Powered By Blogger

Sunday, 28 October 2012

ဆောင်းရာသီအတွက် အဆီပြန် အသားပတ် ဆားဝက်ခြံထွက်သူများအတွက် နည်းလမ်းလေးများ


=== ဆောင်းရာသီအတွက် အဆီပြန် အသားပတ် ဆားဝက်ခြံထွက်သူများအတွက် နည်းလမ်းလေးများ ===

ထောပတ်သီး
ဆောင်းရာသီမှာ အသားအရမ်းပတ်တတ်တဲ့ ခြောက်သွေ့အသားအရေရှိသူတွေအတွက် ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်တာ အကောင်းဆုံးပဲ။ လုပ်ရတာလည်း လွယ်တယ်နော်။ ထောပတ်သီးအသားကို ခက်ရင်းနဲ့ချေပြီး သံလွင်ဆီနည်းနည်း ရောမွှေလိုက်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အထိ ချေနော်။ ပြီးတော့ မျက်နှာအနှံလိမ်း.. နာရီဝက်နေရင် ရေဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက နူးညံချောမွေ့သွားလိမ့်မယ်နော်။
ဂျူံမှုန့်
ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင်လုပ်ပေးမယ့် နည်းလေးပါပဲ။ ဂျုံမုန့်၊ ကြက်ဥအနှစ်နဲ့ ပျားရည်ကို ဆတူရောမွှေပါ။ မျက်နှာပေါ်မှာ မိနစ်၂၀ ထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်တဲ့အခါ နူးညံ့ စိုပြေ၀င်းပတဲ့မျက်နှာလေး ဖြစ်သွားလိမ့်မယ်နော်။

ငှက်ပျောသီး
ပေါင်းစပ်အသားအရေပိုင်ရှင်တွေ ဆောင်းရာသီမှာ မျက်နှာပေါင်းတင်ချင်ရင် ဌက်ပျော်သီးလေးကိုပဲ သတိရလိုက်ပါ။ ငှက်ပျောသီးလေးကို သေချာချေပြီး မျက်နှာအနှံလိမ်းပြီး နာရီဝက်နေရင် ရေဆေးချလိုက်..
အသားအရေကို နူးညံ့စေတဲ့ ချောမွေ့စေတဲ့ အာဟာရဓာတ်တွေဖြည့်ပေးတဲ့ ငှက်ပျောသီးလေးရဲ့ အံ့ဖွယ်စွမ်းပကားကို အရမ်းကျေးဇူးတင်သွားမှာနော်။
ဒီနည်းလမ်းတွေကို တစ်ပတ်ကို ၁ – ၂ ကြိမ်သာလုပ်သွားလိုက် …
ဆောင်းရာသီမှာ အသားခြောက်၊ အသားပတ်တတ်တယ်ဆိုတာကိုပါ မေ့သွားလိမ့်မယ်....
ဝက်ခြံထွက်နေသူတွေအတွက်ကတော့ ဖီကြမ်းငှက်ပျောသီးအခွံနဲ့ ပွတ်ပေးရင်ပါးပြီးပျောက်သွားပါလိမ့်မယ်တဲ့ …

ဆားဝက်ခြံကို လက်ပြနှုတ်ဆက်နိုင်မယ့်  နည်းလမ်းလေးတွေရှိပါတယ်
သဘာဝ နည်းလမ်းကောင်းများ
- ခရမ်းချဉ်သီးကို ပျစ်သွားတဲ့အထိ ကြိတ်ချေပြီး ဆားဝက်ခြံ ရှိတဲ့နေရာပေါ်မှာ ၁၅ -၂၀ မိနစ်ခန့်ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးပေးရပါမယ်။ ပြီးရင် ဒီတိုင်းပဲထားနော်။ Moisturizer ကို ချက်ချင်းမလိမ်းရဘူး။
- ပျားရည်ကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ဆားဝက်ခြံရှိတဲ့နေရာမှာ ၁၅ -၂၀ မိနစ်ခန့်ထားပြီး ရေနွေးလေးနဲ့ ဆေးချပါ။ ဒီနည်းလေးဟာ လူသုံးများပြီးအလွန်ထိရောက်မှုရှိပါတယ်။
- မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနှင့် ဆတူရောစပ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်တင်ပြီး မိနစ်အနည်းငယ် ညင်သာစွာ ပွတ်ပေးပါ။ ထို့နောက် ရေနွေးလေးနဲ့ ဆေးချပါ။
- ထူးဆန်းတဲ့နည်းလေးလည်း ရှိသေးတယ်နော်။ အမြှပ်ထအောင် ခေါက်ထားတဲ့ ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့နေရာတွေပေါ်မှာ လိမ်းလိုက်ပြီး အပေါ်က တစ်ရှုးလေးကပ်လိုက်ပါ။ နာရီဝက် ဒါမှမဟုတ် ခြောက်သွားတဲ့အခါ ဖြေးဖြေးလေးဆွဲခွာပြီး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ရင် Ok ပြီ။

