Powered By Blogger
Showing posts with label Historys. Show all posts
Showing posts with label Historys. Show all posts
Sunday, 5 May 2013
လူသေကို အစာအနေဖြင့် လူသားစားငှက်များကို ကျွေး ပြီး သဂြိုလ်တဲ့ တီဗက်ပြည်
လူသေကို အစာအနေဖြင့် လူသားစားငှက်များကို ကျွေး ပြီး သဂြိုလ်တဲ့ တီဗက်ပြည်
Posted by Akino on မတ် 30, 2012 at 9:00am
သတင်းပို့မယ် View Blog
တိဗက်မှာ လူသေတွေကို သဂြိုလ်တဲ့နည်းက တခြားတိုင်းပြည်တွေလို မြေမမြုပ် မီးမရှို့ပဲနဲ့ လူသားစားငှက်တွေကို အစာအနေနဲ့ကျွေးပြီး
သဂြိုလ်ပါတယ်. မကျွေးခင် ဘယ်လိုလုပ်သလဲ ဆိုတာ ကလေး အလောင်းတစ်လောင်းကို လုပ်ပုံလုပ်နည်းလေးပါ ပြပေးထားပါတယ်
သူတို့တွေက ဗုဒ္ဓဘာသာ တိဖက် အနွယ်ဖွား တွေဖြစ်ပြီး သစ်ပင်တွေရှားတဲ့ ကုန်းမြင့်တွေမှာနေကြတယ်..... ထင်းတွေ ရှားပါးလွန်း
လို့ သေရင် အသားစားတဲ့ငှက်တွေ လင်းတတွေကို ကျွေးတဲ့အလေ့ဖြစ်လာခဲ့တယ် မိမိအိမ်မှာ လူသေပြီဆိုရင် လူသေ အလောင်းကို
အ၀တ်တွေနဲ့ ကျပ်ထုတ်နေအောင်ကြိုးနဲ့အထပ်ထပ်စည်းထုတ်ပြီးငှက်တွေအစာကျွေးနည်းနဲ့ သဂြိုလ်ဖို့ သတ်မှတ် ထားတဲ့နေရာမှာ
သွားသဂြိုလ်ကြရတယ်........
). အရင်ဆုံးကြိုးနဲ့ တုတ် တယ်
). ဓါးနဲ့ တကိုယ်လုံးကို လိုက်မွန်းတယ်...ငှက်တွေကိုအစာကျွေးရလွယ်အောင်လို့ပါ
). ဒါကတော့ ငှက်တွေ အလောင်းကိုလာစားနေတဲ့ပုံပါ
). ငှက်တွေက ဘယ်လောက်တောင်အစားကြူးသလဲ ဆို အမုန်းဖြုတ်တာ အရိုးပဲကျန်တယ်
). ပြီးရင်ကျန်တဲ့အရိုးတွေ လိုက်သိမ်းတယ်
). အရိုးတွေကိုကျေအောင်ထုချေပြီး မြေမြုပ်တယ်
အသုဘ အခမ်းအနား မှာ ဘုန်းကြီးတွေ တရားဆို ပြီးမှပဲ လာပို့သူတွေ အားလုံးက မပြန်မနေရပြန်ရတယ်..... သူတို့ပြန်ပြီးမှာပဲ အပေါ်
မှာပြထားသလို့ အဲဒီ ရွာမှာ ရှိတဲ့ ဗုဒ္ဓဘာသာ ၀င် မဟုတ်သူက အဲဒီ အလောင်းကို ဖြည်ပြီး ခုတ်ထွင် ငှက်တွေကို အစားကျွေးကြတယ်
သူတို့ လူမျိုးတွေက အဲလို လူ့ကိုယ်ခန္ဒာကို ငှက်တွေ ကျွေးတာ ကမ္ဘာမြေကိုလည်း ကျေးဇူးဆပ်ရာ ကြတယ်လို့ ယုံကြည်ကြပါတယ်...
ဒီ သဂြိုလ်ခြင်းကို ကောင်းကင် သဂြိုလ်ခြင်း သို့ SKY BURIAL ခေါ်ကြပါသည်..........
