Powered By Blogger
Showing posts with label News. Show all posts
Showing posts with label News. Show all posts

Sunday, 5 May 2013

အမေနေ့ အမှတ်တရ



အမေနေ့ အမှတ်တရ

Posted by ညချစ်သူ on May 5, 2013 at 15:25
Send Message View Blog




ကမ္ဘာ့ပေါ်ရှိ နိုင်ငံအများစုတွင် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို

ကမ္ဘာပေါ်ရှိ အမေအားလုံးကိုလေးစား ဂုဏ်ပြုသောနေ့ အဖြစ် အမေနေ့

(Mother Day) ဟု သတ်မှတ်ကြပါသည်။ နိုင်ငံတကာအမေနေ့ ဖြစ်မြောက်

အောင်ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home

(1819-1910)ဖြစ်သည်။သူမသည် ကျော်ကြားသော စာရေးဆရာမကြီး

တစ်ဦးဖြစ်ပြီးအမေနေ့ဖြစ်မြောက်ရန်ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူ ဖြစ်သည်။

အမေနေ့ဖြစ်မြောက်အောင်ကြိုးပမ်းခဲ့သူJuila Ward Home ရဲ့သမီး

Anna Jarvisက အမေ့အိပ်မက်ကို ဆက်လက်ပြီးရှင်သန်စေခဲ့သူဖြစ်ပြီး သူမသည်

လည်း မမေ့သင့်သောကျေးဇူးရှင်တစ်ဦးဖြစ်ပါသည်။ Juil Ward Home နှင့်

Anna Jarvis တို့၏ကြိုးပမ်းမှုများကြောင့်နောက်ပိုင်းတွင် ကမ္ဘာနှင့် အ၀ှမ်း

အမေနေ့ ကျင်းပနေခဲ့ကြခြင်းဖြစ်ပါသည်။



ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို

ကျင်းပနေကြဆဲဖြစ်ပါသည်။နောင်တွင်လဲ အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို

ဆက်လက်ကျင်းပနေကြဦးမည်သာ ဖြစ်သည်။အင်္ဂလန်နိုင်ငံတွင် မယ်တော်မာရီကို

ဂုဏ်ပြုသည့်အနေ့နှင့်အမေနေ့ကိုကျင်းပလေ့ရှိသည်။ ထိုနေ့မှာ အမေအားလုံးသည်

တူညီဝတ်စုံများကိုဝတ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသော

အခါသားသမီးများကအမေများ၏ ကျေးဇူးကို ထုတ်ဖော် ပြောဆိုကြပါသည်။



ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့ ဒါရိုက်တာ စာရေးဆရာကြီး ဘဘ

ဦးသုခကအမေနေ့ ကိုတရားဝင်ဖြစ်အောင် ဦးဆောင် ကြိုးပမ်းခဲ့သူပင်

ဖြစ်ပါသည်။၁၉၉၅-ခုနှစ်၊ပြာသိုလ်လပြည့်နေ့၌ ဒါရိုက်တာ စာရေးဆရာကြီး

ဘဘ ဦးသုခ၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် မန္တလေးမြို့ ပရိယတ္တိသာသနာ့ဟိတ

အသင်းကြီး(ဆရာကြီးဦးလှသိန်းရဲ့ဗိမာန်ကြီး)တွင်အမေနေ့ကို ပထမဦးဆုံး

စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။မိဘ ကျေးဇူးဆပ်နည်း စသည့်ဗဟုသုတ

