Powered By Blogger

Saturday, 25 May 2013

သူခိုးဖမ်းနည်း ......

တစ်ခါတုန်းကပေါ့ဗျာ...
တောရွာကြီးတစ်ရွာမှာ အလွန်တရာမှချမ်းသာပြီး အသိဥာဏ်ပညာနဲ့ပြည့်စုံတဲ့ သူဌေးကြီး
တစ်ရောက်ရှိတယ်ဗျ ။ သူဌေးကြီးဟာပစ္စည်းဥစ္စာချမ်းသာပင်မဲ့ ဇနီးမယားတော့မရှိဘူး
တစ်ရောက်ထဲနေတယ် လိုအပ်မှသူများကိုခေါ်ခိုင်းလေ့ရှိတယ်။ တစ်နေ့ပေါ့ဗျာ သူဌေး
ကြီးဟာ အရေးကြီးကိစ္စတစ်ခုနဲ့ ရက်အကြာကြီးခရီးတစ်ခုသွားဘို့ အကြောင်းပေါ်လာသ
တဲ့ဗျ ခရီးသွားလေ့မရှိတဲ့သူဌေးကြီးဟာ ခရီးရှည်သွားရမယ်ဆိုတော့ သူရဲ့ဥစ္စာပစ္စည်း
တွေကိုစိတ်မချဘူးလေ သူများအပ်ခဲရင်လဲ စိတ်မချ ထားခဲရမှာလဲစိတ်မချသယ်လဲမသွား
နိုင်ဆိုတော့ သူဘယ်လိုလုပ်ရပါ့မလဲလို့ စဉ်းစားနေပါတယ်။
ဒီလိုနဲ့စဉ်းစားရင်းသူဌေးကြီးဟာ အကြံတစ်ခုရပါတော့တယ် အဲ့ဒိအကြံကိုလက်တွေ့
အကောင်အထည်ဖေါ်ပါတော့တယ် သူရဲ့ရွှေတွေငွေတွေကို အားလုံးမြေကြီးထဲမြုတ်ခဲ့
ပါတယ် ရွှေတွေငွေတွေထားတဲ့အခန်းထဲမှာတော့ သူနဂိုအတိုင်းအားထားခဲ့ပါတယ်.
ရွှေငွေထည့်တဲ့သေတ္တာကြီးလဲဒီအတိုင်းထားခဲ့ပါတယ် သူဟာခရီးသွားခါနီးမှာတော့
အိမ်နီးနားချင်းတွေကိုမှားထားခဲ့ပါတယ် ကျွန်တော်ခရီးသွားလို့ အိမ်ထဲကတစ်ရောက်
ရောက်အော်သံကြားရင် ၀ိုင်းကြည့်ပေးကြပါလို့ မှားထားခဲ့သတဲ့ သူဌေးကြီးကတော့
အေးအေးဆေးဆေး သူခရီးကိုထွက်သွားပါတော့တယ်။
သူဌေးကြီးသူအိမ်မှာမရှိဘူးခရီးသွားတယ်ဆိုတာကို ခပ်တုန်းတုန်းသူခိုးတစ်ရောက်က
ကြားပါတယ် ကြားတော့သူဌေးကြီးမရှိတုန်း သူအိမ်တက်ခိုးရင်တော့ငါအများကြီးရမှာ
လူရှိတဲ့အိမ်ခိုးတာထက် လူမရှိတဲ့အိမ်ခိုးတာပိုကောင်းတယ် သူဌေးအိမ်ဆိုတော့ ငါသွား
ခိုးရင်အများကြီးရမှာပဲဆိုပြီး အဲဒိညမှာပဲ သူခိုးဟာသူဌေးကြီးအိမ်ကိုသွားခိုးပါတော့
တယ် သူဌေးကြီးအိမ်ထဲရောက်တယ်ဆိုရင်ပဲ ရွှေတွေငွေတွေကိုသူရှာပါတယ် တစ်နေ
ရာမှာတော့ အင်မတန်ကြီးမားပြီး သော့အသေအချာခတ်ထားတဲ့ သေတ္တာကြီးတစ်လုံး
ကိုသူတွေ့ပါတယ် ဒါနဲ့အဲဒိသေတ္တာကြီးကို သူဖွင့်ပါတယ် သေတ္တာကြီးပွင့်သွားတယ်ဆို
ရင်ပဲ သူအရမ်းအံ့သြသွားတယ် ဘာကြောင့်လဲဆိုတော့ သေတ္တာဟာ သော့အသေအချာ
ခတ်ထားပင်မဲ့ ရွှေငွေတော့ရှိမနေပါဘူး အဲဒိသေတ္တာထဲမှာ သူတွေရတာကတော့
ပေပရပိုက်တစ်ခုပါ ဒါနဲ့သူခိုးလဲ စိတ်ဝင်စားသွားတယ် ဘာများလဲပေါ့ ပေပရပိုက်ကို
ဖက်ကြည့်တဲ့ အခါမှာအောက်ပါအတိုင်းရေးထားတာတွေ့ရပါတယ်..။
