Powered By Blogger

Monday, 22 October 2012

***** ဆိုင်ရာ ဆိုင်ရာကျွမ်းကျင်ပါ *****


***** ဆိုင်ရာ ဆိုင်ရာကျွမ်းကျင်ပါ *****
Jeepkan2kgmalay.jpg
Jeepkan2kgmalay.jpg
9K   View   Sha
*** မင်းဆရာ၊ ပုရောဟိတ်သည်-

--- ဝေဒကျမ်းစာပေများကို တစ်ဖတ်ကမ်းခတ် တတ်မြောက်ရမည်။ ။
--- ဂါထာမန္တာ အမျိုးမျိုးကို မန်းမှုတ်ရွတ်ဆို နိုင်ရမည်။ ။
--- အရေးအကြောင်းရှိက ခြင်္သေ့မင်းကဲ့သို့ ရဲရင့်စွာ ပြောဆိုနိုင်ရမည်။ ။

*** တရားသူကြီးသည်-

--- ဆွေဂုဏ်မျိုးဂုဏ်နှင့် ကိုယ်ကျင့်သီလ ပြည့်စုံရမည်။ ။
--- ကျမ်းဂန်ဓမ္မသတ် တို့ကို ကျွမ်းကျင်နားလည်ရမည်။ ။
--- လက်အောက် အမှုထမ်းများကို သင့်လျှော်သလို ညွှန်ကြားနိုင်ရမည်။ ။

*** သမားတော်ကြီးသည်-

--- ဆေးနည်းအမျိုးမျိုး၊ ကုသနည်း အဖုံဖုံ ကုံလုံတတ်မြောက်ရမည်။ ။
--- လူမှုဆက်ဆံရေးတွင် ချိုသာ၍ ချစ်ဖွယ်သော စကားကိုပြောဆို တတ်ရမည်။ ။
--- အကျင့်သီလ ပြည့်စုံရမည်။ ။

*** စာရေးကြီးသည်-

--- တကြိမ်တခါ ကြားရုံဖြင့် ကောင်းမွန်စွာမှတ်သားနိုင်ရမည်။ ။
--- လက်ရေးလျှင်မြန်ကောင်းမွန်ရမည်။ ။
--- အက္ခရာ ပီသထင်ရှားစွာရေးနိုင်ရမည်။ ။
--- အကြားအမြင် ဗဟုသုတများရမည်။ ။

*** စစ်သူကြီးသည်-

--- သူရသတ္တိ နှင့် ပြည့်စုံရမည်။ ။
--- ခွန်အားဗလနှင့်  ပြည့်စုံ၇မည်။ ။
--- ဆင်စီးမြင်စီး ကျွမ်းကျင်ရမည်။ ။
--- နီတိကျမ်းများကို တတ်ကျွမ်းရမည်။ ။

*** သံတမန်တို့သည်-

--- ပညာရှိရမည်။ ။
--- သုံးသပ်ဆင်ခြင် ထိုးထွင်းဥာဏ် ရှိရမည်။ ။
--- စကားအပြောအဆို လိမ္မာ၍ ဖြောင့်မတ်သော သစ္စာစကားကို ပြောဆိုနိုင်ရမည်။ ။
--- လူကဲခတ်တော်ပြီး သမာဓိရှိကာ သည်းခံနိုင်ရမည်။ ။


*** စားတော်ကဲသည်-

--- ချက်နည်းပြုတ်နည်း မျိုးစုံတတ်ကျွမ်းပြီး အရသာနှင့် ပြည့်စုံအောင် ချက်ပြုတ် ကြော်လှော်တတ်ရမည်။ ။
---ရဲစွမ်းသတ္တိ နှင့် ပြည့်စုံ၍ ကျန်းမာသန်စွမ်းရမည်။ ။
---သားသမီး ၊မြေးမြစ်တို့အပေါ်နှင့်ငယ်သားအပေါ် ကြင်နာသနားစိတ်ရှိရမည်။ ။

