Powered By Blogger

Wednesday, 13 June 2012

မြန်မာနိုင်ငံ သို့ မလေးရှားမှ ဖုန်းခေါ်ပါက တစ်မိနစ်လျှင် ၁၈ ပြားသာ ကုန် သောကဒ်

မြန်မာနိုင်ငံ သို့ မလေးရှားမှ ဖုန်းခေါ်ပါက တစ်မိနစ်လျှင် ၁၈ ပြားသာ ကုန် သောကဒ်

မြန်မာနိုင်ငံ သို့ မလေးရှားမှ ဖုန်းခေါ်ပါက တစ်မိနစ်လျှင် ၁၈ ပြားသာ ကုန် သောကဒ်
မသိသေးသော မိတ်ဆွေများအား လက်ဆင့်ကမ်းပေးလိုက်ခြင်း ဖြစ်ပါတယ်..
ကဒ်နာမည်ကတော့ U mobile  2G/3G ပါ
video call 3G ပါသောဖုန်းနှင့်သာ ခေါ်လို့ရပါသည်..
မလေးရှားတွင်း U Mobile ချင်း တူပါက နေ့ တွင် free ညတွင် ၆ပြား သာကုန်သည်
ခေါ်ဆိုရာတွင် +01310 ကုဒ်ခံရသည်
မြန်မာနိုင်ငံသို့ခေါ်ပါက နိုင်ငံကုဒ် 0095 မှ 00 နှစ်လုံးကို ဖြုတ်ပါ ဥပမာ
+0131095+++++++နောက်မှပုံမှန် နံပါတ် ရေးပါ ပိုက်ဆံကုန်ပါက top up လုပ် နိုင်ပါသည်
3G ပေါ်မှသာလျှင် ခေါ်ဆိုလို့ရပါသည် စိတ်ရှည် ဇွဲသန် သည်းညည်းခံ ကာခေါ်ဆိုကြပါ
တကယ်သက်သာပါသည်
မသိသေးသောသူများအတွက်သာ

Thursday, 7 June 2012

ဇွန်လ ၁၅ ရက်နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူ စတင်ထုတ်ဝေမည်၊ ၁၉၉၄ ခုနှစ်နောက်ပိုင်း ၁၉ ကြိမ်မြောက် ငွေစက္ကူအမျိုးအစားသစ်ထုတ်ဝေခြင်းဖြစ်

ဇွန်လ ၁၅ ရက်နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူ စတင်ထုတ်ဝေမည်၊ ၁၉၉၄ ခု...PDFPrint
Thursday, 07 June 2012 19:38
AddThis Social Bookmark Button

front
ငွေစက္ကူသစ်၏ မျက်နှာဘက်

Back
ငွေစက္ကူသစ်၏ ကျောဘက်

၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်စတင် ထုတ်ဝေမည် ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံ မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်ကြောင်း၊ ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ဘဏ်ဖွင့်ချိန် အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိ လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုး ထုတ်ဝေခဲ့ပြီး ယခု အကြိမ်မှာ ၁၉ ကြိမ်မြောက် ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်တမ်းများ အရသိရသည်။
နောက်ဆုံး ထုတ်ဝေထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၉ မျိုးတွင် အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၆ မျိုးအား ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်၌ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊ အရောင်မှာ အပြာရောင် ဖြစ်ကြောင်း၊ ကျောဖက်တွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း သိရသည်။
မြန်မာငွေကျပ် ရာဇ၀င်အချို့
မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့် စုစုပေါင်း ၅ မျိုးအား သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊ ပိုင် စနစ်မှ ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။
၁၉၅၂ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁ ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။
၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊ ၅၀ကျပ်နှင့် ၁၀၀ ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ၊ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ အမျိုးအစားများ သုံးစွဲခွင့် မရရှိတော့ကြောင်း သိရသည်။
ထို့နောက်တွင်မှ ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်စတင် ထုတ်ဝေမည် ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံ မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်ကြောင်း၊ ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ဘဏ်ဖွင့်ချိန် အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိ လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုး ထုတ်ဝေခဲ့ပြီး ယခု အကြိမ်မှာ ၁၉ ကြိမ်မြောက် ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်တမ်းများ အရသိရသည်။

