Powered By Blogger

Sunday, 7 October 2012


ဆွီဒင်ဓါတ်ပုံဆရာ ရိုက်ကူးထားသော သားအိမ်အတွင်းတွင် သန္ဓေသားလောင်းကြီးထွားပုံ

   
Lennart Nilsson သည် ဆွီဒင်နိုင်ငံသား ဓါတ်ပုံပညာရှင် နှင့် သိပ္ပံပညာရှင် ဖြစ်သည်။
သူ၏ ရိုက်ကူးခဲ့သော ဓာတ်ပုံများတွင် တစ်ချိန်က ဓါတ်ပုံရိုက်ကူး မရနိုင်သောဟု ယူဆထားသော လူ၏ သန္ဓေသားလောင်းနှင့် အခြား ဆေးပညာဆိုင်ရာ ဓါတ်ပုံများအပြင်  သူ၏ အနုစိတ် ဓါတ်ပုံပညာမှာ အထူးထင်ရှားသည်။
၁၉၆၅ ခုနှစ်တွင် Lennart Nilsson သည် သားအိမ်အတွင်း လူ၏သန္ဓေသားလောင်း ကြီးထွားလာပုံအဆင့်ဆင့်ကို ဆက်တိုက်ရိုက်ကူးကာ Life မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ထိုအချိန်က ထုတ်ဝေခဲ့သည့် ပထမ ၄ ရက်အတွင်းမှာပင် စာအုပ် ၈ သန်းခန့် ရောင်းချခဲ့ရသည်။အဆိုပါ မှတ်တမ်းပြုဖွယ် ဓါတ်ပုံများကို "A Child is Born" စာအုပ်တွင် ပြန်လည်စုစည်း ဖော်ပြခဲ့ကြောင်း သိရသည်။
သီတင်း ၅ ပါတ်။   ။ သန္ဓေသားလောင်းသည် ၆ မီလီမီတာခန့် သာ ရျည်လျားသည်။မျက်နှာပြင်တွင် ပါးစပ်နေရာ ပွင့်လာကာ မျက်လုံးပေါက်၊နှာခေါင်းပေါက် ဖြစ်ပေါ်လာမည့် နေရာများလည်း ပေါ်ပေါက်လာသည်။
သီတင်း ၈ ပါတ်အကြာ။    ။အလျှင်အမြန်ကြီးထွားလာသော သန္ဓေသားလောင်းကို ထိခိုက်မှုမရှိစေရန် ရေမွှာ ခေါ်အရည်အိတ်ထဲတွင် ကာကွယ်ထားသည်။
သီတင်း ၁၀ ပါတ်အကြာ။   ။မျက်ခွံသည် တစ်ဝက်ခန့် ပိတ်နေပြီးနောက်ရက်အနည်းငယ် အကြာတွင် အပြည့်ပိတ်သွားမည် ဖြစ်သည်။
သီတင်း ၁၆ ပါတ်အကြာ။    ။သန္ဓေသားလောင်းသည် လက်ဖြင့် မိမိကိုယ် နှင့် ပါတ်ဝန်းကျင်ကို စမ်းနိုင်လာသည်။ထို့ အတူ ချက်ကြိုးကို ထိနိုင် ကိုင်နိုင်လာသည်။အရိုးများသည် ပျော့ပျောင်းသော အချောင်းများအဖြစ် တည်ရှိပြီး သွေးကြောများ ဆက်နွယ်နေမှုကို အရေပြားမှ တဆင့်မြင်နိုင်သည်။
သီတင်း ၁၈ ပါတ်အကြာ။   ။သန္ဒေသားလောင်းသည် ပြင်ပအသံများကို စတင်ကြားသိနိုင်ပြီ ဖြစ်သည်။
သီတင်းပါတ် ၂၀ အကြာ။   ။Lanugo ဟုခေါ်သော အမွှေးအမျှင်များ မျက်နှာပေါ်တွင် စတင်ပေါ်ပေါက်လာသည်။
Views: 419
အမျိုးအစား: ဗဟုသုတ

No comments:

Post a Comment