Powered By Blogger

Wednesday 14 August 2013

မစားပဲနေနိုင်သော်လည်း မအိပ်ပဲ မနေနိုင်



လူတစ်ယောက်ဟာ အစားလုံးဝ မစားပဲ ရေသောက်ပြီးနေရင် ပျှမ်းမျှ အားဖြင့် ၁လ မှ ၂ ကြား အသက်ရှင်နိုင်တယ်လို့ လေ့လာတွေ့ရှိချက်များက ဆိုပါတယ်။ သို့ပေမယ့် လူတစ်ယောက်ဟာ ရက်ပိုင်းအတွင်းသာ မအိပ်ပဲ နေရင် သေနိုင်ကြောင်း သိရပါတယ်။

ဂင်းနစ်စံချိန်များအရ လူတစ်ယောက် မအိပ်ပဲ အနေနိုင်ဆုံးက ၂၆၄ နာရီပဲ ရှိပါတယ်။ သို့ပေမယ့် ယင်းစံချိန်တင်ပြီး သူ့ရဲ့  စိတ်ရော၊ ကိုယ်ပါ သာမန်လို မဟုတ်ပဲ ကျန်းမာရေးချို့ ယွင်းချက်ပေါင်း များစွာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အိပ်စက် အနားယူမှုက လူတစ်ယောက်အသက်ရှင်ဖို့အတွက် အရေးကြီးဆုံးထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ 

အစားမစားပေမယ့် ရေချည်းသောက်ပြီးနေတော့ ရက်ပိုင်းလောက်အတွင်း ထူးထူးခြားခြားပြောင်းလဲမှု မရှိပါဘူး။ သို့ပေမယ့် ဒါက တစ်ဦးချင်းစီရဲ့  အာဟာရ၊ ကျန်းမာရေး အခြေအနေ၊ ကိုယ်ခံစွမ်းအားများနဲ့လည်း သက်ဆိုင် ပါသေးတယ်။ သို့ပေမယ့် မိပ်ပဲနေရင်တော့ ဘယ်လောက်ပဲ ကျန်းမာရေး ကျန်းမာရေး ဘယ်လောက်ပဲ ကောင်းကောင်း ဆိုးရွားတဲ့ ကျန်းမာရေး ရလဒ်များသာ ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး

http://www.yoyarlay.com/health/beauty/37158-sleep-will-that-good-habit-for-health

.
Like ·  ·  · 1:27pm (7 hours ago) · 

No comments:

Post a Comment