Powered By Blogger

Friday, 18 January 2013

I LOVE YOU ကို ခေါ်ဆိုသော ကမ္ဘာ့ဘာသာစကားများ

I LOVE YOU ကို ခေါ်ဆိုသော ကမ္ဘာ့ဘာသာစကားများ

I Love You
အင်္ဂလိပ်--------> I Love You

ဖိလစ်ပိုင်  --------> Mahal Kita
ပြင်သစ် --------> Je T' aime
ဂျာမနီ -------> Ich Liebe Dich
ဂျပန် -----> Ai Shite Imasu
အီတလီ --------> Ti Amo
တရုတ် -------> Wo Ai Ni
မလေးရှား -----> Aku Cinta Kamu
ရုရှား  -------> Ya Lyublyu Tyebya
ဟန်ဂေရီ  ----> Se Ret Lay
ဟိန္ဒူ ----->  mai tumse pyar ''krtA hu
ကိုရီးယား---> Saranghe
ဘူလ်ဂေးရီးယား (အင်ဒို-ဥရောပ) - Obicham te

------
Tell me more what you know language!

ခေါင်းဆောင်မတင်ထိုက်သူ(၆)မျိုး..

ခေါင်းဆောင်မတင်ထိုက်သူ(၆)မျိုး..

ခေါင်းဆောင် မတင်ထိုက်သူများ
“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”
၁။ ဂဏန်း   = လက်မထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင်     = လေသင့်ရာယိမ်းတတ်ခြင်း
၎။ လိပ်မျိုး   = မိမိဘက်သို့ယက်တတ်ခြင်း
၅။ နွားသိုး    = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း
၆။ ခွေးအ    = ကောက်ကျစ်ခြင်း ......ဤခြောက်ဝ မှတ်ပါ အနာယက ။
၁။ ဂဏန်းနဲ့တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ရှိတတ်ပါတယ်။
    ငါမှတတ်တာ၊ မင်းတို့ကဘာမှသိတာမဟုတ်ဘူး။ငါ့ဆရာလာမလုပ်နဲ့ဆိုတဲ့လူစားမျိုးပါ။ အောက်လက်ငယ်
    သားကို ကျွန်လို ဆက်ဆံတတ်တဲ့သူမျိုးကို ဆရာမတင်ထိုက်ဘူး။
၂။ပုတ်သင်လိုလူစားမျိုးတဲ့။ဒီကောင်ကတော့ကိုယ်ပိုင်အရည်အချင်းဘာမှမရှိပါဘူး။သူများပြောတိုင်း ခေါင်းညိတ်
   တယ်၊ ဘယ်သူက ပြောပြော“အေးလုပ်လိုက်ဆိုတာချည်းပဲ”။အဲဒိလိုလူမျိုးဆရာတင်မိပြန်ရင်လည်းငါးပါးမက
   ဘူး။ ဆယ့်ငါးပါးလောက်မှောက်ရော။
၃။ ၀ါးပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု  
   မရှိဘူး၊ နေရာတကာ ရေလိုက်ငါးလိုက်ဆိုတဲ့လူစားမျိုး၊အစွယ်ကောင်းရင်ပါသွားတာချည်းပဲ၊ ကောင်းတာဆို
   လည်းအစွယ်ကောင်းရင်လုပ်တယ်။မကောင်းတာဆိုရင်လည်းမက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့လူစား
   မျိုး၊ ဒီလိုလူစားမျိုးလည်း ဆ၇ာတစ်ယောက်အနေဲ့ အားမကိုးထိုက်ပြန်ဘူး။
၎။ နွားသိုးနဲ့တဲ့လူမျိုး။ဒီကောင်ကတော့ဘာမဆိုအမှားအမှန်မဝေခွဲဘူး။ နေရာတကာရှုးဒိုင်းဒိုင်းနဲ့စွတ်လုပ်တတ်
    တယ်။နှလုံးရေနည်းပြီး၊လက်ရုံးရေအားကိုးတဲ့လူစားမျိုးပေါ့။ဒီလိုလူမျိုးခေါင်းဆောင်တင်မိရင်လည်းအားလုံး
    ပျက်ဆီးဘို့များပြီ။
၅။ လိပ်နဲ့တူတဲ့လူစား။ဒီလူမျိုးကတော့အတ္တကြိးတဲ့လူစားပေါ့။ဘာမဆိုသူ့အတွက်ပဲသူသိတယ်။“ငါခေါင်းဆောင်၊ 
    ငါပေးမှမင်းတို့မယ်၊ငါပြီးမှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ကိုယ်ကျိုးစီးပွါးပဲသိတယ်။အများအတွက်ထဲ့မတွက်တတ်
    တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)
၆။ ခွေးအနဲ့တူတဲ့လူမျိုး။ဒီလူစားကတော့ ကောက်ကျစ်တယ်။ဘယ်နေရာမဆိုနည်းမှန်၊လမ်းမှန်ကမသွားတတ်ဘူး။ 
     ဘယ်သူ့ကိုမဆိုလှည့်စားလိုက်ရမှစားဝင်အိပ်ပျော်တဲ့လူမျိုး။ကိုယ့်လက်အောက်ငယ်သားကိုကိုယ့်လက်ခုတ်
     ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။
ကဲ...ခေါင်းဆောင်များ စဉ်းစားကြည့်ပါ၊ ငါဘယ်နံပါတ်နဲ့ ငြိနေလည်းဆိုတာ၊ ဘယ်နံပါတ်နဲ့မှ မငြိဘူးဆို၇င်တော့ သင်လူကောင်းဖြစ်ပြီ၊ ခေါင်းဆောင်ကောင်းဖြစ်၊ မဖြစ်တော့ နောက်တင်ပြမယ့် “ခေါင်းဆောင်အင်္ဂါ”နဲ့ ဆက်ပြီး တိုက်ဆိုင်ကြည့်ရပါမယ်။
(သိင်္ဂါလောဝါဒသုတ်ကို ကိုးကားပါသည်)

