Powered By Blogger

Tuesday 6 August 2013

မိဘ ဟူသည်


မနေ့ က အမေ့ကို ဟင်းသီးဟင်းရွက်ခြံမှာ ဆိုင်ကယ်နဲ့သွားကြိုခဲ့တယ်။ တော်တော်ကြာအောင်စောင့်လိုက်ရတော့
စိတ်နည်းနည်းတိုလာတယ်။ ဒီလောက်ကြာကြာစောင့်ခိုင်းတယ်ဆိုပြီးပေါ့။ ပြန်စဉ်းစားကြည့်တော့ ဒီလိုစိတ်ဓါတ်မျိုး
ရှိတာ ရှက်စရာကောင်းလိုက်တာလို့ ပြန်သတိချပ်မိတယ်။ အမှန်ဆိုရင် မိသားစုအတွက်ဒီလောက်တောင်ရုန်းကန်
နေတဲ့ အမေ့ကို ကျေးဇူးတင်ရမှာလေ..စာနာ သနားပြီး ဒီလောက် မိုးချုပ်သည်အထိမလုပ်ပါနဲ့လို့ ပြောရမှာလေ...
တကယ်တော့ အမေဟာ တကယ့် သူရဲကောင်းပါ..စွန့်လွတ်အနစ်နာခံသူပါ…တချို့ မိဘတွေဟာ..သားသမီးများ
အတွက်တော့ လုပ်ပေးရှာလေရဲ့…ဒါပေမယ့်…နင်တို့ကြောင့်ဒီလောက်တောင် ပင်ပန်းရတယ်ဆိုပြီး ညည်းကြတယ်
..ကျတော့်အမေကတော့ ဘယ်တော့မှ မညည်းခဲ့ဖူးပါဘူး..ပါးစပ်ဖျားကနေ  သားကို ချစ်တယ်လို့ မပြောပေမယ့်
အမေ့ရဲ့ လုပ်ရပ်တွေက သက်သေထူနေတယ်လေ…အမေက သားသမီးတွေကို အရမ်းချစ်တယ်ဆိုတာလေ.....
ကဲ…မိဘ ကို ငြိုငြင်မိတဲ့အခါ သတိရပါလေ.. ကျတော်တို့ မိဘရဲ့ စိတ်ဓါတ်က အရမ်းဖြူစင်ပါတယ်..သားသမီးတွေကို
ချစ်တဲ့အချစ်တွေနဲ့ ရင်ဘတ်တစ်ခုလုံးပြည့်နေတာ..ငါ့အတွက် ဆိုတဲ့ စိတ်က..မိဘတွေရဲ့ ဘ၀တွေထဲက ပျောက်ကွယ်သွားတာ
ကြာပါပြီ..အသေအချာပြောရမယ်ဆိုရင်…သင်နဲ့ကျတော့်ကို စ ပြီးလွယ်နေရပြီလို့ စပြီး သိရကတည်းက အဲဒီ ငါ့အတွက်ဆိုတဲ့
စိတ်လေးကို ဘ၀စာမျက်နှာကနေဖျက်လိုက်ပါပြီ..သင်သတိထားပြီးကြည့်ရင်သိရမှာပါ…ဖိနပ်အရမ်းဟောင်းနေတာ တောင်
  အသစ်ဝယ်စီးတာ သင်တွေ့ဖူးလား..ပြတ်နေတဲ့ ဆင်ကြယ် ဖိနပ်ကိုတောင်မှ ပြန်ချုပ်ပြီး စီးသေးတယ်လေ.. အဲဒါကို သင်နဲ့
ကျတော်က ရှက်သေးတယ်မလား ။အ၀တ်အသစ်ဝယ်ဝတ်တာကိုရော မြင်ဘူးလား။ အသောက်ကောင်း အစားကောင်း
ဝယ်စားတာကိုရော မြင်ဖူးလား။ ငယ်ငယ်တုန်းက အမေက တော့ ကြက်သတ်ပြီးချက်စားကြရင်တောင် အရိုးပဲ ကြိုက်တယ်လို့
ပြောခဲ့တာ သင်မှတ်မိအုံးမယ်ထင်တယ်။ အခု သင်အရွယ်ရောက်လာတော့ရော(သင်နဲ့ ကျတော့် မိဘတွေရဲ့ သွားတွေတချို့က
ပင်စည်ယူသွားကြပြီ) သင်နဲ့ကျတော်က အသားစားပြီး အမေက အရိုးကို ကိုက်နေတုန်းမလား။
ဒီအဖြစ်က တော်လောက်ပြီထင်တယ်..မိဘတွေကို အသားကျွေးဖို့အချိန်ရောက်ပြီ..ဒေါ်လာ ၁၀၀ တန်တဲ့ ဖိနပ်မ၀ယ်
ပေးနိုင်ရင်တောင် ကြည့်ကောင်းတဲ့ ဖိနပ်တစ်ရံတော့ ၀ယ်ပေးပါ.. နာမည်ကြီး တံဆိပ်မဟုတ်ရင်တောင့် သပ်ရပ်တဲ့
အ၀တ်ကို ဆင်ပေးပါ … မိဘတွေကိုအများကြီး မလုပ်ပေးနိုင်ရင်တောင် သူတို့ရဲ့ အချစ်၊ အနစ်နာခံမှု၊ ကျေးဇူးတရားကို
သိပါ..မစော်ကားပါနဲ့။ တကယ်တော့ သင်နဲ့ ကျတော် မိဘရဲ့ ကြီးမားတဲ့ ချစ်ခြင်းကို နားလည်သင့်တယ်လေ..

Nothing can replace in the place of parents. You can find two wives or more. But you can have only one father and   mother.
ကြည့်သူဦးရေ: 19
Tags: ရသ

No comments:

Post a Comment