Powered By Blogger

Sunday, 7 October 2012


ဆွီဒင်ဓါတ်ပုံဆရာ ရိုက်ကူးထားသော သားအိမ်အတွင်းတွင် သန္ဓေသားလောင်းကြီးထွားပုံ

   
Lennart Nilsson သည် ဆွီဒင်နိုင်ငံသား ဓါတ်ပုံပညာရှင် နှင့် သိပ္ပံပညာရှင် ဖြစ်သည်။
သူ၏ ရိုက်ကူးခဲ့သော ဓာတ်ပုံများတွင် တစ်ချိန်က ဓါတ်ပုံရိုက်ကူး မရနိုင်သောဟု ယူဆထားသော လူ၏ သန္ဓေသားလောင်းနှင့် အခြား ဆေးပညာဆိုင်ရာ ဓါတ်ပုံများအပြင်  သူ၏ အနုစိတ် ဓါတ်ပုံပညာမှာ အထူးထင်ရှားသည်။
၁၉၆၅ ခုနှစ်တွင် Lennart Nilsson သည် သားအိမ်အတွင်း လူ၏သန္ဓေသားလောင်း ကြီးထွားလာပုံအဆင့်ဆင့်ကို ဆက်တိုက်ရိုက်ကူးကာ Life မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ထိုအချိန်က ထုတ်ဝေခဲ့သည့် ပထမ ၄ ရက်အတွင်းမှာပင် စာအုပ် ၈ သန်းခန့် ရောင်းချခဲ့ရသည်။အဆိုပါ မှတ်တမ်းပြုဖွယ် ဓါတ်ပုံများကို "A Child is Born" စာအုပ်တွင် ပြန်လည်စုစည်း ဖော်ပြခဲ့ကြောင်း သိရသည်။
သီတင်း ၅ ပါတ်။   ။ သန္ဓေသားလောင်းသည် ၆ မီလီမီတာခန့် သာ ရျည်လျားသည်။မျက်နှာပြင်တွင် ပါးစပ်နေရာ ပွင့်လာကာ မျက်လုံးပေါက်၊နှာခေါင်းပေါက် ဖြစ်ပေါ်လာမည့် နေရာများလည်း ပေါ်ပေါက်လာသည်။
သီတင်း ၈ ပါတ်အကြာ။    ။အလျှင်အမြန်ကြီးထွားလာသော သန္ဓေသားလောင်းကို ထိခိုက်မှုမရှိစေရန် ရေမွှာ ခေါ်အရည်အိတ်ထဲတွင် ကာကွယ်ထားသည်။
သီတင်း ၁၀ ပါတ်အကြာ။   ။မျက်ခွံသည် တစ်ဝက်ခန့် ပိတ်နေပြီးနောက်ရက်အနည်းငယ် အကြာတွင် အပြည့်ပိတ်သွားမည် ဖြစ်သည်။
သီတင်း ၁၆ ပါတ်အကြာ။    ။သန္ဓေသားလောင်းသည် လက်ဖြင့် မိမိကိုယ် နှင့် ပါတ်ဝန်းကျင်ကို စမ်းနိုင်လာသည်။ထို့ အတူ ချက်ကြိုးကို ထိနိုင် ကိုင်နိုင်လာသည်။အရိုးများသည် ပျော့ပျောင်းသော အချောင်းများအဖြစ် တည်ရှိပြီး သွေးကြောများ ဆက်နွယ်နေမှုကို အရေပြားမှ တဆင့်မြင်နိုင်သည်။
သီတင်း ၁၈ ပါတ်အကြာ။   ။သန္ဒေသားလောင်းသည် ပြင်ပအသံများကို စတင်ကြားသိနိုင်ပြီ ဖြစ်သည်။
သီတင်းပါတ် ၂၀ အကြာ။   ။Lanugo ဟုခေါ်သော အမွှေးအမျှင်များ မျက်နှာပေါ်တွင် စတင်ပေါ်ပေါက်လာသည်။
Views: 419
အမျိုးအစား: ဗဟုသုတ

၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။
၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။
၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။
၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။
၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။
၈) ဆေးလိပ်သောက်ခြင်း
ဒါကတော့ ကျွန်တော် ကိုယ်တိုင်လည်းသောက်တာပါ ပဲ (း ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။
၉) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။
၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။




အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်
ခြင်းပင်ဖြစ်တယ်။ (ဘင်ဂျမင်ဒစ်ဆရေလီ)

ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ ဘ၀ခရီးလမ်းမှာ အောင်မြင်သော
လူတစ်ယောက်ဖြစ်ဖို့  ဘယ်အလုပ်မဆို ဇွဲရှိရှိနဲ့ လုပ်ဖို့ လိုအပ်ပါတယ်။
ကိုယ်တတ်ထားတဲ့ပညာတွေကိုလည်း သူနေရာနဲ့သူ အသုံးချတတ်ဖို့ 
လိုအပ်ပါသေးတယ် ။ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် သူငယ်ချင်းတွေကို
ကျွန်တော်ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်လောက် ပြောပြချင်ပါတယ် ။