'''''''သင်ရော ရန်သူလိုချင်သလား မိတ်ဆွေလိုချင်သလား"""""""

'''''''သင်ရော ရန်သူလိုချင်သလား မိတ်ဆွေလိုချင်သလား"""""""












တစ်ခါတုန်းကပေါ့ရွာလေးတစ်ရွာမှာလူနှစ်ယောက်ဟာအိမ်နီးနားချင်းတွေအဖြစ်နေကြတယ်။တစ်ဦးကလယ်သမားဖြစ်ပြီး
နောက်တစ်ဦးကတော့ မုဆိုးတစ်ယောက်ဖြစ်ပါတယ် ။ လယ်သမားဟာ သူနေတဲ့ အိမ်ကလေးမှာ ဘဲတွေမွေးထားတယ်
မုဆိုးကတော့ သူ့ခြံဝန်းထဲမှာ အမဲလိုက်ခွေးတွေမွေးမြူထားခဲ့တယ် ။
မကြာခဏဆိုသလိုပါပဲအမဲလိုက်ခွေးတွေဟာလယ်သမားရဲ့ခြံထဲကိုဝင်ရောက်ပြီးလယ်သမားမွေးထားတဲ့ဘဲတွေကိုသတ်
ဖြတ်စားသောက်လေ့ရှိကြတယ်။လယ်သမားကအဲဒါနဲ့မုဆိုးဆီသွားပြီးအမဲလိုက်ခွေးတွေကိုထိမ်းသိမ်းထားဖို့နဲ့လွှတ်မထား
ဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်ဒါပေမယ့်မုဆိုးဟာ နေမြဲအတိုင်းနေပြီး     ခွေးတွေကိုဒီအတိုင်းလွှတ်ထားခဲ့တယ်  နောက်
ဆုံးတော့လယ်သမားဟာလုံးဝကိုသည်းမခံနိုင်တော့ပဲရွာမှာရှိတဲ့အကြီးအကဲဆီသွားပြီးမုဆိုးရဲ့ခွေးတွေကိုအရေးယူပေးဖို့
တောင်းဆိုခဲ့တယ် ။
လယ်သမားရဲ့ ပြောကြားချက်ကို ကြားပြီးတော့ အသိပညာနဲ့ပြည့်စုံတဲ့အကြီးအကဲက အောက်ပါအတိုင်းပြောတယ်............
“အဲဒီမုဆိုးကိုကျုပ်ကအရေးယူပေးလို့ရပါတယ် ခွေးတွေကိုလည်းချုပ်နှောင်ထားဖို့အမိန့်ပေးလို့ရပါတယ်အဲဒီလိုလုပ်လိုက်မယ်
ဆိုရင်ခင်များမှာမိတ်ဆွေကောင်းအိမ်နီးနားချင်းတစ်ယောက်ဆုံးရှုံးသွားနိုင်ပါတယ် ခင်ဗျားနဲ့အတူနေရတယ့် အိမ်နီးနားချင်းကို           
                                           ရန်သူဖြစ်စေချင်သလားမိတ်ဆွေဖြစ်စေချင်ပါသလား ”
လယ်သမားက တချက်စဉ်းစားလိုက်ပြီး “ မိတ်ဆွေပဲဖြစ် စေချင်ပါတယ် ” ဖြေလိုက်တယ် ။ အဲဒီအခါ အကြီးအကဲက ဆက်ပြောတယ်
           