*** တံခါးမှူးသည်-

--- လူကဲခတ်ကျွမ်းကျင် လိမ္မာရမည်။ ။
--- ခွန်အားဗလပြည့်စုံပြီး ရုပ်ဆင်းအဂါင်္ပြည့်စုံမှုရှိရမည်။ ။
--- အမြင်၊ အကြားတို့မှာ အမြဲသတိရှိပြီး ယဉ်ကျေးချိုသာစွာ၊ ပြောဆိုဆက်ဆံတတ်ရမည်။ ။

XDXDXDXDXDXDXD ထို့အတူ စာရေးဆရာတစ်ယောက်သည်လည်း မိမိရေးသောစာများကို
စာဖတ်သူ မျက်နှာမှမခွာ ချင်အောင်စွဲဆောင်နိုင်သော စာပေမျိုးရေးနိုင်သော အရည်အချင်း ရှိရပေမည်။ ။
---


ngelay.jpgngelay.jpg
8K   View   Share   Download  

ရောဂါ ရမှန်းတော့သိတယ် ဒါပေမဲ့ ဒီခေါက်ဆွဲပြုတ်တွေ သိပ်ကြိုက်နေတော့ဘယ်လိုလုပ်ရမလဲ.......


ရောဂါ ရမှန်းတော့သိတယ် ဒါပေမဲ့ ဒီခေါက်ဆွဲပြုတ်တွေ သိပ်ကြိုက်နေတော့ဘယ်လိုလုပ်ရမလဲ........

လူကြိုက်များတဲ့ အသင့်စားခေါက်ဆွဲထုတ် တွေက သိပ်ေ၇ာဂါရတယ် ဆိုတာ သူသူငါငါ အားလုံးကြားဖူးကြပါတယ်လေ.
ဒါပေမဲ့ အဲ့ဒီ့ ခေါက်ဆွဲပြုတ် တွေက သိပ်စားကောင်း နေတော့ ရောဂါရတယ်ဆိုတာကိုမေ့ထားပစ်လိုက်တယ်။ သေနေ့
စေ့ရင်သေမှာပဲဆိုပြီးတော့လေ။ တစ်ခါတုံးကတော့ သူငယ်ချင်းတစ်ယောက်ဆီကနေကြားရတာ ခေါက်ဆွဲ ချဉ်စပ် ကို
မနက်တစ်ထုပ် ညတစ်ထုပ်6 လတိတိ သောက်ရင် သေတတ်တယ်ဆိုပဲ... ဒါပေမဲ့ အဲ့တာလည်း သိပ်ဂရုမစိုက်ပါဘူးးးး။
နောက်တော့ကျန်းမာရေး ဆွေးနွေးပွဲတစ်ခုမှာ ခေါက်ဆွဲကို ရေနွေးထဲ ခဏ စိမ်ထားပြိး အဲ့ကထွက်တဲ့ အဆီတွေကိုပြ
တယ် .. အဲ့အဆီ တွေကေ၇နံရဲ့ ဘေးထွက် ပစ္စည်းတစ်ခု ဆိုပဲ..အဲ့တာက ကင်ဆာကိုဖြစ်စေတယ်တဲ့.... လက်တွေ့
မြင်လိုက်ရတော့စားချင်စိတ်ကိုပျောက်သွားတာပဲ... ဒါပေမဲ့ ဘယ်လိုစာရမလဲ ဆိုတာကိုလည်း အဲ့က သင်ပေးပါတယ်.
အရမ်းကြိုက်တဲ့သူတွေပေါ့နော် ခေါက်ဆွဲပြုတ် စားတော့မယ်ဆိုရင် ရေနွေးကို များများတည်ထားလိုက်ပါတဲ့ ပြီးရင်
တကယ်တမ်းခေါက်ဆွဲထည့်ပြုတ်တော့မယ်ဆိုမှ ခုနတည်ထားတဲ့ ရေနွေးကို အနည်းဆုံးသုံးခွက် ခွဲထည့်ပြီး ပထမ
တစ်ခွက်ကရေနွေးမှာခေါက်ဆွဲကို ခနစိမ်ပြီးအဆီနည်းနည်းထွက်လာပြီဆိုရင် ဆယ်ပြီး နောက်ရေနွေးတစ်ခွက်ထဲ
ပြောင်းလိုက်နော် အဲ့တစ်ခွက်မှာလည်းရှေ့နည်းတိုင်းပဲဆီထွက်လာရင်ဆယ်ပြီး နောက်ဆုံး ရေနွေးတစ်ခွက် ထဲ
ရောက်မှ ဟင်းခတ်မှုန့်တွေ ဘာတွေထည့်ပြီးစိတ်ရှိလက်ရှိပြုတ်စားနိုင်ပါပြီတဲ့ရှင်......
ကဲ ခေါက်ဆွဲပြုတ်ကြိုက်တဲ့ သယ်ရင်းတွေ အသက်ကိုဥာဏ်စောင့်တယ်တဲ့နော်....
ကြည့်သူဦးရေ: 370

