Powered By Blogger

Tuesday, 9 July 2013

သင့်ရဲ့ကိုယ်ပိုင်ဆံပင်အမျိုးအစားအလိုက်ထိန်းသိမ်းရအောင်

တိုတဲ့ဆံပင်၊ ရှည်တဲ့ဆံပင်၊ ကောက်တဲ့ဆံပင်၊ ဖြောင့်တဲ့ဆံပင်.. ဘယ်လိုဆံပင်ပုံပဲရှိရှိ ဆံပင်သား အမျိုးအစားအလိုက် ထိန်းသိမ်းဖို့ လိုပါတယ်။ ကောင်းမွန်တဲ့ အာဟာရ၊ ဦးရေပြားကို နှိပ်နယ်ပေးတာ၊ ဆေးလိပ်ငွေ့ ရှောင်ရှားမှုနဲ့ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေဟာ ဦးရေပြားကို ကျန်းမာစေသလို ဆံပင်သားကို တောက်ပ ကြည့်ကောင်းစေပါတယ်။
သင့်ဆံပင်သားက အဆီပြန်နေလျှင်
သင့်ဆံပင်က အဆီပြန်ရင် နေ့စဉ် ခေါင်းလျှော်သင့်ပါတယ်။ အထူးသဖြင့် အဆီပြန်တဲ့ ဆံပင်သားအတွက် သီးသန့်ထုတ်ထားတဲ့ ရှမ်ပူမျိုးကို ရွေးသုံးပါ။ အဆီဓာတ်ပါတဲ့ ဆံပင်လိမ်းပစ္စည်းကို ရှောင်သင့်ပါတယ်။
သင့်ဆံပင်သားက ခြောက်သွေ့နေလျှင်
မကြာခဏ ခေါင်းမလျှော်ပါနဲ့။ ခေါင်းလျှော်မယ်ဆိုရင် အစိုဓာတ်ထိန်းနိုင်တဲ့ ရှမ်ပူမျိုးကို ရွေးသုံးသင့်ပါတယ်။
သင့်ဆံပင်သားမှာ အဖြူဖတ်ကပ်နေလျှင်
ဦးခေါင်းမှာ ဗောက်ထနေတာ ဖြစ်နိုင်ပါတယ်။ ဗောက်ပျောက်စေမယ့် ရှမ်ပူမျိုးရွေးသုံးပါ။ တကယ်လို့ ဗောက်မပျောက်ရင် ပိုပြီး ထိရောက်မှု ရှိစေမယ့် ခေါင်းလျှော်ရည် အမျိုးအစားကို ရွေးသုံးနိုင်ဖို့ အရေပြား ဆရာဝန်ကို မေးမြန်းပါ။
သင့်ဆံပင်ကို အရောင်ဆိုးမည်ဆိုလျှင်
အရင်ဆုံး ဆံပင်ဆိုးဆေးဘူးမှာပါတဲ့ အညွှန်းစာကို သေချာဖတ်ပါ။ အထူးသဖြင့် သတိပေးချက်ကို စနစ်တကျဖတ်ပြီး လိုက်နာဖို့ လိုပါတယ်။ ဆံပင်အရောင် မဆိုးခင် ဆံပင်ဆိုးဆေးနဲ့ တည့်မတည့်သိအောင် အရင်စမ်းသပ်ပါ။ ဆံပင်ဆိုးဆေး တစ်စက်ကို သင့်လက်တံတောင်ရဲ့ အတွင်းဘက် အရေပြား ဒါမှမဟုတ် နားနောက်ကို တို့ကြည့်ပါ။ နှစ်ရက်လောက် ထားကြည့်လို့ နီမြန်းတာ၊ ယားတာ၊ အဖုပေါက်တာတို့ မဖြစ်မှ ဆံပင်အရောင်ဆိုးပါ။ တကယ်လို့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပေါ်လာရင် ဆံပင်ဆိုးဆေးကို မဆိုးပါနဲ့။
သင့်ဆံပင်ကို ဖြောင့်စေလိုလျှင်
ဆံပင်ဖြောင့်လိုတယ်ဆိုရင် ခေါင်းလျှော်ရည်ကို ဖြောင့်ဆေးပါတဲ့ အမျိုးအစား ရွေးသုံးသင့်ပါတယ်။ ပြီးရင် ကွန်ဒီရှင်နာသုံးကာ ရေဆေးချလိုက်ပါ။ ခေါင်းလျှော်ထားစ ဆံပင်ကို ဘီးကုပ်ကုပ်တာ၊ စည်းနှောင်ထားတာမျိုး မလုပ်ပါနဲ့။
လေမှုတ်စက်၊ ကောက်စက်နှင့် ဓာတုပစ္စည်းများသုံးလျှင်
ဆံပင်အခြောက်ခံစက်၊ ကောက်စက်နဲ့ ဓာတုပစ္စည်းတွေကို အလွန်အမင်း မသုံးပါနဲ့။ ဒါတွေက ဆံပင်ကို ခြောက်သွေ့တာ၊ ပြတ်တောက်တာတို့ ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်အသုံးပြုတာမျိုးကို ရှောင်ပါ။
ရေကူးသူဖြစ်လျှင်
ရေကူးကန်ထဲမှာ ခတ်ထားတဲ့ ကလိုရင်းဓာတ်ဟာ ဆံပင်သားကို ထိခိုက်စေနိုင်ပါတယ်။ ဆံပင်သားကို ကလိုရင်းကြောင့် ထိခိုက်မှုမဖြစ်စေဖို့ ခေါင်းစွပ်စွပ်ပြီး ရေကူးပါ။ ဒါမှမဟုတ် ရေကူးပြီးချိန်မှာ ဆံပင်သားကို ရေနဲ့ချက်ချင်း ဆေးချလိုက်ပါ။
ဗဟုသုတအနေနှင့်သိစေချင်သောရည်ရွယ်ချက်ဖြင့် ကူးယူပေးချင်းဖြစ်ပါသည်။ ။
ဖတ်ခဲ့သူများ: 42
အကြောင်းအရာ: ကျန်းမာရေးအသိပေး

