုင်း ပြန်လှန်မယ်။ သွားဘူး-လာဘူးတဲ့ ဆေးရုံ-ဆေးခန်းတွေ လိုက်စုံစမ်းမယ်။ မပေါ်ပေါ်အောင် ဖေါ်မယ်။

အနောက်နိုင်ငံတွေမှာ Hymen replacement surgery အပျိုမြှေးပြန်လုပ်ပေးတာကို ဝေဖန်လာကြတယ်။ Medically unnecessary ဆေးပညာအရ မလိုအပ်ဘူးတဲ့။ လူတွေ အဲလို လိုက်လုပ်ကြတဲ့ Social practices အလေ့အထက မကောင်းဘူးလို့ ပြောတယ်။ သိတဲ့အတိုင်း ဒီနည်းကြောင့် အပျိုမဟုတ်သူတွေက အပျိုတု လုပ်လာပါတယ်။

ပြဿနာ များတာက မွတ်ဆလင်တွေမှာ ဖြစ်မယ်။ ၂ဝဝ၆ တုံးက ပြင်သစ်နိုင်ငံ Lille မှာနေတဲ့ သတို့သားက သူ့ သတို့သမီးကို အပျိုမစစ်လို့ မယူတော့ဘူး ငြင်းခဲ့တယ်။ မိန်းကလေးကလဲ စစ်ပါတယ်ပြောပေမဲ့ အယူခံ မတက်တော့ ယောက်ျားလုပ်သူက အနိုင်ရလိုက်တယ်။

၂ဝဝ၉ ရောက်တော့ မီဒီယာ အာရုံစိုက်မှုများတဲ့ကြားကနေ တရားရေးဝန်ကြီး Rachida Dati က အစိုးရကို အယူခံဘို့ အမိန့်ချလိုက်တယ်။ အယူခံတရားရုံးက အရင်အမိန့်ကို ပြောင်းပြန်လုပ်လိုက်တယ်။ လက်ထပ်တာမှာ အပျို စစ်-မစစ်ဟာ Essential condition မရှိမဖြစ် လိုအပ်ချက် မဟုတ်လို့ ချမှတ်ထာ ဖြစ်တယ်။

မိန်းကလေးက မုသားဆိုအုံးတော့ အိမ်ထောင်သည်ဘဝအတွက် အပျိုရည်ပျက်လဲ ကိစ္စမရှိဘူးတဲ့။ သူ့အတိတ်ဟာ အတိတ်ဘဲတဲ့။
Views: 288

တစ်ခုခုပြောခဲ့ပေါ့လိင်မှတဆင့် ကူးစက်သော ရောဂါများ (သိစေအပ်ပါသည်)

STI ဖြစ်ရင် အိမ်က မိန်းမ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ လိင်ဆက်ဆံဘက်ကိုပါ အတူတူ ဆေးကုဖို့ လိုကြောင်း၊ ဘာကြောင့် လိုအပ်ကြောင်းလေးပါ ပြောပေးပါ။

ဖြစ်နေကျတွေက ယောက်ျားက မိန်းမ မသိအောင် ဆေးကုထားပြီး မိန်းမက ကလေး မွေးခါနီးစစ်မှ ဆစ်ဖ လစ်ပိုး တွေ့တာမျိုး ဖြစ်တတ်တာ။ အဲဒီအချိန်မှာ သူတို့က မေ့နေလောက်ပြီဆိုတော့ မိန်းမကို ဘယ်က ရလဲ လို့တောင် ပြန်စွပ်စွဲတတ်ကြသေးတာ။ အဲလိုနဲ့ ကွဲတဲ့ စုံတွဲတွေတောင် ရှိဖူးပါတယ်။

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို ဆေးပညာမှာ Sexually Transmitted Diseases (STDs) လို့ အခုခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD) လို့ ခေါ်ခဲ့တယ်။

ကျွန်တော်တို့ဆီမှာလဲ အရင်က “ကာလသားရောဂါ” လို့ ခေါ်ခဲ့ပြီး၊ ရောဂါတိုက်ဖျက်ရေးဌာနတောင် ဒီနာ မယ်နဲ့ လုပ်ခဲ့သေးတာ။ “ကာလသား” ဆိုတာ လူပျိုပေါက်ထက် ကြီးပြီး၊ များသောအားဖြင့် အိမ်ထောင်လဲ မကျသေးတဲ့ ယောက်ျားသား လူရွယ်တွေကို ခေါ်တာပါ။ တောရွာတွေမှာ “ကာလသားခေါင်း” ဆိုတာ ရပ်ရေးရွာရေး၊ လူမှုရေးကိစ္စတွေမှာ စေတနာနဲ့ (ဗော်လန်တီယာ) လုပ်နေသူတွေရဲ့ ခေါင်းဆောင်ကို ခေါ် တယ်။ အမိန့်နာခံသူကို ရွေးတာ၊ အထက်လူကြီးကို လာဘ်ထိုးနိုင်လို့ ခန့်တာမျိုး မဟုတ်ဘူး။ ရွာသားတွေ က နှစ်လိုသဘောကျသူကိုသာ ရွေးတာ။ အင်မတန် ချစ်ဘို့ကောင်းတဲ့ ယဉ်ကျေးမှုပေါ့။