ခါးမနာအောင် အိပ်စက်နည်းပုံစံ


http://api.ning.com/files/fGrmzKwApKbgHi*PtkiwIDyK9Z3NZrMosgbszHAL9v9PojIGc8EreBWKRqjTBHhUpH9gG0fbkaEkYZ7*cHpYbEWn3-DWa23*/2011111105.jpg
နံနက်အိပ်ရာထတိုင်း ခါးနာပြီး ကိုက်ခဲနေရင်၊ မွေ့ရာကလည်း အသစ်ဖြစ်နေရင် သင်အိပ်တဲ့ ပုံစံ အနေအထားကို ပြန်လည်ဆန်းစစ်ဖို့ လိုနေပါပြီလို့ Atlanta မှ ဒါရိုက်တာ စကော့က ဆိုပါတယ်။ ပက်လက်လှန်အိပ်တာက ခါးနဲ့ ကျောရိုးမကြီးကို သဘာဝမကျတဲ့ အနေအထားမျိုးဖြစ်စေပြီး ခါးကြွက်သား၊ အဆစ်နဲ့ အာရုံကြောတွေပေါ် ဒဏ်သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာက နိုးထတိုင်း ခါးမနာအောင် အောက်ပါအတိုင်းအိပ်ပါ။
၁။ ဘေးဘက်စောင်းအိပ်တဲ့အခါ ဒူးတွေကို သန္ဓေသားပုံစံမျိုး ကွေးထားရင် ခြေထောက်နှစ်ချောင်းကြား ခေါင်းအုံးထားပေးပါ။ ဒီအနေအထားဟာ ခါးအပေါ်ဝန်ပိစေမှု အနည်းဆုံးပါ။
၂။ ပက်လက်လှန်ပြီး မအိပ်ပါနဲ့။ ပက်လက်လှန်ပြီ အိပ်တာဟာ ကျောရိုးနဲ့ ခါးအပေါ် ဝန်ပိစေပါတယ်။ တကယ်လို့ ပက်လက်လှန်ပြီး အိပ်မက်ဆိုရင်လည်း ခါးအောက်ပိုင်းက အာရုံကြော (Sciatic Nerve) ပေါ်ကို ဖိအားလျော့ကျစေဖို့ ဒူးတွေအောက်မှာ ခေါင်းအုံးခုထားပါ။ အိပ်တဲ့အခါ မေးစေ့ကို ရှေ့ကိုငိုက်ကျမနေအောင် လည်ပင်းအောက်မှာ မွေးပွပဝါခေါက်ပြီး ထားပါ။
၃။ ဘယ်တော့မှ မှောက်မအိပ်ပါနဲ့။ မှောက်အိပ်တာက ကျောရိုးမကြီးရဲ့ အခြေက အခုံးအပေါ် ဝန်ပိစေနိုင်ပါတယ်။
Ref : Good Health

လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်


ရဆာနေသလား၊ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက်လောက် သောက်ကြည့်လိုက်ပါ။ ရေငတ်ပြေစေရုံသာမက အောက်ပါအကျိုးကျေးဇူးတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။
၁။ ကိုယ်အလေးချိန် လျော့ကျစေခြင်း ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ အားကစားလုပ်ရင်း တခြားကယ်လိုရီတူ ဖျော်ရည်သောက်တာထက် လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း Multicentre လေ့လာမှုအသစ် တစ်ခုအရ သိရပါတယ်။
၂။ ကင်ဆာကို ကာကွယ်နိုင်ခြင်း ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တရုတ်အမျိုးသမီး ၆၉၂၈ ဦးကို လေ့လာမှုအရ သိရပါတယ်။
၃။ လေဖြတ်နိုင်ခြေ လျော့နည်းခြင်း တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် သုံးခွက်သောက်တာဟာ လေဖြတ်နိုင်ခြေကို ၂၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်လို့ UCLA လေ့လာမှုတွေက ဆိုပါတယ်။
၎။ သွားဖုံး ကျန်းမာစေခြင်း အမျိုးသား ၉၄၀ ဦးကို လေ့လာမှုအရ လက်ဖက်စိမ်းလက်ဖက်ရည် ပိုသောက်ဖြစ်လေလေ၊ သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ပိုလျော့နည်းလေလေဖြစ်ကြောင်း သိရပါတယ်။ Ref : Good Health
66 ယောက်ကြည့်သွားပါသည်။