Monday, 8 July 2013

မဖြစ်နိုင်တာ ( ဟာသလေးတစ်ပုဒ်)


မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့်
အသက် ၉၃နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီး
သူတို့ကလေးရတော့မည့်အကြာင်း ပြောပြလေသည်။


ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။
'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့
လူတယောက်ဟာ အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ
ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက
လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ
ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော'


'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီးပစ်လိုက်လို့ နေမှာပေါ့'

'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'
204 ယောက်ကြည့်သွားပါသည်။
ခေါင်းစဉ်ခွဲ : ဟာသ

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ


        ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်ပါတယ်။
ဒါကြောင့် ဗိုက်ပူနေပြီ ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျ စေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ် စေပါတယ်။

(၂) အမျှင်ဓာတ်များများ စားပါ

အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီး ဟင်းရွက်တွေက ကယ်လိုရီ ပါဝင်မှု နည်းပါး ပါတယ်။

(၃) ဆားလျှော့စားပါ

လူအများစုဟာ ဆိုဒီယမ်ကို လိုအပ်တာထက် နှစ်ဆပိုစား နေကြတယ်လို့ ကျွမ်းကျင်သူ တွေက အကြံပြု ထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုး စေနိုင်သလို လေပွ စေနိုင်ပါတယ်။ ဆားပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုးကို အရင် ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ် ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး အိမ်မှာ မိမိဘာသာ ချက်ပြုတ် ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများ သောက်တာက ဆိုဒီယမ် ပမာဏကို လျော့ကျ စေပါတယ်။

(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ညစာကို များများ စားတာကြောင့် ဗိုက်ပူ နေတယ်ဆိုရင် နည်းနည်းနဲ့ မကြာ ခဏစားတဲ့ အလေ့အထကို ပြောင်းလဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄ နာရီကြာတိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာတာနဲ့ အစာကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။

(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ

ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်း အတာက လျော့ကျမှု မရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

မိန်းမတို.သိဖို. ကျားကျားတို.အကြောင်း

မိန်းမတွေသိဖို့ ကျုပ်တို့ ကျားကျားတွေ အကြောင်း
============================

၁။ ကျွန်တော်တို့ယောက်ျားတွေ မိန်းမဆို ခန္ဓာကိုယ်အလှမှ မ
ဟုတ်ပါဘူး နှစ်လိုဖွယ် အပြုံးနဲ့ သပ်ရပ်သန့်ရှင်းတဲ့ မျက်နှာမျိုး
ဆို ပိုပြီးတော့တောင်စွဲလန်းပါသေးတယ်။

၂။ကျွန်တော်တို့ယောက်ျားတွေ တကယ်တော့ မာယာကိုလည်း ချစ်တတ်ပါတယ်

၃။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ကို တစ်မိနစ်အတွင်းမှာလည်း သည်းသည်းလှုပ်ချစ်သွားတတ်သ
လို မုန်းပြီမေ့ပြီဆိုလည်း နာမည်တောင် မမှတ်မိတော့