.... ဤအရာသည် ငါတို့မျိုးရိုးစဉ်ဆက် ဆက်လတ်ထိမ်းသိမ်းလာခဲ့သော အမွေအနစ်
ဖြစ်သည် မည်သူတစ်ဦးတစ်ရောက်ကိုမျှလက်ဆင့်မကမ်းရ အထူးသဖြင့် သူခိုးဓါးပြများ
လုံးဝမသိစေရပါ အောက်ပါအချက်အလတ်များကို သားစဉ်မြေးဆက် ထိမ်းသိမ်းကြပါ
ကုန်...
(၁) ဇီးဖြူသီးစား ရေသောက် ချို၏....။
(၂) ဖန်ခါးသီးစား ရေသောက် ချို၏....။
(၃)ေ***လျှားသီး ဖင်သုတ် ယား၏....။
(၄) ဓါးမီးဖုတ် ဖင်ကပ် ပူ၏....။
အထက်ပါအချက်အလတ်များအား သားစဉ်မြေးဆက် ဆက်လက် ထိမ်းသိမ်းကြပါရန်
ဤ ပေပရပိုက်ဖြင့် ရေးသားမှတ်တမ်းတင်ခဲ့သည်.....
=== ဘိုးဘွားအစဉ်အဆက်များ === ဟူသတည်း
သူခိုးကစာဖက်ပြီးတော့ သူတော်တော်လေးစိတ်ဝင်စားသွားပါတယ် ဒီအကြောင်း
အရာတွေ တကယ်ဟုတ်မဟုတ် စမ်းသပ်ချင်တဲ့ စိတ်ပေါ်လာပါတယ် နောက်တစ်ခုက
သူခိုးဓါးပြများ မသိစေရ ဆိုပင်မဲ့ သူကံကောင်းလို့ဒါကိုတွေ့တယ်လို့ သူထင်လာပါတယ်
ဒါနဲ့လက်တွေ စမ်းသပ်ပါတော့တယ် သူဌေးကြီးရဲ့မီးဖိုးချောင်ထဲဝင်ရှာတော့ စာထဲက
အရာတွေအားလုံးအစဉ်သင့်တွေပါတယ် ပထမဆုံး ဇီးဖြူသီးကိုစားပြီး ရေသောက်ကြည့်
ပါတယ် ဟုတ်တယ်ချိုတယ်ဟ နောက်တစ်ခု ဖန်ခါးသီးစားပြီးရေသောက်ကြည့်ပါတယ်
အင်းးးးးးးးးဟုတ်တယ် ဒါလဲမှန်တယ် နောက်တစ်ခုေ***လျှားသီးအမှုန့်ရှာပါတယ် တစ်
နေရာမှာ အစဉ်သင့်ပဲတွေ့ပါတယ် `` (သူဌေးကြီးကသူအကြံနဲ့သူအားလုံးစီစဉ်ထားခဲ့တာ
လေ)´´ေ***လျှားသီး တွေ့တော့ သူဖင်သုတ်ကြည့်ပါတယ် အဲဒိမှာ သူခိုးပြဿနာတက်
တော့တာပါပဲ တအားကိုယားတော့တာလေ ရေဆေးလဲမရ သူဒုက္ခရောတော့တာပေါ့
ဒါနဲ့မထူးပါဘူး နောက်တစ်နည်းကြံသေးတယ် ထပ်လုပ်ကြည့်ရမယ် ဒါဟာ အယားကို
သက်သာစေတဲ့နည်းဖြစ်မယ်ဆိုပြီး ဓါးကိုမီးဖုတ်ပါတော့တယ် မီးဖုတ်လို့ဓါးကြီးတအား
ရဲလာတဲ့အခါလဲကြရော သူခိုးဟာေ***လျှားသီးသုတ်ထားလို့ တအားယားနေတော့ သူ
ဓါးကို ကိုင်မနေတော့ပါဘူး ကြမ်းပြင်ပေါ်ချပြီး ဓါးပေါ်ဖင်ထိုင်ချလိုက်ပါတော့တယ်...
အဲဒိလို့ထိုင်လိုက်တဲ့အခါမှာတော့....အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ထိမ်းမနိုင် သိမ်းမရ အော်သံကြီးတစ်ခုထွက်လာပါတော့တယ် .။
ပတ်ဝန်းကျင်က အော်သံကြားလို့သူဌေးကြီးအိမ် ၀ိုင်းလိုက်တော့ သူခိုးကို မိသွားပါတော့
တယ်.....................
သူငယ်ချင်းတို့ရေ သူခိုးဖမ်းနည်းကတော့ ဒါပါပဲကွယ်.......
( ငယ်ငယ်က ဖက်ခဲ့ဘူးသော ဟာသတစ်ခုကို ပြန်တွေး၍ ပြန်ရေးလိုက်သည် )
မူရင်း...ဒီမှာ