အဆီပြန်သူတွေအတွက်ပါ
(၁) နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဒိန်ချဉ်လက်ဖက်ရည်ပန်းကန်လုံးတစ်ခွက်စာကိုရောပြီးရင် မျက်နှာအနှံ့လိမ်းပြီး ၁၀ မိနစ် ထားထားနော်။ ပြီးတော့ ရေအေးလေးနဲ့ ဆေးချလိုက်ပါ။ သူငယ်ချင်းရဲ့မျက်နှာလေးဟာ သန့်စင်ပြီး ၀င်းပလာပါလိမ့်မယ်။
(၂) ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်တစ်ဇွန်းနဲ့ လိမ္မော်ရည်စက်အနည်းငယ်ကို ရောမွှေလိုက်နော်။ သေသေချာချာကြေညက်သွားရင် ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ ပါးပါးလေး သုတ်လိမ်းပြီး  ၁၅ မိနစ် လောက်ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးလိုက်ပါ။ ဒီနည်းလေးက မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကိုလည်း သန့်စင်စေပါတယ်။
(၃) ခရမ်းချဉ်သီး (အလတ်စား) တစ်လုံးကို အရည်ထွက်လာအောင် ကြိတ်ပါ။ ပြီးရင် သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ရောပြီး မျက်နှာပေါ်မှာလိမ်း၊ ၁၀ မိနစ်ထားပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ချွေးပေါက်ကလေးတွေကို ကျဉ်းစေတဲ့အပြင် ၀က်ခြံတွေကိုလည်း လျော့နည်းသက်သာစေပါလိမ့်မယ်။
(၄)  ရေစင်စင်ဆေးထားတဲ့ စတော်ဘယ်ရီသီး ၄ – ၆ လုံးကို ခွက်ထဲထည့်ပြီး ခရင်းနဲ့ ချေလိုက်နော်။ ပြီးတော့ ဒိန်ချဉ်တစ်ဇွန်းနဲ့ရောပြီး မျက်နှာမှာ သုတ်လိမ်းပြီး မိနစ် ၂၀ ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။
(၅)  ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတဲ့ ပန်းသီးတစ်လုံးကို အခွံခွာ၊ အစိပ်သေးသေးလေးတွေ လှီးပြီး မွှေစက်ထဲ ထည့်ပြီး အနှစ်လေးရတဲ့အထိ မွှေပါ။ ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ရောပြီး မျက်နှာပေါ်မှာ ပါးပါးလေးလိမ်းပါ။ ၁၅ မိနစ် ပြည့်ရင်ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ ချွေးပေါက်ကျဉ်းပြီး နူးညံ့ကြည်လင်တဲ့ မျက်နှာလေးကို တွေ့ရမှာပါ။
(၆) နောက်တစ်နည်းကလည်း ပန်းသီးနဲ့ ပျားရည်ပါပဲ။ ပန်းသီးတစ်ဝက်ကို အခွံခွာပြီး ရေနွေးထဲမှာ ခဏစိမ်လိုက်နော်။ ပြီးတော့ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းရယ်၊ ဂျုံမှုန့် ၂ ဇွန်းရယ်နဲ့ ပေါင်းပြီး အနှစ်လေးရတဲ့အထိ ချေပါ။ ပြီးတော့ မျက်နှာပေါ်မှာ ၁၀ မိနစ်ထားပြီး ရေဆေးချလိုက်ပါ။ ချွေးပေါက်တွေကျယ်ပြီး ၀က်ခြံလည်းရှိတဲ့ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက်တော့ အရမ်းအသုံးဝင်တဲ့ နည်းလေးပါပဲ။
(၆) သခွားသီးကို အတုံးသေးသေးလေးတွေ ဖြစ်အောင်တုံးပြီး ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဂျုံမှုန့် လက်ဖက်ရည်ပန်းကန်လုံးတစ်ခွက်စာနဲ့ မွှေစက်ထဲမှာ လုံးဝကြေညက်သွားတဲ့အထိ ထည့်မွှေပါ။ ပြီးတော့ မျက်နှာပေါ်မှာ ၁၀ မိနစ်လိမ်းထားပြီး မျက်နှာသစ်လိုက်နော်။ ဒီနည်းက ချွေးပေါက်တွေကို သန့်စင်စေပြီး ၀က်ခြံတွေလည်း သက်သာစေတယ်လေ။
 အားလုံးအသုံးဝင်မယ်ထင်လို့ ``mandalaygazette ´´ မှကူးတင်ပြပေးလိုက်ပါတယ်
 အားလုံးလှပပျော်ရွှင် စိတ်ကြည်လင်ပါစေလို့ ဆုတောင်းပေးပါတယ်....
=============================================================
        ``` သင့်ရဲ့ကွန်မန့်တစ်ချက်ဟာ စာရေးသူတွေရဲ့အားကိုဖြစ်စေပါတယ် ´´´
                          ခင်တက်တဲ့   ချစ်စမ်းမောင်