http://mandalaygazette.com/57602/uncategorized-other ဒီထဲကမလာတာ
Friday, 3 May 2013
ကြက်ပုံပြင်
ကြက်ပုံပြင်
ရေးသားတင်ပြသူ ဖိုးလပြည့် မှ မေ 3, 2013 တွင် 2:16am
လျှို့ဝှက်မေး(လ်)ပို့ရန် ဘလော့ပို့စ်များ အားကြည့်ရန်
( ကြက်ပုံပြင် )
========
အခန်း - ၁
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီး ဖြတ်တိုက် သွားသည်။
ဒါကိုမြင်သော
အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။
အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကို မကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင် သွားတာ။
လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံး နေရ ခက်နေတော့ မှာပါ။
လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်း ရှာတယ်။ ဟို စကားပုံ အတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ် လပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော်ချင် မယားငယ်ထား၊ တစ် သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ်-တဲ့။
အင်း ..ကြက်ဖခမျာ တစ်သက်လုံး ပျော်ချင်လို့နဲ့ တူပါတယ်။င်္
အခန်း - ၂
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးလိုက်လာ သော ကြက်ဖကို ကားတိုက်သွား သည်။
အပျိုလေးအတွေး – အင်း- ကြက်မကို လိုက်ဖို့ ကြက်ဖတစ်ကောင် တော့ ထပ်ရှာရ ဦးမှာပဲ။
အပျိုကြီးအတွေး – ရှေ့မ ကြည့် နောက်မကြည့် လိုက်တာကိုး။
သေတာတောင် နည်းသေး။
လူပျိုလေးအတွေး – အချစ် အတွက် အသက်ကို ပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။
လူပျိုကြီးအတွေး – ဟီဟိ- ဟို ကြက်မတော့ ကြက်ဖမရှိရင် တစ် သက်လုံး နေရခက်ပြီ။
အခန်း - ၃
ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။
ကြက်ဖအတွေး – မိရင်မိ မမိ ရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များမြန်နေလား။
ကံဆိုးစွာပင် ပြေးနေသောနှစ် ကောင်လုံးကို ကားဖြတ်တိုက်သွား သည်။
အပျိုလေးအတွေး – အစက တည်းက ကြက်ဖ မီအောင်လိုက်သင့် တယ်။
အပျိုကြီးအတွေး – ကြက်မ အပြစ်မဟုတ်ဘူး၊ ကြက်ဖအပြစ်။
လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန်လျှော့သင့် တယ်။
လူပျိုကြီးအတွေး – ဟီဟိ.. အေးရော၊ ဟင်းစားတော့ရပြီ။င်္
အခန်း - ၎
ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးနေ တာ သိပ်များမြန်နေလားမသိ။
ကြက်များခေါင်းထဲတွင် ထိုမျှ သာရှိသော်လည်း
လူတွေက မျိုးစုံ တွေး မျိုးစုံပြောနေကြလေသည်။
ဖတ်ခဲ့သူများ: 34
အကြောင်းအရာ: ပုံပြင်
Saturday, 20 April 2013
ခွန်ဆန်လောနဲ့ နန်းဦးပြင်(ရှမ်းပုံပြင်လေးပါ)
ခွန်ဆန်လောနဲ့ နန်းဦးပြင်(ရှမ်းပုံပြင်လေးပါ)
ခွန်ဆန်လောနဲ့ နန်းဦးပြင်(ရှမ်းပုံပြင်လေးပါ)
