Powered By Blogger

Monday 5 August 2013

ချစ်သူ/ရည်းစား (ကောင်လေး) ကို မပြောသင့်သော စကား(၉)ခွန်း

ချစ်သူ/ရည်းစား (ကောင်လေး) ကို မပြောသင့်သော စကား(၉)ခွန်း
(၁) *“တော်ပြီ… နင်နဲ့ ငါလမ်းခွဲတာပဲကောင်းတယ်”*

ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်ဘက်က သူ့ကို လမ်းမခွဲနိုင်သေးဘူးဆိုတာသေချာ
ရင်…

ဟန်ဆောင်ပြီး လမ်းခွဲမယ်ဆိုတဲ့စကားကို မပြောမိပါစေနဲ့… ကိုယ့်ချစ်သူက ကိုယ့်ကို
တကယ်ချစ်တဲ့သူဆိုရင်… သူတော်တော်ခံစားရပါတယ်… ဒီစကားက သူမကြားချင်ဆုံးစကားပါပဲ…
ပြီးတော့ ကိုယ်က လမ်းခွဲစကားကို ခဏခဏ စိတ်ဆိုးတိုင်းပြောနေရင်… သူ့ဘက်က
ကိုယ့်ကို တဖြည်းဖြည်း အထင်လွဲလာတတ်တယ်…

(၂) *“ကို… ကို့အရင်တယောက်ကို ဘယ်လောက်ထိချစ်ခဲ့လဲဟင်”*

ချစ်သူရဲ့  အရင်ရည်းစားအကြောင်းကို ခဏခဏမမေးမိပါစေနဲ့… သူစိတ်ရှုပ်လာတတ်တယ်…
ငါ့ချစ်သူက ငါ့ကို ဒီလောက်တောင်မယုံဘူးလား… နားမလည်ပေးနိုင်ဘူးလားဆိုပြီး
တွေးလာတတ်တယ်… သိထားသင့်ရုံလောက်မေးထားသင့်ပါတယ်… ခဏခဏ စိတ်ရှိတိုင်း
လိုက်လိုက်ပြီး မမေးနဲ့ပေါ့နော်… တော်ကြာကိုယ့်ကြောင့်
သူ့အရင်ချစ်သူအကြောင်းပြောပြရပါများပြီး… အရင်ချစ်သူကို
ပြန်စိတ်လည်သွားမှ ဒုက္ခ…

(၃) ကိုယ့်ချစ်သူကို *လူ့ရှေ့သူ့ရှေ့မှာ မအော်မိပါစေနဲ့… မဆူမိပါစေနဲ့…*

ယောက်ျားမာနကမသေးဘူးနော်… သူတို့ ဘယ်လောက်မှားနေမှားနေ မအော်သင့်ပါဘူး…
သူတို့ကို သိက္ခာကျစေပါတယ်… ကိုယ့်ကို စိတ်နာသွားတတ်တယ်… ပြီးတော့ကိုယ့်ကိုလည်း
အဆင့်မရှိတယ် ချစ်သူလို့ထင်သွားတတ်တယ်… တကယ်က ကိုယ်တို့က
စိတ်အရမ်းဆိုးသွားပြီးအော်မိကြတာပါ… ဒါပေမယ့် မကောင်းပါဘူး…

(၄) ကိုယ့်ချစ်သူကျူးလွန်ခဲ့တဲ့ *အရင်က အပြစ်တွေကို ခဏခဏ ပြန်မပြောမိပါစေနဲ*့…

ကိုယ့်ကိုရော အရင်က အပြစ်တွေ ခဏခဏ ပြန်ပြန်ပြီး လာပြောနေရင်ကြိုက်မလား…
ဘယ်ကြိုက်မလဲနော်… စိတ်ညစ်တာပေါ့… သူတို့လဲ ဒီလိုပဲ… ကိုယ်က ပွစိပွစိနဲ့ အရင်က
ဟာတွေပြန်ပြန် ပြောနေရင် စိတ်ညစ်ကြမှာပေါ့…