STDs တွေက ကာလသားတွေသာ မဟုတ်ဘူး အရွယ်မရွေး ဖြစ်နိုင်တယ်။ မွေးစကလေးတွေတောင် ကူးတာ။ အမျိုးသားတွေရော အမျိုးသမီးများတွေမှာပါ ဖြစ်တယ်။ ဖြစ်မှာပေါ့ လိင်ဆက်ဆံကြရာမှာ မဆင်ခြင်ကြလို့ တယောက်ကနေ နောက် တယောက်ကို ကူးတာကိုး။ ဒါ့ကြောင့် STIs လို့ ပြောတာက ပိုမှန်တယ်။ “I” ဆိုတာ Infection “ကူးစက်ရောဂါ” လို့ ကွက်ကွက် ကွင်းကွင်း ခေါ်လိုက်တာပါဘဲ။

Venereal လို့ ခေါ်တာကလဲ Venus ဗီးနပ်စ် ကနေလာတာပါ။ ကျောင်းသားတွေက သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ဗီးနပ်စ် ကို အချစ် နဲ့ အလှကို ကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။ ရောမ သာမကပါ၊ ဂရိနတ်သမီး (အဖရိုဒိုက်) နဲ့ပါ ဆက်စပ်မှု ရှိသေးတယ်။ လှလွန်းတယ်လို့ နာမည်ကြီးတဲ့ လက်နှစ်ဖက်ပြတ် ကျောက်ဆစ် ရုပ်ထု Aphrodite of Milos ကို Venus de Milo လို့ ပိုသိကြတယ် မဟုတ်လား။ “လှတာမက်တော့ ညစာခက်” ဆိုသလို ရောဂါက အတော်ကို ကြောက်ဘို့ ကောင်းတယ်။

ဆေးတွေ မပေါ်ခင်ကဆို ကုရာနတ္ထိရောဂါတွေလို့ ထင်မှတ်ခဲ့ရသေးတယ်။ ဒီလိုရောဂါတွေကုဘို့ ပဌမဆုံးဆေးရုံကို ၁၇၄၆ ကျမှ လန်ဒန်မှာ စဖွင့်တယ်။ စပိန်ပြည်တွင်းစစ် (၁၈၂ဝ-၂၃) ခေတ်ကတောင် ဒီရောဂါမျိုးဟာ “ရန်သူ့ကျည်ဆံလို ကြောက်ဘို့ ကောင်းတယ်” လို့ ပိုစတာတွေ ကပ်ခဲ့ကြသေးတယ်။

လိင်ဆက်ဆံရာ နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြား တခြား နေရာတွေမှာပါ ရောဂါ ရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ Systemic STDs လို့ ခေါ်တာတွေက HIV, Hepatitis B, Hepatitis C နဲ့ Human Herpes Virus တွေ ဖြစ်တယ်။

ရောဂါပိုးတွေကလဲ အမျိုးမျိုး။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ ပရိုဇိုးဝါး နဲ့ ပါရာဆိုက်၊ အကောင်စုံ ပါဘဲ။ ဆစ်ဖလစ် ကို VD ခေါ်ကတည်းက ရောဂါ ရှိ-မရှိစမ်းတာကို Venereal Disease Research Laboratory (VDRL) tests လို့ ခေါ်တာ ခုအထိဘဲ။ ဒီစမ်းသပ်နည်းက ရာနှုန်းပြည့် ဒီရောဂါရှိတယ်လို့ ပြောနိုင်တာတော့ မဟုတ်ပါ။

Chlamydia trachomatis ပိုးတွေကြောင့်က အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ ကျား-မ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ တက်စေ့ကနေ အနာလဲ ဖြစ်လာတတ်တယ်။ အမျိုးသမီးများ သားအိမ်အဝမှာ အဖြစ်များတယ်။ အဖြူဆင်းတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်းအရောင်လဲ ဖြစ်နိုင်တယ်။ အမြှုတ်လိုလဲ ရှိတတ်တယ်။ အနံ့ဆိုးတယ်။ ယားမယ်။ သွေးနဲနဲလဲ စွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်း အင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ စအိုလိင်ဆက်ဆံသူများဆိုရင် အစာဟောင်းအိမ်ကို ရောဂါရလို့ ဝမ်းသွားရင် နာမယ်။