              “ ကောင်းပါပြီဒါဆို ကျုပ်အကြံတစ်ခုပေးပါ့မယ် ဘဲတွေ မဆုံးရှုံးစေရလို မိတ်ဆွေတစ်ယောက်တိုးလာပါလိမ့်မယ် ”
လယ်သမားကအကြီးအကဲပြောတဲ့ အတိုင်းအိမ်ကိုပြန်သွားတယ်။  ပြီးတော့အိမ်မှာမွေးထားတဲ့ဘဲတွေထဲကအလှဆုံးဘဲ လေးကောင်ကို
ရွေးပြီးမုဆိုးရဲ့သားလေးယောက်ကိုလက်ဆောင်အဖြစ်ပေးလိုက်တယ်။လက်ဆောင်ဘဲလေးတွေနဲ့ နေ့တိုင်းပျော်ရွှင်စွာကစားနေတဲ့သား
လေးယောက်ကို တွေ့တဲ့အခါ  မုဆိုးဟာနေ့တိုင်း  ၀မ်းသာကြည်နူးနေရတယ် ။  ပြီးတော့သားလေးတွေလက်ဆောင်ရထားတဲ့ဘဲတွေကို
ကိုက်စားမှာစိုးလို့အမဲလိုက်ခွေးတွေကို သေချာ လှောင်ထားလိုက်ပါတော့တယ်လယ်သမားကိုလည်း ကျေးဇူးတွေတင်ပြီးအမဲလိုက်လို့ပြန်
လာတဲ့အခါအသားတွေကို ဝေငှပေးတတ်လာပါတယ်။လယ်သမားကလည်း ခြံထွက်သီးနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေဘဲဥတွေကိုလက်
ဆောင်အဖြစ်မုဆိုးကို ပေးခဲ့တယ် ။ ဒီလိုနဲ့သူတို့နှစ်ဦးဟာ အိမ်နီးချင်းကောင်းတွေဖြစ်လာကြပါတယ် ။

                                           ----------------------------------------------------------


 တခါတလေ လောကကြီးမှာ ကိုယ်လိုချင်တာတစ်ခုတည်းကြည့်နေလို့မဖြစ်နိုင်ပါဘူး ။ သူတပါးကို ဘယ်လိုဖြည့်ဆည်းပေးလိုက်ရင်
      မိတ်ဆွေဖြစ်သွားမလဲဆိုတဲ့အချက်ကလည်း အရေးကြီးလှပါတယ် ။ ကိုယ်ချင်းစာစိတ်လေးက အရေးအကြီးဆုံးပါပဲ ။   
    မိတ်ဆွေစစ်မိတ်ဆွေမှန်ကိုလိုချင်ရင်ကိုယ့်လိုအင်ဆန္ဒတစ်ခုတည်း ၊ ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကိုပဲဦးစားမပေးပါနဲ့ ။
  တစ်ကိုယ်ကောင်းမဆန်ပါနဲ့ ။ သူ့ဖက်ကိုလည်းစာနာပြီး ဦးစားပေးတတ်မှသာ ရန်သူဘ၀ကနေ မိတ်ဆွေဖြစ်သွားနိုင်တာပါ ။

                             သင်ရော . . ရန်သူလိုချင်တာလား မိတ်ဆွေလိုချင်တာလား ။

 သက်တန့်ချို
The farmer and the hunter အားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်......