၎။ကျွန်တော်တို့ယောက်ျားတွေ "ငါ မင်းအပေါ်နားမလည်နိုင်တော့ဘူးကွာ" လို့ပြောရင် အဓိပ္ပါယ်က ရှင်းရှင်းလေးပါ " စိတ်ကုန်နေပါပြီ "

၅။ကျွန်တော်တို့ယောက်ျားတွေ "စားပြီးပြီလား" တို့ "ဘာလုပ်နေလဲ" တို့ ဖုန်းထဲချက်ထဲမှာမေးရင်တော့ သိသင့်ပါပြီ i'm so boring ပွစိပွစိ with u .

၆။ကျွန်တော်တို့ယောက်ျားတွေ တစ်နေကုန် တစ်ညလုံး လျှောက်
ကဲနေတတ်ပေမယ့် ညအိပ်ယာဝင်မှာ တွေးမိစဉ်းစားမိတာ တကယ်
တန်ဖိုးထားချစ်ရတဲ့ သူကလေးအကြောင်းပါပဲ

၇။ကျွန်တော်တို့ယောက်ျားတွေ တစ်ကယ်ချစ်မိပြီဆိုရင် ရိုင်းတယ်မထင်ပါနဲ့ .... မိန်းမရွှင်ဆိုလည်း ဝိုင်းစုခိုင်သိန်း(အပြစ်မမြင်)ပါပဲ

၈။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ရဲ့ attention ရဖို့ ဘယ်လောက်များ ထူသလဲဆို မျောက်လိုက ဆိုလည်း ကမိမှာပါ

၉။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့အကြည့်တစ်ချက်မှာ အသက်မထွက်ပေမယ့် ဘဝတော့ပျက်နိုင်ပါတယ်

၁၀။ကျွန်တော်တို့ယောက်ျားတွေ လည်းငိုတတ်ပါတယ်

၁၁။ကျွန်တော်တို့ယောက်ျားတွေ သတ်သတ်လွတ်တစ်ယောက်မှ မစားပါဘူး .... အဲဒီတော့ မမြှုဆွယ်တာအကောင်းဆုံးပါ


၁၂။ကျွန်တော်တို့ယောက်ျားတွေ ပလစ်တာခံလိုက်ရရင် သိပ်မုန်းတာဗျ
.... ပြန်လက်စားချေမှာ အရှုံးကိုလက်မခံနိုင်ဘူးပေါ့ဗျာ .....အဲ မိန်းမ
ကိစ္စတစ်ခုထဲမှာပါ

၁၃။ကျွန်တော်တို့ယောက်ျားတွေ အသည်းနှလုံးကို ထိအောင်ခင်ဗျားတို့
လာကစားမိပြီ ဆိုရင်တော့ ပြန်လမ်းမရှိဘူး သတိထားပါ

၁၄။ကျွန်တော်တို့ယောက်ျားတွေ အသည်းနုတယ်.... မိန်းကလေး
တစ်ယောက်က အရင်စ နမ်းတာ ခံရရင်တော့ Go Crazy ပဲ

၁၅။ကျွန်တော်တို့ယောက်ျားတွေ နားသိပ်မကောင်းဘူးဗျ ....ခင်းဗျားတို့ No ပြောတာကို ကျုပ်တို့က Try Again Tomorrow ကြားတယ်


၁၆။ကျွန်တော်တို့ယောက်ျားတွေ "တစ်သက်မှာတစ်ခါတည်း မင်းကိုချစ်မိတာပါ" ပြောရင်တော့ ချင့်ယုံပေါ့ဗျာ

၁၇။ကျွန်တော်တို့ယောက်ျားတွေ အတင်းတုတ်ရင်လည်း မိန်းမတွေထက်ပိုဆိုးဗျာ သတိတော့ထားပေါ့

၁၈။ကျွန်တော်တို့ယောက်ျားတွေ အကြီးဆုံး အားနည်းချက်ကတော့ မိန်းမမြင် မနေနိုင်တာပါပဲ

၁၉။ကျွန်တော်တို့ယောက်ျားတွေ ပွင့်လင်းတယ် ခင်ဗျားတို့လိုမဟုတ်ဘူး

၂၀။ကျွန်တော်တို့ယောက်ျားတွေ ချစ်မိတဲ့ မိန်းကလေးဆို လေးလေးစားစား ဆက်ဆံတတ်ပါတယ် မလေးမစား ပေါက်တတ်ကရ ဆိုရင်တော့ ....