ဒုတိယအများဆုံးဖြစ်တာက Gonorrhea ဂနိုရီးယား။ လွန်ခဲ့တဲ့ နှစ် ၅ဝဝဝ က တရုပ်မှာ ဖြစ်ခဲ့တယ်လို့ သမိုင်းဆရာတွေက ပြောတယ်။ ပိုးရှိပေမဲ့ ဘာမှ မဖြစ်သလိုလဲ နေတတ်တယ်။ ပိုးရှိနေသူနဲ့ ဆက်ဆံပြီး၊ ၄-၅ ရက်မှာ စတယ်။ ယောက်ျားတွေမှာ ဆီးအောင့်တာ၊ ဆီးလမ်းကနေ အဖြူရည် အဝါရည် ကျတာ။ ဆက်ဖြစ်ရင် အကြောနာ၊ အစေ့နာတာ ဖြစ်မယ်။ ဗမာတွေက “ဆီးပူး-ညောင်းကျ”လို့ အရပ်ထဲမှာ ပြောတာပေါ့။ ပုဆိုးကို မ-ပင့်ပြီး လမ်းသွားရတယ်။ (ဂေး) တွေမှာ စအို ရောင်နိုင်မယ်။ လမ်းလျောက်ပုံ တမျိုးပေါ့။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးက အင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ သေသေခြာခြာ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ် တယ်။

Chancroid (ရှန်ကာ) ဆိုတာဖြစ်ရင် လိင်အင်္ဂါမှာ အနာ၊ အကြိတ် ပေါ်လာမယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ ဖြစ်တာတမျိုး၊ ပါးစပ်တဝှိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလဲ ဖြစ်သေးတယ်။ Genital Herpes ခေါ်တယ်။ (HSV-2) ဗိုင်းရပ်စ် ကနေဖြစ်တာ။ အရည်ကြည်ဖုတွေ ဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့် ကလေးကို ကူးနိုင်တယ်။

Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကလဲ ဒီအုပ်စုဝင်ရောဂါဖြစ်တယ်။ Lympho-granuloma Venereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမယ် မနာတဲ့ အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။

ဆစ်ဖလစ် ရောဂါသမိုင်းက ၁၅ ရာစုကတည်းကတဲ့။ ကွန်မြူနစ်ကမ္ဘာရဲ့ ဆရာကြီး နှစ်ဆူဖြစ်ကြတဲ့ လီနင်နဲ့ တော်လ်စထွိုင် တို့လဲ ဒီရောဂါနဲ့ မကင်းဘူးတဲ့။ အာဏာရှင်ကမ္ဘာကဆိုရင် ဂျာမနီက ဟစ်တလာ၊ အီတလီ က မူဆိုလီနီ၊ ရုရှားက လူဆိုးဘုရင် အိုင်ဗင် စသူတွေ ပါတယ်။ “နာမယ်ဆိုးရှိသူများ သတိထားကြပါ။”

ဆေးစာတွေကို ဗမာလိုပြန်ရင် အတော့်ကို အဆီအငေါ်မတည့်တာ ဒီရောဂါဘဲ။ ဗမာတွေက Chickenpox ကို ရေကျောက် ခေါ်ပြီး၊ ခုခေတ်မှာ မျိုးတုံးသွားပြီဖြစ်တဲ့ Smallpox ကို “ကျောက်ကြီး” လို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာကို တိတိကျကျဘာသာပြန်ရင် “မဟာကျောက်ရောဂါ” ပေါ့။ အဲဒါ Syphilis “ဆစ်ဖလစ်” ကို ခေါ်တာပါ။

အာလူးအချောင်းကြော်ကို French fries လို့ခေါ်မှ ခေတ်မီတယ်။ French kiss ဆိုတာလဲ လုပ်တတ်ကြ တယ်။ French disease ဆိုတာကိုပါ သိဘို့လိုတယ်။ ဆစ်ဖလစ်ကို အီတာလျန် နဲ့ ဂျာမန်တွေက အဲလို ခေါ်တာ။ ဒတ်ခ်ျ တွေကတော့ စပိန် ကိုလွှဲချတယ်၊ ရုရှားတွေက ပိုလန်ကို လက်ညှိုးထိုးပြီး၊ တူရကီတွေက နဲနဲပိုဆိုးတယ်။ "Christian disease" တဲ့။ အမှန်က သူတို့ဆီကို ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင်ကြတာပါ။