သင့်လက်မှာ အရေးကြောင်းတွေ ရှိနေပြီလား


အမျိုးသမီးအများစုဟာ မျက်နှာရဲ့ အလှအပနဲ့ အသားအရေထိန်းသိမ်းစောင့်ရှောက်မှုကိုသာ ဂရုစိုက် လုပ်ဆောင်ကြပြီး လက်တွေကိုတော့ မေ့လျော့ထားတတ်ကြပါတယ်။ ဒါကြောင့် အသက်အရွယ်ရလာတဲ့အခါ မျက်နှာမှာ အရေးကြောင်းနည်းပြီး နုပျိုနေပေမယ့် လက်မှာတော့ အသားအရေတွန့်ပြီး အရေးကြောင်းတွေ ဖြစ်နေတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ အရေပြားထဲမှာရှိတဲ့ ကော်လာဂျင်နဲ့ အီလက်စတင် အမျှင်ဓာတ်တွေဟာ ထိခိုက်ပျက်စီးလာပါတယ်။ ဒီတစ်သျှူးတွေက အရေပြားရဲ့ တည်ဆောက်မှု၊ ကျန်းမာကြံ့ခိုင်မှုနဲ့ ကျုံ့နိုင်စွမ်းအားတွေကို ဖြစ်စေတာပါ။ ဒါ့ပြင် အသက်ကြီးလာတဲ့အခါ တစ်သျှူးတွေနဲ့ ဆဲလ်တွေရဲ့ အသစ်ဖြစ်ပေါ်တဲ့ ဖြစ်စဉ်ကလည်း နှေးလာ ပါတယ်။ ဒီအခါ အရေပြားထဲမှာရှိတဲ့ ဆဲလ်တွေဟာ အသစ်ဖြစ်ပေါ်ဖို့ အချိန်ပိုကြာလာပါတယ်။ လက်မှာ အရေးကြောင်း ဖြစ်တာက အများအားဖြင့် အရေပြားရဲ့ သဘာဝ၊ လက်ရဲ့ အရိုးတည်ဆောက်ပုံနဲ့ အိုမင်းရင့်ရော်တဲ့ ဖြစ်စဉ်ကြောင့် ဖြစ်လာတာပါ။ ပြင်ပအကြောင်းအချက်အနေနဲ့ အာဟာရချို့တဲ့ခြင်း၊ ရေဓာတ်မလုံလောက်ခြင်း၊ ခရမ်းလွန်ရောင်ခြည်နဲ့ လေ့ကျင့်ခန်းမလုပ်ခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်လက်မှာ အရေးကြောင်းတွေ မဖြစ်အောင် မှန်ကန်တဲ့ဘဝနေထိုင်မှုပုံစံ၊ သင့်တော်တဲ့ အာဟာရနဲ့ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု တွေနဲ့ ကြိုတင်ကာကွယ်ထားပါ။ အကယ်၍ သင့်လက်မှာ အရေးအကြောင်းတွေ ဖြစ်ပြီးနေရင်လည်း လျော့ပါးသက်သာအောင် အောက်ပါနည်းလမ်းတွေက ကူညီနိုင်ပါလိမ့်မယ်။
- လက်လိမ်းခရင် (Hand Cream) လိမ်းခြင်းဟာ အရေပြားကို ရေဓာတ်ဖြည့်ပေးနိုင်တဲ့အတွက် အရေးကြောင်းတွေကို လျော့ပါးသက်သာစေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ အပြင်မထွက်ခင် နေရောင်ကာလိမ်းဆေး ခရင်မ်တွေကို မျက်နှာမှာလိမ်းသလို လက်မှာလည်း လိမ်းပေးပါ။ နေရောင်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားကို ထိခိုက်စေပြီး အိုမင်းမှုဖြစ်စဉ်ကို အရှိန်မြန်စေနိုင်ပါတယ်။ သင့်အရေပြားကို နေရောင်နဲ့ ထိတွေ့မှုမှ ကာကွယ်ဖို့ နေကာလိမ်းဆေးတွေကို မှန်မှန်လိမ်းဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် နေရောင်ထိတွေ့မှုများတဲ့ လက်ခုံကို အဓိကလိမ်းပေးပါ။
- ရေဟာ သင့်ကျန်းမာရေးအတွက်နဲ့ သင့်အရေပြားပျော့ပျောင်းနူးညံ့ဖို့အတွက် အရေးကြီးပါတယ်။ သင့်အရေပြား ရေဓာတ်ပြည့်ဝနေမှသာ ချောမွေ့လှပ ပျော့ပျောင်းပြီး အရေးကြောင်းတွေလျော့ပါးသွားမှာပါ။ ဒါကြောင့် နေ့စဉ်ရေများများသောက်ပါ။ - သင့်အရေပြား လှပမှုအတွက်ရော၊ သင့်ကျန်းမာရေးအတွက်ပါ မျှတတဲ့အစာအဟာရတွေကို စားသောက်ပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာတွေဟာ သဘာဝအလှကို ကာကွယ်စောင့်ရှောက်ပေးပြီး အိုမင်းမှုဖြစ်စဉ်ကို နှေးစေပါတယ်။ အရေပြားအတွက် အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ကေတွေပါဝင်တဲ့ အစားအစာတွေကို စားပေးရင် သဘာဝအတိုင်း အသားအရေလှပစေနိုင်ပါတယ်။
- အဝတ်လျှော်တာ၊ ပန်းကန်ဆေးတာလိုမျိုး အိမ်အလုပ်တွေလုပ်တဲ့အခါ လက်အိတ်ဝတ်ပြီးလုပ်ပါ။ ဆပ်ပြာနဲ့ ချွတ်ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ သင့်အရေပြားကို ခြောက်သွေ့စေပြီး အရေးကြောင်းတွေကို ဖြစ်စေနိုင်ပါတယ်။ - လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းဟာ သင့်အရေပြားကို ကျစ်လျစ်စေပါတယ်။
- အရေးပြားအပေါ်ယံကို ခွာချွတ်ပေးတဲ့ Hand Peel တွေဟာလည်း လက်မှ အရေးကြောင်းတွေကို ဖယ်ရှားရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ လက်မှာ Chemical Peel ကို လိမ်းလိုက်တဲ့အခါ အရေပြားဟာ ခြောက်သွေ့ပြီး ကွာကျသွားပါမယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ အရေပြားအသစ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရေပြားအထူးကုဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ Chemical Peel တွေကို သုံးသင့်ပါတယ်။
Ref : Good Health

သဘာဝ နည်းနဲ့ ဆားဝက်ခြံ ကင်းဝေးစေမယ်


ဆားဝက်ခြံအတွက် သဘာဝ နည်းလမ်းကောင်းများ
by NANG KHA YEA on 23.10.2012
 
 ဒီဆောင်းပါးလေးမှာတော့ ဆားဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေနိုင်တဲ့ ရိုးရှင်း လွယ်ကူတဲ့ သဘာဝနည်းလမ်း လေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။