ပုံပြင်လေးကတော့.................
တစ်ခါတုန်းက တိုင်းပြည်တစ်ခုမှာရှိတဲ့ လူငယ်လေးနှစ်ယောက်ဟာ
ဒိသာပါမောက္ခဆီမှာ ပညာရပ်တွေ ကိုသင်ကြားဖို့ သွားကြလေသည် ။
ထိုလူငယ်နှစ်ယောက်တွင်  တစ်ယောက်မှာ အလွန်ဥာဏ်ကောင်းသဖြင့်
ဒိသာပါမောက္ခ သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေ အားလုံးလိုလိုကို
သင်ကြားတတ်မြောက်သွားပါတယ်။ ကျန်တဲ့လူငယ်တစ်ယောက်ကတော့
ဥာဏ်အလွန်ထုံသဖြင့် ဘာပဲ သင်ပေး၊ သင်ပေး လွယ်လွယ်နဲ့ မတတ်
မြောက်နိုင်ပါဘူး။ ဒါကြောင့် ဒုတိယလူငယ်ကို ဒိသာပါမော​က္ခက ပညာရပ်
တစ်ခုကိုသာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင် သင်ကြားဖို့တိုက်
တွန်းလေသည် ။သေသေချာချာလည်း  သင်ပေးလိုက်ပါတယ် ။ဒုတိယ လူငယ်
ကလည်း တစ်ခုတည်းသော ပညာကိုသာ ဂရုတစိုက်သင်ယူပါတယ်။သင်ကြား
မှု ကာလကုန်ဆုံးသွားတော့ လူငယ်နှစ်ယောက်ဟာကိုယ့်တိုင်းပြည်ကို ပြန်သွား
ပြီး ကိုယ်စီကိုယ်ငှ တတ်လာသမျှ ပညာရပ်တွေနဲ့  အလုပ်လုပ်ကြလေသည် ။

ထိုအခါ ပထမလူငယ်က ဘာပဲလုပ်လုပ် အစဉ်မပြေဖြစ်နေပါတယ် ။အစဉ်
မပြေတိုင်းလည်း အလုပ်တစ်ခုပြီးတစ်ခုပြောင်းလုပ်ပါတယ်။ ဒါလည်း အစဉ်
မပြေပါဘူး။ ဒုတိယလူငယ်က အလုပ်တစ်ခုမှာပဲ အောင်မြင်ပြီးချမ်းသာလာ
ပါတယ်။ ထိုတိုင်းပြည်မှာ အချမ်းသာဆုံးလူတစ်ယောက်ဖြစ်လာပါတယ်။ထို
အခါ  ပထမလူငယ်ကတွေးပါတယ်။ "ဆရာက ငါ့ကိုတော့ ပညာစုံအောင်
သင်မပေးလိုက်ဘူးထင်တယ်။ ဟိုတစ်ယောက်ကိုတော့ ပညာကုန်အောင်သင်
ပေးလိုက်လို့သာ ဒီကောင်ချမ်းသာလာတာနေမှာပဲ ။ ဆရာ မမျှတဘူး"လို့
တွေးပြီး ဒိသာပါမောက္ခဆီကို သွားပါတယ်။ သူတွေးတဲ့အတိုင်းလည်း ဆရာ
ကိုပြောပြပါတယ်။

ဆရာက ဘာမှမပြောပဲ ပထမလူငယ်ကို ဝါးရုံတောထဲခေါ်လာခဲ့ပါတယ်။ ပြီးတော့
ဝါးပင်ပေါ်တက်ခိုင်းလိုက်ပါတယ်။ ပြီးတော့ ဆရာက အောက်နေ၊ ဝါးပင်တွေကို
လှုပ်ခါပါတယ်။ လှုပ်ခါလိုက်တိုင်း ပထမလူငယ်က နောက်ဝါးပင်ဆီကို ကူးပြောင်း
သွားပါတယ်။နောက်ဝါးပင်ကို လှုပ်ခါပြန်ပါတယ်။ ဒီလိုနဲ့အကြိမ်ကြိမ် ကူးပြောင်းနေ
ရတော့ လက်၊ခြေတွေ ညောင်းလာကာ ပြုတ်မကျအောင်လည်း ကြိုးစားနေရပါတယ်။
နောက်ဆုံးတော့ ဘယ်ဝါးပင်မှ မကူးတော့ပဲ ဝါးပင်တစ်ပင်ကိုပဲခိုင်ခိုင်မြဲမြဲ ဖက်တွယ်
ထားလိုက်လေသည် ။ထိုအခါ  ဘယ်လိုပဲ ၀ါးပင်ကို လှုပ်ခါလှုပ်ခါ ပြုတ်မကျတော့ပါပေ။

