Powered By Blogger

Thursday 9 May 2013

အကောင်းဆုံးအလုပ်


အကောင်းဆုံးအလုပ်ကမ္ဘာပေါ်တွင် အကောင်းဆုံး အလုပ်ကို လုပ်လိုလျှင် သုံးမျိုးစပ် အလုပ်ကို ရွေးရတော့မည်။လုပ်
ချင်သော အလုပ်၊ လုပ်သင့်သော အလုပ်နှင့် လုပ်တတ်သော/ လုပ်နေသော အလုပ်တို့တစ်ခုတည်းတွင်ပေါင်းစပ်ထား
သော အလုပ်သည် သုံးမျိုးစပ် အလုပ် ဖြစ်သည်။ မိမိလုပ်ချင်သော အလုပ်သည်  မိမိလုပ်တတ်သော လုပ်သင့်သည့်
အလုပ် ဖြစ်နေခြင်းမျိုးသည် သုံးမျိုးစပ်အလုပ် ဖြစ်သည်။

လုပ်သင့်သော အလုပ်က တစ်ဝိုင်း၊ လုပ်ချင်သောအလုပ်က တစ်ဝိုင်း၊ လုပ် တတ်သော/လုပ်နေသော အလုပ်က တစ်
ဝိုင်း စက်ဝိုင်းသုံးဝိုင်း ဝိုင်းလိုက်ပြီး ထို သုံးဝိုင်း တစ်ဝိုင်းတည်း၊ တစ်ထပ်တည်း ဖြစ်နေလျှင် သုံးမျိုးစပ်အလုပ်ဖြစ်သည်
။ သို့သော် ထိုသို့ သုံးဝိုင်း တစ်ဝိုင်းတည်း ဖြစ်ရန်မှာ အလွန်ခက်  သည့်အတွက်  ထပ်နေသည့်   နေရာများနေလျှင်ပင်
သုံးမျိုးစပ်ဟု ခေါ်နိုင်သည်။ စက်ဝိုင်းသုံးဝိုင်း ထပ်နေသည့် နေရာများလေလေ သုံးမျိုးစပ်နှင့် နီးစပ် လေလေဖြစ်သည်။
စက်ဝိုင်း သုံးဝိုင်း ထိမနေလျှင် မိမိလုပ်တတ်သော အလုပ်သည် မိမိလုပ်ချင်စိတ် လုံးဝမရှိသော အလုပ်မျိုးဖြစ်ပြီး လုပ်
လည်း မလုပ်သင့်သည့် အလုပ်မျိုး ဖြစ်သောကြောင့် ဝေးဝေး ရှောင်သင့်သည်။



လုပ်ချင်သော အလုပ်သည် မိမိ စိတ်ထဲက တိမ်းညွတ်နေသော အလုပ်မျိုး၊ မိမိဝါသနာပါသော အလုပ်မျိုးဖြစ်သည်။မီး
သတ်သမား လုပ်လိုသည်၊ လယ်စိုက်လိုသည်၊ စစ်တိုက်လိုသည်၊ ရုပ်ရှင်ရိုက်လိုသည် စသည် စသည်ဖြင့်လူတစ်ကိုယ်
 စိတ်တစ် မျိုး ရှိကြသည့်အတိုင်း လူအမျိုးမျိုး၊ အကြိုက် အထွေထွေ ဖြစ်သည်။မိမိဝါသနာပါရာကိုလုပ်လျှင်အကောင်း
ဆုံး ဖြစ်အောင် လုပ်ချင်စိတ် စေတနာပါမည်။ မည်သည့်အလုပ် တွင်မဆို ကြုံတွေ့ရမည့်အခက်အခဲပင်ပန်းဆင်းရဲခြင်း
 များကို ခံနိုင်ရည် “အနစ်နာ” ဖြင့် ကျော်ဖြတ်နိုင်မည်။ လုပ်ချင်သော အလုပ်ကို လုပ်ရလျှင် ဆိုင်ရာ နယ်ပယ်တွင်ထိပ်
ဆုံးသို့ ပေါက်မြောက် နိုင်ခြေ မြင့်မားသည်။