မုန်လာဥနီကိုအနှစ်ဖြစ်အောင်ကျိတ်ပြီးမျက်နှာမှာလူးပါ။ဆားဝက်ခြံတွေသိသိသာသာ ပျောက်ကင်းသွားတာ

တွေ့ရမှာ ဖြစ်ပါတယ်။

လိမ္မော်သီးအခွံကို ကျိတ်ပြီး ရေနဲ့ပျစ်ပျစ်လေး ရောမွှေ ပေးပါ။ ဆားဝက်ခြံရှိတဲ့ နေရာတွေကို သုတ်လိမ်းပြီး တစ်ည ထားလိုက်ပါ။ ပျောက်ကင်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
 
ပူဒီနာရွက် အရည်နဲ့ နနွင်းမှုန်ကို ရောပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေကို လိမ်းပေးပါ။ မိနစ် ၃ဝ လောက် ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ 


ဆားဝက်ခြံရှိတဲ့ နေရာမှာ သွားတိုက်ဆေး သုတ်လိမ်းပြီး ခြောက်သွားတဲ့အခါ ခွာချလိုက်ရင်လည်း ဆားဝက်ခြံတွေ ပျောက်ကင်း သွားမှာဖြစ်ပါတယ်။


ရှားဇောင်းလက်ပတ် အစေးကလည်း ဆားဝက်ခြံကို သက်သာစေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့စေပြီး ဆားဝက်ခြံကို လျှင်မြန်စွာ ပျောက်ကင်း စေနိုင်ပါတယ်။

ကြက်ဥ အကာကို ကြေညက် အောင်ခေါက်၊ ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းလောက်နဲ့ သမအောင် မွှေပေးပါ။ မျက်နှာပေါ်လိမ်းပြီး နာရီဝက် လောက်ကြာမှ ရေနွေးနွေးလေးနဲ့ မျက်နှာ သစ်လိုက်ပါ။


 ခရမ်းချဉ်သီးကို ပျစ်သွားတဲ့အထိ ကြိတ်ချေပြီး ဆားဝက်ခြံ ရှိတဲ့နေရာပေါ်မှာ ၁၅ -၂၀ မိနစ်ခန့်ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးပေးရပါမယ်။ ပြီးရင် ဒီတိုင်းပဲထားနော်။ Moisturizer ကို ချက်ချင်းမလိမ်းရဘူး။

ပျားရည်ကိုရေနွေးနွေးဖြစ်အောင်အပူပေးပြီးဆားဝက်ခြံရှိတဲ့နေရာမှာ ၁၅-၂၀
မိနစ်ခန့်ထားပြီး ရေနွေးလေး နဲ့ ဆေးချပါ။ ဒီနည်းလေးဟာ လူသုံးများပြီးအလွန်ထိရောက်မှုရှိပါတယ်။

မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနှင့် ဆတူရောစပ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်တင်ပြီး မိနစ်အနည်းငယ် ညင်သာစွာ ပွတ်ပေးပါ။ ထို့နောက် ရေနွေးလေးနဲ့ ဆေးချပါ။

အမြှပ်ထအောင် ခေါက်ထားတဲ့ ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့နေရာတွေပေါ်မှာ လိမ်းလိုက်ပြီး အပေါ်ကတစ်ရှုးလေးကပ်လိုက်ပါ။နာရီဝက်ဒါမှမဟုတ်ခြောက်သွားတဲ့အခါဖြေးဖြေးလေးဆွဲခွာပြီး
ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ရင် ပြီ။

ခုပြောပြတဲ့နည်းလေးတွေကို ပုံမှန်လေးသာလုပ်သွားရင် နောက်ဆိုရင် ဆားဝက်ခြံက ဘယ်လိုလဲဆိုတာမေ့သွားမယ်နော်
အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။    ။ ။
popo
23.10.2012