Tuesday, 8 January 2013

တစ်ကိုယ်ကောင်းမဆန်ပါနဲ့



ဟိုးတစ်ခါတုန်းကပေါ့ သဲကန္တာရ တစ်ခုမှာ လူတစ်ယောက်ဟာ ခရီးသွားနေခဲ့တယ် ။
၂ ရက်တိုင်တိုင်သွားနေတဲ့ ခရီးမှာ လမ်းတစ်နေရာရောက်တော့သူဟာ မုန်တိုင်းတစ်ခုနဲ့ ပက်ပင်းတိုးမိပါတော့တယ် ။
မုန်တိုင်းရပ်သွားတဲ့အခါမှာတော့ သူသွားနေတဲ့လမ်းကြောင်းကို မမှတ်မိတော့ပဲ ဦးတည်ရာပျောက်သွားခဲ့တယ် ။
ဒီလိုနဲ့ခြေဦးတည့်ရာလျှောက်သွားရင် တစ်နေရာမှာတော့လူတွေစွန့်ပစ်ထားတဲ့အိမ်လေးတစ်လုံးကို သူတွေ့သွားပါတယ် ။
ခရီးပန်းတဲ့ဒါဏ်တွေရယ် မုန်တိုင်းဒါဏ်တွေကြောင့်သူဟာ အရမ်းကို ဆာလောင်မွတ်သိပ်နေခဲ့ပါပြီ ။
ဒီလိုနဲ့ သူ့ကိုယ်သူ အနိုင်နိုင်တည့်မတ်ရင်းအိမ်ကလေးထဲကိုသူဝင်သွားခဲ့တယ် ။
အိမ်ကလေးက မိုးလုံလေလုံဆောက်ထားတာဖြစ်ြပြီး သစ်ဆွေးတွေစုပုံထားတာတွေ့ရတယ် ။သူရှေ့ဆက်လျှောက်လာခဲ့တယ် ။
ဒီလိုနဲ့မျက်စိရှေ့မှာရေစုပ်စက်တစ်လုံးကိုသူတွေ့လိုက်ရတယ် ။ ၀မ်းသာအားရနဲ့ရေအလွန်ငတ်နေတာကြောင့် ရေစုပ်ကြည့်လိုက်တယ် ။
ဒါပေမယ့် လုံးဝရေမထွက်လာပါဘူး ။ စိတ်ပျက်လက်ပျက်နဲ့ ရေစုပ်စက်ဘေးလေးမှာ သူ ထိုင်ချလိုက်တယ် ။
ရေစုပ်စက်ဘေးမှာ ရေပုလင်းလေးတစ်လုံးကို သူတွေ့သွားပြန်တယ် ။
အဲဒီပုလင်းအပေါ်မှာ အ၀ါရောင်သမ်းနေတဲ့စာရွက်လေးတစ်ရွက်ကပ်ထားတာကိုသူထူးထူးဆန်းဆန်းတွေ့လိုက်ရတယ် ။
အဲဒီစာရွက်ပေါ်မှာရေးထားတာက
“ ပုလင်းထဲကရေကို စက်ထဲအရင်သွန်ထည့်လိုက်ပါ ထိုအခါမှ ရေကိုစုပ်ယူနိုင်မည်
ဤနေရာမှသင်မထွက်သွားခင် ပုလင်းထဲကိုရေဖြည့်ဖို့မမေ့ပါနဲ့ ”
ပုလင်းအဖုံးကို သူဖွင့်ကြည့်လိုက်တယ် ။
ပုလင်းအဖုံးကို ဖွင့်နေစဉ်မှာပဲ သူ့စိတ်တွေတွေဝေလှုပ်ရှားပြီးထွေပြားနေခဲ့ရတယ် ။
သူဘာဆက်လုပ်ရမလဲ ။