လုပ်ချင်သည်ဟု မိမိထင်နေသော အလုပ်မျိုးကို မိမိတကယ်ရောလုပ်ချင်ရဲ့လားဟုဆန်းစစ်နိုင်ရန်မှာအရေးကြီးသည်။
 မိမိပတ်ဝန်းကျင်က လုပ်စေချင်သော အလုပ်မျိုးကို မိမိက လုပ်ချင်သလိုလိုဖြစ်နေတတ်သည်။မိမိဝါသနာပါသည်ထင်
ပြီး လမ်း ကြောင်းတစ်ကြောင်းနောက် လိုက်ပြီးမှ တကယ်လက်တွေ့ လုပ်ကိုင်ကြည့်သည့် အခါတွင်ဝါသနာမပါမှန်းသိ
ပြီး နောက်ထပ် လိုင်းတစ်လိုင်းပြောင်းရလျှင် ထိုလိုင်းတွင် တစ်က ပြန်စရသောကြောင့် အချိန်ကုန် လူပန်းပြီး ရောက်
သင့်လောက် မရောက် ကြ။ မိမိဆန္ဒလား၊ ဖခင်ဆန္ဒလား၊ သူငယ်ချင်းဆန္ဒလား ကို သေချာစဉ်းစားပြီး မှလိုင်းရွေးသင့်
သည်။


နောက်တစ်မျိုးရှိသေးသည်။ မိမိ ရင်ခုန်သည့် လိုင်းနှင့် ဘွဲ့ရပြီး တကယ်အလုပ်လုပ်ကြပြီဆိုတော့မှထိုအလုပ်သဘော
သဘာဝကို နားလည်လာသည့်အခါ လုပ်ရင်းလုပ်ရင်း တဖြည်းဖြည်း မကြိုက်၊ မနှစ်မြို့တော့။ နောက်ဆုံး လိုင်းပြောင်း
 လိုက်ပြီးမှ အောင်မြင်သွားကြသူများ အများအပြားရှိသည်။ အင်ဂျင်နီယာ အဆိုတော်များ၊ စိုက်ပျိုးရေးသမား တစ်ဖြစ်
လဲ ဆရာဝန်များသည်ထိုသို့သော အမျိုးအစားထဲတွင် ပါဝင်ကြသည်။ကိုယ်ဘာလုပ်ချင်မှန်း မသိလျှင် ရော။ကိုယ်ဘာ
လုပ်ချင်မှန်း မသိသူများ အများအပြား ရှိသောကြောင့် ထိုစာရင်းတွင် ပါနေလျှင် လူထူးဆန်းမဟုတ်ပါ။ သေသာ သွား
သည်၊ ကိုယ်ဘာလုပ်ချင်မှန်း သိမသွား သူများလည်း ရှိသည်။ ဤနေရာတွင် မေးစရာ မေးခွန်းတစ်ခု ဝင်လာသည်။

 ကိုယ်ဘာလုပ်ချင်မှန်း မသိသည်နှင့် ဘာမျှ မလုပ်ရတော့ဘဲ ဒီအတိုင်း ထိုင်နေရမည် လား။ ထိုအတိုင်းတော့ မဖြစ်။
ထိုအခါ “လုပ်သင့်သော အလုပ်” ၏ အခန်းကဏ္ဍ ဝင်လာသည်။



လုပ်သင့်သော အလုပ်သည် ယေဘုယျအားဖြင့် စားဝတ်နေရေးကို ဖြည့်ဆည်းပေးသည့် အလုပ်မျိုး ဖြစ်သည်။ မိမိနေ
ထိုင် အသက်ရှင်ရေး၊ မိမိချစ်သော သူများ နေရေးထိုင်ရေးကို ထောက်ပံ့ပေး  သည့် အလုပ်မျိုး ဖြစ်သည်။ ငွေ၊ နေရာ
ထိုင်ခင်း တစ်ခုခုကို ပေးသော အလုပ်ဖြစ်သည်။ သို့သော် ငွေကြေးပြည့်စုံသော   သူတို့ အတွက်လည်း အလုပ်သည်
လိုအပ်သည်။ အလုပ်ရှိမှ မိမိဦးနှောက်၊ ကိုယ်ကာယတို့ကို အသုံးချနိုင်သည်။ လူ၏ ခြေလက်၊ ဦးနှောက် ကိုယ်ခန္ဓာအ
စိတ်အပိုင်း အားလုံးသည် သွေးမှ ထက်သည့်အတွက် အလုပ်ရှိနေမှ သွေးဖြစ်သည်။ မိမိကိုယ်၊ နှုတ်၊နှလုံးတို့ကိုအသုံး
ချနိုင်သော အလုပ်မှန်သမျှသည် လုပ်သင့်သော အလုပ်ဖြစ်သည်။