၂၁။ကျွန်တော်တို့ယောက်ျားတွေ ကိုချုပ်ချယ်လာပြီဆိုရင်တော့ ခင်ဗျားတို့အဝေးလွင့်သွားဖို့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးတာပဲ


၂၂။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတွေကိစ္စဆို နှုတ်မလုံဘူးဗျ ခင်ဗျားတို့ လှို့ဝှက်အပ်သော တွေဆို မပြောနဲ့ မပြနဲ့


၂၃။ကျွန်တော်တို့ယောက်ျားတွေ အတွက်ခင်ဗျားတို့ Height က အရေးမကြီးဘူးဗျ ဒေါက်ဖိနပ်စီးမနေနဲ့ အကျိုးမရှိဘူး Weight သာလျော့
308 ယောက်ကြည့်သွားပါသည်။
ခေါင်းစဉ်ခွဲ : မျှဝေ

အဆုတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများ

မကြာသေးမီ ကာလအတွင်း အဆုတ်ကင်ဆာ ဖြစ်နှုန်းဟာ မြင့်တက် လာပါတယ်။ အထူးသဖြင့် အမျိုးသား တွေနဲ့ နှိုင်းယှဉ်ရင် အဆုတ် အရွယ်အစား သေးငယ်တဲ့ အမျိုးသမီး တွေမှာ အဖြစ်များ လာပါတယ်။ ဒါပေမဲ့ အဆုတ် ကင်ဆာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဆေးလိပ် သောက်သူ ဖြစ်နေရင်တောင် ကာကွယ်နိုင် ပါသတဲ့။ အောက်ပါ နည်းလမ်း တွေဟာ အဆုတ် ကျန်းမာရေးကို ကောင်းမွန် စေနိုင်ပြီး ကင်ဆာဖြစ်နိုင် ခြေကို ၆၇ ရာခိုင်နှုန်းကျော် အထိ လျှော့ချ နိုင်ပါတယ်။
ခရင်မ်ဘယ်ရီဖျော်ရည်သောက်ပါ
ခရင်မ်ဘယ်ရီသီးမှာ ပါဝင်တဲ့ Proanthocyonidins ခေါ်ဓာတ်တိုးဆန့်ကျင် ပစ္စည်းဟာ ကင်ဆာလို့ သံသယဖြစ်စေ တဲ့ အဆုတ်ဆဲလ်တွေ ပွားများမှုကို ပိတ် ပင်ပေးပါတယ်။ လက်တစ်ဆုပ်စာ ဘယ် ရီသီးအခြောက် ဒါမှမဟုတ် ခရင်မ် ဘယ် ရီဖျော်ရည်ကို နေ့စဉ်သောက်ပါ။
တစ်သျှူးအနာကျက်အောင် ဗီတာမင်အီး စားပါ
ကွေကာ၊ ဒိန်ချဉ်နဲ့ Pecans တွေမှာ အနာကျက်စေနိုင်တဲ့ Gamma- toco-pherol တွေ များစွာ ပါဝင်ပါတယ်။ ဒီ ဗီတာမင်အီး ဒြပ်ပေါင်းဟာ ပျက်စီးနေ တဲ့ အဆုတ်တစ်သျှူးတွေကို ပြန်လည် ပြုပြင်နိုင်ပြီး ကင်ဆာအကြိုဆဲလ်တွေ ကြီးထွားမှုကို ပိတ်ပင်နိုင်တဲ့ အတွက် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင် နှုန်းအထိ လျှော့ချနိုင်တယ်လို့ Texas တက္ကသိုလ်မှ သုတေသီတွေက ဆိုပါ တယ်။ နေ့စဉ် နှစ်အောင်စမှီဝဲပါ။
ကဖင်းမပါဝင်သော ကော်ဖီသောက်ပါ
သင်ဟာ ဆေးလိပ်သောက်သူဖြစ် နေရင် ဒါမှမဟုတ် တစ်ဆင့်ခံ ဆေးလိပ် တွေကို ပုံမှန်ရှူနေရသူ ဖြစ်နေရင် သင် သောက်နေကျ ကော်ဖီနှစ်ခွက်ကို ကဖင်း မပါဝင်တဲ့ ကော်ဖီနဲ့ အစားထိုးပြီး သောက် ပါ။ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ Buffalo ကင်ဆာ ဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ကော်ဖီမှာ များစွာပါဝင်တဲ့ ဖလေဗိုးနွိုက်တွေက ဆေး လိပ်ငွေ့မှာ ပါဝင်တဲ့ ကင်ဆာဖြစ်စေနိုင် တဲ့ပစ္စည်း (Carcinogen) တွေကို ခွဲနိုင် ပေမယ့် ကဖင်းက ဒီဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေရဲ့ လုပ်နိုင်စွမ်း စွမ်းရည်ကို လျှော့ချထားလို့ပါ။
အနီရောင်ဂရိတ်ဖရုသီး စားပါ
အနီရောင် ဂရိတ်ဖရုသီးကို နေ့စဉ်စားသုံးတာကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါတယ်။ ဆေးလိပ်အနည်းငယ် သောက်သူဖြစ်ရင်တောင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဂရိတ် ဖရုသီးမှာ များစွာပါဝင်တဲ့ ဗီတာမင် စီနဲ့ လိုင်ကိုပင်းတွေ နှစ်မျိုးပေါင်းပြီး အဆုတ် တစ်သျှူးကို လေထု ညစ်ညမ်းမှု ဒဏ် ကြောင့် ပျက်စီးမှု မရှိအောင် ကာကွယ် ထားနိုင်တာကြောင့်ပါလို့ Haward တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ဖရဲသီးနဲ့ ချက်ပြီးသား ခရမ်းချဉ်သီးဟာ လည်း တူညီတဲ့ အစွမ်းရှိတယ်လို့ သိရပါ တယ်။ 
ဒေါက်တာခင်မိုးအေး (ကျန်းမာေ၇းသတင်းဂျာနယ်မှကူးယူတင်ဆက်ပါသည်..)
ဖတ်ခဲ့သူများ: 11
အကြောင်းအရာ: ကျန်းမာေ၇း