ခွန်ဆန်လောနဲ့ နန်းဦးပြင်(ရှမ်းပုံပြင်လေးပါ) ခွန်ဆန်လောဆိုတဲ့ ရှမ်းလေးတစ်ယောက်ဟာ ဖခင်နဲ့ မိထွေးလက်မှာ ကြီးပြင်းလာပြီး ဖခင်သေဆုံးတော့ မိထွေးဖြစ်သူနဲ့နေထိုင်ပြီး ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့အသက်မွေးသတဲ့။ တစ်နေ့ ခွန်ဆန်လောဟာ ကုန်ကူးရင်း ရွာလေးတ စ်ရွာအရောက်မှာတော့ မောလို့ သစ်ပင်အောက်မှာ ထိုင်နားနေတုန်း သူ့နားထဲကို ပုလွေသံချိုချိုနဲ့အတူ သီချင်းဆိုသံလေးကို ကြားလိုက်ရတယ်။ အသံလေးက တအားနားထောင်လို့ကောင်းတော့ အသံပိုင်ရှင်ကို လိုက်ရှာမိတော့ တွေ့လိုက်ပါပြီ။ သိပ်ချောလှတဲ့ ရှမ်းမလေးတစ်ယောက် သီချင်းဆိုနေတာလေး တွေ့သွားတယ်။ အဲဒီ ရှမ်းမလေးနာမည်က နန်းဦးပြင်တဲ့။ ဒီလိုနဲ့ ခွန်ဆန်လောဟာ အဲဒီရွာမှာ တည်းခိုရင်း နန်းဦးပြင်နဲ့ ချစ်မိသွားကြတယ်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြသတဲ့။ ဒီလိုနဲ့ ခွန်ဆန်လောလဲ တခြားမြို့ရွာကို ကုန်ကူးထွက်တာပေါ့။ သူ့ရွာပြန်ရောက်တော့ မိထွေးဖြစ်သူက သူသဘောတူတဲ့ မိန်းကလေးကို ပြသတဲ့အတွက် ခွန်ဆန်လော က လက်မထပ်နိုင်ပဲ သူ့ချစ်သူကိုပဲ သစ္စာရှိခဲ့တယ်လေ။ ဒါ့အပြင် လပေါင်းများစွာကြာတော့ နန်းဦးပြင်ကိုလဲ လွမ်းတာနဲ့ နန်းဦးပြင်ရှိရာ ရွာလေးဆီပြန်လာပြီး အပြန်မှာတော့ တစ်ခါတည်း လက်ထပ်ခေါ်ဆောင်လာပါတော့တယ်။ အိမ်ရောက်တော့ မိထွေးဖြစ်တဲ့သူက လုံးဝသဘောမတူပေမဲ့ ခွန်ဆန်လောရှေ့မှာတော့ သမီးရင်းပမာချစ်ပြပြီး နောက်ကွယ်မှာ နှိပ်စက်ပါတော့တယ်။ တစ်နေ့ ခွန်ဆန်လော ကုန်ကူးသွားတော့တယ်။ မိထွေးက ခွန်ဆန်လောလဲ မရှိရော ပိုမိုနှိပ်စက်ပါတော့တယ်။ စားမဲ့ ထမင်းဟင်းခွက်ထဲမှာ အပ်တွေမြှ့ပ်ပြီး ကျွေးတာတို့ ၊ လှေကားတွေမှာ နန်းဦးပြင်ခြေရှအောင် ၀ါးနှီးတွေ ထောင်ထားတာတို့ စသည်ဖြင့် အမျိုးစုံကို နှိပ်စက်ပါတော့တယ်။ နန်းဦးပြင်ခမျာ ခွန်ဆန်လောကို ပြန်အလာကို စောင့်နေပေမဲ့ ခွန်ဆန်လောကလဲ သူ့မိထွေးနဲ့ နန်းဦးပြင် အဆင်ပြေတယ်ထင်ပြီး ဒီတစ်ခါ ခရီးသွားတာ နည်းနည်းကြာသတဲ့။ နောက်ဆုံး နှိပ်စက်မှု့ဒဏ်ကို လုံးဝမခံနိုင်တာနဲ့ မိဘနေရပ်ရွာလေးဆီကို ကိုယ်ဝန်အရင့်အမာနဲ့ ပြန်သွားပါတော့တယ်။ လမ်းခရီးမှာပဲ ရင်သွေးလေးကို မွေးဖွားလိုက်ပေမဲ့ ကလေးလေးက အသက်မရှင်တော့ သစ်ပင်ခွကြားပေါ်လေးမှာ တင်ထားခဲ့ရပြီး မိဘရှိရာရပ်သို့ ဆက်ထွက်ခွာလာရပြန်တယ်။ အဲဒီကလေးလေးဟာ ဥသြငှက်လေးဖြစ်သွားပြီး အဖေဖြစ်သူကို လိုက်ရှာပါသတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေနားမှာ “ဥသြ “လို့ အသံထွက်ကြားပေမဲ့ ကျွန်မတို့ ရှမ်းတိုင်းရင်းသားတွေနားမှာတော့ “ပေါ့ဝေ့ “(အဖေရေ)လို့ ခေါ်သံကြားရပါတယ်။ တကယ်လဲ ကျွန်မသေချာနားထောင်ကြည့်တာ ဒီအသံလေးအတိုင်းပါပဲ။ နန်းဦးပြင်တစ်ယောက် မိဘအိမ်အရောက်မှာတော့ နှိပ်စက်မှု့ဒဏ် ၊ ခရီးပင်ပန်းဒဏ် ၊ ရင်သွေးဆုံးရှုံးရတဲ့ဒဏ်စတဲ့ ဒဏ်ချက်ပေါင်းများစွာကြောင့် အိပ်ရာထဲလဲသွားပါတော့တယ်။ အဲဒီချိန်မှာ ခွန်ဆန်လောတစ်ယောက် ရွာပြန်အရောက်မှာတော့ အိမ်နီးချင်းတွေရဲ့ပြောပြမှု့တွေကြောင့် အကြောင်းစုံသိရပြီး ချက်ချင်းပဲ နန်းဦးပြင်ရှိရာသို့ လိုက်လာခဲ့ပေမဲ့ နန်းဦးပြင်က ဆုံးသွားခဲ့ပြီလေ။ ဒီမှာတင်ပဲ ခွန်ဆန်လောလဲ နှလုံးကွဲကြေလို့ သေဆုံးသွားပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့မီးသဂြိုလ်ရာသို့ မိထွေးဖြစ်သူက လိုက်လာခဲ့ပြီး သူက ရှေးအဆိုအရ စုန်းကဝေအတတ်ကိုလဲ တတ်တော့ အလောင်းယှဉ်ထားတာကို ကြားကနေ ၀ါးလုံးတစ်ချောင်းခြားလိုက်တယ်တဲ့။ သေတာတောင် လိုက်ခွဲသေးတယ်နော်။ သူတို့နှစ်ယောက်ကို မီးသင်္ဂြိုလ်လိုက်တော့ မီးခိုးနှစ်ခုက ကောင်းကင်ထက်သို့တက်သွားပြီး ပေါင်းစုံမိပြီး ကြယ်လေးအဖြစ် ဖြစ်တည်သွားပေမဲ့ ပေါင်းဆုံခွင့်မရရှာပါဘူး။ သူတို့နှစ်ဦးကြား ( ကြယ်နှစ်လုံးကြားထဲ) ကြယ်တစ်လုံး ၀င်ရောက်တားဆီးနေတယ်လေ။ အခုကောင်းကင်မှာ မြင်နေရတဲ့ တချို့အခေါ်ကတော့ မောင်ရင်ဆိုင်းထမ်းကြယ်ပေါ့နော်။ တစ်ဘက်တစ်ချက်မှာ ရှိနေတဲ့ ကြယ်လေးနှစ်လုံးကတော့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဖြစ်ပြီး အလယ်ကတော့ မိထွေးရဲ့တားဆီးလိုက်တဲ့ ကြယ်ပေါ့။ ညမိုးကောင်းကင်မှာ ထွန်းလင်းနေပေမဲ့ အခုချိန်ထိ ဆုံဆည်းခွင့်မရှိသေးတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဆိုတဲ့ ဒီကြယ်လေးနှစ်လုံးကို တွေ့မိတိုင်း သနားနေရဆဲပေါ့။။။။။ ကန္တာရမိုးစက်များ ခွန်သမ်လော နှင့် နန်းဦးပေ ငယ်ငယ်တုန်းက မေမေ စီက ကြားရတဲ့ပုံပြင်တွေထဲက ခုထိ ရင်ထဲ စွဲးညှိကျန်ရစ်ခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ် sipaw Generation. (သီပေါသား/သူများ)
ခွန်ဆန်လောဆိုတဲ့ ရှမ်းလေးတစ်ယောက်ဟာ ဖခင်နဲ့ မိထွေးလက်မှာ ကြီးပြင်းလာပြီး ဖခင်သေဆုံးတော့ မိထွေးဖြစ်သူနဲ့နေထိုင်ပြီး ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့အသက်မွေးသတဲ့။ တစ်နေ့ ခွန်ဆန်လောဟာ ကုန်ကူးရင်း ရွာလေးတစ်ရွာအရောက်မှာတော့                   မောလို့ သစ်ပင်အောက်မှာ ထိုင်နားနေတုန်း သူ့နားထဲကို ပုလွေသံချိုချိုနဲ့အတူ သီချင်းဆိုသံလေးကို ကြားလိုက်ရတယ်။ အသံလေးက တအားနားထောင်လို့ကောင်းတော့အသံပိုင်ရှင်ကို လိုက်ရှာမိတော့ တွေ့လိုက်ပါပြီ။ သိပ်ချောလှတဲ့ ရှမ်းမလေးတစ်ယောက် သီချင်းဆိုနေတာလေး တွေ့သွားတယ်။ အဲဒီ ရှမ်းမလေးနာမည်က နန်းဦးပြင်တဲ့။ ဒီလိုနဲ့ ခွန်ဆန်လောဟာ အဲဒီရွာမှာ တည်းခိုရင်း နန်းဦးပြင်နဲ့ ချစ်မိသွားကြတယ်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြသတဲ့။ ဒီလိုနဲ့ ခွန်ဆန်လောလဲ တခြားမြို့ရွာကို ကုန်ကူးထွက်တာပေါ့။ သူ့ရွာပြန်ရောက်တော့ မိထွေးဖြစ်သူက သူသဘောတူတဲ့ မိန်းကလေးကို ပြသတဲ့အတွက် ခွန်ဆန်လော က လက်မထပ်နိုင်ပဲ သူ့ချစ်သူကိုပဲ သစ္စာရှိခဲ့တယ်လေ။ ဒါ့အပြင် လပေါင်းများစွာကြာတော့ နန်းဦးပြင်ကိုလဲ လွမ်းတာနဲ့ နန်းဦးပြင်ရှိရာ ရွာလေး ဆီပြန်လာပြီး အပြန်မှာတော့ တစ်ခါတည်း လက်ထပ်ခေါ်ဆောင်လာပါတော့တယ်။
အိမ်ရောက်တော့ မိထွေးဖြစ်တဲ့သူကလုံးဝသဘောမတူပေမဲ့ခွန်ဆန်လောရှေ့မှာတော့သမီးရင်းပမာ ချစ်ပြပြီး နောက်ကွယ် မှာ နှိပ်စက် ပါတော့တယ်။ တစ်နေ့ ခွန်ဆန်လော ကုန်ကူးသွားတော့တယ်။ မိထွေးက ခွန်ဆန်လောလဲ မရှိရော ပိုမိုနှိပ်စက်ပါတော့တယ်။ စားမဲ့ ထမင်းဟင်းခွက်ထဲမှာ အပ်တွေမြှ့ပ်ပြီး ကျွေးတာတို့ ၊ လှေကားတွေမှာ နန်းဦးပြင်ခြေရှအောင် ၀ါးနှီးတွေ ထောင်ထားတာတို့ စသည်ဖြင့် အမျိုးစုံကို နှိပ်စက်ပါတော့တယ်။ နန်းဦးပြင်ခမျာ ခွန်ဆန်လောကို ပြန်အလာကို စောင့်နေပေမဲ့ ခွန်ဆန်လောကလဲ သူ့မိထွေးနဲ့ နန်းဦးပြင် အဆင်ပြေတယ်ထင်ပြီး ဒီတစ်ခါ ခရီးသွားတာ နည်းနည်းကြာသတဲ့။ နောက်ဆုံး နှိပ်စက်မှု့ဒဏ်ကို လုံးဝမခံနိုင်တာနဲ့ မိဘနေရပ် ရွာလေးဆီကို ကိုယ်ဝန်အရင့်အမာနဲ့ ပြန်သွားပါတော့တယ်။