နောက်ဆုံး ထုတ်ဝေထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၈ မျိုးတွင် အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၆ မျိုးအား ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
၁၉၉၄ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် ထုတ်ဝေသည့် ၅၀ ပြားတန် ငွေစက္ကူတွင် စောင်းရုပ်ပုံ၊  ၁၉၉၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၁ ကျပ်တန် ငွေစက္ကူတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၅၀၀၀ ကျပ်တန်တွင် ဆင်ဖြူတော်နှင့် လွှတ်တော်ပုံ စသည့် သုံးမျိုးမှလွဲ၍ ကျန်အမျိုးအစားများတွင် ခြင်္သေ့ရုပ်ပုံ သုံးစွဲထားခြင်းဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်၌ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊ အရောင်မှာ အပြာရောင် ဖြစ်ကြောင်း၊ ကျောဖက်တွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း သိရသည်။

ငါးထောင်ကျပ်တန် ထုတ်ဝေစဉ်က သတင်းထုတ်ပြန်ပြီး တစ်ရက်တာ အချိန်အတွင်း၌သာ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပြီး ကာလတို ဈေးကွက်မှာ တစ်ရက်အလွန်ကာလ၌ ပုံမှန်အတိုင်း ပြန်လည် ငြိမ်သက်ခဲ့ကြောင်း၊ ရေရှည်ဈေးကွက် အလားအလာနှင့် အချို့ဈေးကစားသူများ၏ နည်းစနစ်များကို ခန့်မှန်းတတ်သည့်နောက် ထင်သလို မဖြစ်ခဲ့ပဲ ဈေးကွက်လှုပ်ရှားမှုမှာ တစ်ရက်သာ ခံခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းများ အရ သိရသည်။

အရွယ်အစား             ။ ။ ၁၅x၇ စင်တီမီတာ
ပေါ်လွင်သည့် အရောင် ။ ။ အပြာရောင်
မျက်နှာစာဘက်     ။ ။ ထိပ်ပိုင်းတွင် 'မြန်မာနိုင်ငံတော်ဗဟိုဘဏ်' စာတမ်းရိုက်နှိပ်ထားပါသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော်နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူတန်ဖိုးကို ဖော်ပြထားသည့် မြန်မာစာတန်း 'တစ်သောင်းကျပ်'ကိုလည်း ရိုက်နှိပ်ထားပါသည်။ လက်ယာဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူတန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူပွင့်ပုံ ရေစာပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါသည်။

ကျောဘက်   ။ ။ ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး  ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေးနန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။

မြန်မာငွေကျပ် ရာဇ၀င်အချို့ 

မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့် စုစုပေါင်း ၅ မျိုးအား သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊ ပိုင် စနစ်မှ ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

၁၉၅၂ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁ ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။

၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊ ၅၀ကျပ်နှင့် ၁၀၀ ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ ထုတ်ဝေခဲ့သည်။ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ အမျိုးအစားများ သုံးစွဲခွင့် မရရှိတော့ကြောင်း သိရသည်။

ထို့နောက်တွင်မှ ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း သိရသည်။
histofkyat 
Views: 390
Tags: hotnews