လုပ်သင့်သော အလုပ်သည် မိမိ စရိုက်နှင့် ညီသော အလုပ်လည်း ဖြစ်နိုင် သည်။ လူအများနှင့် စကားပြောနေရတာ
 ကြိုက်သလား၊ တစ်ယောက်တည်း အေးအေးဆေးဆေး စဉ်းစားအလုပ်လုပ်လို သလား မိမိစရိုက်နှင့် ကိုက်သောအ
လုပ်ကို လုပ်လျှင် စိတ်ချမ်းသာ အောင်မြင်နိုင်သည်။

လုပ်တတ်သော/လုပ်နေသော

လုပ်တတ်သောအလုပ်သည် မိမိ၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ ပညာရေးတို့နှင့် သက်ဆိုင်သည်။ ဘွဲ့လက်မှတ်၊တက်
ခဲ့သော အတန်းပညာတို့ ပါသလို ဘဝတစ်လျှောက်ဆည်းပူးခဲ့သည့်အသိအမြင်များ၊အတုခိုးခဲ့ရသည့်အတတ်တို့လည်း
 ပါသည်။ သင်ဆရာ တစ်ဦးတည်းနှင့်မပြီး မြင်ဆရာ၊ ကြားဆရာ တို့ထံမှ ရရှိခဲ့သည့် ပညာတို့ပါသည်။ တက္ကသိုလ်ကြီး
တစ်ခုမှ ဘွဲ့ရထားသော ကြောင့် ဆိုင်ရာပညာရပ်တွင် လုပ်တတ်ကိုင်  တတ်သလို  ထောင်တွင်းတွင် ဆရာပေါင်းစုံထံ
ကပ်ရပ် ရသမျှ ပညာဆည်းပူးခဲ့သော ကြောင့် ကျောင်းတော်ကြီးမှအထွက်ပညာစုံ လာသူတို့လည်းရှိနိုင်သည်။လုပ်နေ
သော အလုပ်သည် လုပ်တတ်သော အလုပ်လည်း ဖြစ်သည်။လက်ရှိအလုပ်ကိုမကျွမ်းကျင်သေးလျှင်ပင်မလုပ်ဖူးသော
အလုပ်များ၊ အစိမ်းသက်သက် အလုပ်များ ထက်တော့ တီးမိခေါက်မိ ရှိသည်။ မည်သူ့ထံ ချဉ်းကပ်မေးမြန်းရမည်၊ မည်
သည့်အထာ ဆိုသည်ကို သဘောပေါက်သည်။


သုံးမျိုး ဘယ်လိုပေါင်း

သုံးမျိုးစပ် အလုပ်ရအောင် ဘယ်လို လုပ်ကြမလဲကစိန်ခေါ်မှုကြီး ဖြစ်သည်။အပြောလွယ်သလောက်အလုပ်ခက်သည်။
 အလုပ်လုပ်နေသည့် လူအားလုံး၊ အလုပ် လုပ်ကြမည့်လူ အားလုံး သုံးမျိုးစပ် အလုပ်ကို လိုချင်သူများချည်း။အလုပ်အ
ကိုင် ရှာဖွေရေး လုပ်ငန်းများ၊ အလုပ်ရှာ အင်တာနက်  ဝက်ဘ်ဆိုဒ်များ  ထောင်းထောင်းထနေသည့် ခေတ်ကာလကြီး
တွင်ပင် ထိုသုံးမျိုးစပ်အလုပ်ကို မည်သူ မည်ဝါက ရှာဖွေပေးနိုင်မည်နည်း။ ရှာပေးနိုင်သော သူကိုမြင်ချင်လျှင်ကြည့်မှန်
်ကို အနီးကပ်ကြည့်ရမည်။ အထဲမှ မိမိကိုကြည့် နေသော ပုဂ္ဂိုလ်ကသာ မိမိအတွက်သုံးမျိုးစပ်အလုပ်ကိုရှာပေးနိုင်မည်။