လမ်းခရီးမှာပဲ ရင်သွေးလေးကို မွေးဖွားလိုက်ပေမဲ့ ကလေးလေးက အသက်မရှင်တော့ သစ်ပင်ခွကြားပေါ်လေးမှာ တင်ထားခဲ့ရပြီး မိဘရှိရာရပ်သို့ ဆက်ထွက်ခွာလာရပြန်တယ်။ အဲဒီကလေးလေးဟာ ဥသြငှက်လေးဖြစ်သွားပြီး အဖေဖြစ်သူကို လိုက်ရှာပါသတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေနားမှာ “ဥသြ “လို့ အသံထွက်ကြားပေမဲ့ ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားတွေနားမှာတော့ “ပေါ့ဝေ့ “(အဖေရေ) လို့ ခေါ်သံကြားရပါတယ်။ တကယ်လဲ ကျွန်မသေချာနားထောင်ကြည့်တာ ဒီအသံလေးအတိုင်းပါပဲ။
 နန်းဦးပြင်တစ်ယောက် မိဘအိမ်အရောက်မှာတော့ နှိပ်စက်မှု့ဒဏ် ၊ ခရီးပင်ပန်းဒဏ် ၊ ရင်သွေးဆုံးရှုံးရတဲ့ဒဏ်စတဲ့ ဒဏ်ချက်ပေါင်း များစွာကြောင့် အိပ်ရာထဲလဲသွားပါတော့တယ်။ အဲဒီချိန်မှာ ခွန်ဆန်လောတစ်ယောက် ရွာပြန်အရောက်မှာတော့ အိမ်နီးချင်းတွေရဲ့ြေ ပာပြမှု့တွေကြောင့် အကြောင်းစုံသိရပြီး ချက်ချင်းပဲ နန်းဦးပြင်ရှိရာသို့ လိုက်လာခဲ့ပေမဲ့ နန်းဦးပြင်က ဆုံးသွားခဲ့ပြီလေ။ ဒီမှာတင်ပဲ ခွန်ဆန်လောလဲ နှလုံးကွဲကြေလို့ သေဆုံးသွားပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့မီးသဂြိုလ်ရာသို့ မိထွေးဖြစ်သူက လိုက်လာခဲ့ပြီး သူက ရှေးအဆိုအရ စုန်းကဝေအတတ်ကိုလဲ တတ်တော့ အလောင်းယှဉ်ထားတာကို ကြားကနေ ၀ါးလုံးတစ်ချောင်းခြားလိုက်တယ်တဲ့။ သေတာတောင် လိုက်ခွဲသေးတယ်နော်။ သူတို့နှစ်ယောက်ကို မီးသင်္ဂြိုလ်လိုက်တော့ မီးခိုးနှစ်ခုက ကောင်းကင်ထက်သို့ တက်သွားပြီး ပေါင်းစုံမိပြီး ကြယ်လေးအဖြစ် ဖြစ်တည်သွားပေမဲ့ ပေါင်းဆုံခွင့်မရရှာပါဘူး။ သူတို့နှစ်ဦးကြား ( ကြယ်နှစ်လုံးကြားထဲ) ကြယ်တစ်လုံး ၀င်ရောက်တားဆီးနေတယ်လေ။ အခုကောင်းကင်မှာ မြင်နေရတဲ့ တချို့အခေါ်ကတော့ မောင်ရင်ဆိုင်းထမ်းကြယ်ပေါ့နော်။ တစ်ဘက်တစ်ချက်မှာ ရှိနေတဲ့ ကြယ်လေးနှစ်လုံးကတော့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဖြစ်ပြီး အလယ်ကတော့ မိထွေးရဲ့တားဆီးလိုက်တဲ့ ကြယ်ပေါ့။ ညမိုးကောင်းကင်မှာ ထွန်းလင်းနေပေမဲ့ အခုချိန်ထိ ဆုံဆည်းခွင့်မရှိသေးတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဆိုတဲ့ ဒီကြယ်လေးနှစ်လုံးကို တွေ့မိတိုင်း သနားနေရဆဲပေါ့။။။။။
ကန္တာရမိုးစက်များခွန်သမ်လော နှင့် နန်းဦးပေ                                                                                              ငယ်ငယ်တုန်းက မေမေ ဆီက ကြားရတဲ့ပုံပြင်တွေထဲက ခုထိ ရင်ထဲ စွဲးညှိကျန်ရစ်ခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်
တောင်ပြုံးပွဲတော်အား အက်ဆေးတစ်ပုဒ် ဖော်ကြည့်ခြင်း
တောင်ပြုံးပွဲတော်အား အက်ဆေးတစ်ပုဒ် ဖော်ကြည့်ခြင်း
မြန်မာနိုင်ငံတွင် နတ်ကိုးကွယ်မှု့အစ မောင်တင့်တယ်ကဟု အဆိုပြု၍ရသလို နတ်ကိုးကွယ်မှု့အစ အေဒီလေးရာစု ပုဂံခေတ်ဦးကဟု အမှတ်အသားတင်ခဲ့ကြလေသည်။
တကောင်းရှင်ဘုရင်မှ စကားပင်တွင် ချည်နှောင်၍ ဖိုကျင်ထိုးသတ်ခဲ့သော ပန်းပဲမောင်တင့်တယ်နှင့် မောင်တော်ကြောင့် မီးပုံထဲသို့ ခုန်ဆင်း၍ သေခဲ့သော နှမတော် စောမယ်ယာတည်းဟူသော နတ်မောင်နှမတို့မှာ နတ်ဖြစ်ပြီးနောက် ဘုံဗိမာန်မရှိရှာဘဲ အနှီစကား၌ပင် နေကြရလေသတတ်။