Wednesday, 6 June 2012

လူသားသွေးနဲ့ ထွန်းညှိတဲ့ အံ့ဖွယ် မီးအိမ်ဖန်တီး လိုက်ပြန်ပါပြီ ဗျာ

လူသားသွေးနဲ့ ထွန်းညှိတဲ့ အံ့ဖွယ် မီးအိမ်ဖန်တီး လိုက်ပြန်ပါပြီ ဗျာ

ဒီထူးခြားတဲ့ အပြာရောင် မီးရောင်ဟာ ညကလပ် တွေမှာ ထွန်းလေ့ ထွန်းထရှိတဲ့ မီးရောင်တစ်ခုပါပဲ။ ဒါပေမယ့် အရောင် ထွက်ပေါ် လာပုံက သာမန် လျှပ်စစ် မီးသီး၊ မီးအိမ် တွေနဲ့ လုံးဝ မတူပါဘူး။ ဒီမီးအိမ်က ထွက်လာတဲ့ အလင်းရောင် ဟာ လူသားသွေး ကြောင့်ဖြစ်ပါသတဲ့။ ဒီလိုဆိုလိုက်လို့ အံ့ဩဘနန်း ဖြစ်သွား ပါလိမ့်မယ်။ ထိပ်ဝမှာ ကွဲအက် ပုံစံ ဖြစ်နေတဲ့ ဒီမီး အိမ်ကို အမေရိကန် ဒီဇိုင်းပညာရှင် မိုက်သွမ်မဆင်က တီထွင်ဖန်တီးပေး ခဲ့တာပါ။
ဒီလို ဒီဇိုင်းဖော်ထားတာ ကတော့ ဖန်စနဲ့ လက်ကိုပြတ်ရှစေပြီး သွေးစီး ထွက်လာစေဖို့ အတွက်ပါပဲ။ စီးထွက်ကျဆင်းသွားတဲ့သွေးဟာ မီး အိမ်ထဲရှိနေတဲ့ ဓာတုပစ္စည်းတွေနဲ့ ဓာတ်ပြုပြီး အခုလို အပြာရောင်ထွက် ရှိလာတာဖြစ်ပါတယ်။ ဒီမီးအိမ်ကို သွမ်မဆင်ကအကြောင်းမဲ့တီထွင်ခဲ့တာ မဟုတ်ပါဘူး။ အမေရိ ကန်ပြည် ထောင်စုရဲ့ တစ်နှစ်ပျှမ်းမျှစွမ်းအင်သုံး စွဲနှုန်းဟာ 3383 kwh ရှိပြီး အဆိုပါ ပမာဏဟာအခန်း(၄)ခန်းထဲမီး(၁၂)လ ထွန်းညှိထားတာနဲ့ ညီမျှပါသတဲ့။
အဲဒါကြောင့် သွမ်မဆင်က “စွမ်း အင်ဟာ ဖြုန်းတီးဖို့သပ်သပ် ဖြစ်လာ သလို အောက်မေ့ နေကြတယ်။ ခန္ဓာ ကိုယ်က သွေးတွေ အများကြီးဆုံးရှုံး လိုက်ရင် အသက် အန္တရာယ် ရှိလာ တတ်သလိုပဲ စွမ်းအင်အလွန်အကျွံသုံး စွဲကြမယ်ဆိုရင် အန္တရာယ်ရှိလာတတ် သလိုပဲ စွမ်းအင်အလွန်အကျွံ သုံးစွဲကြ မယ်ဆိုရင် ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိတယ်”လို့ သူ့ရဲ့ဝက်ဘ်ဆိုဒ် မှာ သတိပေး ခဲ့ကြပါတယ်။
Views: 177
အမျိုးအစား: ဗဟုသုတ

ကိုယ်ဘယ်သူနဲ့ ရမလဲဆိုတာတွက်လို လို့ ရတဲ့ဆော့ဝဲလေးပါ

ဒီဆော့ဝဲလေးကတော့ကိုယ်ဘယ်သူနဲ့ အိမ်ထောင်ကျမယ် ဘယ်လိုလူမျိုးနဲ့ ရမလဲ
ဆိုတာကအစတွက်လို့ ရတယ်အင်စတောလုပ်ပြီးရင်ခုနှစ်သက္ကရာဇ်လေးထည့်ပေး
၇ုံနဲ့ စုံနေအောင်တွက်လို့ ရတယ်ကွန်ပျုတာဗေဒင်ပေါ့ဝါသနာပါသူများနဲ့ ဗဟုသုတရ
ရလိုသူတွေဆောင်ထားသင့်ပါတယ်ကဲဆွဲထားမယ်နော်.......

ဒီမှာDownload ယူပါ..     အိမ်ထောင်ကျမကျတွက်တဲ့ဗေဒင်ဆော့ဝဲ

အခြေခံပညာသင်ဝါသနာတူသူငယ်ချင်းအားလုံးအတွက် မောင်(စွယ်စုံကျမ်း)

510 ယောက်ကြည့်သွားပါသည်။
ခေါင်းစဉ်ခွဲ : ဗဟုသုတ
Twitter

Monday, 4 June 2012

မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုး ......

မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုး ......