ဒီတော့မှ ဆရာက တပည့်ကို အောက်ကို ဆင်းလာဖို့ပြောပါတယ်။ ပြီးတော့မှ ဆရာက...
ကဲ တပည့်ရေ "မင်းက ဥာဏ်ကောင်းတော့ ပညာတွေအများကြီးသင်ဖြစ်သွားတယ်။
ပညာတွေ အများကြီးတတ်တော့ အလုပ်တွေလုပ်ဖို့အခွင့်အရေးတွေ  ရလာတာပေါ့။
ဒါပေမယ့် ဘယ်အလုပ်ကိုမှ ဇွဲနဲ့လုပ်တာ မရှိတော့ဘူး။ အလုပ်မှာ မစွဲတော့ ဘယ်အ
လုပ်မှ ထိပ်တန်းရောက်အောင် မအောင်မြင်တော့ဘူး။ မင်းရဲ့သူငယ်ချင်းကျတော့
ဥာဏ်မကောင်းတော့ ပညာတစ်ခုကိုသာ သင်ဖြစ်တယ်။သူ့အတွက် အားကိုးစရာ
ကလည်း ဒီတစ်ခုပဲဆိုတော့ စွဲစွဲမြဲမြဲ လုပ်ဖြစ်တယ်။ ဇွဲနဲ့လုပ်တော့ ထိပ်တန်းရောက်
လာတာ ဘာမှ မဆန်းပါဘူး။ မင်းကို ဆရာမှာ လိုတာက အောင်မြင်ချင်ရင် ဘယ်အ
လုပ်ကိုမဆို ဇွဲနဲ့သာစွဲစွဲမြဲမြဲလုပ်ပါ"လို့ ပြောလိုက်လေသည်။ 


ပုံပြင်လေးကတော့ ဒီမှာတင် အဆုံးသတ်ပါတယ် ။ဒီပုံပြင်လေးနမူနာယူပြီး ဆက်စပ်
တွေးဖြစ်တာလေးက ............အဘယ်သို့သောကိစ္စမဆို ကိုယ်ကိုယ်တိုင်ပေါ်မှာသာ
တည်မှီတဲ့ အတွက် ကိုယ်ကြိုးစားရင် ကိုယ်ဖြစ်မှာပါပဲ။ နည်းလမ်းဆိုတာတွေကတော့
အများကြီး ရှိနိုင်ပါတယ်။ တစ်ယောက်သောသူနဲ့ သင့်တော်ပေမယ့် အခြားသူနဲ့ ကိုက်
ညီချင်မှ ကိုက်ညီနိုင်မှာပါ။အဓိကကတော့ ကိုယ်ဘာလုပ်ချင်တာလဲ၊ ကိုယ်ဘာဖြစ်ချင်
တာလဲ  ဆိုတာကို အရင်သိပြီး အဲဒီလုပ်ချင်တာ ဖြစ်ချင်တာကို စိတ်အာရုံနှစ်ပြီး လုပ်
ဆောင်မယ်ဆိုရင် ငွေကြေးချမ်းသာအောင်လုပ်တာမျိုးကတော့ ခက်ခဲလှတဲ့ အလုပ်
တစ်ခု မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲ လမ်းခုလပ်မှာ လက်လျော့ကြတဲ့ သူတွေများ
တော့ အောင်မြင်မှုကို မရကြတာလည်း များပါတယ်။အရေးကြီးတာက ကိုယ်ယုံကြည်
ရာကို ယုံကြည်မှု အပြည့်ထားပြီး ဇွဲရှိဖို့  မဖြစ်မနေဖြစ်အောင်လုပ်မယ်ဆိုတဲ့ ပြတ်သား
တဲ့ ဆုံးဖြတ်ချက်နဲ့ အတူအောင်ကို အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်မှုရှိနေဖို့ လိုအပ်
တယ် ။ ဒါဆိုရင် ဘယ်နေရာမှာပဲအလုပ်  လုပ်လုပ် အောင်မြင်မှာမုချပါပဲ ။


38 ယောက်ကြည့်သွားပါသည်။

ယုံကြည်မှုက ဘ၀ကိုပြောင်းလဲစေနိုင်သလား

လွန်ခဲ့တဲ့ နှစ်၃၀ကျော်တုန်းက နိုင်ငံကျော်မင်းသား စတားလုံး (Sylvester Stallone)ဟာ အလွန်ဆင်းရဲ ဒုက္ခရောက်ခဲ့
တယ်။သူပိုင်ဆိုင်သမျှက ဒေါ်လာငွေ (၁၀၀)သာဖြစ်ပြီး နေစရာအိမ်တောင် မငှားနိုင်ခဲ့ဘူး။