ပညာပေးများဟောပြောခြင်းဖြင့်ခေတ်လူငယ် များအားအသိပညာ

ဗဟုသုတတိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။

မြန်မာ့ပြက္ခဒိန်တွင်ပြာသိုလ်လပြည့်နေ့ကိုအမေ့နေ့ အဖြစ်

ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။



တကယ်တော့ အမေဆိုတာ ရင်ထဲအမြဲ ရှိနေသူတွေ အတွက် အမေနေ့

ဆိုတာတခြားနေ့တွေနဲ့မခြားအတူတူပါပဲလေ။ ဒါပေမယ့် အမေနေ့ဆိုပြီး သတ်မှတ်

လိုက်တဲ့အခါအမေ့ကို တခြားနေ့တွေထက်ပိုပြီးအလေးအနက် အောက်မေ့ သတိရ

မိပါတယ်။ဒီနေ.လေးမှာ ထူးကဲစွာ အမေ့ရဲ့ဂုဏ်ကျေးဇူးတွေအအေးမြဆုံး

ဖြစ်တဲ့ အမေ့မေတ္တာတွေကိုတော့အောင့်မေ့ တမ်းတ မိကြ မှာပါလေ။

အမေ့ရဲ့မေတ္တာ၊ အမေ့ရဲ့ စေတနာတွေကိုအမြဲတမ်းလည်း အမှတ်ရနေသလို

အခွင့်ရှိတိုင်းကျေးဇူးရှင်မေမေကိုကျေးဇူးဆပ်လို့ရတဲ့နည်းနဲ့ဘယ်တော့မှ

မကျေလည်နိုင်သော မွေးမေမေကျေးဇူးကိုဆပ်နေဆဲပါ။လောကကြီး

မှာရှိတဲ့အမေတိုင်းမှာ သားသမီးကို မချစ်တဲ့ အမေဆိုတာ မရှိပါဘူး။လူမပြော

ပါနဲ့တိရစ္ဆာန်လေးတွေတောင်မှာ မိခင်စိတ်အပြည့်အ၀ ရှိစွာနဲ့ သူတို့ရဲ့

သားသမီးလေးတွေကိုစောင့်ရှောက်ကျွေးမွေးနေကြပါတယ်။ အသိဥာဏ်

ရှိသော လူသားတို့ရဲ့ အမေက" တောင်းဆိုးပလုံးဆိုး ကိုသာ

ပစ်ရိုးထုံးစံရှိပါတယ်၊ သားဆိုး သမီးဆိုးကိုတော့ ပစ်ရိုး ထုံးစံမရှိ

ဘူး "ဆိုတဲ့စကားပုံအတိုင်းပဲသားသမီးတွေ မည်မျှပင်ဆိုးသွမ်း

မိုက်နေစေကာမူ ခွင့်လွှတ်သည်းခံနားလည်နိုင်ဆုံးသောကမ္ဘာမှာ

တစ်ဦးသော လူသားမြတ် ဖြစ်ပါတယ်။ အမေရဲ့ ဂုဏ်ကျေးဇူး

ကြီးမားပုံကစကားလုံးရှာလို့မရအောင်ကို ကြီးမားလွန်းပါတယ်။

မိခင်ရဲ့ မေတ္တာကိုနားမလည်ချင်နေပါ။မိခင်ကိုစော်ကားမိသော၊

ရိုင်းပြသော အပြုအမှု မပြုလုပ်မိရန်အရေးကြီးပါတယ်။

ဒါရိုက်တာ စာရေးဆရာကြီး ဘဘ ဦးသုခက ပထမဆုံးအကြိမ်

မန္တလေး အမေနေ့ဟောပြောပွဲတွင်“အမေဆိုသည့် စာကလေးနှစ်လုံးကို

အသံထွက်အောင်ရွတ်ဆိုကြည့်လိုက်စမ်းပါ။အလွန်ချိုမြိန်သော၊

သာယာသော၊ စိတ်ချမ်း သာသော၊ မေတ္တာနှင့်ထုန်မွှန်းသော

အရသာကို ခံစားရပါလိမ့်မည်”ဟု ပြောခဲ့သည်။

“အမေ… အမေ… အမေ…ငါတို့ အားလုံးရဲ့ အမေ...