သုံးမျိုးစပ် အလုပ်ရရန် တစ်မျိုးချင်းစီ ပေါင်းရမည်။ သုံးမျိုးသော အလုပ်တို့တွင်ကြိုက်ရာက စနိုင်သည်။လုပ်ချင်သော
 အလုပ်က စကြည့်ကြမည်။ မိမိဘာလုပ် ချင်သလဲ။ မိမိဘဝအတွက် အရေးကြီးသည့် ထိုမေးခွန်းကို အချိန်ယူ စဉ်းစား
ပြီးဖြေဖို့ အရေးကြီးသည်။ မိမိဘာလုပ်ချင်လဲ စဉ်းစားရကျပ်နေလျှင် မိမိ ဘာမလုပ်ချင်ဘူးလဲ စဉ်းစားကြည့်နိုင်သည်။
 မလုပ်ချင် သောအလုပ်များကို ဖယ်လိုက်ပါ။ ကျန်သော အရာများသည် မိမိလုပ်ချင်သော  အလုပ်များချည်း။ ဘာဖ်ြစ်
်ဖြစ် လုပ်ချင်တယ် ဆိုသူများလည်း ရှိနိုင်သည်။ ထိုသူများ ကတော့ သိပ်ဦးနှောက်ခြောက်ရန်မလို။လုပ်နေရလျှင်ပျော်
သောအလုပ် များသည်လည်း မိမိသည်းခြေကြိုက် အလုပ်များ ဖြစ်နိုင်သည်။ စာရေးနေရတာ ပျော်သလား၊ပန်းပင်စိုက်
ရလျှင် ပျော်သလား၊ အိမ်လှလှလေးတွေ လိုက်ကြည့်ရတာ ပျော်သလား၊ အလှပြင်နေရင် သဘောကျလား၊ သီချင်းဆို
နေရလျှင် ထမင်းမေ့ ဟင်းမေ့လား အများကြီး အများကြီး။



မိမိဘာသာ အဖြေခက်နေလျှင် အနီးလူများကို အကူအညီ တောင်းနိုင်သည်။ ကိုယ်ဘာလုပ်ချင် သည်ကိုကိုယ်မသိသ
လို ဖြစ်နေသော်လည်း အနီးကပ်ဘေးလူက မြင်နိုင်သည့်အတွက် မိမိမိဘ ညီအစ်ကို မောင်နှမအပေါင်းအသင်းရောင်း
ရင်းများ ကို မိမိအကြောင်းကို ပြန်မေးကြည့်နိုင်သည်။ လုပ်ချင်သော အလုပ်ကိုရှာတွေ့ပြီဆိုလျှင်လုပ်တတ်အောင်လုပ်
နိုင်သည်။ သို့မဟုတ် လုပ်သင့်သလားနှင့် ချိန်ဆကြည့် နိုင်သည်။ လုပ်ချင်သောအလုပ် လုပ်တတ်အောင်မည်သည့်အ
ရည်အချင်းများ ဖြည့်ဆည်း ထားရမည်နည်း။ ထိုအရည်အချင်း အချို့ မိမိထံတွင် ရှိနှင့်ပြီးသားဆိုလျှင် ဖြည့်ရမည့်အရာ
များကို ချရေးထားရမည်။