ရယ်မောခြင်းဖြင့် အသက်ထွက်နိုင်ကြပါစေ

ရယ်မောခြင်းဖြင့် အသက်ထွက်နိုင်ကြပါစေ---- (အဲမှားလို့ အသက်ဆက်နိုင်ကြပါစေရှင်..)
အဖြစ်ဆိုးတဲ့သူခိုး.....
စခန်းမှုးက သူခိုးကိုမေးတယ်
"မင်းကို ဘယ်အိမ်မှာဝင်ခိုးတုန်းဖမ်းမိတာလဲ"
သူခိုးအဖြေကြောင့်စခန်းမှုးရော ရဲသားတွေပါ ပြိုင်တူရယ်မိပါတယ်
သူဖြေပုံက
"ကျွန်တော်ကိုက ကံဆိုးတာပါဆရာတို့ရာ...
အမှန်အတိုင်းပြောရင် ကျွန်တော်ဘာမှမခိုးရသေးပါဘူး...
ခိုးမလို့ကို ကျွန်တော့်အိမ်မှာကျွန်တော်ပြင်ဆင်နေတုန်း..
ဘယ်ကမှန်းမသိတဲ့ အမှုးသမားတစ်ယောက်က အိမ်ထဲကိုဝင်လာပြီး
သူခိုးဗျို့.....သူခိုး...
လို့အော်လို့ အခုလိုမိလာတာပါဆရာရယ်"
ဆိုပြီး ငိုသံပါကြီးနဲ့ပြောလိုက်ပါတော့တယ်.....
ဖတ်ခဲ့သူများ: 3
အကြောင်းအရာ: ဟာသ

ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။

* စစ်မြေပြင်အရပ်၌ ရဲရင့်သူကို အလိုရှိ၏။
* လျှို့ဝှက်သောကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
* စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
* ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။
* သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ် ညှဉ်းဆဲ ခြင်း ပြုလို၏။


* On the Battlefield the brave are wanted.
* In secret matters one who keeps his tongue is wanted.
* At a feast , one loved is wanted.
* In difficult and profound matters one learned is wanted.
* The wicked on seeing the virtuous wants to oppress and persecute him.


* အမှုကိစ္စဟူသမျှကို အလျင်စလို မပြုရာ၊ အလျင်စလို ပြုခဲ့သော် နောင်မှ ပူပန်ရတတ်၏။
* ကျဉ်းမြောင်း၍ မစင်အတိ ပြီးသော နေရာ၌ နေရခြင်းသည် ဆင်းရဲ၏။
* ထို့ထက် မချစ်မနှစ်သက်သော သူနှင့် အတူတကွနေရခြင်းသည် ပို၍ ဆင်းရဲ၏။
* ထိုထက် သူ့ကျေးဇူးကို မသိတတ်သူနှင့်နေရခြင်းက ပို၌ ဆင်းရဲ၏။



* Nothing should be done in haste. If it is done hastily one could worry later.
* Staying in a narrow place full of faeces is suffering.
* More so is staying together with one hated.
* Still more so is staying together with the ungrateful.
*

* ဆုံးမသင့်သည်ကို အမြဲ ဆိုဆုံးမရာ၏။
* ယုတ်မာသော အကျင့်ကိုလည်း တားမြစ်ရာ၏။
* ထိုသို့ ဆုံးမ တားမြစ်တတ်သူကို သူတော်ကောင်းတို့ နှစ်သက်လိုလားကြ၏ ။ သူယုတ်မာတို့ကား မနှစ်သက်ကြချေ။


* Always admonish where it is due.
* Deter wicked ways.
* One who does so is liked by the virtuous , but disliked by the wicked.

