သူကတော့...အသက် ၂၃ နှစ်အရွယ် အမေရိကန်နိုင်ငံသူ မော်လ်ဒယ်လည်းဖြစ်... ကြေးစား န ပန်းသမား လည်းဖြစ် တဲ့
Lindsay Hayward ဆိုသူ ဖြစ်ပါတယ်. သူမဟာ အရပ်အမြင့်ပေ ၆' ၉" လက်မ (၂၀၆ စင်တီမီတာ)ရှိပြီးကိုယ်အလေးချိန်
၂၄၀ ပေါင် (၁၀၉ ကီလို) ရှိပါတယ်... ဘယ်လောက်ထိ အင်အားကြီးသလဲဆိုရင် အလေးချိန် ကီ လို ၁၀၀လောက် ရှိ တဲ့
ယောင်္ကျားတစ်ယောက်ကို လက်နဲ့ အလွယ်တကူ ကိုင်မြှောက်ပြီး ပစ်လွှင့်နိုင်တယ်လို့ ဆိုပါတယ်...။
သူမငယ်စဉ်က အမှတ်ရစရာလေးတွေ ပြန်ပြောတာကတော့..."ကျမ အသက် ၁၆ နှစ်အရွယ်လောက်ကပေါ့ အမျိုးသမီးငယ်
တစ်ဦးက ကျမနောက်ကျောကို လက်သီးနဲ့ လာထိုးတယ်...ကျမလည်း ဘယ်ရမလဲ...သူ့ကို လက်နဲ့ကိုင်မြှောက်ပြီး အုတ်နံရံ
ကြားထဲကို ပစ်ထည့်လိုက်တယ်...နောက်ဆိုရင်တော့ သူ ကျမကို ရန် မစရဲတော့ပါဘူး.....။"
ကြွက်သားတွေ သန်မာထွားကြိုင်းဖို့အတွက် တရက်ကို ၃ နာရီခန့် အလေး "မ" ပြီး2 နာရီမှာ တစ်ကြိမ် ကြက်သား ၅ အောင်စ
စားသုံးတယ်လို့ ဆိုပါတယ်....ပုံမှန်အားဖြင့်တော့ တရက်ကို မကျက်တကျက် အသား ၃ ပေါင်ခန့် စားသုံးပြီး...အမြဲတမ်းလိုလို
ဗိုက်ဆာနေတယ်လို့ ဆိုပါတယ်....။Lindsay ဟာ အမျိုးသားတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ခန္ဒာကိုယ်အလှ ပိုင်ဆိုင်ထားပေမဲ့
လည်းအချစ်ရေးမှာတော့ ကံ မကောင်းသေး ဘူးလို့ ဆို ပါတယ်...အချစ်နဲ့ ပတ်သက် တဲ့ ဆက်ဆံရေးတွေဟာ လေးနက်သင့်
သလောက်မလေးနက်ပဲ...တနှစ်ကို အမျိုးသားတစ်ယောက်နဲ့ တွဲပြီး အပြင်ထွက်တယ်လို့ ဆိုပါတယ်အများအားဖြင့် သူမကပဲ
စတင်ချိန်းဆိုတယ်လို့ ပြောပါတယ်...သူမရဲ့ အရင် ရည်းစားဟောင်းတွေကလည်း ကာယဗလမောင်တွေနဲ့....Basketball
အားကစား သမားတွေဖြစ်ပြီး...အရပ်အမောင်း ၆ ပေ နဲ့ ၄ လက်မ အောက်ရှိတဲ့ သူတွေဆိုရင်တော့ စိတ်မ၀င်စားဘူးလို့ ဆို
ပါတယ်" တကယ်ပဲ အရပ်မြင့်လေပိုကောင်းလေပဲ.Basketballကစားတဲသူတွေကိုပိုပြီးတော့သဘောကျတယ်ဘာဖြစ်လို့လဲ
ဆိုတော့
တခါတလေကျရင် သူတို့က ကျမထက် ပိုပြီးတော့ အရပ်အမောင်း မြင့်တယ်လေ...။"
(အရပ် ၆ ပေ ၁၁ လက်မ ရှိသူများ Lindsay ကို ဆက်သွယ်နိုင်ပါတယ်....း)
၆ပေ ၄လက်မ၇ှိ၇င် ဆက်သွယ်လိုက်နော် ...........
ဗဟုသုတပေါ. ................
ချစ်၇အောင် (အညာသားလေး) 



ကြည့်သူဦးရေ: 119
No comments:
Post a Comment