Powered By Blogger

Thursday, 16 August 2012


If you think setting up dominoes takes talent, take a look at this...



ONE SNEEZE AND IT'S 'SCRAMBLED EGGS'. ...
Views: 3

အဖေများနေ့အတွက်အမှတ်တရလေးပါ။


အဖေများနေ့အတွက် အမှတ်တရလေး ပါ။ အားလုံး မိဘမေတ္တာရိပ်အောက်မှာ နွေးထွေးပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ နေ၀န်းနီနီ

Views: 3

Saturday, 21 July 2012

ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု


ဝက်ခြံထွက်သူများ အတွက် .......

ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု
ဝက်ခြံ ပေါက်တဲ့အခါ ဝက်ခြံပျောက် သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန်ရစ်တတ်ပါတယ်။ တစေးဟာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီးအရည်က အမည်းစက် နဲ့ အပြစ်အနာအဆာတွေကို သက်သာ စေပါတယ်။

ပါဝင်ပစ္စည်းများ
-ဘီယာချက်ရာတွင် သုံးတဲ့တစေး
-လီမွန်သီး အရည်၊
-ရေ

ပြုလုပ်နည်း
-ဘီယာချက်တဲ့အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီးအရည် တစ် စက်၊ ရေသင့်တင့်ရုံပမာဏနဲ့ ရောလိုက် ပါ။ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေပေါ် လိမ်းပြီး ၁၀ မိနစ်လောက်ထားပါ။


ပင်စိမ်းရွက် တိုနာ ......
ဒီနည်းဟာ ဝက်ခြံပေါက်လွယ်တဲ့ အရေပြားအတွက် အထူးသင့်တော်ပါ တယ်။ ပင်စိမ်းရွက်ဟာ ပိုးသတ်အာနိ သင်ရှိပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ အရေပြားဆီ သို့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပါတယ်။

ပါဝင်ပစ္စည်းများ
-ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊
-ရေနွေးတစ်ခွက်၊
ပြုလုပ်နည်း
-ခြောက်သွေ့တဲ့ ပင်စိမ်းရွက်တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေးတစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင်ထားပါ။ အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက် ဖျန်းပေးပါ။ မျက်နှာသန့်စင်ပြီးတိုင်း မျက် နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။
( အစဉ်ပြေ ပျောက်ကင်းပါစေဗျာ )
Photo: ဝက်ခြံထွက်သူများ အတွက် ....... ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု ဝက်ခြံ ပေါက်တဲ့အခါ ဝက်ခြံပျောက် သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန်ရစ်တတ်ပါတယ်။ တစေးဟာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီးအရည်က အမည်းစက် နဲ့ အပြစ်အနာအဆာတွေကို သက်သာ စေပါတယ်။ ပါဝင်ပစ္စည်းများ -ဘီယာချက်ရာတွင် သုံးတဲ့တစေး -လီမွန်သီး အရည်၊ -ရေ ပြုလုပ်နည်း -ဘီယာချက်တဲ့အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီးအရည် တစ် စက်၊ ရေသင့်တင့်ရုံပမာဏနဲ့ ရောလိုက် ပါ။ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေပေါ် လိမ်းပြီး ၁၀ မိနစ်လောက်ထားပါ။ ပင်စိမ်းရွက် တိုနာ ...... ဒီနည်းဟာ ဝက်ခြံပေါက်လွယ်တဲ့ အရေပြားအတွက် အထူးသင့်တော်ပါ တယ်။ ပင်စိမ်းရွက်ဟာ ပိုးသတ်အာနိ သင်ရှိပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ အရေပြားဆီ သို့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပါတယ်။ ပါဝင်ပစ္စည်းများ -ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊ -ရေနွေးတစ်ခွက်၊ ပြုလုပ်နည်း -ခြောက်သွေ့တဲ့ ပင်စိမ်းရွက်တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေးတစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင်ထားပါ။ အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက် ဖျန်းပေးပါ။ မျက်နှာသန့်စင်ပြီးတိုင်း မျက် နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။ ( အစဉ်ပြေ ပျောက်ကင်းပါစေဗျာ )
4