Friday, 24 May 2013

အိပ်စက်ခြင်းနှင့်အတူ အံ့ဩဖွယ်ရာအချက် (၁၁)ချက်


အိပ်စက်ခြင်းနှင့်အတူ အံ့ဩဖွယ်ရာအချက် (၁၁)ချက်
(၁)အသက်ရှင်ရန် အိပ်ပါ
အသက် ရှင်ဖို့ အစာစား ရသလို အိပ်တာ ဟာလည်း အရေးကြီး ပါတယ်။ အစာ အစာ ချိုတဲ့ရင် ဖြစ်တတ် သလိုမျိုး အအိပ် ချို့တဲ့တဲ့ တိရစ္ဆာန် တွေဟာ နှစ်ပတ်မှ သုံးပတ် အတွင်း သေဆုံး သွားတယ်လို့ သိပ္ပံပညာရှင် တွေက တွေ့ရှိခဲ့ ပါတယ်။
(၂)အိပ်ပျော်စေရန် ဖျော်ရည်သောက်ပါ
ပန်းသီး သုံးလုံး၊ လိမ္မော်သီး နှစ်လုံး၊ ရှောက်သီး တစ်စိတ်၊ ဆလတ်ရွက် လက်နှစ် ဆုပ်စာကို ရောစပ်ထားတဲ့ ဖျော်ရည် တစ်ခွက်ကို အိပ်ရာ မဝင်ခင် သောက်ပေးရင် ကလေး ငယ်လိုမျိုး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နိုင်ပါတယ်။ အဲဒီ အစားအစာ တွေမှာ သဘာဝ အိပ်ဆေးဖြစ်တဲ့ လက်တုန်းတွေ ပါဝင်လို့ပါ။
(၃)နွားနို့သောက်ပါ
Tryptophay ဆိုတာဟာ ပရိုတင်း အစားအစာမှ ရရှိတဲ့၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင် နိုအက်စစ် ရှစ်မျိုးထဲက တစ်မျိုး ဖြစ်ပြီး နွားနို့နဲ့ အသားမှာ များစွာ ပါဝင်ပါတယ်။ အိပ်စက်မှုကို ကောင်းမွန်စေပြီး ဦးနှောက်တွင်း အိပ်စက်မှု ကောင်းစေ တဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော် နိုင်လို့ပါ။
(၄)ငှက်ပျောသီး စားပါ
ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အုတ်စပါးနဲ့ ဆန်လိုမျိုး တချို့
အစား အစာတွေမှာ မက်လတိုနင် ပါဝင်တဲ့ အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ထိန်းညှိ ပေးပါတယ်။
(၅)သမ်းဝေတာ ပျောက်အောင် များများအိပ်ပါ
အိပ်ရေးမဝတဲ့ ရက်တွေ များလာရင် လည်ချောင်းတွင်းရှိ ကြွက်သားတွေ တွဲကျလာ ကာ သမ်းဝေတာ များလာပြီး အအိပ်နည်း သွားပါတယ်။ သမ်းဝေတာ ရပ်အောင် အ နည်းဆုံး တစ်ညကို ခုနစ်နာရီ အိပ်ပေးပါ။