ဆစ်ဖလစ် ကို အဆင့်တွေခွဲ လေ့လာရတယ်။ ၁၊ ၂၊ ၃၊ ၄။ Treponema pallidum ဗက်တီးရီးယား ပိုးဝင်ပြီး၊ ၂၁ ရက် အကြာ၊ လိင်ဆက်ဆံရာနေရာ မှန်သမျှမယ် မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ ၁ လ ၁ လခွဲနေရင် ပျောက်သွားမယ်။ နောက်အဆင့် ဖြစ်လာရင် မယားတဲ့ အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာ ပေါ်မယ်။ ဒီအဆင့်က ပိုပြီး ကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊ လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး ဘယ်အင်္ဂါအစိတ်အပိုင်းမဆို ရောဂါပြန့် မယ်။ အဆစ်၊ အသဲ၊ ကျောက်ကပ်။

မပျောက်သေးတဲ့ သူတွေ ၂% လောက်က တတိယ အဆင့် ရောက်သွားမယ်။ သွေးကြောကြီးတွေ ဖေါင်းမယ်၊ Gummas တက်စေ့တွေ ရောင်မယ်၊ Neuro-syphilis ဦးနှောက်ဆစ်ဖလစ်ဖြစ်မယ်၊ မျက်စိ၊ နားကို ကူးစက်တော့မယ်။ ၂ နှစ် ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတယ်။

နောက်ဆုံးဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁ဝ နှစ်အတွင်းဖြစ်တယ်။ ဒီထက်လဲ ကြာနိုင်သေး တယ်။ အရိုး၊ အဆစ် နဲ့ အာရုံကြောတွေမှာ Gummas (ဂါမာ) ဆိုတာတွေ ဖြစ်လာမယ်။ အာရုံကြော ဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာ မပေါ်တဲ့အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။ သိပ်တော့ အစိုးရိမ်မကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ ၂၅-၃၅% ဖြစ်တာပါ။ အဲ့ ခုခေတ်မှာတော့ Neurosyphilis ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။

ဒီလို လက္ခဏာတွေရှိတိုင်း နာခေါင်းမရှုံ့ပါနဲ့။ အမျိုးသမီးများမှာဖြစ်တဲ့ Vaginal Infections မွေး လမ်းကြောင်းရောင်တာက သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ Trichomoniasis ပိုးက လိင်နဲ့ မဆိုင်တဲ့ အဝတ်စိုလိုမျိုးမှာ ၁ နာရီ လောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဒါ့အပြင် ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်း အ လဲကြောင့် ဖြစ်ရ တတ်တယ်။ သန့်ရှင်းရေး လုပ်တဲ့အခါ ရှေ့ကနေ နောက်ဖက်ဆီ လုပ်ရတာကို မှတ်ပါ၊ လုပ်ပါ။ ပဋိဇီဝဆေးတွေကြောင့်လည်း ဖန်းဂတ်စ် (ရိစ်) ပိုးဝင်နိုင်တယ်။

ဒီရောဂါတွေကို ကာကွယ်ဘို့ တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိ လုပ်ခိုင်းတယ်။ သီလမစောင့်နှိုင် ရင်တော့ “ကွန်ဒွမ်” က အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာ ရင်းနှီးရသူတွေကို ပညာပေးတာ ထိရောက်အောင်လုပ်ဘို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်အဖေါ်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် HIV နဲ့ B, C ပိုးတွေကလွဲရင် ဆေးတွေက အတော်ကို နိုင်ပါတယ်။ တချို့ဆို တခါသောက်နဲ့ ပျောက်တယ်။ ဆေးပတ် လည်အောင်တော့ ကုဘို့လိုတယ်။ အ တူနေဖေါ် နှစ်ယောက်လုံး တပြိုင်တည်း ဆေးကုရပါမယ်။

ဆစ်ဖလစ်ဟာ အမေရိကားကို ကိုလန်ဘတ်စ် မတွေ့ခင်ကတည်းက ရှိတယ်လို့ နောက်မှ ရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက် ရောက်လာကြမဲ့ ဗမာတွေအပါအဝင် အာဖရိက နဲ့ အာရှက လူမှန်သမျှကို မလာခင် ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါ စစ်တယ်။ ပိုးတွေ့ရင်လဲ ၁ ပတ် ၁လုံး၊ ၃ ပတ် ဆေးထိုးခိုင်းပြီး၊ ဆေးအောင်လုပ်ပေးလိုက်ပါမယ်။ ဒါပေမဲ့ သူတို့ဆီမယ် ၁ နှစ်မှာ လူ ၁၇ သန်းလောက် ဒီရောဂါသည် အသစ်တွေရှိနေတယ်။ ဆေးစစ်အောင်လို့ ရောက်သွားကြမဲ့ ဒုက္ခသည်များ၊ ဟိုရောက်ရင် ဒုက္ခသစ်မရှာကြဘို့ သတိပေးပါတယ်ခင်ဗျား။
Views: 90