Powered By Blogger

Tuesday 7 May 2013

ဆိတ်၏ဆေးဖက်ဝင်မှု



ဆင်သေကိုဆိတ်ရေနဲ့ဖုံး ဆင်အိပ်ရာဆိတ်နှိုး ဟူသောစကားပုံများကိုတွေ့ရသည်။

တိုင်းရင်းဆေးပညာတွင်ဆိတ်၏ဆေးဖတ်ဝင်မှုကိုအောက်ပါအတိုင်းတွေ့ရပါသည်။
 
ဆိတ်သား

အပူအအေးမျှသည်၊သလိပ်သည်းခြေတို့ကိုနိုင်သည်၊  နှာစေးနာကိုနိုင်သည်၊အားကိုအလွန်ပွားစေသည်၊  ဆူ၏၊ဆိမ့်၏၊
 ကြေကျက်၏၊ ကြေကျက်ပြီးနောက်လည်း ချိုဆိမ့်၏၊နှုတ်ကိုမြိန်စေတက်၏။သုတ်ကိုပွားစေ၏၊၀ဖြိုးစေတက်၏။


ဆိတ်နို့

ချိုဆိမ့်၏ စဉ်းငယ်ဖန်၏ အေး၏ ကြေလွယ်၏ ရတ္တပိတ်နာ ၀မ်းပျက်နာ ခွန်းအားကုန်ခန်းသောခယရုဂ်နာ ချောင်းဆိုး
နာ အဖျားအိုအဖျားဟောင်း ပန်းနာများကိုနိုင်၏။


ဆိတ်ထောပတ်

ခွန်းအားကိုဖြစ်စေ၏ ၀မ်းမီးကိုတောက်စေ၏ မျက်စိကိုအကျိုးပြု၏ သလိပ်ကိုပယ်တက်၏ ပန်းနာ ခယရုဂ်နာ အဆုတ်
နာကိုပျောက်စေ၏။


ဆိတ်ရတက်ရည်

ကြေကျက်လွယ်၏ ပြေပြစ်၏ ဒေါသသုံးပါးကိုပယ်တက်၏ ဂူလုံးရောဂါမြင်းသရိုက်နာ ထိုးအောင့်နာ ၀ါသင့်နာများကို
ပျောက်၏။


ဆိတ်ဒိန်ချဉ်

သုတ်ကိုပွားစေ၏ ၀ဖြိုးစေ၏ အရောင်ကိုပြုတက်၏ ခွန်အားတိုးပွားစေ၏ ၀မ်းမီးတောက်စေ၏သွေးသည်းခြေကိုကြည်
လင်စေ၏ လူတို့နှင့်အခါခပ်သိမ်းသင့်၏ နှုတ်ကိုမြိန်စေ၏  ဒေါသသုံးပါးကိုငြိမ်းစေ၏  မြင်းသရိုက်နာ ပန်းနာချောင်းဆိုး
အစာမကြေ ၀မ်းသက် ခယရုဂ်နာတို့တွင်အသုံးပြုရာ၏။



ဆိတ်သွေး

နှလုံးတောင့်ခြင်း ဓာတ်ချောက်ချားခြင်း ကိုယ်လက်အင်္ဂါခြောက်သွေ့ခြင်း အလွန်ပိန်ခြုံးခြင်းများပျောက်သည်။


ဆိတ်သည်းခြေ

မြေဖုတ်ဖမ်းစားခြင်း ၀က်ရူးနာ ပိန်ခြုံးသောရောဂါများကိုပျောက်သည်။


ဆိတ်ရိုး

တစ္ဆေ မြေဖုတ်ဘီလူးဖမ်းစားသောအနာ ချည့်နဲ့သောအနာ ၀က်သက်နာနှင့်အဆိပ်တို့ကိုနိုင်သည်။  ထိုသို့ဆိတ်၏ဆေး
ဖက်ဝင်မှုများကိုတွေ့ရပါသည်။   မိတ်ဆွေသူငယ်ချင်းများတို့သည်လည်း  မိမိတို့ဥာဏ်ရှိသလိုအသုံးပြုနိုင်ပါစေ။ ကိုယ်
်စိတ်နှစ်ပါးကျမ္မာချမ်းသာကြပါစေကြောင်းဆုတောင်းပေးနေလျှက်ပါ။ ။ ။


 FROM FACEBOOK

No comments:

Post a Comment