အသားအရေအမျိုးအစားအားလုံးအတွက် မျက်နှာပေါင်းတင်နည်းများ


သူငယ်ချင်းရဲ့ အသားအရေက ခြောက်သွေ့နေလား၊ အဆီပြန်နေလား၊ ပေါင်းစပ်အသားအရေလား၊ ဆဲလ်အသေတွေကြောင့် ညိုညစ်နေလား၊ ၀က်ခြံတွေနဲ့လား၊ အရေးအကြောင်းတွေပေါ်နေတဲ့အသားအရေလား?? စိတ်မပူပါနဲ့။ အားလုံးအတွက် ပေါင်းတင်နည်းကိုယ်စီရှိပါတယ်။ လုပ်ကြည့်ပါဦးနော်။

ခြောက်သွေ့တဲ့အသားအရေ
Avocado honey mask
ကြိတ်ချေထားတဲ့ထောပတ်သီးနဲ့ ပျားရည်လက်ဘက်ရည်ဇွန်း၂ဇွန်းစာစီရယ်၊ ကြက်ဥအနှစ်တစ်လုံးရယ်ကို သေချာရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးပါ။ မိနစ်၂၀ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ 


အဆီပြန်တဲ့အသားအရေ
Lemon Egg Mask
သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး အမြှပ်ထွက်အောင် ခေါက်ထားတဲ့ကြက်ဥအကာနဲ့ ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

Stawberry honey cream mask
အမှည့်လွန်နေတဲ့ အရွယ်တော်စတော်ဘယ်ရီသီး ၄လုံး၊ အစိုဓာတ်ထိန်းခရမ် (နှစ်သက်ရာ) လက်ဘက်ရည်ဇွန်း
၂ဇွန်း၊ ပျားရည်လက်ဘက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး မိနစ်၃၀ ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


ပေါင်းစပ်အသားအရေ
Cucumber Yogurt Mask
သခွားသီး အရွယ်တော်တစ်ခြမ်းကို ကြိတ်စက်နဲ့ ကြိတ်ပြီး ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သေချာရောမွှေပေးပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး မိနစ်၃၀ ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


ဆဲလ်သေတွေနဲ့ ညိုညစ်နေတဲ့အသားအရေ
Papaya Mask
သဘောင်္သီးတစ်လုံးကို အခွံခွာပြီး အစေ့တွေကို ဖယ်ထားပါ။ အသားကို ကြိတ်စက်ထဲထည့်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာအနှံ့လိမ်း လိုက်ပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


ဝက်ခြံရှိတဲ့အသားအရေ
Apple Honey Mask
အရွယ်တော်ပန်းသီးတစ်လုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို ပျားရည်စားပွဲတင်ဇွန်း ၅ ဇွန်းနဲ့ ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၀ မိနစ်ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


အရေးအကြောင်းရှိတဲ့အသားအရေ
Banana Mask
ငှက်ပျောသီးတစ်လုံးရဲ့လေးပုံ၁ပုံကို ချေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ၂၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


Helpful Hints

- သစ်သီးတွေဟာ အသားရေအတွက် အကောင်းဆုံးအရာတွေပါ။ အသားအရေကို ၀င်းလက်စိုပြေစေပြီး နုပျိုလန်းဆန်းစေတဲ့ သဘာဝရဲ့လက်ဆောင်တွေပါ။ 

- ပေါင်းတင်ပြီးတိုင်းမှာ အစိုဓာတ်ထိန်းခရမ်တစ်ခုခုလိမ်းပေးရင် အသားအရေပိုမိုနူးညံ့ချောမွတ်စေပြီး ပေါင်းဆေးရဲ့အာနိသင်လည်း ပိုထိရောက်ပါတယ်။