နတ်မောင်နှမတို့မှာထိုစကားပင်တွင် နေထိုင်ကြရင်း လူအများကို ခြောက်လှန့်ခဲ့သောကြောင့် တကောင်းဘုရင်မှ စကားပင်ကို အမြစ်မှတူး၍ ဧရာဝတီမြစ်ထဲ မျှောပစ်ခဲ့ရာမှ အဆိုပါ စကားပင်မှာ ပုဂံမင်းနေပြည်တော်၏ ကျေးလက်ဖြစ်သော ညောင်ဦးကမ်းပါးတွင် တင်လေသည်။
ထိုအခါက ပုဂံပြည်တွင် သေလည်ကြောင်မင်းက ထီးနန်းအုပ်စိုးနေသော အချိန်ခါဖြစ်ပေသည်။ စကားပင်နှင့်အတူ တကောင်းပြည်မှ ပုဂံသို့တိုင် ဧရာဝတီမြစ်ပြင်ကျယ်တွင် စုန်လာရရှာသော နတ်မောင်နှမမှ သေလည်ကြောင်မင်းကို အိပ်မက်ပေး၍ သူတို့နှစ်ဦးအတွက် နေစရာတစ်နေရာပေးရန် တောင်းပန်ခဲ့ပါသဖြင့် ပုပ္ပါးတောင်အခြေတွင် နေရာပေးသနားခဲ့ရာမှ အစပြု၍ နတ်ကွန်းနတ်နန်းနှင့် ရုပ်တုပြုလုပ်၍ ကိုးကွယ်ခဲ့ကြလေသည်။
ပုဂံခေတ်ဦးမှ အစပြု ကိုးကွယ်ခဲ့ကြပြီး ယနေ့ခေတ်တိုင် တစ်ချို့သော အရပ်ဒေသများတွင် အတွင်း ( ၃၇ )မင်း ၊ အပြင် ( ၃၇ )မင်း ၊ ဟူ၍ နတ်ရုပ်တုကြီးများကို ပူဇော်ကြသော နတ်ပွဲကြီးများ ခြိမ့်ခြိမ့်သဲ ကျင်းပနေကြသည်။
ရွှေစည်းခုံစေတီတော်၏ တံတိုင်းအတွင်းဘက်တွင်ရှိသော သကြား ၊ တေရဌ ၊ ၀ိရုပက္ခ ၊ ကုဝေရ ၊ မဟေသေရ ၊ ရွှေညိုသင် ၊ မဟာပိန္နဲ ၊ ရွှေမြို့ရှင် ၊ စတုမဟာ နတ်မင်းကြီးလေးပါးတို့ အပါအ၀င် နတ်ရုပ်ကြီး ( ၃၇ )ရုပ်တို့ကို အတွင်းသုံးဆယ့်ခွန်နစ်မင်း ဟူ၍ ခေါ်တွင်ခဲ့ကြသည်။
တံတိုင်း၏ အပြင်ဘက်တွင်ရှိသော မင်းမဟာဂီရိနတ် ၊ နှမတော်ကြီးနတ် ၊ ရွှေနဘေနတ် ၊ သုံးပန်လှနတ် ၊ မနဲမိနတ် ၊ ထောင်မကြီးရှင်ညိုနတ် ၊ မြောက်မြင်းဖြူရှင်နတ် ၊ ထီးဖြူဆောင်းနတ် ၊ ထီးဖြူဆောင်းမယ်တော်နတ် ၊ ပရိမ္မမင်းခေါင်နတ် ၊ ရွှေဖျဉ်းကြီး ၊ ရွှေဖျဉ်းငယ် ၊ မန္တလေးဘိုးတော်နတ် ၊ ရှင်ကွနတ် ၊ ညောင်ချဉ်အိုးနတ် ၊ မင်းစည်သူနတ် ၊ မင်းသားဒန်းမောင်ရှင်နတ် ၊ မင်းကျော်စွာနတ် ၊ အောင်စွာမကြီးနတ် ၊ ရွှေစစ်သင်နတ် ၊ မယ်တော်ရွှေစကားနတ် ၊ ငါးစီးရှင်နတ် ၊ မင်းတရားနတ် ၊ မောင်ပိုးတူနတ် ၊ အနောက်မိဖုရားနတ် ၊ အောင်ပင်လယ်ဆင်ဖြူရှင်နတ် ၊ ရှင်ကုန်းနတ် ၊ ရွှေနော်ရထာနတ် ၊ မင်းရဲအောင်ဒင်နတ် ၊ မောင်မင်းဖြူနတ် ၊ ရှင်တော်နတ် ၊ တပင်ရွှေထီးနတ် ၊ မြောက်ဘက်ရှင်မနတ် ၊ တောင်ငူဘုရင်မင်းခေါင်နတ် ၊ သံတော်ခံနတ် ၊ ယွန်းဘုရင်နတ် ၊ သူရဿတီနတ် စသည်တို့ကို အပြင် ( ၃၇ )မင်းဟူ၍ ခေါ်တွင်ခဲ့ကြလေသည်။
အပြင် ( ၃၇ ) မင်းအစ မင်းမဟာဂီရိကဟု အဆိုရှိခဲ့ကြသော်လည်း ယနေ့ခေတ် နတ်လောက အသိုင်းအ၀န်းတွင်တော့ ရေပန်းစားနေသည့်နတ်မှာကား မင်းကလေးပါတည်း။ မင်းကလေးကတော့ ပိုင်ပိုင်နိုင်နိုင် ၊ မြိုင်မြိုင်ဝေေ၀ မ,စနိုင်သည်ဟု အဆိုရှိကြသည်။ မင်းကြီး ၊ မင်းကလေး( သို့ ) ရွှေဖျဉ်းညီနောင်တို့ကား .....
အိန္ဒိယတိုင်းဖွား ၊ ကုလားဗျတ္တနှင့် ပန်းစားဘီလူးမ မယ်ဝဏ္ဏတို့မှ သားတော်နှစ်ပါးကို ဖွားမြင်ခဲ့ကြလေသည်။ အမည်သညာအားဖြင့် ရွှေဖျဉ်းကြီး ၊ ရွှေဖျဉ်းလေးဟူ၍ ခေါ်တွင်ခဲ့ပါသည်။
ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကြည်ညိုပွားများရာတွင် အတုမရှိ စံပြုရသော အနော်ရထာမင်းကြီးသည် တရုတ်ပြည်မှအပြန် တောင်ပြုံးအရပ်တွင် ဆုတောင်းပြည့်စေတီတော် တစ်ဆူကို တည်တော်မူလေသည်။ ထိုဆုတောင်းပြည့် စေတီတော်တွင် အုပ်နှစ်ချပ်မှာ လွတ်နေခဲ့သည်။ အကြောင်းမူကား ......
