ယုံကြည်မှုက ဘ၀ကိုပြောင်းလဲစေနိုင်သလား
- Posted by Capt.k on October 8, 2012 at 9:30am
- ဘလော့ ပိုစ်ကြည်မယ်
လွန်ခဲ့တဲ့ နှစ်၃၀ကျော်တုန်းက နိုင်ငံကျော်မင်းသား စတားလုံး (Sylvester Stallone)ဟာ အလွန်ဆင်းရဲ ဒုက္ခရောက်ခဲ့
တယ်။သူပိုင်ဆိုင်သမျှက ဒေါ်လာငွေ (၁၀၀)သာဖြစ်ပြီး နေစရာအိမ်တောင် မငှားနိုင်ခဲ့ဘူး။
အဲဒီအချိန်တုန်းက သူဟာ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး အရမ်းဖြစ်ချင်ခဲ့တယ်။ကိုယ့်ကိုယုံကြည်မှု အပြည့်နဲ့ နယူးယောက်
မှာရှိတဲ့ ရုပ်ရှင်ကုမ္ပဏီတွေမှာ သူအလုပ်သွားလျှောက်ခဲ့တယ်။
ဒါပေမယ့် သာမန်ရုပ်ရည်နဲ့ အင်္ဂလိပ်စကားကိုတောင် ပီသအောင် မပြောနိုင်တဲ့ သူ့ကို ကုမ္ပဏီတွေက “နိုး” ဆိုပြီး ငြင်း
ခဲ့တယ်။
နယူးယောက်မှာရှိတဲ့ ရုပ်ရှင်ကုမ္ပဏီ ၅၀၀လုံး သူ့ကိုငြင်းပယ်ပြီးတဲ့အထိ သူဟာ“The past does not mean that the
future” ဆိုတဲ့ ယုံကြည်ချက်နဲ့သူအလုပ်လျှောက်ခဲ့ဖူးတဲ့ ကုမ္ပဏီ ၅၀၀မှာ တစ်ကျော့ပြန်ပြီး အလုပ်လျှောက်ပြန်တယ်။
စုစုပေါင်း အကြိမ် ၁၅၀၀ခါ အပယ်ခံရပြီးတဲ့နောက်မှာ“Rocky”ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို သူရေးခဲ့တယ်။ပြီးတော့
အဲဒီ ဇာတ်လမ်းကို ယူပြီး ရုပ်ရှင်ရိုက်ဖို့ ကုမ္ပဏီတွေကို လိုက်ရှာခဲ့တယ်။
အလှောင်အပြောင်တွေကို ခံရတဲ့အပြင် အကြိမ် ၁၈၅၅ခါ အပယ်ခံရပြီးနောက်မှာသူရေးထားတဲ့ ဇာတ်လမ်းကိုရိုက်ဖို့
ကုမ္ပဏီတစ်ခုက သဘောတူခဲ့တယ်။
ဒါပေမယ့် ဇာတ်လမ်းသာဝယ်မယ်၊အဲဒီဇာတ်ကားမှာ အရုပ်ဆိုးတဲ့သူ့ကို မင်းသားတင်ပြီး မရိုက်နိုင်ဘူးလို့ ငြင်းလိုက်
ပြန်တယ်။နောက်ဆုံးမှာ မလျော့တဲ့ဇွဲနဲ့ သူ့ရဲ့ယုံကြည်မှုကြောင့် နိုင်ငံကျော် မင်းသားဖြစ်ခဲ့ရတယ်။
စတားလုံးဟာ ၁၉၇၆မှာ သူရေးခဲ့တဲ့ “Rocky”ဇာတ်ကားနဲ့ပဲ နိုင်ငံကျော်မင်းသား ဖြစ်လာခဲ့သလိုအဲဒီကားကပဲ ၁၉၇၆ခု
အော်စကာ အကောင်းဆုံး ဇာတ်ကားဆု၊အကောင်းဆုံး မင်းသားဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရခဲ့ကြတယ်။
အကြိမ် ၁၈၅၅ခါ အငြင်းပယ်ခံရတာကို ကျွန်တော်တို့ ရင်ဆိုင်နိုင်မလား? အငြင်းပယ်ခံရတိုင်းကျွန်တော်တို့ လက်လျော့
လိုက်ရမလား?စတားလုံးက လူတွေမလုပ်နိုင်တဲ့အလုပ်ကို လုပ်နိုင်ခဲ့လို့ အောင်မြင်ခဲ့တယ်။
ကျွန်တော်တို့တွေမှာလည်း စတားလုံး လိုလူစားတွေရှိမှာပါ သူငယ်ချင်း တစ်ခုပဲပြောချင်တာ မင်း လဲကျသွားတာလား
ပြန်ထလိုက်စမ်းပါ မင်းလဲကျ တာဟာ မင်းပြန်ထဖို့ဖြစ်လာတာလေ 1 ခါ ကျရင် 1 ခါထ 10 ခါကျ ရင် 10 ခါထ လိုက်
စမ်းပါမင်းမှာပန်းတိုင်ရှိနေသရွေ့ မင်း လျှောက်လှမ်းနိုင် မှာ။
( စာကြွင်း ။ ။ လူအမြင်ကတ်စေရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း အားပေးစကားပြောခြင်းသာဖြစ်ကြောင်း
အာမခံသည် )
If you think you can, you can.
Cap.K
No comments:
Post a Comment