Thursday, 18 October 2012

ခရမ်းချဉ်သီးစားသုံးခြင်းရဲအကျိုးကျေးဇူး


ခရမ်းချဉ်သီးစားသုံးခြင်းရဲအကျိုးကျေးဇူး

by NANG KHA YEA on 18.10.2012

 

ခရမ်းချဉ်သီးစားသုံးခြင်းရဲအကျိုးကျေးဇူးကိုပြန်လည်မျှဝေပေးချင်ပါတယ်

ကျန်းမာရေးရာ

ခရမ်းချဉ်သီးကို ဆေးလိပ်သောက်တဲ့သူတွေ အမြဲစားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးဟာ ဆေးလိပ်ကြောင့် ဖြစ်ရတဲ့ ကိုယ်တွင်းဆုံးရှုံးမှုများ၊ ဘေးဘယာများကို နည်းပါးပျောက်ကင်းအောင် စွမ်းဆောင်ပေးပါတယ်။ ခရမ်းချဉ်သီးထဲက ခလိုရိုဂျင်နင် (Chrologenic) နဲ့ ကူမာအစ် (Coumaric) အက်ဆစ်ဟာ အဆုတ်ကို ထိခိုက်ပျက်စီးမယ့် ဘေးကနေ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ခရမ်းချဉ်သီးမှာ ခရိုမီယမ် သတ္တုဓာတ်တွေ အများအပြား ပါဝင်တာမို့ ဆီးချို မဖြစ်အောင် ထိန်းညှိပေးပါတယ်။ ခရမ်းချဉ်သီးထဲက ဗီတာမင်အေဓာတ်ကြောင့် မျက်လုံးအမြင်အာရုံကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ မျက်လုံးအရောင် မကြည်တာကအစ ညဘက်အမြင် အာရုံအားနည်းတာတွေကိုပါ ပိုပြီး တိုးတက် ကောင်းမွန်လာစေပါတယ်။

ခရမ်းချဉ်သီးထဲက ဗီတာမင်ဘီနဲ့ ပိုတက်စီယမ်ဓာတ်ဟာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရော အနေအထားကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် နှလုံးရုတ်တရက်လေရိုက်ခြင်း၊ လေဖြတ်ခြင်းများ ကိုလည်း ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဟာ ကင်ဆာရောဂါ အတော်များများကို နှိမ်နှင်းနိုင်စွမ်း ရှိပါတယ်။

လေ့လာတွေ့ရှိချက် ၇၂ ခုအရ ခရမ်းချဉ်သီးကို အစိမ်းလိုက်၊ ချက်ပြုတ်ပြီးစားတဲ့သူရော၊ ခရမ်းချဉ်သီးနဲ့ ပြုလုပ်ထားတဲ့စားသောက်ကုန်များကို စားသုံးတဲ့သူတွေဟာ ကင်ဆာ ရောဂါတွေနဲ့ ပတ်သက်ပြီး အတော်လေးကို နှိမ်နှင်းကာကွယ်နိုင်စွမ်းရှိကြတာကို တွေ့ရှိရပါတယ်။ အဲဒီ့ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အစွမ်းဟာ ခရမ်းချဉ်သီးထဲက Lycopene ဓာတ်ပေါ်မူတည်နေပါတယ်။ အဲဒီ့ဓာတ်ဟာ ခရမ်းချဉ်သီးကို နီရဲအောင် လုပ်ပေးတဲ့ဓာတ်ပဲဖြစ်ပါတယ်။

အစာအိမ်ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးကို အစိမ်းထက်ချက်ပြုတ်ပြီး စားသုံးတာဟာ Lycopene ဓာတ်တွေ ပိုပြီး ထုတ်လုပ်ပေးတာကို တွေ့ရှိရပါတယ်။ လိုင်ကိုပိန်းဟာ ကင်ဆာရောဂါတွေကို သာမက အရည်ပြားအတွက် အန္တရာယ်ရှိစေတဲ့ရောင်ခြည်တွေကိုလည်း ကာကွယ်ပေးထားပါတယ်။ နောက်ပြီး ယောက်ျားလေးမျိုးဆက် ပြန့်ပွားခြင်းကို အထောက်အပံ့ ပေးပါတယ်။ သိသိသာသာ အစွမ်းပြတဲ့အချက်ကတော့ အဆုတ်နဲ့ အစာအိမ်ဘေးကင်းကျန်းမာစေဖို့ ကောင်းကောင်း အထောက်အကူ ပြုပေးပါတယ်။
ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်. . . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်. .

* ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..

* ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.

* အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့ ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ် အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.

* တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်. . .

* ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.

* ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. .

ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .
 
တစ်ပတ် အတွင်း ခရမ်းချဉ်သီး ခုနစ်ကြိမ် စားသုံးသူ သည် ဆီးကျိတ် ကင်ဆာ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်း အထိ လျော့ချ စေနိုင်ပြီး ဆယ်ကြိမ်အထက်စား သူများဖြစ်ပါက ဆီးကျိတ်ကင်ဆာမှ လွတ် ကင်းနိုင်သည်ဟု သုတေသီတချို့က ဆိုသည်။ ခရမ်းချဉ်သီးတွင် ပေါပေါများများ ပါဝင်သည့် လိုင်ကော်ပင်းဓာတ် (Lycopene) သည် ကင်ဆာရောဂါများကို ကာကွယ်တိုက်ဖျက်ရာတွင် အားပြင်း သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant ဖြစ်သောကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကင်ဆာမကူးစက်အောင်နှင့် မပြောင်းလဲ မပျံ့နှံ့အောင်ကာကွယ်ပေး သည်ဟုဆိုသည်။ Antioxidant သည် အထူးသဖြင့် ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ သားအိမ်ကင်ဆာနှင့် ကင်ဆာ ဖြစ်မည့် အမြုတေများကို တားဆီးပယ် ဖျက်ပေးနိုင်သည်။
Lycopene ဓာတ်သည် Heart Attack နှလုံးရပ်ဆိုင်းခြင်းကို ကာကွယ် တားဆီးပေးနိုင်ပြီး အူမကြီးကင်ဆာနှင့် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်သည် ဟုဆိုကြသည်။Lutein နှင့် Zeaxanthin ဓာတ်များပါဝင်ခြင်းကြောင့် မျက်စိ အမြင်ကို ကောင်းမွန်ကြည်လင်စေနိုင် ကြောင်း သုတေသီများက ပြောသည်။ ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီဓာတ်၊ ဗီတာမင်စီ၊ မကောင်းသော LDL အဆီ ဓာတ်များကို ဖယ်ရှားပေးနိုင်သော HDL ကောင်းသောကိုလက်စထရောဓာတ်၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်တည်ဆောက် ရေးတွင် အရေးပါသော ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်၊ သွေးနီဥထုတ်ပေးရာ တွင် မရှိမဖြစ်လိုအပ်သော ဖိုလစ်အက် ဆစ်ဓာတ်က ကလေးငယ်များ ကြီးထွား ဖွံ့ဖြိုးစေရန် မီးယပ်သွေးဆုံးပြီး အမျိုးသမီး များ အရိုးပါးခြင်း၊ အရိုးဆက်ခြင်းမှ ကာ ကွယ်ပေးနိုင်သည့် ကယ်လ်ဆီယမ်ဓာတ်၊ အမျိုးသမီးများ အထူးလိုအပ်သည့် သံ ဓာတ်၊ သက်ကြီးရွယ်အိုနှင့် နှလုံးခုန်မမှန် သူများအတွက် လိုအပ်သည့် မဂ္ဂနီစီယမ် ဓာတ်များလည်း ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ခရမ်းချဉ်သီးကို အစိမ်း စားခြင်း၊ ချက်ပြုတ်စားခြင်း၊ ခရမ်းချဉ်သီး ဆော့စ်ပြုလုပ်စားခြင်းဖြင့် အာဟာရမျိုးစုံ ရရှိနိုင်မည်ဖြစ်သည်။               
ref>>>www.yoyarlay.com/(or)www.myanmarinternetforum.com/(or)//www.apytz.org/အမျိုးသားကောင်းblostspot
66 ယောက်ကြည့်သွားပါသည်။