"တကယ်တန်းကျတော့ "လူသားအစ"ဆိုတာ၊ အမေကမွေးဖွား

လို့သာ"အမေကစတာ"လို့ပြောရင်အမှန်ဆုံးဖြစ်ပါတယ်။ဒီကမ္ဘာလောကကြီး

မှာရှိကြတဲ့အမေတွေဟာတစ်ဦးနဲ့တစ်ဦးလူကွဲရင်ကွဲမယ်၊စကားကွဲရင်

ကွဲမယ်၊အသားအရောင်ကွဲရင်ကွဲမယ်၊တိုင်းပြည်နိုင်ငံအရပ်ဒေသတွေ

ကွဲရင်ကွဲမယ်၊*..အမေတွေရဲ့နှလုံးသားမေတ္တာတရားတွေဟာ ဘယ်တော့

မှမကွဲ တစ်သားထဲ၊တထပ်တည်းရှိနေမှာဖြစ်ပါတယ်...*အမေတွေ

ရဲ့မေတ္တာ တရားကိုဆန်းစစ်လေ့လာကြည့်မယ်ဆိုရင် လူအမေတွေ

မပြောနဲ့တိရစ္ဆာန်အမေတွေရဲ့မေတ္တာတရားပင် အတိုင်းအဆမရှိကြီးမား

ပါတယ်။



အမေဟုဆိုရာ၌.. ဥစ္စာဓနပေါများခြင်း၊ ဆင်းရဲခြင်း၊ဂုဏ်ရှိခြင်း၊ဂုဏ်မဲ့ခြင်း၊

အမျိုးမြတ်ခြင်း၊နိမ့်ခြင်း၊ပညာရှိခြင်း၊ပညာမဲ့ခြင်း၊ ရုပ်ရည်တင့်တယ်ခြင်း၊

မတင့်တယ်ခြင်း၊ကိုယ်ကျင့်တရားပြည့်ဝခြင်း၊ချို့တဲ့ခြင်း၊ကျန်းမာခြင်း၊

မကျန်းမာခြင်း၊မိခင်တို့၏၀တ္တရားကျေပွန်ခြင်း၊ပျက်ကွက်ခြင်း၊ စသည်

တို့သည်ကားပဓာနမဟုတ်၊၊ *အမေသည်အမေသာ ဖြစ်သည်

ဟူသောအနှစ်သာရကို ကြည်ညိုနေရပါမည်*



အမေ့ရဲ့ မေတ္တာ အမေ့ရဲ့ ကရုဏာ အမေ့ရဲ့ အချစ်တွေဟာ သားသမီးများ

အပေါ်ဘယ်လောက်ထိစီးဆင်းနေတယ်ဆိုတာ အမေ့ကို ချစ်ကြတဲ့

သူတိုင်းမပြောဘဲနဲ့ သိနေကြပါတယ် ...ဒါကြောင့်မို့ အမေဟာကမ္ဘာ

ကြီးရဲ့ ပဲ့ကိုင်ရှင်ပါ....အမေဟာ ကမ္ဘာကြီးရဲ့ အရိပ်ပါ ...အမေ့အရိပ်

ဟာအလွန်အေးမြလှပါတယ်....အေးမြတဲ့ အမေ့ရိပ်မှာ သားသမီးများ

အိပ်စက်နိုင်ကြပါစေသော်......တကယ်တော့  အမေဆိုတာ သားတို့

သမီးတို့ရဲ့နှလုံးသားတွေကိုနူးညံ့စေခဲ့ပါတယ်၊ အမေရဲ့ နို့ချိုတွေက သားတို့

သမီးတို့ရဲ့အသက်ကို ကြာရှည်အောင် အသက်ဆက်နိုင်ခဲ့တယ်၊

တကယ်တော့-အမေဟာ ဘယ်အရာနဲ့မှ အစားထိုးမရနိုင်တဲ့သူပါ။





လောကမှာ ရှိသော သားသမီးတိုင်း အမေကျေးဇူးကို နားလည်သော ၊

လိမ္မာယဉ်ကျေးသောသားသမီးများ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း

အမေများနေ့ကို ဒီပို့စ်လေးရယ်၊ သီချင်းလေးရယ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်။


သူငယ်ချင်းအားလုံး

အစဉ်ကျန်းမာရွှင်လန်းပါစေလို့ 

ဆန္ဒပြုရင်း

ညချစ်သူ

Saturday, 30 June 2012

ATM(ငွေထုတ်စက်)များအကြောင်း
Posted by မောင်မောင်













      ၁၉၅၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ ATM စက် (အလိုအလျောက်ငွေထုတ်စက်) ကို
ပထမဆုံးအသုံးပြုခဲ့ပါ တယ်။ ၁၉၆၀ နောင်းပိုင်းကစတင် ရေပန်းစားပြီး ယနေ့အချိန်အထိ
အသုံးပြုနေတဲ့ ATM (Automated teller machine) ရဲ့ အခြေခံ
ဖွဲ့စည်းပုံအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ CPU (အသုံးပြုသူ interface နှင့် ငွေထုတ်စက်အား ထိန်းချုပ်ရန်)
၂။ Magnetic/ Chip card (ငွေထုတ်သူ Customer အား ခွဲခြားဆုံးဖြတ်ရန်)
၃။ PIN/ Touch Screen ( လျို့ဝှက်ကုဒ်နံပါတ်ရိုက်ရန်)
၎။ Display (ဖန်သားမျက်နှာပြင်)
၅။ Function key buttons/ Touch screen ( ထုတ်မည့်ငွေပမာဏအားရိုက်ထည့်ရန်)
၆။ Vault (ငွေများအားထိန်းသိမ်းကာကွယ်သည့် မီးခံသေတ္တာအလွှာ)
၇။ Housing (စက်အခွံ)