ယောက်ျားလေးတွေမိန်းမယူဖို့ ဒီအချက်တွေကမှန်လားမသိဘူး(မသိလို့ကူးခဲ့တာပါ)

ဒီချက်တွေကြည့်ပြီး တော့ မိန်းမရဖို့ဝေးပြီး ထင်တယ် သယ်ရင်းတို့ရေား ဘယ်လိုမြင်လည်း
ငါကတော့ ဝေးပြီးထင်တယ်

“ အမေ သား မိန်းမ ယူတော့မယ် သားကို မိန်းမ ပေးစားပါ”
“ ဟဲ့ နင် ကလေးပဲရှိသေးတာ ဘာလို့ယူမှာတုန်း”
“ ငင် အမေ သားအသက် မနက်ဖန် သန်ဘက်ခါပဲ သုံးဆယ် တောင်ပြည့်တော့မယ်လေ အခုထိ လူကြီး မဖြစ်သေးဘူးလား”
“ အေး နင်က ငါ့မျက်စိ ထဲမှာတော့ ကလေးပဲ”
“ တိန်”
သို့နှင့် မွေးသဖခင် ဆီ ခြေဦးလှည့်ရသည်။
“ အဖေ သား မိန်းမ ယူတော့မယ် သားကို မိန်းမ ပေးစားပါ”
“ အေး ယူလေကွာ”
“ ဟာ အဖေ တကယ်ပြောတာလား ဟေးဟေး”
“ အေး ဒါနဲ့ မင်း မီးချောင်းချုပ် တပ်တာ ဖြုတ်တာ လုပ်တတ်ပြီလား”
“ ငင် အိမ်မှာ ချုပ် မကောင်းတော့လို့လား”
“ မဟုတ်ဘူးလေ ငါမေးတာ ဖြေစမ်းပါ လုပ်တတ်ပြီလားလို့”
“ စမ်းတ၀ါးဝါးပဲ အဖေ လုပ်ကြည့်ရမှာပဲ”
“ ဒါဆို မင်းဘာလုပ်တတ်လဲ ပြောစမ်း”
“ ကျွန်တော်လား ပိုက်ဆံရှာတတ်ပြီလေ “
“ အေး ဟုတ်ပြီကွာ နောက်ရော”
“ အဲ အီး ကားမောင်းတတ်တယ်”
“ ပြီးတော့ရော”
ခေါင်းခြောက်အောင် စဉ်းစားလိုက်သည်။ ငါ ဘာတွေ လုပ်တတ်သေးလဲ။ ထိုစဉ် အဖေက တူနှင့် သံတစ်ချောင်းယူလာကာ
“ ရော့ကွာ ဒီသံကို ဟိုနံရံမှာ ရိုက်ကြည့်စမ်း”
အာ ဒီလောက်လွယ်တာကို ခိုင်းရတယ်။ ဘာများလဲလို့။ သို့နှင့် တူ နှင့် သံကို ယူကာ အုတ်နံရံ တွင်ရိုက်လိုက်သည်။ သံသာကွေးကောက်သွားသည်။ တစ်ခါတစ်လေ ထုနေတာက ချော်ပြီး လက်မ ကို သွားထိသေးပြန်သည်။ အီး ထင်သလောက်မလွယ်ပါလား။
“ အေး အဲ့ဒါပဲကွ ဒါ အုတ်ရိုက်သံ မဟုတ်ဘူးဆိုတာ တောင် မင်းမခွဲတတ်သေးဘူး အိမ်ထောင်ပြုပြီဆို မင်းက တစ်အိမ်လုံးမှာ အိမ်ထောင်ဦးစီး မင်းမရိုက်လို့ ဘယ်သူရိုက်မှာလဲ”
“ မိန်းမ ရိုက်တတ်တယ်ထင်တယ် နေအုံး ကျွန်တော် ဖုန်းဆက်မေးကြည့်အုံးမယ်”
“ ခွီးးးးး သံရိုက်တာတောင် မိန်းမ အားကိုးနေရသေးရင်တော့ မိန်းမ မယူပါနဲ့အုံးကွာ စောပါသေးတယ်”