- ပေါင်းတင်တဲ့အချိန်မှာဖြစ်ဖြစ်၊ မျက်နှာပေါ်မှာတစ်ခုခုလိမ်းနေတဲ့အချိန်မှာဖြစ်ဖြစ် အားနဲ့ပွတ်လိမ်းတာမျိုး မလုပ်ပါနဲ့။ အရေပြားဆဲလ်လေးတွေပျက်စီးပြီး စပ်ဖျဉ်းဖျဉ်းလေး ဖြစ်လာနိုင်ပါတယ်။

- တစ်ပါတ်တစ်ကြိမ် ပုံမှန်လုပ်ပေးသွားရင် အသားအရေပြဿနာတွေ တဖြည်းဖြည်းနဲလာပြီး ဇရာကိုလည်း နှေးစေပါတယ်။

- ပေါင်းတင်ပြီးအသားအရေက အရမ်းကိုနုပြီး နေလောင်ဒဏ်ကို ပိုခံရနိုင်လို့ ၁ ရက်လောက် နေပူဒဏ်က ပိုပြီးသေချာကာကွယ်သင့်ပါတယ်။ကဲ သူငယ်ချင်းတို့ ဘယ်အသားအရေရှိရှိ စိတ်ပူစရာမလိုတော့ဘူးနော်…
193 ယောက်ကြည့်သွားပါသည်။
ခေါင်းစဉ်ခွဲ : ကျန်းမာရေးဗဟုသုတမျှဝေ

Monday, 2 July 2012


.ယောက်က်ျားလေးများအားသတိပေးချက်

(၁၀)ချက်



၁။ အရမ်းတော်တဲ့မိန်းကလေးဆိုရင် အရမ်းမချောဘူး၊ ချောပြန်တော့လည်း
မတော်ပြန်ဘူး၊ ချောလည်းချော တော်လည်းတော်ပြန်တော့
သူရဲ့အကျင့်ကသင့်ကိုစိတ်ကုန်စေတယ်။ မိန်းကလေးတွေလည်း
ယောက်ျားလေးတွေလိုပါဘဲ ပြည့်စုံတဲ့သူဆိုတာ ဘယ်ရှိပါ့မလဲ။

၂။ မိန်းကလေးတွေက ယောက်ျားလေးတစ်ယောက်က ကိုယ့်ကိုချစ်တယ်မချစ်ဘူး ဆိုတာ
ဘယ်သိပါ့မလဲ။ ဘယ်လိုပဲပြောပြောနတ်သမီးမဟုတ်ဘူး မိန်းကလေးကမိန်းကလေးပါပဲ
ဘယ်လိုသိနိုင်မလဲ။

၃။ သူချွဲနွှဲ့ပြောရင် လျစ်လျှူရှူထားမယ်ဆိုရင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်။

၎။ သူရဲ့နူးညံ့သိမ်မွေ့တဲ့အချက်လေးတွေကို ဖော်ထုတ်ပြီး အရေးပေးပါ။

၅။ အင်္ကျီသစ်ဝတ်ချိန်မှာ၊ သင့်လျော်သလိုမြောက်ပြောပေးပါ။ မလုံ့တလုံတွေ
ဝတ်ရင်လည်း ဒါမ၀တ်ရဘူးဆိုပြီး အတင်းမပြောပါနဲ့ ဒီအင်္ကျီငါ့အရှေ့မှာပဲ
ဝတ်ရမယ်လို့ပြောရင် မိန်းကလေးတွေ နားလည်ပါတယ်။

၆။ မိန်းကလေးမှာလဲ မာနရှိတာမို့ ငါ့အလုပ်လာမရှုပ်နဲ့ဆိုပြီးမဟောက်ပါနဲ့။

၇။ သူတစ်ယောက်တည်းနေနေတဲ့အချိန်မှာ နင်ဘာဖြစ်နေတာလဲ ဆိုပြီးမမေးပါနဲ့
personal space လေးထားပေးပါ။