စက်ကို interbank network နဲ့ချိတ်ဆက်ထားရပါတယ်။ ယင်း ဘဏ်ကသီးသန့်အသုံးပြုတဲ့
သီးခြား အတွင်း Network မို့လို့ သူ့ကို interbank network လို့ခေါ်ပါတယ်။ ယင်းဟာ
ဘဏ်အမျိုးအစားတစ်ခုနဲ့တစ်ခု မတူပါဘူး။ သို့ပေမဲ့ တစ်ခါတစ်ရံမှာ ဘဏ်အများအပြားကို
Network တစ်ခုတည်းအသုံးပြုတာမျိုး လည်းရှိပါတယ်။ ဥပမာ-ဖိလစ်ပိုင်မှာဆိုရင် ဘဏ်
၁၉ခုလောက်ဟာ Megalink ကပေးတဲ့ Network ကို အသုံးပြုပါတယ်။

ပြီးတော့ စက်ကို host နဲ့တိုက်ရိုက်ချိတ်ဆက်ခြင်း (သို့မဟုတ်) ADSL (သို့မဟုတ်)
dail-up modern (သို့မဟုတ်) leased line တို့နဲ့လည်း ချိတ်ဆက်ရပါသေးတယ်။ ADSL
ကတော့ ကော့ပါးတယ်လီဖုန်းလိုင်းဖြစ်ပြီး Data ပို့လွတ်မှုမြန်ဆန်မှုရှိပါတယ်။
dail-up modern ဆိုတာကတော့ ရိုးရိုးတန်းတန်း တယ်လီဖုန်းလိုင်းလိုဖြစ်ပါတယ်။ Leased
line မှာ POTS လို့ခေါ်တဲ့ လိုင်းကိုအသုံးပြုပါတယ်။ POTS ဆိုတာ Plain old telephone
service ဖြစ်ပြီး Data အပို့၊အလွတ် အင်မတန်ရိုးဆင်းလွယ်ကူပါတယ်။

ပြီးတော့ လိုင်းဆွဲအားကောင်းတဲ့ အင်တာနက်လိုင်း ( VPN connection) လိုအပ်ပါသေးတယ်။
ATM စက်ရဲ့ Network ကိုနေရာတစ်ခုကနေ အခြားမြို့နယ်က စက်ဆီကို ကူးနိုင်ဖို့
အင်တာနက်လိုင်းကို အသုံးပြုရပါတယ်။ အသုံးများတဲ့ lower-level layer communication
protocols ကတော့ SDLC, TC500, Async, X.25, TCP/IP တို့ဖြစ်ပါတယ်။

စက်အလုပ်လုပ်ပုံအကျဉ်းချုပ်ကတော့ ကဒ်ကို ထဲလိုက်တဲ့အခါမှ reader ကဖတ်ပြီး ရလာတဲ့
Data ကို Administrator ဆီ interbank Network ကနေပို့လွတ်ပါတယ်။ ပြီးတော့ user
ကထုတ်မည့်ငွေပမာဏကို တွက်ချက်ပြီး Cash Dispenser ကနေ ထုတ်ပေးပါတယ်။ ပြီး
ထုတ်ယူတဲ့ ငွေပမာဏကို user အားသိစေရန် အသိအမှတ်ပြုစာရွက် (ဘောင်ချာ) ပြန်ပေးပါတယ်။

လုံခြုံရေးအဆင့်မြင့်ပါတယ်။ ဥပမာ လျှို့ဝှက်နံပါတ် မှားရိုက်မှုအကြိမ်အရေအတွက်
များလာရင် မှတ်သားပြီး user ရဲ့တောင်းဆိုချက်ကို ဘာမှတုန့်ပြန်မှုမပေးတော့ပါဘူး။
ပြီးတော့ အခြား Security function ပါဝင်ပါသေးတယ်။

သို့ပေမဲ့ အားနည်းချက်များလည်းရှိပါတယ်။ ဥပမာ-မီးပျက်လို့မရပါဘူး။ မီးပျက်ရင်
(Electrical suppy shut down/ off) ဖြစ်မယ်ဆိုရင် အခက်တွေ့ပါပြီ။ မီးယာယီပျက်ပြီး
ပြန်လာရင်လည်း စက်ကို ပုံမှန်ပြန်လည်ပတ်ပို့သေချာစစ်ဆေးပေးရပါတယ်။
နိုင်ငံကြီးတွေမှာတောင် မမျော်လင့်ပဲ မီးပျက်တဲ့အခါ အခွင့်ကောင်းစောင့်တဲ့ hacker
များဟာ ATM စက်ကို နည်းအမျိုးမျိုးနဲ့ Hack ပြီးငွေခိုးလေ့ရှိကြပါတယ်။ CCTV
ကင်မရာထားသော်ငြားလည်း ယနေ့အထိ အားနည်းနေဆဲဖြစ်ပါတယ်။ ATM Card အစား အခြား
ဗိုင်းရက်စ်ပါတဲ့ Malware card များအသုံးပြုပြီးထုတ်ယူသူများလည်းရှိတယ်လို့
လေ့လာဖူးပါတယ်။