၁ ။ တစ်ကိုယ်ကောင်းဆန်ပြီးပုလင်းထဲကရေကို မသွန်ပဲ သောက်လိုက်ရင်တော့ သူရေငတ်ပြေပြီး ဒီနေရာကနေ အသက်ရှင်လျှက်ထွက်သွားနိုင်မယ်
၂ ။ စာရွက်ထဲကအတိုင်းလုပ်လိုက်ရင် အကယ်၍များတွင်းထဲကရေမထွက်ခဲ့လျှင်တော့ သူ ဒီနေရာမှာပဲ သေဆုံးသွားနိုင်တယ် ။
အကြိမ်ကြိမ်အခါခါစဉ်းစားပြီါ် နောက်ဆုံးပုလင်းထဲကရေကို ဟောင်းနွမ်းနေတဲ့စက်ထဲကို သူရဲ့တုန်ရီနေတဲ့လက်တွေနဲ့ သွန်ထည့်လိုက်တယ်။
ပြီးတော့ရေကိုစုပ်ကြည့်လိုက်တယ် ။ ရေလုံးကြီးကြီးအားကောင်းကောင်းနဲ့ရေတွေစက်ထဲကနေထိုးထွက်လာပါတယ် ။
ဝမ်းသာအားရနဲ့သူ ရေကို တ၀သောက်ပြီး ပုလင်းကိုရေပြန်ဖြည့်လိုက်တယ် ။
ပြီးတော့ ပုလင်းပေါ်က စာရွက်ကလေးမှာ သူနောက်တစ်ကြောင်းကို ထပ်ဖြည့်လိုက်တယ် ။
“ အထက်ပါစာကြောင်းသည် မှန်ကန်ပါသည် ။ အသုံးဝင်ပါသည် ။ ယုံကြည်ပါ ”
-------------------------------------------------------------------------
လောကကြီးမှာ တစ်ခုခုကိုလိုချင်ရင်တော့တစ်ခုခုကိုပေးဆပ်ရမှာပါပဲ ။
တခါတလေ တကိုယ်ကောင်းဆန်ခြင်းကကိုယ့်အတွက်ကောင်းပေမယ့် တခြားသူအတွက်အကျိုးမရှိတဲ့အခါ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကို
ဖြစ်ပေါ်စေတတ်တယ် ။ လူတော်တော်များများက ကိုယ်အသက်ရှင်ဖို့အတွက် ပုလင်းထဲကရေကိုသောက်ပြီးခရီးထွက်ဖို့စဉ်းစားမိပါလိမ့်မယ် ။
သင်လည်းစဉ်းစားမိကောင်းစဉ်းစားမိပါလိမ့်မယ် ။
ဘာမဟုတ်တဲ့စာလေးတစ်ကောင်းက ယုံကြည်ရပါ့မလားဆိုတာကိုပေါ့ ။
ကိုယ်ယုံကြည်ရတယ်လို့ထင်တဲ့အရာတွေကို ရဲရဲသာယုံကြည်လိုက်စမ်းပါ ။
တစ်ကိုယ်ကောင်းမဆန်ပါနဲ့ ။
ကိုယ့်လိုပဲ သူများတွေမှာလည်း လိုအပ်ချက်တွေရှိနေတာပါပဲ ။
ဆုံးဖြတ်ချက်တစ်ခုကို ချတဲ့အခါ ကိုယ်ကျိုးအတွက်မစဉ်းစားပဲအများအတွက်စဉ်းစားဆုံးဖြတ်မှုတွေဟာ မှန်ကန်လေ့ရှိပါတယ် ။
သက်တန့်ချို