“ တိန်”
သို့နှင့် သုံးရက်လောက် သံရိုက်ကျင့်လိုက်တာ အတော်ကျွမ်းကျင်သွားလေသည်။
“ အဖေ သား သံရိုက်တတ်ပြီ မိန်းမ ယူတော့မယ်”
“ အေး ယူလေကွာ နေအုံး မင်း ဖျူ့စ်ပြတ်ရင်ရော လဲ တတ်လား”
“ အာ အဖေကလဲ မီးသမား ခေါ်ခိုင်းမှာပေါ့”
“ ညရေး ညတာ ကျရင် ခေါ်ခိုင်းလို့ အဆင်ပြေမလားကွ ပြီးတော့ ၀ါယာကြိုးတွေရော သွယ်တတ်ပြီလား”
“ အဟင့် လုပ်တတ်သေးဘူး”
“ အေး ဒါဆို စောပါသေးတယ်ကွာ မယူပါနဲ့အုံး”
“ ဂျာ”
သို့နှင့် သုံးရက်ခန့် အဖေ့ဆီ ၀ါယာကြိုးသွယ်တန်း ပုံတွေ သင်ကြားပြီးသကာလ အောင်မြင်ကြောင်းလက်မှတ်ရသွားလေတော့သည်။
“ အဖေ သား ဖျူ့စ်လဲတတ်ပြီ ၀ါယာကြိုးလဲ သွယ်တတ်ပြီ သားကို မိန်းမ ပေးစားပါတော့”
“ အေး ယူလေကွာ”
“ ငင် လာပြန်ပြီ ဒီစကားကြီး ဘာတွေ ထပ်လုပ်ခိုင်းအုံးမလို့လဲငင်”
“ ရေပိုက်ခေါင်းလဲတတ်ပြီလား အင်တန်နာ ထောင်တတ်ပြီလား Safeguard ဆင်တတ်ပြီလား Skynet ဆင်တတ်ပြီလား အ၀တ်တန်းရိုက်တတ်ပြီလား မီးချောင်းလဲတတ်ပြီလား ဘထ္ထရီအိုး အက်ဆစ်လဲတတ်ပြီလား အင်ဗာတာ ဆင်တတ်ပြီလား ရေတိုင်ကီဖာတတ်ပြီလား လားလားလားလားလား ရေတစ်ခွက်ပေးကွာ မောထှာ”
“ အဟင့် အဖေ အဲ့ဒါတွေက အားလုံးတတ်ဖို့လိုလို့လားငင်”
“ အေး မလိုချင်လဲ မလိုဘူးပေါ့ကွာ ဒါပေမယ့် မင်းကို အရာရာ အားကိုးပြီး လိုက်နေမယ့်မင်းရဲ့ မိန်းမ စိတ်ထဲမှာ အိမ်မှာတစ်ခုခုဖြစ် ငါ့ယောက်ျားရှိတယ် ဆိုတဲ့ အားကိုးချင်တဲ့စိတ် ပေါ်လာအောင်တော့ ဒါတွေလုပ်တတ်ဖို့လိုလိမ့်မယ် ငါ့သား ပိုက်ဆံရှာတတ်တိုင်း ငါအားကိုးချင်စရာ ယောက်ျား ဖြစ်ပြီလို့ ဘယ်တော့မှ မတွေးမိလေနဲ့ တစ်ခါတစ်လေ ဒီလို အသေးအဖွဲလေးတွေက မိန်းမ တစ်ယောက်ရဲ့ ယုံကြည်ကိုးစား ခြင်းကို ခံရတတ်တယ် ငါ့သား”
“ ဟွတ်”
တကယ်တော့ သူ့အဖေသည် သူမလုပ်ဖူးတာတွေကို ခိုင်းနေခြင်းမဟုတ်။အကုန်သူလုပ်တတ်သည်။ သူဖြတ်သန်းခဲ့ရသော အိမ်ထောင် အတွေ့အကြုံနှင့် ယှဉ်ထိုးကာ ပြောပြနေခြင်းပင်။ တကယ်တော့ အဖေ တွေဆိုတာ တကယ့် ဆရာကြီးတွေပါပဲ။