(၆)ကြံ့ခိုင်မှုပြည့်ဝအောင် အိပ်ရေးဝ၀အိပ်ပါ
အိပ်ရေး မဝတဲ့ ရက်တွေ များလာရင် နှလုံးသွေးကြောရဲ့ လုပ်ငန်း ဆောင်တာဟာ ၁၁ ရာခိုင်နှုန်းထိ ကျဆင်း သွားပါတယ်။ အဓိပ္ပာယ် ကတော့ ကြံ့ခိုင်ပြီး ကျန်းမာလိုရင် အိပ်ဖို့ အရေးကြီး ပါတယ်။
(၇)ခြေထောက်ကို နွေးနွေးထွေးထွေးထားပါ
ခြေထောက်နဲ့ လက်တွေမှာ သွေးရှောက်ရှိမှု နည်းသွားရင် အိပ်ရာက နိုးလာတတ် ပါတယ်။ ဆောင်းရာသီမှာ ခြေထောက်နွေးအောင် ခြေစွပ်ဝတ်အိပ်ပါ။
(ဂ)အအိပ်ကို ဦးစားပေးပါ
အိပ်ရေး မဝတာကြောင့် ခုခံအား စနစ်နဲ့ ဆုံးဖြတ်နိုင်မှု စွမ်းရည်တွေ ကျဆင်းတတ် တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကျန်းမာတဲ့ ဘဝရဖို့ အအိပ်ကို ဦးစားပေး ရပါမယ်။ ညစဉ် ညတိုင်း အိပ်ချိန်တူ ညီအောင် လေ့ကျင့်ပါ။
(၉)လှပစေရန် အိပ်ပါ
သင်အိပ်ပျော် နေစဉ်အတွင်း သင့်အရေပြား၊ ဆံပင်နဲ့ လက်သည်းတွေရဲ့ ဆဲလ်တွေ အသစ် ပြန်လည် ဖြစ်ပေါ် လာတဲ့ အတွက်ဟာလည်း အိပ်စက် တာကြောင့် ပြန်ကောင်းမွန် လာစေ နိုင်ပါတယ်။
(၁၀)အိပ်ရာမဝင်ခင် ရေချိုးပါ
အိပ်ရာမဝင်ခင်မှာ ရေနွေးနဲ့ ရေချိုးတာကြောင့် ကြွက်သားတွေကို Relax ရရှိစေ ပြီး အိပ်ပျော်စေနိုင်ပါတယ်။ အမှောင်သန်းချိန်မှစပြီး ကဖင်းကို ရှောင်ပါ အိပ်ရာ မဝင်ခင် ကဖင်း သောက်ရင် အိပ်စက်မှု အရည်အသွေးကို ကျဆင်းစေနိုင် ပါတယ်။ ကော်ဖီသာမက ချောကလက် မှာလည်း ကဖင်း ပါဝင်တာကြောင့် ချော ကလက်ကို ညအချိန်မှာ မစားပါနဲ့။
(၁၁)ခေါင်းချတာနဲ့ အိပ်ပျော် သလို မဖြစ် ပါစေနဲ့
သင်ဟာ ခေါင်းအုံးပေါ်မှာ ခေါင်းတင် လိုက်ရုံနဲ့ အိပ်ပျော် သူဖြစ်ရင် အအိပ်ချို့တဲ့ တတ်သူ ဖြစ်ပါတယ်။ ကျန်းမာသူ တစ်ယောက်အနေနဲ့ အိပ်ပျော်ဖို့ ၁၀ မိနစ်လောက် အချိန် ယူရတယ်။
ဒေါက်တာခင်မိုးမိုး
credit by >>>Good Health
ဖတ်ခဲ့သူများ: 38
အကြောင်းအရာ: ကျန်းမာရေး