ရွှေဖျဉ်းညီနောင်တို့မှာ ငယ်စဉ်ကလေးဘ၀မှစ၍ အထိန်းတော်ကြီးတစ်ဖြစ်လဲ ၊ စာရေးတော်ကြီး ဦးသာနိုး၏ ၀ါသနာထုံမွေ့ရာဖြစ်သော သေသောက်ကြူးခြင်းအတတ်နှင့် လောင်းကစားအတတ်တို့ကို အနီးကပ် သင်ကြားပို့ချမှု့နှင့်အတူ အရွယ်ရောက်လာသူ ညီနောင်တို့မှာ ဆရာထက်တပည့် လက်စောင်းထက်လှပါပေသည်။
သေသောက်ကြူးရာတွင် ထိန်းမနိုင် ၊ သိမ်းမရ သတိလက်လွတ် အမူးအမှောက် " ဖလက် "ပြသည့်အထိ သောက်တတ်ကြရာ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော်မူသော ဆုတောင်းပြည့်စေတီတော်တွင် သူတို့နှစ်ယောက်၏ တာဝန်ဖြစ်သော အုတ်နှစ်ချပ်မှာ လစ်လပ်နေခဲ့လေသည်။
စေတီတော်တွင် အုတ်နှစ်ချပ်လွတ်နေသည်ကို အနော်ရထာမင်းမှ တွေ့မြင်ပြီး မည်သူတာဝန် လစ်ဟင်းသည်ကို အမေးတော်ရှိ၍ တာဝန်လစ်ဟင်းသူအား ကွပ်မျက်စေဟူသော အမိန့်တော်နှင့်အတူ ရွှေဖျဉ်းညီနောင်တို့၏ လည်မြိုပေါ်သို့ ကျရောက်လာခဲ့သော ၀ါးရင်းတုတ်အသံမှာလည်း တောင်ပြုံးတစ်ခွင် ပဲ့တင်ခဲ့သည်။
ဘုရား တရား သံဃာတို့နှင့် ဝေးကွာ၍ ဒါန ၊ သီလ ၊ ဘာဝနာ ပွားများအားထုတ်ခြင်း လုံးဝမရှိခဲ့သော ရွှေဖျဉ်းညီနောင်တို့မှာ မင်းပြစ်ဒဏ်ကြောင့် သေလွန်ခါနီး တရားသဘောကို နှလုံးသွင်းခြင်းမရှိ အာသန္နကံကြောင့် အယူတိမ်း၍ နတ်စိမ်းဖြစ်ကာ ၊ ဘုံဗိမာန်ပိုင်စိုးသော အထက်နတ်ဘ၀သို့ မရောက်ရှိဘဲ ၀ိနိပါတိကပြိတ္တာတည်းဟူသော ဘုံဗိမာန်မရှိသည့် အောက်ဆင့်နတ် ဖြစ်ခဲ့ရလေသည်။
အနော်ရထာမင်းကြီးမှ သနားတော်မူသဖြင့် နေရာလေးတစ်နေရာကို ပေးသနားတော်မူခဲ့လေသည်။
" တောင်ပြုံး "တွင် နေစေဟူ၍ ......
တောင်ပြုံးရွာကလေးမှာ တခြားသောအချိန်များတွင် တိတ်ဆိတ်၍ ငြိမ်သက်နေတတ်သော်လည်း ပွဲတော်ချိန်ခါ ရောက်လာပါလျှင်တော့ ခြေချစရာနေရာမရှိအောင် စည်ကားစမြဲဖြစ်သည်။ မင်းကြီး ၊ မင်းကလေးနတ်နန်းမှလွဲ၍ တခြားသော နတ်နန်းများ မရှိပေ။ ပွဲတော်ချိန်ခါသို့ ရောက်ခါနီးတွင်တော့ ခါတော်မှီ ဆောက်လုပ်ကြသည့် နတ်ကွန်းနတ်အိမ်ကလေးများမှာလည်း အစီအရီ အပြိုင်အဆိုင်။
တောင်ပြုံးပွဲ မစည်ကားသောနှစ်ဟူ၍ မရှိစဖူးခဲ့။ ချိုးရေတော် သုံးသည့်နေ့မှာကား တောင်ပြုံး၏ အစည်ကားဆုံးနေ့ ဖြစ်လေသည်။
တောင်ပြုံးရွာ၏ ပတ်ဝန်းကျင်မှာ အလွန်သာယာသည်။ တောင်ပြုံးဘူတာ၏ မနီးမဝေးနေရာတွင် အနော်ရထာမင်းကြီး တည်ထားတော်မူသည့် ဆုတောင်းပြည့် အုတ်နှစ်ချပ်လပ် စေတီတော်ရှိပြီး ၊ စေတီတော်အောက်ရှိ ရုပ်ပွားတော်မှာ အရှေ့ဘက်အရပ်သို့ မျက်နှာတော်မူထားသည်။
စေတီတော်၏ မျက်နှာတော်မူရာမှာ အရှေ့အရပ်ဖြစ်ပြီး ၊ တောင်ဘက် ၊ မြောက်ဘက်တွင် မုခ်ဝရှိသော်လည်း အနောက်ဘက်တွင်ကား မုခ်ဝမရှိပေ။
စေတီတော်၏ တောင်ဘက်အရပ်တွင်ကား မင်းကြီး ၊ မင်းကလေးတို့၏ နတ်နန်း။ မင်းကြီး ၊ မင်းကလေး ညီနောင်တို့က အနောက်အရပ်သို့ မျက်နှာမူထားကြလေသည်။