A stranger in the desert အားဘာသာပြန်သည်။

Monday, 7 January 2013

ထိုင်းဘုရင့် သြဝါဒ ၃၆ ချက်

ထိုင်းဘုရင် သြဝါဒ ၃၆
*ထိုင်းဘုရင်၏** **သြဝါဒ အမှာစကား **36 **ချက်***
၁။ ထမင်းလုံးတိုင်းရေစက်တိုင်း စားစရာရှိသမျှ ရင်ထဲက ကျေးဇူးတင်ပါ
၂။ ဘုရားရှိခိုးတိုင်း မည်သည့် ဓနဥစ္စာကိုမျှမတောင်းဘဲ
ပညာနှင့်အစွမ်းသတ္တိကိုသာတောင်းယူပါ
၃။ သူငယ်ချင်းအသစ်သည် ကိုယ်အတွက်လက်ဆောင်ဖြစ်သလို အဟောင်းဟာလဲ
မိမိအတွက်တန်ဖိုးမဖြတ်နိုင်ပါ
၎။ ဘာသာရေးစာအုပ်ကို တစ်နှစ်တစ်အုပ် ရအောင်ဖက်ပါ
၅။ မိမိကိုယ်ကိုကောင်းစေချင်လျှင် သူများကိုကောင်းအောင် အလျှင်ကူညီလုပ်ပေးပါ
၆။’ ကျေးဇူးတင်ပါတယ်’ဆိုသောစကားကို အမြဲများများပြောပေးပါ
၇။ သူတပါး၏ရင်ဖွင့်စကား တိုင်ပင်လျှို့ဝှက်စကားတို့အား
မိမိအနေဖြင့်ထိမ်းသိမ်းပါ
၈။ ခွင့်လွှတ်စိတ်ရှိပါ
၉။ နားထောင်သည့်အလုပ်ကိုဦးစားပေးပါ
၁၀။ အမှားရှိလျှင်ဝင်ခံနိုင်ရမည်
၁၁။ ပြုတ်ကျပါက လဲကျပါက ပြန်ထူပြန်ထရန်မကြောက်ပါနှင့်
၁၂။ ခက်ခဲနေလေလေ အောင်မြင်ဖို့အတွက်လေးနက်မှုရှိလေလေ
၁၃။ ဓာတ်လှေကားအတွင်း စီးပွားရေးအကြောင်း မငြင်းခုံပါနှင့်
၁၄။ ဈေးဝယ်ကဒ်ကို အကြွေးတင်အောင် မဝယ်သုံးမိပါစေနှင့်
၁၅။ တောင်းပန်ရန်ဝင်မလေးပါနှင့်
၁၆။ မသိပါကမသိကြောင်းဝန်ခံပါ
၁၇။ ကီလို ၁၀၀၀ (မိုင်ထောင်ချီခရီး)အားချောမွေ့သည်ဟူ၍မရှိနိုင်ပါ
၁၈။ မွေးကတည်းက မည်သူမျှမပြေးတက်သေးပါ ဒါကြောင့်ဖြေးဖြေးစလုပ်ပါ
၁၉။ ကပ်စေးနဲတာဟာ ဘဝအောင်မြင်ဖို့အတွက်ပါ (ဘဝကိုချစ်တဲ့သူ)
၂၀။ ငွေကိုမချစ်တဲ့သူဟာ ဘဝကိုမချစ်တဲ့သူကြီးပွားဖို့မမျှော်လင့်သူ
၂၁။ ရန်ဖြစ်သူနှစ်ယောက် အလျှင်ရက်သွားသူကပညာရှိပါ
၂၂။ သသက်လုံးအလုပ်လုပ်ရက်မရှိပါ နားရက်တွေပါဘဲ
၂၃။ ပြင်းထန်တဲ့စိတ်ရှိသလို ပျော့တဲ့စိတ်လဲဖြစ်မယ်
ပျော့ကွက်ကိုအနိုင်မယူမိပါစေနှင့်
၂၄။ နားမလည်သူအား နားလည်အောင်ရှင်းပြတက်ပါစေ
၂၅။ ငွေအကြွေစေ့တစ်ခုမှာတောင်မျက်နှာနှစ်ခု ရှိတယ်ဒီလိုဘဲ ဘဝဟာအနိုင်/အရှုံး-
အောင်မြင်မှု /ကျရှုံးမှုတွေရှိမယ်
၂၆။ မိမိစိတ်ကိုအလိုမလိုက်ပါနှင့်
၂၇။ သွားဟာဘာဖြစ်လို့ကြိုးလဲ(မာလို့) လျှာကကြိုးပါသလား?
၂၈။ အပင်ငယ်တက်ခါစ ကိုမြန်မြန်ကြီးပါစေဆို၍ ဆွဲဆန့်ခြင်းမပြုပါနှင့်
အမြစ်ပါကြွသွားမည်
၂၉။ မိမိကိုယ်တစ်နေ့လျှင်သုံးကြိမ်
သေရမည်ကိုစဉ်းစားပါအားလုံးပြင်ဆင်ပြီးသားဖြစ်မယ်
၃၀။ ကြယ်သီးဟာ ပထမတစ်လုံးမှားသည်နှင့် အားလုံးမှားတော့တာပါဘဲ
၃၁။ အလုပ်တစ်ခုကိုပြီးမြောက်ဖို့ ရက်ချိန်းတစ်ခုသက်မှတ်ပါ
၃၂။ ရေခွပ်ထဲမှ တစ်ဝက်သာရှိသောရေဖြစ်ပါစေ
၃၃။ ကြယ်နှင့်လဟာ အရမ်းကိုမြင့်လွန်းတယ် မှီနိုင်သလောက်ကိုလှမ်းပါ
၃၄။ လူ့တသက်တာမှာ အလုပ်အများကြီး အရေးအကြီးဆုံးကို အရင်လုပ်ပါ
၃၅။ စာအုပ်တွေဟာကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးနှင့်
ဗဟုသုတအရဆုံးပညာရှိတစ်ဆူဖြစ်တယ် တစ်လလျှင်တစ်အုပ် ဖက်နိုင်အောင်လုပ်ပါ
၃၆။ အရာရာသက်မှတ်ချက်ရှိပါစေ ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီးဤနေရာမှာ ထားပါ
စည်းကမ်းသည်လူ၏တန်ဖိုး

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်


ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်


ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်
သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။

ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့
လည်း ပါဝင်ပါတယ်။

ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့  သူများအတွက်က
တော့ဆိုးကျိုးရှိပါတယ်။ဥပမာ- ခေါင်းကိုက်ခြင်း၊အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ဝမ်းနှင့်ဆက်
စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။

ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။
ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

► ဆီးမကြာခဏ သွားခြင်း (Urinate more often)

ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက်ကို တွန်း အားပေးပြီး တစ်ကိုယ်
လုံးမှ ရှိတဲ့ ရေဓာတ်ကို အလျင်အမြန် ဆုပ်ယူပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ်။

► ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)