Wednesday, 24 October 2012

သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက် များ


သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက် များ
ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ
သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။

ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက
သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။
 နှလုံးကျန်းမာစေသော လျှို့ဝှက်ချက်
ပဲသုပ် စားပေးပါ
ပဲမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး အူထဲမှာရှိတဲ့ ကလက်စထရောတွေကို ပေါင်းလိုက်ကာ
ခန္ဓာကိုယ်အပြင်ဘက်ကို စွန့်ပစ်ပစ္စည်းအဖြစ် ထုတ်ပါတယ်။ ဒါ့အပြင် ပဲမှာပါတဲ့ ကစီဓာတ်က ခန္ဓာကိုယ်မှ
ဓာတ်တစ်မျိုးကို ထုတ်စေပြီး ကိုလက်စထရောအသစ် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။
ရင်သားကို အကာအကွယ်ပေးသော လျှို့ဝှက်ချက်
ကန်စွန်းဥထောင်းစားပါ
ဘီတာကယ်ရိုတင်းက ဆဲလ်ဒီအန်အေကို ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ဖျက်ဆီးမှုမှ ကာကွယ်ပေးပါတယ်လို့
သုတေသီတွေက ရှင်းပြပါတယ်။ သုတေသီတွေက မျောက်ဥမှာကော ကန်စွန်းဥလို ဘီတာကယ်ရိုတင်း ပါဝင်မှုက
ို လေ့လာခဲ့ပါတယ်။ မျောက်ဥထက် ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်း ပါဝင်မှု အဆ ၂၀၀ ကျော် ပိုမိုတယ်လို့ ဆိုပါတယ်။
စိတ်ခံစားမှု မြှင့်တင်ပေးနိုင်သော လျှို့ဝှက်ချက်
အသားစားပါ
အဆီ ဖယ်ထားတဲ့ အသားစားသုံးပါက ရရှိလာတဲ့ ပရိုတင်းဓာတ်တွေက စိတ်ခံစားမှု ကောင်းစေပြီး
နိုးကြားတက်ကြွစေတဲ့ ဒိုပါမင်းဟော်မုန်း ပမာဏကို မြှင့်တင်ပေး တယ်လို့ အစားအစာနဲ့ စိတ်အကြောင်း
စာအုပ်ရေးသားသူ Elizabeth Somer က ပြောပါတယ်။