သို့ပေမဲ့ အားနည်းချက်အနည်းငယ်ရှိသော်လည်း
လုံခြုံရေးအားသာချက်ပေါင်းများစွာရှိနေတဲ့ ATM စက်များကို ကမ္ဘာတစ်ဝန်းမှာ
ယနေ့တိုင်အသုံးပြုနေကြတာကို တွေ့ရပါတယ်။

မှတ်ချက်။ International news for myanmar's Page  မှ ပြန်လည်မျှဝေ ထားခြင်းဖြစ်ပါတယ်။

Wednesday, 13 June 2012

မြန်မာနိုင်ငံ သို့ မလေးရှားမှ ဖုန်းခေါ်ပါက တစ်မိနစ်လျှင် ၁၈ ပြားသာ ကုန် သောကဒ်


မြန်မာနိုင်ငံ သို့ မလေးရှားမှ ဖုန်းခေါ်ပါက တစ်မိနစ်လျှင် ၁၈ ပြားသာ ကုန် သောကဒ်

မြန်မာနိုင်ငံ သို့ မလေးရှားမှ ဖုန်းခေါ်ပါက တစ်မိနစ်လျှင် ၁၈ ပြားသာ ကုန် သောကဒ်
မသိသေးသော မိတ်ဆွေများအား လက်ဆင့်ကမ်းပေးလိုက်ခြင်း ဖြစ်ပါတယ်..
ကဒ်နာမည်ကတော့ U mobile  2G/3G ပါ
video call 3G ပါသောဖုန်းနှင့်သာ ခေါ်လို့ရပါသည်..
မလေးရှားတွင်း U Mobile ချင်း တူပါက နေ့ တွင် free ညတွင် ၆ပြား သာကုန်သည်
ခေါ်ဆိုရာတွင် +01310 ကုဒ်ခံရသည်
မြန်မာနိုင်ငံသို့ခေါ်ပါက နိုင်ငံကုဒ် 0095 မှ 00 နှစ်လုံးကို ဖြုတ်ပါ ဥပမာ
+0131095+++++++နောက်မှပုံမှန် နံပါတ် ရေးပါ ပိုက်ဆံကုန်ပါက top up လုပ် နိုင်ပါသည်
3G ပေါ်မှသာလျှင် ခေါ်ဆိုလို့ရပါသည် စိတ်ရှည် ဇွဲသန် သည်းညည်းခံ ကာခေါ်ဆိုကြပါ
တကယ်သက်သာပါသည်
မသိသေးသောသူများအတွက်သာ

Thursday, 7 June 2012


ဇွန်လ ၁၅ ရက်နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူ စတင်ထုတ်ဝေမည်၊ ၁၉၉၄ ခုနှစ်နောက်ပိုင်း ၁၉ ကြိမ်မြောက် ငွေစက္ကူအမျိုးအစားသစ်ထုတ်ဝေခြင်းဖြစ်

ဇွန်လ ၁၅ ရက်နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူ စတင်ထုတ်ဝေမည်၊ ၁၉၉၄ ခု...PDFPrint
Thursday, 07 June 2012 19:38
AddThis Social Bookmark Button