ကဖင်းက ရေဓာတ်ဆုပ်ယူတဲ့အတွက် ရေအမြဲဆာတတ်ပါတယ်။ ဒါကြောင့် dehydrationမဖြစ်အောင်
ရေလည်းပုံမှန်သောက်ဖို့လိုအပ်ပါတယ်။အကယ်၍ ရေသာနည်းရင် ကျောက်ကပ်သန့်စင်ရေးလုပ်ဆောင်
ချက် နှေးကွေးလာခြင်း ဆီးလမ်းကြောင်း စနစ်ကိုပါ ထိခိုက် စေပါတယ်။

► ဆီးမသန့်ခြင်း (Urinary incontinence)

တစ်ရက်ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုသောက်သုံးမိရင် ဆီး သန့်ဖို့ မသေချာတော့ပါဘူး။
ဆီးထဲမှာ အမှုန်များ ပါလာတာမျိုး ဖြစ် တတ်ပြီး ဆီးလမ်းကြောင်း ပိတ်တဲ့အထိတောင် ဖြစ်စေပါတယ်။

► ကျောက်တည်ခြင်း (Kidney stones)

ကျော်တည်စေတဲ့ အကြောင်းတရားထဲမှာလည်း ကဖင်း သောက်သုံးမှု ပါဝင်တယ် ဆိုတာ သေချာနေပါပြီ။
calciumoxalatestonesလို့ခေါ်တဲ့ ကျောက်ဟာ ကျောက်ကပ်မှာတည်ခြင်း ဖြစ်ပါတယ်။ဒါကြောင့်ကဖင်းဓာတ်
ကြွယ်ဝတဲ့ ကော်ဖီကို ပိုမသောက်သုံးမိစေဖို့ လိုအပ်ပါတယ်။

► ကျောက်ကပ် ရောဂါ (Kidney disease)

polycystickidneydiseaseဆိုတဲ့ ကျောက်ကပ်ရောဂါအမျိုးအစားတစ်ခု ဖြစ်စေပြီး ကျောက်အမှုန်အမွှားကနေ
ကြီးကြီးမားမားအထိ ဖြစ်လာစေမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲလုပ်ဆောင်ချက်ဟာလည်းပုံမှန်မဖြစ်တော့ပါဘူး။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း အညစ်အကြေး များကို စွန့်ထုတ် သန့်ရှင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးပါတယ်။
သူသာ အလုပ်မလုပ်တော့ရင် ပိတ်သွားရင် နောက်ဆက်တွဲ ကတော့ သေဖို့ ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကဖင်းဓာတ်ကို တစ်ရက် ၄၀၀ မီလီဂရမ်ထက် ပိုမသောက်သုံးမိဖို့ မှာထားပါတယ်။

တစ်ရက် ကော်ဖီ တစ်ခွက် စွဲသောက်တဲ့ အကျင့်ရှိ ရင်တောင် ၁ ရက်ခြား သောက်တဲ့သူတွေထက်
ကဖင်းဓာတ် ဆက်စပ်ရောဂါ ဖြစ်ဖို့ ပိုအလားအလာများတယ်ဆိုတာကို လေ့လာတွေ့ ရှိထားပါတယ်။

ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ကျောက်ကပ်အပြင် အခြား ရောဂါများ မဖြစ်စေဖို့ ကော်ဖီ
ကိုLimit နဲ့ သောက်ရန် မျှဝေ ရေးသား လိုက်ရပါတယ်။
ကျန်းမာရေး ဂျာနယ်မှကူးယူတင်ပြခြင်းဖြစ်ပါတယ်
.
...

Sunday, 6 January 2013

ဂျပန်ဆူရှီ လုပ်နည်းလေးတွေပါ


ဂျပန်ဆူရှီ
■■■■■■

ဆူရှီတွင် ပါဝင်ပစ္စည်းများ
••••••••••••••••••••

* ရှမ်းဆန် – ၂ခွက်
* ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
* သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
* ဆား – လက်ဖက်ရည်ဇွန်း တ၀က်


ဆူရှီလိပ်တွင် ထည့်ရမယ့် ပစ္စည်းများ
••••••••••••••••••••••••••••••

* မုန်လာဥနီ – ၂ခု (အခွံနွာပြီ အချောင်းလေးများ လှီးထားပါ။ ပြီလျှင် ရေနွေးဖျော်ထားပါ)

* ဂဏန်းချောင်း – ၄ချောင်း ( အရှည် လှီးထားပါ)
* ထောပတ်သီး – တခြမ်း ( အရှည် လှီးပေးပါ)
* သခွာသီး – ၁ခု ( အခွံနွှာပြီ အရှည်လေးများ လှီးထားပေးပါ)
* ဆယ်မွန်ငါး – ၆ခု