၈။ သူ့မှာလဲယောက်က်ျားလေးသူငယ်ချင်းရှိပါတယ်။ မိန်းကလေးတွေဟာ
ချစ်ခြင်းနဲ့ ခင်မင်ခြင်းကို ပိုခွဲခြားတတ်ပါတယ်။

၉။ တစ်ယောက်တည်းအပြင်မသွားပါနဲ့ ဘယ်လောက်ပဲ ယုံကြည်ချက်ရှိတဲ့မိန်းကလေးပဲ
ဖြစ်ဖြစ် စိတ်အားငယ်တတ်ပါတယ်။

၁၀။ သ၀န်တိုတာဟာမိန်းကလေးရဲ့သဘာဝပါ။ ဒါပေမဲ့ သ၀န်တိုတာများသွားရင်
သူနာကျင်ခံစားရလိုက်မယ်။ သူ သင့်ကိုဘယ်လောက်ပဲချစ်ချစ်
သင့်အနားကသူထွက်ခွါလိမ့်မည်။



ယောက်က်ျားလေးများအား ခွင့်လွတ်သင့်သောအချက် (၁၀) ချက်



၁။ သင်ဖွင့်ပြောတာကို ကောင်လေးတွေငြင်းလိုက်တယ် ဆိုပေမဲ့
သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ။

၂။ သင်တကယ်ချစ်ရင် သင့်ရဲ့စိတ်ရင်းကိုပြောပြလိုက်ပါ…. စောင့်မနေပါနဲ့။
ကောင်လေးတွေဟာ အသဲကွဲ နာကြင်ရင် ပြန်မကောင်းတတ်လို့ပါ။

၃။ သင်သိပ်မဆိုးပါနဲ့။ သူတို့မှာလည်း အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။

၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ပါ… သင့်ကို
အရင်းနှီးဆုံး၊နားလည်မှုအပေးဆုံး လို့သတ်မှတ်ထားလို့ပါ။

၅။ သင့်အတွက် ဆိုပြီးပေးတဲ့ ဟာတွေကို သင်ကမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ
သူတစ်ညလုံးစဉ်းစားထား တဲ့အတွေးတွေပါတယ်။

၆။ သူ့ကိုယုံကြည်ပါ အားပေးပါ သင့်အတွက် လုပ်ဆောင်နေတာချည်းပါပဲ။

၇။ သူ့ကိုသံသယမ၀င်ပါနဲ့ "ဘယ်သွားမလဲ" ဆိုတဲ့မေးခွန်းမေးမဲ့အစား
"သတိထားသွားလို့ ပြောပါ။

၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့ မပြောဘဲနဲ့လဲမနေနဲ့ တခါတရံ သူတို့က
ဒီစကားကိုပိုကြား ချင်တယ်။

၉။ သူသင့်အတွက်မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါ.. သူငိုရင်
လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေကို သုတ်ပေးပါ။

၁၀။ သူကို ယုံကြည်ပါ.. သူသင့်ကို မလိမ်ပါဘူး လိမ်ခဲ့တယ်ဆိုရင်တောင် White
lie ပါ။ သင်တို့ရဲ့ အချစ်ခိုင်မြဲဖို့ အတွက်ပါ။

နားလည်မှုတွေပေးရင်း ပျော်ရွှင်နိုင်ပါစေ။



--
Don't wake up. Keep dreaming and your dream will come true.

Yours joe

Flash သီချင်းလေးတွေ နားဆင်ကြမယ်...


CLICK IN BELOW LINK....


ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုးအရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူးဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေလမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေသင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုးငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည်ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုကအာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ အချိန်လွန်ငှက် ဝေးပြီးတဲ့နောက်အရေးမကြီးပါဘူး ရိုးရှင်းသောဘ၀ရဲ့ပျော်ရွင်မှု ဒီတညတော့ သက်တန့်ပုံပြင် အလင်းရောင် ခွင့်လွှတ်ပါတော့ဟင့်အင်းအမေကဆူလိမ့်မယ် မြန်မာမလေး တခါထဲချစ်ချင်လို့ပါ လွမ်းနေပြီ နေပါစေ ဓာတ်ပြားဟောင်းထူးဆန်းလွန်းတဲ့အချစ်   ပြော   ကြွေသူနှစ် ကောက်သူတစ်



    တောင်ပေါ်သူစစ်စစ်ပါ 
      ရိုးရိုးသားသားဘဲ
         မုန့် ညှင်းဘဲစိုက်တာ
             ဘိန်းထွက်လာတာတော့ သိဘူးလေ..အဟိ


tag from forward mail...

Saturday, 30 June 2012

ATM(ငွေထုတ်စက်)များအကြောင်း
Posted by မောင်မောင်













      ၁၉၅၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ ATM စက် (အလိုအလျောက်ငွေထုတ်စက်) ကို
ပထမဆုံးအသုံးပြုခဲ့ပါ တယ်။ ၁၉၆၀ နောင်းပိုင်းကစတင် ရေပန်းစားပြီး ယနေ့အချိန်အထိ
အသုံးပြုနေတဲ့ ATM (Automated teller machine) ရဲ့ အခြေခံ
ဖွဲ့စည်းပုံအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ CPU (အသုံးပြုသူ interface နှင့် ငွေထုတ်စက်အား ထိန်းချုပ်ရန်)
၂။ Magnetic/ Chip card (ငွေထုတ်သူ Customer အား ခွဲခြားဆုံးဖြတ်ရန်)
၃။ PIN/ Touch Screen ( လျို့ဝှက်ကုဒ်နံပါတ်ရိုက်ရန်)
၎။ Display (ဖန်သားမျက်နှာပြင်)
၅။ Function key buttons/ Touch screen ( ထုတ်မည့်ငွေပမာဏအားရိုက်ထည့်ရန်)
၆။ Vault (ငွေများအားထိန်းသိမ်းကာကွယ်သည့် မီးခံသေတ္တာအလွှာ)
၇။ Housing (စက်အခွံ)

စက်ကို interbank network နဲ့ချိတ်ဆက်ထားရပါတယ်။ ယင်း ဘဏ်ကသီးသန့်အသုံးပြုတဲ့
သီးခြား အတွင်း Network မို့လို့ သူ့ကို interbank network လို့ခေါ်ပါတယ်။ ယင်းဟာ
ဘဏ်အမျိုးအစားတစ်ခုနဲ့တစ်ခု မတူပါဘူး။ သို့ပေမဲ့ တစ်ခါတစ်ရံမှာ ဘဏ်အများအပြားကို
Network တစ်ခုတည်းအသုံးပြုတာမျိုး လည်းရှိပါတယ်။ ဥပမာ-ဖိလစ်ပိုင်မှာဆိုရင် ဘဏ်
၁၉ခုလောက်ဟာ Megalink ကပေးတဲ့ Network ကို အသုံးပြုပါတယ်။

ပြီးတော့ စက်ကို host နဲ့တိုက်ရိုက်ချိတ်ဆက်ခြင်း (သို့မဟုတ်) ADSL (သို့မဟုတ်)
dail-up modern (သို့မဟုတ်) leased line တို့နဲ့လည်း ချိတ်ဆက်ရပါသေးတယ်။ ADSL
ကတော့ ကော့ပါးတယ်လီဖုန်းလိုင်းဖြစ်ပြီး Data ပို့လွတ်မှုမြန်ဆန်မှုရှိပါတယ်။
dail-up modern ဆိုတာကတော့ ရိုးရိုးတန်းတန်း တယ်လီဖုန်းလိုင်းလိုဖြစ်ပါတယ်။ Leased
line မှာ POTS လို့ခေါ်တဲ့ လိုင်းကိုအသုံးပြုပါတယ်။ POTS ဆိုတာ Plain old telephone
service ဖြစ်ပြီး Data အပို့၊အလွတ် အင်မတန်ရိုးဆင်းလွယ်ကူပါတယ်။