front
ငွေစက္ကူသစ်၏ မျက်နှာဘက်

Back
ငွေစက္ကူသစ်၏ ကျောဘက်

၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်စတင် ထုတ်ဝေမည် ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံ မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်ကြောင်း၊ ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ဘဏ်ဖွင့်ချိန် အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိ လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုး ထုတ်ဝေခဲ့ပြီး ယခု အကြိမ်မှာ ၁၉ ကြိမ်မြောက် ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်တမ်းများ အရသိရသည်။
နောက်ဆုံး ထုတ်ဝေထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၉ မျိုးတွင် အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၆ မျိုးအား ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်၌ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊ အရောင်မှာ အပြာရောင် ဖြစ်ကြောင်း၊ ကျောဖက်တွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း သိရသည်။
မြန်မာငွေကျပ် ရာဇ၀င်အချို့
မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့် စုစုပေါင်း ၅ မျိုးအား သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊ ပိုင် စနစ်မှ ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။
၁၉၅၂ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁ ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။
၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊ ၅၀ကျပ်နှင့် ၁၀၀ ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ၊ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ အမျိုးအစားများ သုံးစွဲခွင့် မရရှိတော့ကြောင်း သိရသည်။
ထို့နောက်တွင်မှ ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်စတင် ထုတ်ဝေမည် ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံ မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်ကြောင်း၊ ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ဘဏ်ဖွင့်ချိန် အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိ လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုး ထုတ်ဝေခဲ့ပြီး ယခု အကြိမ်မှာ ၁၉ ကြိမ်မြောက် ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်တမ်းများ အရသိရသည်။

နောက်ဆုံး ထုတ်ဝေထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၈ မျိုးတွင် အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၆ မျိုးအား ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
၁၉၉၄ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် ထုတ်ဝေသည့် ၅၀ ပြားတန် ငွေစက္ကူတွင် စောင်းရုပ်ပုံ၊  ၁၉၉၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၁ ကျပ်တန် ငွေစက္ကူတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၅၀၀၀ ကျပ်တန်တွင် ဆင်ဖြူတော်နှင့် လွှတ်တော်ပုံ စသည့် သုံးမျိုးမှလွဲ၍ ကျန်အမျိုးအစားများတွင် ခြင်္သေ့ရုပ်ပုံ သုံးစွဲထားခြင်းဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်၌ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊ အရောင်မှာ အပြာရောင် ဖြစ်ကြောင်း၊ ကျောဖက်တွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း သိရသည်။

ငါးထောင်ကျပ်တန် ထုတ်ဝေစဉ်က သတင်းထုတ်ပြန်ပြီး တစ်ရက်တာ အချိန်အတွင်း၌သာ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပြီး ကာလတို ဈေးကွက်မှာ တစ်ရက်အလွန်ကာလ၌ ပုံမှန်အတိုင်း ပြန်လည် ငြိမ်သက်ခဲ့ကြောင်း၊ ရေရှည်ဈေးကွက် အလားအလာနှင့် အချို့ဈေးကစားသူများ၏ နည်းစနစ်များကို ခန့်မှန်းတတ်သည့်နောက် ထင်သလို မဖြစ်ခဲ့ပဲ ဈေးကွက်လှုပ်ရှားမှုမှာ တစ်ရက်သာ ခံခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းများ အရ သိရသည်။

အရွယ်အစား             ။ ။ ၁၅x၇ စင်တီမီတာ
ပေါ်လွင်သည့် အရောင် ။ ။ အပြာရောင်
မျက်နှာစာဘက်     ။ ။ ထိပ်ပိုင်းတွင် 'မြန်မာနိုင်ငံတော်ဗဟိုဘဏ်' စာတမ်းရိုက်နှိပ်ထားပါသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော်နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူတန်ဖိုးကို ဖော်ပြထားသည့် မြန်မာစာတန်း 'တစ်သောင်းကျပ်'ကိုလည်း ရိုက်နှိပ်ထားပါသည်။ လက်ယာဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူတန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူပွင့်ပုံ ရေစာပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါသည်။

ကျောဘက်   ။ ။ ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး  ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေးနန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။

မြန်မာငွေကျပ် ရာဇ၀င်အချို့ 

မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့် စုစုပေါင်း ၅ မျိုးအား သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊ ပိုင် စနစ်မှ ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

၁၉၅၂ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁ ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။

၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊ ၅၀ကျပ်နှင့် ၁၀၀ ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ ထုတ်ဝေခဲ့သည်။ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ အမျိုးအစားများ သုံးစွဲခွင့် မရရှိတော့ကြောင်း သိရသည်။

ထို့နောက်တွင်မှ ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း သိရသည်။
histofkyat 
Views: 390
Tags: hotnews

