Powered By Blogger

Friday 2 August 2013

ကရင်တာလပေါ့ဟင်းချို (ရိုးရာဟင်းချက်နည်းလေး)




Posted by ♪ღ♥ မင်းထက် ♪ღ♥ on August 1, 2013 at 5:03pm in အိမ်တွင်းမှု့လက်ရာ
Back to အိမ်တွင်းမှု့လက်ရာ Discussions







ကရင်လိုတော့ တာ့လ့ဘော့လို့ခေါ်တဲ့ တာလပေါ့ဟင်းချိုပါ။
တာလပေါ့ဟင်းချိုမှာ ဟင်းရွက်၊ ငါး၊ မျှစ်တို့ကို အဓိကထည့်ချက်ပါတယ်။
ထို့ပြင် ငါးတစ်မျိုးထဲ မဟုတ်ဘဲ ပုစွန်နဲ့ တခြားပင်လယ်စာတွေလည်း
ထည့်ချက်လို့ရပါတယ်။ ဟင်းရွက်ကို တောထဲမှာရှာတွေ့တဲ့ အရွက်ကို
ထည့်ချက်လေ့ရှိတာမို့ မိမိကြိုက်နှစ်သက်ရာအရွက်ကို ထည့်ချက်နိုင်ပါတယ်။
ဝတ်ရည် အိမ်သားတွေက တညင်းသီးကြိုက်တာမို့ တာလပေါ့ဟင်းချိုထဲမှာ
တညင်းသီးပါ ထည့်ချက်ထားပါတယ်။ အရသာကောင်းပြီး ထမင်းမြိန်စေမယ့်
တာလပေါ့ဟင်းချိုကို ခုပဲ ချက်ရအောင်…

ပါဝင်ပစ္စည်းများ
....................
• ငါးခူ (သို့) ငါးရံ့ - ၁၅ကျပ်သား
• ဆန် - ခွက်ဝက်
• မျှစ် - ၁၀ကျပ်သား
(ရေဖြင့်ပြုတ်ပြီး အရှည်လှီးထားပါ)
• တညှင်းသီး - ၁၀လုံး
(ပြုတ်ပြီး အရှည်လှီးထားပါ)
• ငရုတ်သီးစိမ်း - ၄တောင့် (ထောင်းထားပါ)
• ငါးပိ - စားပွဲဇွန်း ၁ဇွန်း
• ငါးငံပြာရည် - စားပွဲဇွန်း ၂ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• ပင်စိမ်း - ၁၀ ရွက် (ပါးပါလှီးပါ)
• စပါးလင် - ၂ခု (ဓားပြားရိုက်ပြီး တစ်ခုကို
ချည်ထားပါ၊ နောက်တစ်ခုကို ပါးပါးလှီးပါ)
• ကြိုက်နှစ်သက်ရာအရွက် - ၁လက်မအရွယ်
(ကင်ပွန်းရွက်(သို့)ဘူးညွှန့်) ပိုင်းဖြတ်ထားပါ

ပြင်ဆင်နည်း
...................
၁။ အရင်ဆုံး ဆန်ကို ဒယ်အိုးထဲထည့်ပြီး
အနီရောင်သမ်းလာသည်အထိ လှော်ပေးပါ။

၂။ ပြီးနောက် ဆန်လှော်ကို မညက်တညက် ထောင်းပေးထားပါ။

၃။ ဒယ်အိုးထဲ ရေ(၅ခွက်)ထည့်ပြီး ဆူလာလျှင် ငါးခူ၊
စပါးလင်(ချည်ထားသော) ထည့်ပြီး ကျက်သည်အထိ ပြုတ်ပေးပါ။

၎။ ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။ ပြီးနောက် ငါးကို အသားနွှင်ပေးထားပါ။

ချက်ပြုတ်နည်း
.....................
၁။ ဒယ်အိုးကြီးထဲ ငါးပြုတ်ရည်၊ ရေ(၃ခွက်) ထည့်ပြီး ပွက်ပွက်ဆူအောင်
တည်ထားပါ။

၂။ ပွက်ပွက်ဆူလာလျှင် အသားနွှင်ထားသောငါး၊ မျှစ်၊ တညှင်းသီး၊
ငါးပိတို့ကိုထည့်ပြီး ၁မိနစ်ခန့် ထပ်တည်ထားပါ။

၃။ ပြီးမှ ဆန့်လှော်မှုန့်၊ ငရုတ်သီးစိမ်းတို့ကို ထည့်ပေးပါ။

၎။ အရသာအတွက် ဆား၊ ငံပြာရည်တို့ကို ထည့်ပြီး အရသာအနေတော်လျှင်
ပင်စိမ်းအုပ်ပေးပါ။

၅။ နောက်ဆုံးမှ မိမိကြိုက်နှစ်သက်ရာအရွက်ကိုထည့်ပြီး ၁မိစန်ခန့်
ထပ်တည်ပြီး မီးပိတ်လိုက်ပါ။

၆။ အရသာကောင်းမွန်သော ကရင်တာလပေါ့ဟင်းချိုကို သုံးဆာင်နိုင်ပါပြီ။

အမျိုးအစား: ချက်နည်းပြုတ်နည်း

No comments:

Post a Comment