Powered By Blogger

Saturday 25 May 2013

ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။

* စစ်မြေပြင်အရပ်၌ ရဲရင့်သူကို အလိုရှိ၏။
* လျှို့ဝှက်သောကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
* စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
* ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။
* သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ် ညှဉ်းဆဲ ခြင်း ပြုလို၏။


* On the Battlefield the brave are wanted.
* In secret matters one who keeps his tongue is wanted.
* At a feast , one loved is wanted.
* In difficult and profound matters one learned is wanted.
* The wicked on seeing the virtuous wants to oppress and persecute him.


* အမှုကိစ္စဟူသမျှကို အလျင်စလို မပြုရာ၊ အလျင်စလို ပြုခဲ့သော် နောင်မှ ပူပန်ရတတ်၏။
* ကျဉ်းမြောင်း၍ မစင်အတိ ပြီးသော နေရာ၌ နေရခြင်းသည် ဆင်းရဲ၏။
* ထို့ထက် မချစ်မနှစ်သက်သော သူနှင့် အတူတကွနေရခြင်းသည် ပို၍ ဆင်းရဲ၏။
* ထိုထက် သူ့ကျေးဇူးကို မသိတတ်သူနှင့်နေရခြင်းက ပို၌ ဆင်းရဲ၏။



* Nothing should be done in haste. If it is done hastily one could worry later.
* Staying in a narrow place full of faeces is suffering.
* More so is staying together with one hated.
* Still more so is staying together with the ungrateful.
*

* ဆုံးမသင့်သည်ကို အမြဲ ဆိုဆုံးမရာ၏။
* ယုတ်မာသော အကျင့်ကိုလည်း တားမြစ်ရာ၏။
* ထိုသို့ ဆုံးမ တားမြစ်တတ်သူကို သူတော်ကောင်းတို့ နှစ်သက်လိုလားကြ၏ ။ သူယုတ်မာတို့ကား မနှစ်သက်ကြချေ။


* Always admonish where it is due.
* Deter wicked ways.
* One who does so is liked by the virtuous , but disliked by the wicked.

No comments:

Post a Comment