အဆီဖယ်ထားတဲ့ အမဲသား စားသုံးပါက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဘီစစ်နဲ့ ဘီတွဲ
ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဒီဗီတာမင်တွေက အာရုံကြော လုပ်ငန်းဆောင်တာတွေကို
တိုတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။
အရိုးအဆစ် နာကျင်မှုများမှ သက်သာစေသော လျှို့ဝှက်ချက်
ငရုတ်သီးစားပါ
ငရုတ်သီးကနေ ရရှိနိုင်တဲ့ ဗီတာမင်စီက အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး တွယ်ဆက်တစ်သျှူးတွေကို
free radical တွေရဲ့ ပျက်စီးမှုမှ ကာကွယ်ပေးပြီး ကိုလာဂျင်အသစ် ဖြစ်ပေါ်စေပါတယ်။
အသစ်ဖြစ်ပေါ်လာတဲ့ ကိုလာဂျင်တွေကြောင့် အရိုးအဆစ်တွေအပေါ် သက်ရောက်တဲ့ ယို့ယွင်းမှုတွေကို လျော့နည်းစေပါတယ်။
အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်နိုင်သော လျှို့ဝှက်ချက်
ကော်ဖီသောက်ပါ
ကော်ဖီမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဦးနှောက်ဆဲလ်တွေရဲ့လုပ်ဆောင်မှုကို အားပေးပြီး
ဦးနှောက်သွေးကြောတွေထဲမှာ ဒုက္ခဖြစ်စေတဲ့ သွေးခဲဖတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။
လေ့လာမှုမှာ တွေ့ရှိချက်အရ ကက်ဖင်းဓာတ်က ဦးနှောက်ကို ထိခိုက်မှုဖြစ်စေတဲ့ အဆိပ်
အရေအတွက်ကိုလည်း လျှော့ချပေးပြီး သက်ကြီးသတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။
အဆုတ်ကျန်းမာစေသော လျှို့ဝှက်ချက်
အစေ့အဆန်စားပါ
အစေ့အဆန်တွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်လို့ Texas မ
ှ သုတေသီတွေက ပြောပါတယ်။ အစေ့အဆန်တွေမှာ များစွာပါဝင်တဲ့ ဗီတာမင်အီးက ကင်ဆာရောဂါ ဖြစ်ပွားမှုက
ို တွန်းလှန် ကာကွယ်နိုင်ပါတယ်။
ခုခံအား မြင့်တက်စေသော လျှို့ဝှက်ချက်
ပျားရည်သောက်ပါ
ပျားရည်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ခုခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်း ပိုးမွှားတွေ
ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့
အာနိသင်တွေ ရှိတာကြာင့် ပိုးမွှားကူးစက်မှုကို တားဆီးနိုင်ပြီး ရောဂါခံစားရခြင်းမှ ကင်းဝေးစေပါတယ်။
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
ကြည့်သူဦးရေ: 22

Monday, 22 October 2012

***** ဆိုင်ရာ ဆိုင်ရာကျွမ်းကျင်ပါ *****


***** ဆိုင်ရာ ဆိုင်ရာကျွမ်းကျင်ပါ *****
Jeepkan2kgmalay.jpg
Jeepkan2kgmalay.jpg
9K   View   Sha
*** မင်းဆရာ၊ ပုရောဟိတ်သည်-

--- ဝေဒကျမ်းစာပေများကို တစ်ဖတ်ကမ်းခတ် တတ်မြောက်ရမည်။ ။
--- ဂါထာမန္တာ အမျိုးမျိုးကို မန်းမှုတ်ရွတ်ဆို နိုင်ရမည်။ ။
--- အရေးအကြောင်းရှိက ခြင်္သေ့မင်းကဲ့သို့ ရဲရင့်စွာ ပြောဆိုနိုင်ရမည်။ ။

*** တရားသူကြီးသည်-

--- ဆွေဂုဏ်မျိုးဂုဏ်နှင့် ကိုယ်ကျင့်သီလ ပြည့်စုံရမည်။ ။
--- ကျမ်းဂန်ဓမ္မသတ် တို့ကို ကျွမ်းကျင်နားလည်ရမည်။ ။
--- လက်အောက် အမှုထမ်းများကို သင့်လျှော်သလို ညွှန်ကြားနိုင်ရမည်။ ။

*** သမားတော်ကြီးသည်-

--- ဆေးနည်းအမျိုးမျိုး၊ ကုသနည်း အဖုံဖုံ ကုံလုံတတ်မြောက်ရမည်။ ။
--- လူမှုဆက်ဆံရေးတွင် ချိုသာ၍ ချစ်ဖွယ်သော စကားကိုပြောဆို တတ်ရမည်။ ။
--- အကျင့်သီလ ပြည့်စုံရမည်။ ။

*** စာရေးကြီးသည်-

--- တကြိမ်တခါ ကြားရုံဖြင့် ကောင်းမွန်စွာမှတ်သားနိုင်ရမည်။ ။
--- လက်ရေးလျှင်မြန်ကောင်းမွန်ရမည်။ ။
--- အက္ခရာ ပီသထင်ရှားစွာရေးနိုင်ရမည်။ ။
--- အကြားအမြင် ဗဟုသုတများရမည်။ ။