ပြီးတော့ လိုင်းဆွဲအားကောင်းတဲ့ အင်တာနက်လိုင်း ( VPN connection) လိုအပ်ပါသေးတယ်။
ATM စက်ရဲ့ Network ကိုနေရာတစ်ခုကနေ အခြားမြို့နယ်က စက်ဆီကို ကူးနိုင်ဖို့
အင်တာနက်လိုင်းကို အသုံးပြုရပါတယ်။ အသုံးများတဲ့ lower-level layer communication
protocols ကတော့ SDLC, TC500, Async, X.25, TCP/IP တို့ဖြစ်ပါတယ်။

စက်အလုပ်လုပ်ပုံအကျဉ်းချုပ်ကတော့ ကဒ်ကို ထဲလိုက်တဲ့အခါမှ reader ကဖတ်ပြီး ရလာတဲ့
Data ကို Administrator ဆီ interbank Network ကနေပို့လွတ်ပါတယ်။ ပြီးတော့ user
ကထုတ်မည့်ငွေပမာဏကို တွက်ချက်ပြီး Cash Dispenser ကနေ ထုတ်ပေးပါတယ်။ ပြီး
ထုတ်ယူတဲ့ ငွေပမာဏကို user အားသိစေရန် အသိအမှတ်ပြုစာရွက် (ဘောင်ချာ) ပြန်ပေးပါတယ်။

လုံခြုံရေးအဆင့်မြင့်ပါတယ်။ ဥပမာ လျှို့ဝှက်နံပါတ် မှားရိုက်မှုအကြိမ်အရေအတွက်
များလာရင် မှတ်သားပြီး user ရဲ့တောင်းဆိုချက်ကို ဘာမှတုန့်ပြန်မှုမပေးတော့ပါဘူး။
ပြီးတော့ အခြား Security function ပါဝင်ပါသေးတယ်။

သို့ပေမဲ့ အားနည်းချက်များလည်းရှိပါတယ်။ ဥပမာ-မီးပျက်လို့မရပါဘူး။ မီးပျက်ရင်
(Electrical suppy shut down/ off) ဖြစ်မယ်ဆိုရင် အခက်တွေ့ပါပြီ။ မီးယာယီပျက်ပြီး
ပြန်လာရင်လည်း စက်ကို ပုံမှန်ပြန်လည်ပတ်ပို့သေချာစစ်ဆေးပေးရပါတယ်။
နိုင်ငံကြီးတွေမှာတောင် မမျော်လင့်ပဲ မီးပျက်တဲ့အခါ အခွင့်ကောင်းစောင့်တဲ့ hacker
များဟာ ATM စက်ကို နည်းအမျိုးမျိုးနဲ့ Hack ပြီးငွေခိုးလေ့ရှိကြပါတယ်။ CCTV
ကင်မရာထားသော်ငြားလည်း ယနေ့အထိ အားနည်းနေဆဲဖြစ်ပါတယ်။ ATM Card အစား အခြား
ဗိုင်းရက်စ်ပါတဲ့ Malware card များအသုံးပြုပြီးထုတ်ယူသူများလည်းရှိတယ်လို့
လေ့လာဖူးပါတယ်။

သို့ပေမဲ့ အားနည်းချက်အနည်းငယ်ရှိသော်လည်း
လုံခြုံရေးအားသာချက်ပေါင်းများစွာရှိနေတဲ့ ATM စက်များကို ကမ္ဘာတစ်ဝန်းမှာ
ယနေ့တိုင်အသုံးပြုနေကြတာကို တွေ့ရပါတယ်။

မှတ်ချက်။ International news for myanmar's Page  မှ ပြန်လည်မျှဝေ ထားခြင်းဖြစ်ပါတယ်။