Sunday, 7 July 2013

လူခန္ဓာ့ပေါ်မှာ ဆွဲသည့် သက်ဝင် ပန်းချီများ

 ကမ္ဘာအတော်ဆုံး လူ့ခန္ဓာကိုယ်ပေါ်မှာ ပန်းချီဆွဲနိုင်သူအဖြစ် သတ်မှတ်ခံထားရသူ Johannes Stoetter မှ သဘာဝဆန်ဆန် ပန်းချီများကို လူသားများဆီမှာ ဖန်တီးပြီး ဆွဲသားထားပါတယ်...။
အသက် (၃၅) နှစ် ရှိသည့် Johannes ဟာ ပန်းချီကားများကို ပန်ချီးဆွဲသည့် canvas ပေါ်မှာ ဆွဲသားရာမှ လူသားတို့က အရေအပြားပေါ်မှာ ဆွဲသားရန် စိတ်ကူးရရှိခဲ့ပါတယ်။
ထိုသို့ လက်ရာပြောင်မြှောက်သည့် ပန်းချီကားများ ဆွဲသားရန် အချိန် (၅) လ ကြာအောင် လေ့ကျင့်ခဲ့ရပါတယ်။
အီတလီနိုင်ငံသား Johannes ဟာ အချိန်အားဖြစ် (၂၀၀၀) ခုနှစ် ၊ သူ့အသက် (၂၃ )နှစ်အရွယ် ချိန်လောက်က စပြီး လူသားအရေးပြားပေါ်တွင် ပန်းချီဆွဲဖို့ စိတ်ကူးရရှိလာပြီး စတင်ဖန်တီးခဲ့ပါတယ်လို့ ဆိုခဲ့ပါတယ်။
ထို့နောက် သူဟာ သူ့စိတ်ကူးကို အကောင်အထည်ဖော်ရန် စိတ်ဓာတ် တက်ကြွခဲ့ပြီး အရောင်၊အသွေးစုံလင်သည့် ပန်းချီကားများကို ပုံစံကွဲပြားသည့် လူများ၊ ပုံစံကွဲပြားသည့် အရောင်အသွေး၊ပုံစံကွဲပြားသည့် လှုပ်ရှားမှု သဏ္ဍန်များဖြစ် စတင်ကာ ဖန်တီးခဲ့ပါသည်..။
ထိုပန်းချီကားများ ဖန်တီးရာတွင် သူ့အတွက် ငွေကြေးတစ်စုံတရာ ရရှိရန် မျှော်လင့်ချက် မရှိသောလည်း သူ့ဝါသနာ ၊ သူ့စိတ်ကူး တို့ကို နှစ်သက်စွာ ဖန်တီးလိုသည့် ဆန္ဒနှင့်သာ ဖန်တီးခဲ့ပါသည်...။
Johannes ဖန်တီးခဲ့သည့် သဘာဝ ပန်းချီများကို ဆက်လက်ရှုစားကြပါစို့....။
ပထမဦးဆုံး အဖြစ် သစ်ရွက်ပုံရိပ်များ ပန်းချီကားကို ရှုစားနိုင်ပါတယ်ရှင်..။ ရွက်ကြွေတောမှာ လွှင့်မျောနေသည့်  လူသားတစ်ဦးအား ရွက်ကြွေများနှင့် မခြား ဖန်တီးခဲ့ပါသည်။
ဒုတိယ အနေဖြစ် ညအချိန်မှာ ကျက်စားတတ်သည့် ဇီးကွက်၏ အလှကို ဇီးကွက်တစ်ကောင်အလား ဖန်တီးခဲ့ပါသည်။ ထိုပန်းချီကားကို (၈) နာရီကြာ ဆွဲသားခဲ့ရပါတယ်လို့ Johannes က ဆိုပါတယ်။
တတိယ အနေဖြစ် ပွင့် ချပ် ၊ ပွင့်လွှာတွေရဲ့ သဏ္ဍန် ပန်းချီကားများကို ဖန်တီးရေးဆွဲခဲ့ပါသည်။
ထို့နောက် ပင်စည်တစ်ခု၏ အရင်းမြင့်တစ်ခုကို စိတ်ရှည်လက်ရှည် ရေးသားခဲ့သူပါ။ အချိန်ကြာကြာ လေ့လာခဲ့သည့် သူ၏ ပန်းချီကားများမှာ အံ့မခန်းပါပဲ။