စာရေးဆရာလူနေရဲ့ ၀တ္တုထဲက ဖတ်ရတဲ့ ပုံပြင်လေးပါ .... အရမ်းကြိုက်ပါတယ် ... မိန်းကလေးတွေရဲ့ အရည်အချင်းတွေ အကုန်လုံးကိုပေါ်လွင်စေပါတယ် ...... မိန်းကလေးတွေ ဖတ်သင့်ပါတယ် .....
ပုံပြင်အစ
တစ်ခါတုန်းက
ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........
"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"
ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က
"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား"
ဟုမေးလိုက်လေ၏ ။
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။
ဘုရားသခင်ကဆက်ပြောပြသည် ။
ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး....
"ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း
ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း
ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင်
ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး
ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင်
စွမ်းဆောင်ပေးနိုင်တယ် "
ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။
ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။
"လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ."
ဟုပြောပြီးခေါင်းခါနေပြန်၏ ။
ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ...
"ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား"
ဟုထပ်မေးပြန်၏ ။
"ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊
အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်"
ဘုရားသခင်က ဆက်ပြောပြန်၏ ။
"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို
ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ "
"..........."
"နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈
နာရီလောက် အလုပ်လုပ်နိုင်တယ် ။
နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ
ကို တို့ ထိကြည့်လိုက်၏ ။
"နူးညံ့လွန်းလှချည်လား
"ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊
အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်"
"သူမကတွေးတတ်လား"
ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။
"တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်"
နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏
"ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး
ဖြစ်နေပြီလား မသိဘူး"
"ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်"
"ဘာအတွက်လဲ"
"သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့
နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ"
ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။
"သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း
စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း
ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး
ဖြစ်လာပါလိမ့်မယ်"
ဟုဆိုလိုက်သည် ။
ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။
"ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ
အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ
့ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်"
"သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။
ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်"
"အဲ့ဒီလောက်တောင်ပဲလား"
"ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။
ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့
အချိန်မှာလည်း သီချင်းဆိုတယ် "
"အို"
"သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု
အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့
လူသားတစ်မျိုးပါ ။ သူမရဲ
့နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"
"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။
နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက်
ဂုဏ်ယူနေတတ်သေးတယ်"
နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို
ဆက်ရှင်းပြနေပြ၏ ။
"သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ
ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ .... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ်
ပြောင်းလဲအသုံးပြုတတ်သေးတယ်"
"............"
"အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း
သူမကသိသေးတယ်"
"ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်"

"ဘယ်လို"

နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏
"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ"
"ဘာချို့ ယွင်းချက်လဲ"
"သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်"
"ဟင်"
"နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ
အမြဲတမ်းလည်း မေ့နေတတ်တယ်"
ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။
ပုံပြင်အဆုံး
ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို
့မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး..
စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့
အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ
အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီ
းဆက်ဆံလိုက်ပါလို့ ...ပြောကြားရင်း ....
မှတ်ချက်။    ။သူငယ်ချင်းတစ်ယေက်ဆီမှရလို့ပြန်လည်ဖေါ်ပြလိုက်ပါတယ်။
Views: 62
အမျိုးအစား: ဆောင်းပါး

Sunday, 3 June 2012

By မအေးသန္တာကျော်

ဓာတ်ပုံ ASSOCIATED PRESS

ဂီတ အပါအဝင် ဖျော်ဖြေရေးအပိုင်းမှာ အနောက်တိုင်းသားတွေနည်းတူ
အောင်မြင်မှုရဖို့ဆိုတာ အာရှလူငယ်တွေအတွက် သိပ်ကြီးလွယ်လွယ်ကူကူ
မဟုတ်လှပါဘူး။ ဒီတော့ အင်တာနက်ပေါ်က YouTube ကို အသုံးပြုပြီး
အနုပညာဖန်တီးမှုတွေမှာ လူအများရဲ့အားပေးမှုရအောင် ကြိုးပမ်းကြရပါတယ်။
အောင်မြင်မှုတွေလည်း ရရှိကြပါတယ်။ နားဆင်ကြည့်နိုင်ပါတယ်။
http://www.voanews.com/burmese/news/youth-program/09-15-11Youth37_2...

အသံဖိုင်လေး နားဆင်ကြည့်ပါ။
 
 မြန်မာလူငယ်တွေလည်း ကမ္ဘာကျော်အောင် အောင်မြင်တဲ့သူတွေ ဖြစ်ကြပါစေ.။

                                                  လေးစားစွာဖြင့် ...    မောင်မြင့်
http://satekuupuyar.blogspot.com/2012/06/youtube.html

video လေးအမြည်းကြည်သွားပါဦး