ထမင်းစားပြီး ရှောင်ကြဉ်ရမည့် အလေ့အထများ

ထမင်းစားပြီး ရှောင်ကြဉ်ရမည့် အလေ့အထများ
========================
ထမင်းစားစားပြီးချင်း၊ မနက်စာ၊ နေ့လည်စာ၊ ညစာ စားစားပြီးချင်း ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။
၁။ ဆေးလိပ်မသောက်ရ
ထမင်းစားစားပြီးချင်း ဆီးကရက် ၁ လိပ် သောက်ခြင်းဟာ ၁၀ လိပ်သောက်တာနဲ့ ညီမျှတယ်လို့ သက်သေပြထားပါတယ်။ ဒါကြောင့် ဆေးလိပ် အရမ်းသောက်ချင်တယ်ဆိုရင်တောင်မှ အစာစားပြီးချင်း မသောက်သုံးသင့်သေးပါဘူး။
၂။ အသီးချက်ခြင်း မစားရ
အချို့ က ထမင်းစားပြီးရင် အချိုတည်းအနေနဲ့ သစ်သီးဝလံတို့ကို ချက်ချင်းစားကြ ပါတယ်။ အမှန်တော့ ယင်းဟာ ကောင်းတဲ့ အထတော့ မဟုတ်ပါဘူး။ ဝမ်းမှာ လေခံတတ်ပါတယ်။ ဒါကြောင့် ဝမ်း လေထိုးလေအောင် ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ထမင်းမစားမှီနဲ့ ထမင်းစားပြီး အနည်းဆုံး တစ်နာရီလောက် ခြားပြီးမှ သစ်သီးဝလံ စားသုံးဖို့ တိုက်တွန်း ထားပါတယ်။
၃။ လက်ဘက်ရည် မသောက်ရ
လက်ဘက်မှာ အက်ဆစ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် အစားစားပြီး လက်ဘက်ရည် သောက်ရင် စားထားတဲ အစာများကို ပရိုတိန်းဓာတ် တိုးပွားစေပြီး အစာချေဖျက်ရန် ခက်ခဲသွားပါတယ်။ အစာမကြေ၊ ရင်ပြည့် ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။
၎။ ခါးပတ်မလျော့ရ
အချို့ က အစားစားနေတုန်းတော့ ဘာမှ မလုပ်ပဲနဲ့ အစားစားပြီးမှ ခါးပတ်လျော့တတ်ပါတယ်။ ဒါဟာလည်း ကောင်းတဲ့ အလေ့အထ မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူကို လိမ်စေပြီး အူလမ်းကြောင်း ပိတ်တာတွေ ဖြစ်တတ်ပါတယ်။
၅။ ရေမချိုးရ
ထမင်းစားပြီး တကယ် ရေမချိုးသင့်ပါဘူး။ ရေချိုးတဲ့အခါ ခန္ဓာကိုယ်တွင်းက သွေးကို ခြေဖျား၊ လက်ဖျားအပြင် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများဆီ သွေးစီးဆင်းမှုအား ကောင်းစေပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ သွေးနည်းနည်းပဲ ရှိပါတယ်။ အစာချေဖျက်ဖို့ မလုံလောက်တဲ့အတွက် အစာမကြေခြင်းကို ဖြစ်စေမှာ ဖြစ်ပါတယ်။
၆။ လမ်းမလျှောက်ရ
အစားစားပြီးချင်း လမ်း တစ်ရာ လျှောက်ရင် အသက်၁၀၀ နေရမယ် ဆိုတဲ့ ဆိုရိုးတောင် ရှိခဲ့ပါတယ်။ အမှန်တော့ ဒါဟာလည်း မှားယွင်းတဲံ အလေ့အထ တစ်ခုပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အတွက် စားသုံးလိုက်တဲ့ အစားစာမှ အာဟာရဓာတ်များကို အစာချေဖျက် စနစ်က လုံလောက်စွာ မဆုပ်ယူနိုင်ပါတယ်။ အခြားသော အကျိုးဆက်များလည်း ရှိနေပါသေးတယ်။
၇။ ချက်ချင်းမအိပ်ရ
အစား စားပြီးချင်းလည်း ချက်ချင်း မအိပ်သင့်ပါဘူး။ ချက်ချင်း အိပ်လိုက်ရင် အစာချေဖျက်မှု စနစ်က ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး။ အူလမ်းကြောင်းကိုလည်း သက်ရောက်မှု ရှိပါတယ်။ ဝမ်းထဲကို Gastric acid တိုးစေပါတယ်။
အထက်ပါ ၇ ချက်ကတော့ ခန္ဓာကိုယ် အာဟာရဓာတ်အတွက် စားသုံးတဲ့ အနှပ်တိုင်းမှာ ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက်များ ဖြစ်တယ်လို့ သိရပါတယ်
Ref: medic-facts

ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ ငှက်ပျောသီး ဖြင့် ၀ိတ်ချခြင်း


ကဗျာ အရင်က မြန်မာမှုပြုတဲ့ detox diet plan (http://shwebeauty.com/?p=520)တစ်ခုကို ဖော်ပြခဲ့ဖူးပါတယ်။ ဒီ plan ဟာ ၀ိတ်ကျတာ မြန်ပေမယ့် (၁) ပတ် (၂) ပတ် ထက်ပိုပြီး စားနိုင်ဖို့ မလွယ်ပါဘူး။ အမြဲအလွန်အကျွံလုပ်ရင်လည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဒီတော့ ပုံမှန်လေးလည်း စားချင်တာစားမယ်။ ပုံမှန်လေးနဲ့ ဖြည်းဖြည်းချင်းကျမယ့် plan မျိုးကို တောင့်တ ခဲ့ပါတယ်။
၂၀၀၈ ခုနစ်က စပြီး ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ The Morning Banana Diet plan ဟာ စိတ်ဝင်စားလည်းကောင်း၊
ကိုယ်တိုင် လက်တွေ့ လိုက်လုပ်ကြည့်တာမှာ လွယ်လည်းလွယ်ပြီး ကျန်းမာရေးနဲ့ လည်း ညီညွတ်လို့ အားလုံးကို ကဗျာ ဒီကနေပဲ ပြန်လည်ဝေမျှချင်ပါတယ်။