Wednesday, 6 June 2012

လူသားသွေးနဲ့ ထွန်းညှိတဲ့ အံ့ဖွယ် မီးအိမ်ဖန်တီး လိုက်ပြန်ပါပြီ ဗျာ


လူသားသွေးနဲ့ ထွန်းညှိတဲ့ အံ့ဖွယ် မီးအိမ်ဖန်တီး လိုက်ပြန်ပါပြီ ဗျာ

ဒီထူးခြားတဲ့ အပြာရောင် မီးရောင်ဟာ ညကလပ် တွေမှာ ထွန်းလေ့ ထွန်းထရှိတဲ့ မီးရောင်တစ်ခုပါပဲ။ ဒါပေမယ့် အရောင် ထွက်ပေါ် လာပုံက သာမန် လျှပ်စစ် မီးသီး၊ မီးအိမ် တွေနဲ့ လုံးဝ မတူပါဘူး။ ဒီမီးအိမ်က ထွက်လာတဲ့ အလင်းရောင် ဟာ လူသားသွေး ကြောင့်ဖြစ်ပါသတဲ့။ ဒီလိုဆိုလိုက်လို့ အံ့ဩဘနန်း ဖြစ်သွား ပါလိမ့်မယ်။ ထိပ်ဝမှာ ကွဲအက် ပုံစံ ဖြစ်နေတဲ့ ဒီမီး အိမ်ကို အမေရိကန် ဒီဇိုင်းပညာရှင် မိုက်သွမ်မဆင်က တီထွင်ဖန်တီးပေး ခဲ့တာပါ။
ဒီလို ဒီဇိုင်းဖော်ထားတာ ကတော့ ဖန်စနဲ့ လက်ကိုပြတ်ရှစေပြီး သွေးစီး ထွက်လာစေဖို့ အတွက်ပါပဲ။ စီးထွက်ကျဆင်းသွားတဲ့သွေးဟာ မီး အိမ်ထဲရှိနေတဲ့ ဓာတုပစ္စည်းတွေနဲ့ ဓာတ်ပြုပြီး အခုလို အပြာရောင်ထွက် ရှိလာတာဖြစ်ပါတယ်။ ဒီမီးအိမ်ကို သွမ်မဆင်ကအကြောင်းမဲ့တီထွင်ခဲ့တာ မဟုတ်ပါဘူး။ အမေရိ ကန်ပြည် ထောင်စုရဲ့ တစ်နှစ်ပျှမ်းမျှစွမ်းအင်သုံး စွဲနှုန်းဟာ 3383 kwh ရှိပြီး အဆိုပါ ပမာဏဟာအခန်း(၄)ခန်းထဲမီး(၁၂)လ ထွန်းညှိထားတာနဲ့ ညီမျှပါသတဲ့။
အဲဒါကြောင့် သွမ်မဆင်က “စွမ်း အင်ဟာ ဖြုန်းတီးဖို့သပ်သပ် ဖြစ်လာ သလို အောက်မေ့ နေကြတယ်။ ခန္ဓာ ကိုယ်က သွေးတွေ အများကြီးဆုံးရှုံး လိုက်ရင် အသက် အန္တရာယ် ရှိလာ တတ်သလိုပဲ စွမ်းအင်အလွန်အကျွံသုံး စွဲကြမယ်ဆိုရင် အန္တရာယ်ရှိလာတတ် သလိုပဲ စွမ်းအင်အလွန်အကျွံ သုံးစွဲကြ မယ်ဆိုရင် ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိတယ်”လို့ သူ့ရဲ့ဝက်ဘ်ဆိုဒ် မှာ သတိပေး ခဲ့ကြပါတယ်။
Views: 177
အမျိုးအစား: ဗဟုသုတ

Sunday, 3 June 2012



By မအေးသန္တာကျော်



ဓာတ်ပုံ ASSOCIATED PRESS

ဂီတ အပါအဝင် ဖျော်ဖြေရေးအပိုင်းမှာ အနောက်တိုင်းသားတွေနည်းတူ
အောင်မြင်မှုရဖို့ဆိုတာ အာရှလူငယ်တွေအတွက် သိပ်ကြီးလွယ်လွယ်ကူကူ
မဟုတ်လှပါဘူး။ ဒီတော့ အင်တာနက်ပေါ်က YouTube ကို အသုံးပြုပြီး
အနုပညာဖန်တီးမှုတွေမှာ လူအများရဲ့အားပေးမှုရအောင် ကြိုးပမ်းကြရပါတယ်။
အောင်မြင်မှုတွေလည်း ရရှိကြပါတယ်။ နားဆင်ကြည့်နိုင်ပါတယ်။
http://www.voanews.com/burmese/news/youth-program/09-15-11Youth37_2...