ဆူရှီဆန် ချက်နည်း

••••••••••••••••••••••

၁။ အရင်ဆုံး ဆူရှီဆန်ကို အရင်စချက်ပါမည်။ရှမ်းဆန်ကို ရေအေးနှင့် ဆေးပြီ ဇကာဖြင့် ၁နာရီကြာ စစ်ထားပေးပါ။


၂။ ရှမ်းဆန် မြုပ်ရုံ ရေထည့်ပြီ ၁၀မိနစ်ခန့် မီးနည်းနည်းဖြင့် တည်ထားပါ။


၃။ ပြီလျှင် ထမင်းမွှေတဲ့ သစ်သားယောင်းမဖြင့် ခွက်တစ်ခုထဲပြောင်းထည့်ပြီ ရှမ်းဆန်များကို အနည်းငယ် မွှေပေးပါ။


၎။ ပြီမှ ရှာလကာရည်၊ သကြား၊ ဆားတို့ကို လောင်းထည့်ပြီ ဆူရှိဆန်ထဲ နှပ်သွားအောင်အသာအယာ ယောင်းမဖြင့် မွှေပေးပါ။

ပြီနောက်၁၀မိနစ်ကြာအောင် အခန်းအပူအချိန်တွင် ထားထားပေးပါ။



ဆူရှီ လုပ်နည်း
••••••••••••


၁။ ဆူရှီစလိပ်ပါမည်။

ဆူရှီလိပ်မည့် ၀ါးယင်းလိပ်ပေါ်သို့ ရေညှိပြားလေး တင်ပေးလိုက်ပါ။

၂။ ပြီမှ ဆူရှီထမင်းများကို ရေညှိပြား ပေါ်သို့ ဖြန့်ပြီတင်လိုက်ပါ။

၃။ ထို့နောက် သခွာသီး၊ မုန်လာဥနီ၊ ဂဏန်းချောင်း၊ ဆယ်မွန်ငါးများကို

ဆူရှီပြားအလယ်တွင် အရှည်လိုက် တင်ထားပေးပါ။

၎။ ဆူရှီ စလိပ်ပါမည်။ ဆှူရှီ ၀ါးယင်းလိပ်ဖြင့် ဖြည်းဖြည်းချင်း လိပ်သွားပေးပါ။

၅။ နောက်ဆုံးမှ ဆူရှီကို ဓားဖြင့် ၈ပိုင်းပိုင်း လိုက်ပါ။

၆။ စချင်စဖွယ် ဆူရှီလေးများကို ဂျပန်ငံပြာရည်ဖြင့်တွဲဖက် သုံးဆောင်နိုင်ပါပြီ…


http://www.wutyeefoodhouse.com/?p=2230


ဆူရှီ လုပ်နည်း (ပုံစံတစ်မျိုး)
••••••••••••••••••••••••

ပြင်ဆင်နည်း အားလုံး ခုနက အတိုင်းပါပဲ..........ပုံစံပြောင်းပြီး လုပ်မှာပါ

၁။ ဆူရှီစလိပ်ပါမည်။

ဆူရှီလိပ်မည့် ၀ါးယင်းလိပ်ပေါ်သို့ပလပ်စတစ်အကြည်ကိုအရင်ခင်းပြီးမှ

ဆူရှီထမင်းကို တင်ပြီး ရေညှိပြားကို တင်ပါ။


၂။ ထို့နောက် သခွာသီး၊ မုန်လာဥနီ၊ ဂဏန်းချောင်း၊ ဆယ်မွန်ငါးများကို ဆူရှီပြားအလယ်တွင် အရှည်လိုက် တင်ထားပေးပါ။

၃။ ဆူရှီ စလိပ်ပါမည်။ ဆှူရှီ ၀ါးယင်းလိပ်ဖြင့် ဖြည်းဖြည်းချင်း လိပ်သွားပေးပါ။

၎။ နောက်ဆုံးမှ ဆူရှီကို ဓားဖြင့် ၈ပိုင်းပိုင်း လိုက်ပါ။

၅။ စားချင်စဖွယ် ဆူရှီလေးများကို ဂျပန်ငံပြာရည်ဖြင့်တွဲဖက် သုံးဆောင်နိုင်ပါပြီ…



ဒီထဲက ပုံတွေကို ကြည့်ပြီး  အိုးရှင်းကိုယ်တိုင် လိပ်ထားတဲ့ ဆူရှီလေးလဲ သူငယ်ချင်းတွေကို ကြွားဦးမယ်