စိတ်ကြိုတင်ပြင်ဆင်ခြင်း
တကယ်တော့ ၀ိတ်ဆိုတာ ခဏလေးနဲ့ တက်လာတာမဟုတ်သလို ခဏလေးနဲ့ လည်း မကျနိုင်ပါဘူး။ ဒီသဘောတရားကို အရင် နှလုံးသွင်းထားဖို့ လိုပါတယ်။စိတ်ရှည်ရမယ်။ အချိန် ယူပြီး ပုံမှန် လုပ်သွားနိုင်ရမယ်။ diet plan rule ကို နားလည်သဘောပေါက်ပြီး တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။
(၁) ငှက်ပျောသီး ကို မနက်စာ အဖြစ် သုံးဆောင်ပါ။
ငှက်ပျောသီး ဟာ အစာခြေခြင်း၊ အစာဖျက်ခြင်း ဖြစ်စဉ်တွေကို ပိုမိုလွယ်ကူစေတဲ့ အပြင် သူ့မှာပါဝင်တဲ့ ကစီမျှင် ဓာတ်ဟာ ရင်ပြည့်တဲ့ စိတ်ကို ဖြစ်စေပါတယ်။ မနက်မိုးလင်း စားထားတဲ့ ငှက်ပျောသီး ဟာ တစ်နေ့တာလုံးမှာစားတဲ့ နေ့လည်စာ နဲ့ ညစာမှာစားတဲ့ ကိုယ်စားတဲ့ အစာ ထဲက carbohydrate စုပ်ယူမှုကိုလည်း တားဆီးပေးထားနိုင်ပါတယ်။ ကဲ ဒီ ပထမ rule ကတော့ မနက်စာ ငှက်ပျောသီး ကို ကိုယ်ရင်ပြည့်တဲ့ အထိ မနက်စာစာပေးဖို့ ပါပဲ။
(၂) တစ်နေ့တာလုံး သာမာန် အပူချိန်ရှိတဲ့ ရေ တစ်မျိုးတည်းကို သာ သောက်ပါ။
ရေ ဟာ လည်း ဗိုက်ဆာမှုကို လျော့ကျစေပြီး စားသမျှကို ခြေဖျက် နိုင်ဖို့ အကူအညီပေးပါတယ်။ ရေခဲရေ မဟုတ်ရပါဘူး၊ ပူခြစ်တောက်နေတဲ့ ရေ ပူလည်း မဟုတ်ရပါဘူး၊ ကိုယ့် အခန်း အပူအချိန်နဲ့ တစ်ထပ်တည်းကျတဲ့ ရိုးရိုးရေ ကိုသောက်ရမှာဖြစ်ပါတယ်။ တချို့ က မနက်စာကို ငှက်ပျောသီးကို နွားနို့ နဲ့ သောက်ပါတယ်။ ဒီဟာ ၀ိတ်ကို ပို တက်စေတဲ့ အသားတိုး အားဆေး ပါ။ ကဗျာတို့ က၀ိတ်ချနေတာဆိုတော့ ဒီဟာ နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။” Dairy products and alcohol are also not allowed on this diet. ” နို့ ထွက် ပစ္စည်းများ ၊ alcohol ပါဝင်သော အရည်များ လုံးဝ သောက်လို့ မရပါဘူး။ လဖက်ရည် ၊ ကော်ဖီ သောက်နေကျ ကို ဖြတ် ဖို့ မလွယ်ကူဘူးဆိုရင် လျှော့သောက်ပါ။ တတ်နိုင်ရင် ရေ ကလွဲပြီး တခြား ဘာမှ မသောက်ရင် ပို ၀ိတ်ကျ မြန်စေပါတယ်။
(၃) နေ့ လည်စာ နဲ့ ညစာ ပုံမှန်စားပါ။
