Powered By Blogger

Monday 6 May 2013

လိုက်နာကျင့်သုံးသင့်သည့် တန်ဖိုးရှိ အဆိုအမိန့်များ


Posted by Ko Nge on May 6, 2013 at 4:00pm

အီးမေးလ်ပို့ မယ် ဘလော့ ပိုစ်ကြည်မယ်






သတိတရားလက်ကိုင်ထား အမှန်တရားရမည်သာ

===========================


* တာဝန်သိမှ လူပီသ


* ထာဝစဉ်မခွဲခြား လူတန်းစား


* လူဆိုလျှင်


*မုဒိတာပွား ကျင့်ဝတ်များ


* ပြုံးပါမနှေး လူမှုဆက်ဆံရေး


* အသိနှင့်ယှဉ် သတိနှင့်ပြင်







တာဝန်သိမှ လူပီသ

===========


* အစာရေစာငတ်ပြတ်နေသူအား တတ်နိုင်သမျှကျွေးမွေးပါ.။


* အ၀တ်အစားမရှိသူအား အ၀တ်အစားဆင်မြန်းပေးပါ.။


* အရိပ်အာဝါသ မရှိသူအား အရိပ်အာဝါသ ရရှိစေရန် ကူညီပေးပါ.။


* တရားသဖြင့် လာရောက်တောင်းခံသူအား တတ်နိုင်သမျှ ကူညီပါ.။




ထာဝစဉ် မခွဲခြား လူတန်းစား

================

လူသားအားလုံးသည် ကမ္ဘ့ာအိမ်ထောင်စုဝင်တွေပါ..


* လူသားအချင်းချင်း အဆင့်အတန်းမခွဲခြားပါနှင့် ၊ ဆင်းရဲချမ်းသာ မခွဲခြားပါနှင့်.။


* အသားအရောင် မခွဲခြားပါနှင့်.။


* လူမျိုးဘာသာကို အခြေခံပြီး ခွဲခြားဆက်ဆံမှု မပြုပါနှင့်.။ဘာသာတရားတိုင်းသည် လူသားအားလုံးကို ကောင်းရာသို့သာ ညွှန်ပြသည်.။


* အသားဖြူသူကလည်း အသားမဲသူထက် မမြင့်မြတ်ပါ.။


* အသားမဲသူကလည်း အသားဖြူသူထက် မနိမ့်ကျပါ.။


* ကျင့်ဝတ်သိက္ခာစောင့်ထိန်းသူသာ အမြင့်မြတ်ဆုံးလူပါ.။


* မတည်မြဲတဲ့ သင်္ခါရသဘောတရားကို နှလုံးသွင်းကာ စစ်မှန်တဲ့လူအဖြစ်နှင့် လူ့လောကမှ ခွဲခွာခြင်းဟာ အကောင်းဆုံးသာ လူသားပါ.။






လူဆိုလျှင်

=====


* ကိုယ်ချင်းစာတရား ထားတတ်ပါ.။


* လူကိုလူလို မြင်တတ်ပါ.။


* သနားကြင်နာစိတ် မွေးမြူပါ.။


* ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပါ.။


* တစ်ပါးသူအား အထင်မသေးပါနှင့်.။






မုဒိတာပွား ကျင့်ဝတ်များ

=============


* လူတိုင်းအပေါ် စေတနာကောင်းထားပါ.။


* ခုနစ်ရက်သားသမီးများနှင့် ဝေနေယျသတ္တ၀ါအပေါင်းတို့အပေါ် မေတ္တာပို့သလျက်ရှိနေပါ.။


* လူတိုင်းအပေါ် အကောင်းမြင်ဝါဒနှင့်မြင်ပါ.၊ အဆိုးမြင်ဝါဒအား ဖျောက်ဖျက်ပါ.။


* လူတိုင်းအတွက် တိုးတက်အောင်မြင်နေမှုကို လိုလားပါ.၊ မနာလိုဝန်တိုမှုကို ရှောင်ရှားပါ.။


* ဘ၀င်မြင့်မှုကို ရှောင်ပြီး ဘ၀မြင့်အောင် ကြိုးစားပါ.။






ပြုံးပါမနှေး လူမှုဆက်ဆံရေး

===============


* လူတိုင်းအား ပြုံးရွှင်စွာ ဆက်ဆံပါ ၊ လူတိုင်းက အသင့်အားပြုံးရွှင်စွာ ဆက်ဆံပါလိမ့်မည်.။



* နေရာတိုင်းမှာ မိမိကိုယ်ကို နှိမ့်ချနေထိုင် ဆက်ဆံမှုပြုပါ.၊ အသင့်အား လူတိုင်းက ချစ်ခင်လေးစားပါလိမ့်မည်.။



* အခွင့်အရေးပေးတတ်သူအဖြစ် သင်ကျင့်ကြံနေထိုင်ပါက လူတိုင်းက အသင့်အား အခွင့်အရေးပေးကာ အလေးထားဆက်ဆံပါလိမ့်မည်.။


* ရွှေဂုဏ် ၊ မျိုးဂုဏ် ၊ ရာထူးဂုဏ်ဖြင့် မောက်မာရင့်သီး ရိုင်းစိုင်းစွာဆက်ဆံပါက အသင့်အားမုန်းကြောက်ရိုသေမှုနဲ့ သာ ပြန်လည်ဆက်ဆံပါလိမ့်မည်.။


* ပြုံးရွှင်စွာ ဆက်ဆံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပြီး ရင့်သီးရိုင်းစိုင်းစွာ ဆက်ဆံခြင်းသည် လူ့ကျင့်ဝတ်ဖြင့် ဆန့်ကျင်ဘက်ဖြစ်သည်.။





အသိနှင့်ယှဉ် သတိနှင့်ပြင်

==============


* တစ်နေ့သေရမည် ဆိုတဲ့ အသိရှိပါလျက် တမလွန်ဘ၀အတွက် ကောင်းမှုကုသိုလ်ပြုရန် သတိမမေ့ပါနဲ့.။


* တစ်နေ့သေရမည် ကိုသိပါလျှက် တဖက်သားအပေါ် မတရားညှဉ်းပန်းနှိပ်စက်မှု မပြုမိရန် သတိရှိပါ.။


* တစ်နေ့သေရမည် ကိုသိပါလျှက် တစ်ပါးသူ၏ဥစ္စာပစ္စည်းကို မတရားရယူခြင်း မပြုမိရန် သတိရှိပါ.။


* တစ်နေ့သေရမည် ကိုသိပါလျှက် မတည်မြဲတဲ့ သင်္ခါရလူ့လောကပြီးကို ခင်မင်တွယ်တာပြီး အပျော်အပါးတွေနဲ့ အချိန်မဖြုန်းမိစေရန် သတိရှိပါ.။


* တစ်နေ့သေရမည် ကိုသိပါလျှက် မိဘ ၊ ဆရာသမား ၊ကျေးဇူးရှင်များအား အစဉ်တစိုက် ဂါဝရတရား ရှေ့ထားဆက်ဆံရန် သတိရှိပါ





.။Royal Hero Media

No comments:

Post a Comment