အဲဒီအချိန်တုန်းက သူဟာ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး အရမ်းဖြစ်ချင်ခဲ့တယ်။ကိုယ့်ကိုယုံကြည်မှု အပြည့်နဲ့ နယူးယောက်
မှာရှိတဲ့ ရုပ်ရှင်ကုမ္ပဏီတွေမှာ သူအလုပ်သွားလျှောက်ခဲ့တယ်။

ဒါပေမယ့် သာမန်ရုပ်ရည်နဲ့ အင်္ဂလိပ်စကားကိုတောင် ပီသအောင် မပြောနိုင်တဲ့ သူ့ကို ကုမ္ပဏီတွေက “နိုး” ဆိုပြီး ငြင်း
ခဲ့တယ်။
နယူးယောက်မှာရှိတဲ့ ရုပ်ရှင်ကုမ္ပဏီ ၅၀၀လုံး သူ့ကိုငြင်းပယ်ပြီးတဲ့အထိ သူဟာ“The past does not mean that the
future” ဆိုတဲ့ ယုံကြည်ချက်နဲ့သူအလုပ်လျှောက်ခဲ့ဖူးတဲ့ ကုမ္ပဏီ ၅၀၀မှာ တစ်ကျော့ပြန်ပြီး အလုပ်လျှောက်ပြန်တယ်။

စုစုပေါင်း အကြိမ် ၁၅၀၀ခါ အပယ်ခံရပြီးတဲ့နောက်မှာ“Rocky”ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို သူရေးခဲ့တယ်။ပြီးတော့
အဲဒီ ဇာတ်လမ်းကို ယူပြီး ရုပ်ရှင်ရိုက်ဖို့ ကုမ္ပဏီတွေကို လိုက်ရှာခဲ့တယ်။

အလှောင်အပြောင်တွေကို ခံရတဲ့အပြင် အကြိမ် ၁၈၅၅ခါ အပယ်ခံရပြီးနောက်မှာသူရေးထားတဲ့ ဇာတ်လမ်းကိုရိုက်ဖို့
ကုမ္ပဏီတစ်ခုက သဘောတူခဲ့တယ်။

ဒါပေမယ့် ဇာတ်လမ်းသာဝယ်မယ်၊အဲဒီဇာတ်ကားမှာ အရုပ်ဆိုးတဲ့သူ့ကို မင်းသားတင်ပြီး မရိုက်နိုင်ဘူးလို့ ငြင်းလိုက်
ပြန်တယ်။နောက်ဆုံးမှာ မလျော့တဲ့ဇွဲနဲ့ သူ့ရဲ့ယုံကြည်မှုကြောင့် နိုင်ငံကျော် မင်းသားဖြစ်ခဲ့ရတယ်။


စတားလုံးဟာ ၁၉၇၆မှာ သူရေးခဲ့တဲ့ “Rocky”ဇာတ်ကားနဲ့ပဲ နိုင်ငံကျော်မင်းသား ဖြစ်လာခဲ့သလိုအဲဒီကားကပဲ ၁၉၇၆ခု
အော်စကာ အကောင်းဆုံး ဇာတ်ကားဆု၊အကောင်းဆုံး မင်းသားဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရခဲ့ကြတယ်။

အကြိမ် ၁၈၅၅ခါ အငြင်းပယ်ခံရတာကို ကျွန်တော်တို့ ရင်ဆိုင်နိုင်မလား? အငြင်းပယ်ခံရတိုင်းကျွန်တော်တို့ လက်လျော့
လိုက်ရမလား?စတားလုံးက လူတွေမလုပ်နိုင်တဲ့အလုပ်ကို လုပ်နိုင်ခဲ့လို့ အောင်မြင်ခဲ့တယ်။
ကျွန်တော်တို့တွေမှာလည်း စတားလုံး လိုလူစားတွေရှိမှာပါ သူငယ်ချင်း တစ်ခုပဲပြောချင်တာ မင်း လဲကျသွားတာလား
ပြန်ထလိုက်စမ်းပါ မင်းလဲကျ တာဟာ မင်းပြန်ထဖို့ဖြစ်လာတာလေ  1 ခါ ကျရင် 1 ခါထ  10 ခါကျ ရင် 10 ခါထ လိုက်
စမ်းပါမင်းမှာပန်းတိုင်ရှိနေသရွေ့ မင်း လျှောက်လှမ်းနိုင် မှာ။
( စာကြွင်း  ။     ။  လူအမြင်ကတ်စေရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း အားပေးစကားပြောခြင်းသာဖြစ်ကြောင်း
                        အာမခံသည် )

If you think you can, you can.
Cap.K