ဒီ plan မှာ ကဗျာ အကြိုက်ဆုံးက တော့ နေ့လည် စာ ညစာ ကို ပုံမှန် ကြိုက်တာ စားခွင့်ပေးတာပါပဲ။ စိတ်ပင်ပန်း လူပင်ပန်း သိပ်မခံရတော့ဘူး ပေါ့။ ဒါပေမယ့် ပုံမှန် ဆိုတဲ့ နေရာမှာလည်း တန်ရင် ဆေး လွန်ရင်ဘေး ဆိုတာကို သတိချပ်လို့ အစားပမာဏကို ချင့်ချိန်ပြီး ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အသား၊ငါး၊ အရွက်၊သီးနှံ မျှမျှတတ စားဖို့ တော့ ဂရုစိုက်စေချင်ပါတယ်။
(၄) ညစာ စားချိန် ၈ နာရီထက်နောက်မကျပါစေနဲ့။
ည ၈ နာရီကျော် ရင် ကိုယ်ထဲက အစာချေဖျက်မှု လုပ်ငန်းစဉ် အလုပ်မလုပ်တော့ ပါဘူး။ အဲဒီ အချိန်မှာ စားသမျှဟာ ၀ိတ်တက်စေနိုင်ပါတယ်။ ၈ နာရီမတိုင်ခင်မှာ ကိုယ့်ရဲ့ ညစာကို အချိန်မှန်စားဖို့ ဟာ အလွန်အရေးကြီးသော်လည်း လူတိုင်း သတိမမူ မေ့လျှော့တတ်တဲ့ အလေ့အထ ဖြစ်တတ်ပါတယ်။ ဒီအချက်ကို ပုံမှန်လေး လိုက်နာသွားမယ် အမြဲတမ်း လုပ်သွားနိုင်မယ်ဆိုရင်တော့ ပျိုမေတို့ ကိုယ်မှာ ၀ိတ် တက်ဖို့ အကြောင်း နောက် သိပ်မရှိတော့ပါဘူး။
(၅) ည ၁၂ နာရီ မကျော်ခင် အိပ်ပါ။
အိပ်ချိန် မမှန်ခြင်း၊ အိပ်ချိန်နောက်ကျခြင်း တို့ဟာ ၀ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရာတွေထဲမှာပါကြောင်း Scientists တွေက စမ်းသပ်တွေ့ရှိထားပြီးသားပါ။ ဒါပေမယ့်လည်း လူတိုင်းက ဒီအချက်ကို မေ့လျော့ ပေါ့ဆ ပြီး ဂရုမစိုက်တတ်ကြပါဘူး။ ည ၁၂ မတိုင်ခင် အိပ်ခြင်းဟာ ၀ိတ် ကျခြင်း ကို အများကြီး အထောက်အကူပြုစေပါတယ်။ ဒါကြောင့် ပျိုမေတို့ ၀ိတ်ကျဖို့ ည၁၂ နာရီမတိုင်ခင် တတ်နိုင်သလောက် ကြိုးစားပြီး အိပ် ပေးပါ။
ဘယ်အတိုင်းအတာထိ ဘယ်အချိန် ထိ ဒီ plan ရဲ့ rule တွေကို လိုက်နာရမလဲ လို့ မေးဖို့ ရှိပါတယ်။ တကယ်တော့ ဒီ plan ဟာ အမြဲတမ်းလုပ်သွားနိုင်လေလေ ၀ိတ်ကို ပုံမှန်ထိန်းသွားနိုင်လေ ဖြစ်တဲ့ plan မျိုးပါ။ တစ်ယောက်နဲ့ တစ်ယောက် အကျိုးသက်ရောက်မှု မတူသော်ငြားလည်း ဒီ diet plan ရဲ့ rule တွေဟာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ၀ခြင်း ကို ကာကွယ်ပေးလို့ ဂျပန်နိုင်ငံ က ပျိုမေများ နေ့စဉ် လိုက်နာကျင့်သုံးနေတဲ့ plan ဖြစ်ပါတယ်။
စိတ်အားလည်း ထက်သန်တယ်။ စိတ်ကို လည်း ကြိုတင်ပြင်ဆင်မယ်။ Rule တွေ အားလုံးကို လည်း အတတ်နိုင်ဆုံး လိုက်နာမယ်။ ကိုယ့် ၀ိတ်ကို လည်း တစ်ပတ် တစ်ခါ တိုင်းပြီး စောင့်ကြည့်မယ် ဆိုရင် ပျိုမေတို့ ၀ိတ်ကျဖို့ သေချာပါတယ်။
ကဗျာ။
credit by>>>Shwe Beauty