*** စစ်သူကြီးသည်-

--- သူရသတ္တိ နှင့် ပြည့်စုံရမည်။ ။
--- ခွန်အားဗလနှင့်  ပြည့်စုံ၇မည်။ ။
--- ဆင်စီးမြင်စီး ကျွမ်းကျင်ရမည်။ ။
--- နီတိကျမ်းများကို တတ်ကျွမ်းရမည်။ ။

*** သံတမန်တို့သည်-

--- ပညာရှိရမည်။ ။
--- သုံးသပ်ဆင်ခြင် ထိုးထွင်းဥာဏ် ရှိရမည်။ ။
--- စကားအပြောအဆို လိမ္မာ၍ ဖြောင့်မတ်သော သစ္စာစကားကို ပြောဆိုနိုင်ရမည်။ ။
--- လူကဲခတ်တော်ပြီး သမာဓိရှိကာ သည်းခံနိုင်ရမည်။ ။


*** စားတော်ကဲသည်-

--- ချက်နည်းပြုတ်နည်း မျိုးစုံတတ်ကျွမ်းပြီး အရသာနှင့် ပြည့်စုံအောင် ချက်ပြုတ် ကြော်လှော်တတ်ရမည်။ ။
---ရဲစွမ်းသတ္တိ နှင့် ပြည့်စုံ၍ ကျန်းမာသန်စွမ်းရမည်။ ။
---သားသမီး ၊မြေးမြစ်တို့အပေါ်နှင့်ငယ်သားအပေါ် ကြင်နာသနားစိတ်ရှိရမည်။ ။

*** တံခါးမှူးသည်-

--- လူကဲခတ်ကျွမ်းကျင် လိမ္မာရမည်။ ။
--- ခွန်အားဗလပြည့်စုံပြီး ရုပ်ဆင်းအဂါင်္ပြည့်စုံမှုရှိရမည်။ ။
--- အမြင်၊ အကြားတို့မှာ အမြဲသတိရှိပြီး ယဉ်ကျေးချိုသာစွာ၊ ပြောဆိုဆက်ဆံတတ်ရမည်။ ။

XDXDXDXDXDXDXD ထို့အတူ စာရေးဆရာတစ်ယောက်သည်လည်း မိမိရေးသောစာများကို
စာဖတ်သူ မျက်နှာမှမခွာ ချင်အောင်စွဲဆောင်နိုင်သော စာပေမျိုးရေးနိုင်သော အရည်အချင်း ရှိရပေမည်။ ။
---


ngelay.jpgngelay.jpg
8K   View   Share   Download  

ရောဂါ ရမှန်းတော့သိတယ် ဒါပေမဲ့ ဒီခေါက်ဆွဲပြုတ်တွေ သိပ်ကြိုက်နေတော့ဘယ်လိုလုပ်ရမလဲ.......


ရောဂါ ရမှန်းတော့သိတယ် ဒါပေမဲ့ ဒီခေါက်ဆွဲပြုတ်တွေ သိပ်ကြိုက်နေတော့ဘယ်လိုလုပ်ရမလဲ........