နိုင်ငံခြားတွင် အင်ဂျင်နီယာ အလုပ်လုပ် လိုသည် ဆိုပါစို့။ လိုအပ်ချက်များမှာ အင်ဂျင်နီယာဘွဲ့၊ အတွေ့အကြုံ၊နိုင်ငံတ
ကာ သုံး ဘာသာစကားဟု အကြမ်းဖျင်း ချရေးနိုင်သည်။ အင်ဂျင်နီယာဘွဲ့ ရထားပြီးသား ဆိုလျှင် အတွေ့အကြုံရောရှိ
ပြီလား။ အတွေ့ အကြုံတွင်လည်း နိုင်ငံတကာကုမ္ပဏီ အတွေ့အကြုံဆို ပိုဦးစားပေးခံရမည်။ အင်္ဂလိပ်လိုပြောနိုင်ဆိုနိုင်
ရမည်။ သူတို့ နိုင်ငံက အင်ဂျင်နီယာဘွဲ့ရမှ ဆိုလျှင် လိုအပ်ချက်တွင် သူတို့နိုင်ငံတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့တိုးလာ
မည်။ ကွပ်ကဲရမည့် လုပ်သား များက ထိုင်းမှဆိုလျှင် ထိုင်းစကား အလုပ် ဖြစ်လောက်ရုံ ပြောတတ်ဖို့ လိုနိုင်သည်။ မိမိ
ိဖြည့်ရမည့် အချက်များ ပေါ်လာလျှင် ထိုအရာများကို ဘယ်လိုဖြည့်ရမလဲ အစီ အစဉ် ဆွဲပြီးအချိန်သတ်မှတ်ဖြည့်ဆည်း
ရမည်။



လုပ်သင့်သလား မေးခွန်းသည် နိုင်ငံ့ အခြေအနေနှင့်လည်း ဆိုင်သည်။ သိပ္ပံ ရုပ်ရှင် ဇာတ်လမ်းများကြည့်ပြီး အာကာ
သ ယာဉ်မှူး ဖြစ်ချင်လျှင် မြန်မာနိုင်ငံ၏ အာကာသသိပ္ပံ၊ စက်မှုဖွံ့ဖြိုးမှု အခြေအနေနှင့် ဆိုပါက အလှမ်းဝေးသည်။ မြန်
မာနိုင်ငံ အနေဖြင့် နီးစပ်သည့် အလုပ်အကိုင်၊ လုပ်သင့်သည့် အလုပ်အကိုင်မှာ လေယာဉ်မှူး ဖြစ်သည်။

“လုပ်သင့်သလား” ကို မိသားစုအခြေ အနေနှင့်လည်း အဖြေထုတ်နိုင်သည်။ မိသားစုကို   ထောက်ပံ့နေရသူသည် မိမိ
လုပ်လိုသော အလုပ် မဟုတ်သည့်တိုင် လုပ်သင့်သောကြောင့် ဝင်ငွေရရာရ ကြောင်းအလုပ်တစ်ခုကိုလုပ်နေရဦးမည်။
 သို့သော် မိသားစုအတွက် တစ်သက်လုံး ထိုအလုပ် နှင့် အရိုးထုတ်ရမည်ဟု မဆိုလိုပါ။ လုပ်သင့် သည့်အလုပ်ကိုလုပ်
်ရင်း မိမိ စိတ်ကြိုက် အလုပ်ဘက်သို့ ကူးနိုင်မည့် အခွင့်အလမ်း များကို ရှာကြံနေရမည်။ လက်ရှိအလုပ်ကို လုပ်ရင်း မိ
မိကြိုက်သည့် အလုပ်ကို တစ်ဖက်တစ်လမ်းက တတ်မြောက်အောင် သင်ယူနေခြင်းဖြင့် အခွင့်အလမ်းပေါ်လာသည့်အ
ခါ မိမိစိတ်ကြိုက်အလုပ်ကို လုပ်ရန်အသင့် ဖြစ်နေပေလိမ့်မည်။ တစ်မျိုးကစခြင်းဖြင့် သုံးမျိုးစပ်အလုပ်ကိုလက်ဝယ်ပိုင်
ပိုင် ဆုပ်ကိုင်နိုင် ပါလိမ့်မည်။


စာဖတ်သူများကို လေးစားလျှက်

ညီမင်းစံ
ကြည့်သူဦးရေ: 8

No comments:

Post a Comment