နာနတ်သီးလေးကလဲ မူရင်းတိုင်းလိုပါပဲ။
ဆူးတွေကြားမှ သဘာဝအလှ
ဟောဒီ အစိမ်းရောင်ဖားလေးကိုတော့ လူ (၅) ယောက်ဖြစ် စုပေါင်းထားပြီး ဆွဲထားရပါတယ်။  ရုတ်တရက်သာ ကြည့်မည်ဆိုလျှင် လူ (၅) ဦးစုပေါင်းထားသည့် အနုပညာနှင့် မတူပဲ အရွက်ပေါ်က ဖားဟုသာ မြင်ယောင်ဖွယ်ရှိခဲ့ပါသည်။
လူသားနှင့် မြွေ ဘယ်က စပြီး ဘယ်မှာ ဆုံးခဲ့ပါသလဲ..။
နံရံထဲက လူသား
ဒါလေးက သူ (၂၀၀၀) ခုနှစ်မှာ ပထမဦးဆုံး ဆွဲသားသည့်သည့် ပန်းချီပါ။
အရောင်အသွေး ခွဲခြားမှုက သဘာဝ အသီးရောင်အတိုင်း  ဆွဲသားခဲ့တာပါ။
Johannes ဟာ သူ့ရဲ့ ပန်းချီကားများအတွက် နှလုံးသားတံခါးကို ဖွင့်ပြီး နှလုံးသားအပြည့်နှင့် ဆွဲခဲ့သူပါ။
အထမဦးဆုံး အနေနှင့် body painting world championship (၂၀၀၉) မှာ စတင်ယှဉ်ပြိုင်ခဲ့ပြီး ထိုပွဲမှာပဲ ပဉ္ဇမကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ထိုအချိန်မှစပြီး သူရဲ့ အနုပညာစိတ်များဟာ ပိုမိုတက်ကြွလာကာ အစဉ်မပြတ် ကြိုးစားမှုများကြောင့် (၂၀၁၂) ခုနှစ်မှာ ပထမနေရာကို ရရှိခဲ့သူဖြစ်ခဲ့ပါတယ်။
သူ့အတွက်တော့ အံ့မခန်း ပျော်ရွှင်မှု ဖြစ်ခဲ့ပါတယ်လို့ သူက ဆိုခဲ့ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ဆွဲခဲ့သည့် ပန်းချီကားများဟာ အထူးတကာ့ အထူးဆုံး ပန်းချီကားများပါပဲ..။ ဘာကြောင့် ဆိုတော့ သူတို့တွေက အခြားပန်းချီကားများကဲ့သို့ ငြိမ်သက်နေခြင်းမဟုတ်ပဲ လှုပ်ရှားမှုတွေနှင့်အထူ ဖန်တီးနိုင်ပါတယ်။ ကားဗတ်ပေါ်မှာ ဆွဲတာနှင့်အတူပဲ နူးညံ့နွေးထွေးတဲ့ အသားပေါ်မှာ ဆွဲရသည့်အတွက် ပိုပြီးလဲ နှစ်သက်ဖွယ်ကောင်းပါတယ်။
သူရဲ့ စိတ်ကူးစိတ်သန်း အများစုက သဘာဝတရားအပေါ်ခံစားပြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်တယ်လို့ သူက ဆိုပြန်ပါတယ်။
သူက သဘာဝရဲ့ လျို့ဝှက်ချက် အလှတွေကို နှစ်သက်စွာ ခံစားရင်း သူ့ရဲ့ ပန်းချီဆွဲခြင်း အတတ်နှင့် ပေါင်းစပ်ကာ မြတ်နိုးစွာ ဆက်လက်ဖန်တီးနေမှာပါသု ဆိုခဲ့သူပါ။
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်