လူကြိုက်များတဲ့ အသင့်စားခေါက်ဆွဲထုတ် တွေက သိပ်ေ၇ာဂါရတယ် ဆိုတာ သူသူငါငါ အားလုံးကြားဖူးကြပါတယ်လေ.
ဒါပေမဲ့ အဲ့ဒီ့ ခေါက်ဆွဲပြုတ် တွေက သိပ်စားကောင်း နေတော့ ရောဂါရတယ်ဆိုတာကိုမေ့ထားပစ်လိုက်တယ်။ သေနေ့
စေ့ရင်သေမှာပဲဆိုပြီးတော့လေ။ တစ်ခါတုံးကတော့ သူငယ်ချင်းတစ်ယောက်ဆီကနေကြားရတာ ခေါက်ဆွဲ ချဉ်စပ် ကို
မနက်တစ်ထုပ် ညတစ်ထုပ်6 လတိတိ သောက်ရင် သေတတ်တယ်ဆိုပဲ... ဒါပေမဲ့ အဲ့တာလည်း သိပ်ဂရုမစိုက်ပါဘူးးးး။
နောက်တော့ကျန်းမာရေး ဆွေးနွေးပွဲတစ်ခုမှာ ခေါက်ဆွဲကို ရေနွေးထဲ ခဏ စိမ်ထားပြိး အဲ့ကထွက်တဲ့ အဆီတွေကိုပြ
တယ် .. အဲ့အဆီ တွေကေ၇နံရဲ့ ဘေးထွက် ပစ္စည်းတစ်ခု ဆိုပဲ..အဲ့တာက ကင်ဆာကိုဖြစ်စေတယ်တဲ့.... လက်တွေ့
မြင်လိုက်ရတော့စားချင်စိတ်ကိုပျောက်သွားတာပဲ... ဒါပေမဲ့ ဘယ်လိုစာရမလဲ ဆိုတာကိုလည်း အဲ့က သင်ပေးပါတယ်.
အရမ်းကြိုက်တဲ့သူတွေပေါ့နော် ခေါက်ဆွဲပြုတ် စားတော့မယ်ဆိုရင် ရေနွေးကို များများတည်ထားလိုက်ပါတဲ့ ပြီးရင်
တကယ်တမ်းခေါက်ဆွဲထည့်ပြုတ်တော့မယ်ဆိုမှ ခုနတည်ထားတဲ့ ရေနွေးကို အနည်းဆုံးသုံးခွက် ခွဲထည့်ပြီး ပထမ
တစ်ခွက်ကရေနွေးမှာခေါက်ဆွဲကို ခနစိမ်ပြီးအဆီနည်းနည်းထွက်လာပြီဆိုရင် ဆယ်ပြီး နောက်ရေနွေးတစ်ခွက်ထဲ
ပြောင်းလိုက်နော် အဲ့တစ်ခွက်မှာလည်းရှေ့နည်းတိုင်းပဲဆီထွက်လာရင်ဆယ်ပြီး နောက်ဆုံး ရေနွေးတစ်ခွက် ထဲ
ရောက်မှ ဟင်းခတ်မှုန့်တွေ ဘာတွေထည့်ပြီးစိတ်ရှိလက်ရှိပြုတ်စားနိုင်ပါပြီတဲ့ရှင်......
ကဲ ခေါက်ဆွဲပြုတ်ကြိုက်တဲ့ သယ်ရင်းတွေ အသက်ကိုဥာဏ်စောင့်တယ်တဲ့နော်....
ကြည့်သူဦးရေ: 370

ခါးမနာအောင် အိပ်စက်နည်းပုံစံ


http://api.ning.com/files/fGrmzKwApKbgHi*PtkiwIDyK9Z3NZrMosgbszHAL9v9PojIGc8EreBWKRqjTBHhUpH9gG0fbkaEkYZ7*cHpYbEWn3-DWa23*/2011111105.jpg
နံနက်အိပ်ရာထတိုင်း ခါးနာပြီး ကိုက်ခဲနေရင်၊ မွေ့ရာကလည်း အသစ်ဖြစ်နေရင် သင်အိပ်တဲ့ ပုံစံ အနေအထားကို ပြန်လည်ဆန်းစစ်ဖို့ လိုနေပါပြီလို့ Atlanta မှ ဒါရိုက်တာ စကော့က ဆိုပါတယ်။ ပက်လက်လှန်အိပ်တာက ခါးနဲ့ ကျောရိုးမကြီးကို သဘာဝမကျတဲ့ အနေအထားမျိုးဖြစ်စေပြီး ခါးကြွက်သား၊ အဆစ်နဲ့ အာရုံကြောတွေပေါ် ဒဏ်သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာက နိုးထတိုင်း ခါးမနာအောင် အောက်ပါအတိုင်းအိပ်ပါ။
၁။ ဘေးဘက်စောင်းအိပ်တဲ့အခါ ဒူးတွေကို သန္ဓေသားပုံစံမျိုး ကွေးထားရင် ခြေထောက်နှစ်ချောင်းကြား ခေါင်းအုံးထားပေးပါ။ ဒီအနေအထားဟာ ခါးအပေါ်ဝန်ပိစေမှု အနည်းဆုံးပါ။
၂။ ပက်လက်လှန်ပြီး မအိပ်ပါနဲ့။ ပက်လက်လှန်ပြီ အိပ်တာဟာ ကျောရိုးနဲ့ ခါးအပေါ် ဝန်ပိစေပါတယ်။ တကယ်လို့ ပက်လက်လှန်ပြီး အိပ်မက်ဆိုရင်လည်း ခါးအောက်ပိုင်းက အာရုံကြော (Sciatic Nerve) ပေါ်ကို ဖိအားလျော့ကျစေဖို့ ဒူးတွေအောက်မှာ ခေါင်းအုံးခုထားပါ။ အိပ်တဲ့အခါ မေးစေ့ကို ရှေ့ကိုငိုက်ကျမနေအောင် လည်ပင်းအောက်မှာ မွေးပွပဝါခေါက်ပြီး ထားပါ။
၃။ ဘယ်တော့မှ မှောက်မအိပ်ပါနဲ့။ မှောက်အိပ်တာက ကျောရိုးမကြီးရဲ့ အခြေက အခုံးအပေါ် ဝန်ပိစေနိုင်ပါတယ်။
Ref : Good Health

လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်


ရေဆာနေသလား၊ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက်လောက် သောက်ကြည့်လိုက်ပါ။ ရေငတ်ပြေစေရုံသာမက အောက်ပါအကျိုးကျေးဇူးတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။
၁။ ကိုယ်အလေးချိန် လျော့ကျစေခြင်း ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ အားကစားလုပ်ရင်း တခြားကယ်လိုရီတူ ဖျော်ရည်သောက်တာထက် လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း Multicentre လေ့လာမှုအသစ် တစ်ခုအရ သိရပါတယ်။
၂။ ကင်ဆာကို ကာကွယ်နိုင်ခြင်း ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တရုတ်အမျိုးသမီး ၆၉၂၈ ဦးကို လေ့လာမှုအရ သိရပါတယ်။
၃။ လေဖြတ်နိုင်ခြေ လျော့နည်းခြင်း တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် သုံးခွက်သောက်တာဟာ လေဖြတ်နိုင်ခြေကို ၂၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်လို့ UCLA လေ့လာမှုတွေက ဆိုပါတယ်။
၎။ သွားဖုံး ကျန်းမာစေခြင်း အမျိုးသား ၉၄၀ ဦးကို လေ့လာမှုအရ လက်ဖက်စိမ်းလက်ဖက်ရည် ပိုသောက်ဖြစ်လေလေ၊ သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ပိုလျော့နည်းလေလေဖြစ်ကြောင်း သိရပါတယ်။ Ref : Good Health
66 ယောက်ကြည့်သွားပါသည်။