အသံဖိုင်လေး နားဆင်ကြည့်ပါ။
 

 မြန်မာလူငယ်တွေလည်း ကမ္ဘာကျော်အောင် အောင်မြင်တဲ့သူတွေ ဖြစ်ကြပါစေ.။

                                                  လေးစားစွာဖြင့် ...    မောင်မြင့်
http://satekuupuyar.blogspot.com/2012/06/youtube.html

video လေးအမြည်းကြည်သွားပါဦး

Saturday, 24 December 2011

over stay new

မလေးရှား အိုဗာစတေးသမားများ ပါမစ်လျှောက်ခွင့် လျှောက်လွှာ ပုံစံရပြီ - ရေးသားသူ ဥယျာဉ်မှူး


မင်္ဂလာပါ


မလေးရှားမှ အိုဗာစတေးအလုပ်သမားများ အားလုံး အတွက် ၀မ်းမြောက်ဖွယ်သတင်းတစ်ခုဖြစ်တဲ့ ကျွန်တော်တို့
ပြီးခဲ့တဲ့လက ကြော်ငြာခဲ့တဲ့ အိုဗာစတေးသမားများ အတွက် Passport နဲ့ Permit လျှောက်ထားခွင့် ပုံစံကို ကျွန်တော်တို့
ရရှိပြီဖြစ်ပါတယ် ....

ထူးခြားသည်မှာ သူဌေးထောက်ခံပေးမည့်သူမရှိသူများ အတွက် တရားဝင်သတ်မှတ်ထားတဲ့ ကုမဏီ 4 ခုထဲမှ
တစ်ခုမှာ ကျွန်တော်တို့ အတွက် ထောက်ခံပေးသွားမည်ဖြစ်တာကြောင့် Outsourcing ( Free Calling ) ပုံစံ
လုပ်ကိုင်နိုင်မည်ဖြစ်ပါတယ် ..

သို့အတွက် ၀န်ဆောင်ခများကို ညှိနှိုင်းနေပြီး ပထမအဆင့် လျှောက်လွှာများတရားဝင်ဖြည့်ခွင့်ရပြီဖြစ်ပါတယ် ..
ထုတ်ပေးထားသော လျှောက်လွှာပုံစံကို ပူးတွဲတင်ဆက်ပေးပါတယ် ....

ယခင် ဓတ်ပုံနှင့် စာရွက်စာတန်းများ တင်ထားသူများအားလုံး အဖို့ ကျွန်တော်တို့ အမှတ်စဉ်ထုတ်ပေးပြီဖြစ်ပါတယ် ...
မလျှောက်ထားရသေးသူများ အမှတ် 10 ၊12 ၊ 14 .. Jalan Lebuh Pudu ( မဟာနန်းစာသောက်ဆိုင်အပေါ်ဆုံးထပ် ရုံးခန်း အမှတ် 1 ) မှာ လျောက်လွှာ လာရောက်ဖြည့်နိုင်ပြီဖြစ်ပါတယ် .. BIO SYSTEM အတွက်စက်ကိုလည်း ထိုရုံးခန်းတွင်ပင် လာရောက်တပ်ဆင်မှာဖြစ်ပါတယ်  အသစ်လျှောက်ထားသူများ ဓတ်ပုံ 2 ပုံ ယူဆောင်လာရမည်ဖြစ်ပါတယ် ..
ယခင်လမှလျှောက်ထားသူများ ဖောင်ဖြည့်ရန်သာလိုအပ်ပါမယ် .

လျှောက်ထားမှု့အတွက် ကုန်ကျစရိတ် ကို လုံးဝကောက်ခံဦးမည်မဟုတ်ပါ ၊ တရားဝင်ထုတ်ပြန်သော အခါမှသာ ကျွန်တော်တို့ လက်ခံမည်ဖြစ်ပါတယ် .. ယခု ပထမအဆင့် အမှတ်စဉ်စတင်ကောက်ယူမည်ဖြစ်ပါတယ် ..

မည်သည့် တဆင့်ခံ ပွဲစား ၊ အလုပ်အကိုင်ရှာဖွေရေး ကုမဏီကိုမျှ တဆင့်ခံ ပေးမထားပါ ..
ဧဒင်ဥယျာဉ်သို့တိုက်ရိုက်လျှောက်ထားသူများကိုသာ ဧဒင်ဥယျာဉ်မှတာဝန်ယူမည် ..
အခြားသော ကုမဏီများ မှ လျှောက်ထားမှု့များ လုံးဝတာဝန်မယူပါ ...


လေးစားလျှက်

KOMYO
ဥယျာဉ်မှူး
www.edinooyin.com

အထက်ပါလိပ်စာအတိုင်း လာရောက်လျှောက်ထားနိုင်ပါပြီ ...

လျှောက်လွှာပုံစံ..



ဤလျှောက်လွှာအား ကူးယူဖြည့်စွက်လျှောက်ထား၍ မရပါ .....


www.edinooyin.com