(၅) *“ကိုကလဲ ဒါလေးတောင် မသိဘူးလား” (သို့) “ဒီလောက်တော့ လုပ်နိုင်ရမှာပေါ့”*

ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ အားမလို အားမရ ဖြစ်ဖြစ် ဒီလိုပြောလိုက်ရင်
သူစိတ်ထိခိုက်သွားလိမ့်မယ်… သူ့ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် အထင်သေးတဲ့ စကားမျိုး
မပြောမိပါစေနဲ့… ကိုယ်သူ့ကို တကယ်ချစ်တယ် ဆိုရင် သူ့ကို တန်ဖိုးထားပြီး
လေးစားသင့်တာပေါ့နော်…

(၆) ပြီးတော့ ကိုယ့်ချစ်သူကို *ဘယ်လောက်ပဲ ဒေါသဖြစ်နေနေ မဆဲမိပါစေနဲ့…*

ရှေ့မှာ ပြောခဲ့သလိုပဲ တကယ်ချစ်ရင် တန်ဖိုးထားသင့်တာပေါ့… သူကတချိန်ချိန်မှာ
ကိုယ့်ရဲ့  အိမ်ထောင်ဦးစီး ဖြစ်မှာလေ… (ရည်ရွယ်ထားရင်ပေါ့…) ဒီတော့ တယောက်ကို
တယောက် လေးလေးစားစား ဆက်ဆံတာ အကောင်းဆုံးပေါ့…



(၇) *“ကိုနဲ့ ချစ်သူဖြစ်ပြီးကတည်းက ချစ်မှာ သူငယ်ချင်းကို သိပ်မရှိတော့ဘူး …
အဲဒါကို့ကြောင့်…”*

တကယ်တမ်းက သူနဲ့ ချစ်သူဖြစ်ပြီး သူ့ကို ချစ်တော့ သူ့အတွက်ပဲ
အချိန်တွေပေးဖြစ်ပြီး ကိုယ်က သူငယ်ချင်းတွေနဲ့ အဆက်အဆံကြဲသွားတတ်ပါတယ်…
အဲဒါကိုယ့်ချစ်သူကြောင့်လို့ အပြစ်မတင်သင့်ဘူး ဘာလို့လဲ ဆိုတော့ သူ့ကို
ချစ်လို့ ကိုယ်ပြောင်းလဲသွားတာလေ… သူက အတင်း သူငယ်ချင်း ဖြတ်ခိုင်းတာဆိုရင်တော့
တမျိုးပေါ့နော်…

(၈) ကိုယ့်ချစ်သူရဲ့  *ဆွေမျိုးတွေ မိဘတွေ မကောင်းကြောင်း ဘယ်တော့မှ
မပြောမိပါစေနဲ*့

… တကယ်မကောင်းလို့ ပါးစပ်ကနေထုတ်ညည်းချင်တယ်ဆိုရင်တောင်
သူ့ရှေ့မှာမညည်းမိပါစေနဲ့… သူ့ဆွေမျိုး သူ့မိဘကို ကိုယ့်ဆွေမျိုး
ကိုယ့်မိဘလိုပဲ သဘောထားလိုက်ပါ…

(၉) *“ကိုက ချစ်စိတ်ကို ချစ်သူငယ်ချင်းတွေလောက်တောင် နားမလည်ပါလား”*

ကိုယ့်ချစ်သူကို ကိုယ့်ရဲ့  သူငယ်ချင်းတွေနဲ့လဲ မနှိုင်းနဲ့ ကိုယ့်သူငယ်ချင်းရဲ
့ ရည်းစားတွေနဲ့လည်း မနှိုင်းနဲ့… ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မနှိုင်းပါနဲ့…
ကိုယ့်ချစ်သူကလည်း ကိုယ့်ကို အတတ်နိုင်ဆုံး အလိုလိုက်နေတာပဲ… ချို
့ယွင်းချက်လေးတွေတော့ရှိမှာပေါ့… (အလိုမလိုက်တဲ့ချစ်သူဆိုရင်တော့
တမျိုးပေါ့နော်…) ကိုယ်က သဘောထားကြီး နိုင်သလောက်ကြီးပေးထားပါ…
အတိုင်းအတာတစ်ခုအထိပေါ့…
268 ယောက်ကြည့်သွားပါသည်။

No comments:

Post a Comment