သင့်လက်မှာ အရေးကြောင်းတွေ ရှိနေပြီလား


အမျိုးသမီးအများစုဟာ မျက်နှာရဲ့ အလှအပနဲ့ အသားအရေထိန်းသိမ်းစောင့်ရှောက်မှုကိုသာ ဂရုစိုက် လုပ်ဆောင်ကြပြီး လက်တွေကိုတော့ မေ့လျော့ထားတတ်ကြပါတယ်။ ဒါကြောင့် အသက်အရွယ်ရလာတဲ့အခါ မျက်နှာမှာ အရေးကြောင်းနည်းပြီး နုပျိုနေပေမယ့် လက်မှာတော့ အသားအရေတွန့်ပြီး အရေးကြောင်းတွေ ဖြစ်နေတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ အရေပြားထဲမှာရှိတဲ့ ကော်လာဂျင်နဲ့ အီလက်စတင် အမျှင်ဓာတ်တွေဟာ ထိခိုက်ပျက်စီးလာပါတယ်။ ဒီတစ်သျှူးတွေက အရေပြားရဲ့ တည်ဆောက်မှု၊ ကျန်းမာကြံ့ခိုင်မှုနဲ့ ကျုံ့နိုင်စွမ်းအားတွေကို ဖြစ်စေတာပါ။ ဒါ့ပြင် အသက်ကြီးလာတဲ့အခါ တစ်သျှူးတွေနဲ့ ဆဲလ်တွေရဲ့ အသစ်ဖြစ်ပေါ်တဲ့ ဖြစ်စဉ်ကလည်း နှေးလာ ပါတယ်။ ဒီအခါ အရေပြားထဲမှာရှိတဲ့ ဆဲလ်တွေဟာ အသစ်ဖြစ်ပေါ်ဖို့ အချိန်ပိုကြာလာပါတယ်။ လက်မှာ အရေးကြောင်း ဖြစ်တာက အများအားဖြင့် အရေပြားရဲ့ သဘာဝ၊ လက်ရဲ့ အရိုးတည်ဆောက်ပုံနဲ့ အိုမင်းရင့်ရော်တဲ့ ဖြစ်စဉ်ကြောင့် ဖြစ်လာတာပါ။ ပြင်ပအကြောင်းအချက်အနေနဲ့ အာဟာရချို့တဲ့ခြင်း၊ ရေဓာတ်မလုံလောက်ခြင်း၊ ခရမ်းလွန်ရောင်ခြည်နဲ့ လေ့ကျင့်ခန်းမလုပ်ခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်လက်မှာ အရေးကြောင်းတွေ မဖြစ်အောင် မှန်ကန်တဲ့ဘဝနေထိုင်မှုပုံစံ၊ သင့်တော်တဲ့ အာဟာရနဲ့ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု တွေနဲ့ ကြိုတင်ကာကွယ်ထားပါ။ အကယ်၍ သင့်လက်မှာ အရေးအကြောင်းတွေ ဖြစ်ပြီးနေရင်လည်း လျော့ပါးသက်သာအောင် အောက်ပါနည်းလမ်းတွေက ကူညီနိုင်ပါလိမ့်မယ်။
- လက်လိမ်းခရင် (Hand Cream) လိမ်းခြင်းဟာ အရေပြားကို ရေဓာတ်ဖြည့်ပေးနိုင်တဲ့အတွက် အရေးကြောင်းတွေကို လျော့ပါးသက်သာစေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ အပြင်မထွက်ခင် နေရောင်ကာလိမ်းဆေး ခရင်မ်တွေကို မျက်နှာမှာလိမ်းသလို လက်မှာလည်း လိမ်းပေးပါ။ နေရောင်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားကို ထိခိုက်စေပြီး အိုမင်းမှုဖြစ်စဉ်ကို အရှိန်မြန်စေနိုင်ပါတယ်။ သင့်အရေပြားကို နေရောင်နဲ့ ထိတွေ့မှုမှ ကာကွယ်ဖို့ နေကာလိမ်းဆေးတွေကို မှန်မှန်လိမ်းဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် နေရောင်ထိတွေ့မှုများတဲ့ လက်ခုံကို အဓိကလိမ်းပေးပါ။
- ရေဟာ သင့်ကျန်းမာရေးအတွက်နဲ့ သင့်အရေပြားပျော့ပျောင်းနူးညံ့ဖို့အတွက် အရေးကြီးပါတယ်။ သင့်အရေပြား ရေဓာတ်ပြည့်ဝနေမှသာ ချောမွေ့လှပ ပျော့ပျောင်းပြီး အရေးကြောင်းတွေလျော့ပါးသွားမှာပါ။ ဒါကြောင့် နေ့စဉ်ရေများများသောက်ပါ။ - သင့်အရေပြား လှပမှုအတွက်ရော၊ သင့်ကျန်းမာရေးအတွက်ပါ မျှတတဲ့အစာအဟာရတွေကို စားသောက်ပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာတွေဟာ သဘာဝအလှကို ကာကွယ်စောင့်ရှောက်ပေးပြီး အိုမင်းမှုဖြစ်စဉ်ကို နှေးစေပါတယ်။ အရေပြားအတွက် အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ကေတွေပါဝင်တဲ့ အစားအစာတွေကို စားပေးရင် သဘာဝအတိုင်း အသားအရေလှပစေနိုင်ပါတယ်။
- အဝတ်လျှော်တာ၊ ပန်းကန်ဆေးတာလိုမျိုး အိမ်အလုပ်တွေလုပ်တဲ့အခါ လက်အိတ်ဝတ်ပြီးလုပ်ပါ။ ဆပ်ပြာနဲ့ ချွတ်ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ သင့်အရေပြားကို ခြောက်သွေ့စေပြီး အရေးကြောင်းတွေကို ဖြစ်စေနိုင်ပါတယ်။ - လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းဟာ သင့်အရေပြားကို ကျစ်လျစ်စေပါတယ်။
- အရေးပြားအပေါ်ယံကို ခွာချွတ်ပေးတဲ့ Hand Peel တွေဟာလည်း လက်မှ အရေးကြောင်းတွေကို ဖယ်ရှားရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ လက်မှာ Chemical Peel ကို လိမ်းလိုက်တဲ့အခါ အရေပြားဟာ ခြောက်သွေ့ပြီး ကွာကျသွားပါမယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ အရေပြားအသစ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရေပြားအထူးကုဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ Chemical Peel တွေကို သုံးသင့်ပါတယ်။
Ref : Good Health