အုတ်နှစ်ချပ်လပ်၍ အသတ်ခံရသည့် စေတီတော်ကို စိတ်နာ၍ မျက်နှာမမူလို၍လော ၊ သို့မဟုတ် ရုပ်ပွားတော် မျက်နှာတော်မူရာ အရပ်သို့ မျက်နှာမမူအပ်၍လော ဆိုသည်ကိုကား ခွဲခြား၍ မသိပေ။
အနော်ရထာမင်းတရားကြီးမှ တောင်ပြုံးအရပ် ၊ ဆုတောင်းပြည့်စေတီအနီး နတ်ကွန်းဆောက်လုပ်၍ နေစရာပေးစဉ်က နတ်ကွန်း ၊ နတ်အိမ်မှာကား ကြီးလား ၊ သေးလားမသိ။ ထိုစဉ်က နတ်ကွန်း ၊ နတ်အိမ်ကို မခန့်မှန်းနိုင်သော်လည်း ယခုခေတ် မယ်ဝဏ္ဏနှင့် ရွှေဖျဉ်းကြီး ၊ ရွှေဖျဉ်းလေး ညီနောင်တို့၏ နတ်ကွန်း ၊ နတ်နန်းမှာကား ခန့်ငြားလှပေသည်။
မင်းကြီး ၊ မင်းကလေး နတ်ရုပ်တု နှစ်ခုမှာ သီးသန့်အဆောင်ထဲတွင် ရှိနေကာ ချိုးရေတော်သုံးသည့်အခါတွင် ကြွချီမြန်းသည့် ဝေါယာဉ်တော်ကို ညာဘက်သီးသန့်နေရာတွင် ထားလေသည်။
နတ်နန်းအ၀င်တွင် အနောက်ဘက်သို့ မျက်နှာမူကာ လက်တစ်ဖက်စီ မြှောက်ပင့်ထားသည့် ကျားကြီးနှစ်ကောင်။ ထိုမှတောင်ဘက်တွင် နတ်ထိန်းအိမ်များ ရှိလေသည်။
ပွဲတော်အချိန်များတွင် ငှက်ပျောအုန်းပွဲတို့နှင့် ငရုတ်သီးရဲ ၊ ရေပေါ်ဆီဝေ့နေသည့် ကြက်သားတစ်ပင်တိုင် ဆီနိုင်နိုင်နှင့် အမဲသားဟင်းတို့ဖြင့်လည်း စားတော်ပွဲများ ဆက်ထားလေသည်။
ပွဲတော်ချိန်ခါ ရောက်လာပါလျှင် နတ်နန်းအရှေ့ မြေကွက်လပ်တွင်တော့ နတ်ကွန်းနတ်အိမ်လေးများ အစီအရီထွက်ပေါ်လာကာ နတ်ကွန်း၏ အနောက်ဘက်တွင်တော့ ရပ်ဝေးမှ နတ်ပွဲလာသူများအတွက် ညဉ့်အိပ်ခန်းများရှိသည်။
မင်းနှစ်ပါးကို ငွေတော်များဆက်ပြီး အမ အစ တောင်းခံကြ၍ ကူညီစောင့်ရှောက်ပေးရန် တိုးလျှိုးတောင်းပန်ကြသည်။ မူးကြသည် ၊ ကကြသည်။
သာမန်အချိန်များတွင် အမျိုးသမီးတို့သည် အရက်မူးသမားများကို မြင်တွေ့လျှင် နှာခေါင်းရှုံ့၍ မျက်နှာလွှဲကြသည်။ တောင်ပြုံးပွဲတော်တွင်တော့ ထိုနှင့်ပြောင်းပြန် အရက်မူးသမားများကို ကြည်ကြည်သာသာ ပြုံးမြမြနှင့် ဆက်ဆံကြသည်။ အပြစ်တော်မမြင် အချစ်တော်ဝင်၍ ခွင့်လွှတ်တော်မူနိုင်ကြသည်။ သို့အတွက် နော်ကတတ် မဟုတ်သည့် ၊ နတ်အနွယ်ဝင် မဟုတ်သည့် ဇိုးသမားကြီးများလည်း အလွန်နှစ်ခြိုက်သည့်ပွဲ။
ကိုကြီးကျော်တို့ ၊ မင်းကလေးတို့ကလည်း မူးမှ မြူးမှ ကြိုက်ပေသည်။ အမူးသမားမယားရယ်လို့ မျက်နှာမငယ်ရသည့် တောင်ပြုံးပွဲ။ ဆံဖြူသွား၍ သွားကျိုး ဖိုးဖိုးတို့အရွယ်မှ စ၍ ပုဆိုးကွင်းသိုင်း ကလေးများအရွယ်ထိ သောက်ကြသည့်ပွဲ။ အက၀ါသနာရှင်များအတွက်လည်း လက်ချိုးတတ်သည့် ကလေးအရွယ်မှစ၍ ဆံဖြူသွားကျိုး ဖွားဖွားတို့အရွယ်ထိ နှစ်ခြိုက်သလို က၍ရသည့်ပွဲပင်ဖြစ်လေတော့သည်။
Saturday, 13 April 2013
ပုံပြင်လေးပါ
သူမ အရမ်းပျော်တယ် ... ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့က သူမရဲ့အသက်နှစ်ဆယ်ပြည့်မွေးနေ့ ပါ ... ပြီးတော့ အထိမ်းအမှတ်အဖြစ် ချစ်သူက စိန်လက်စွပ်တစ်ကွင်း ၀ယ်ပေးမယ်တဲ့ ။
ဒီနေ့မနက် သူ့ဆီက ပထမဆုံး Birthday wish ရခဲ့ပြီး ... ညနေမှာ ကျင်းပမယ့် သူမရဲ့ မွေးနေ့ပွဲမှာ တွေ့ကြမယ်ဆိုပြီး ချိန်းထားလိုက်ပါသေးတယ် ။ ...
မွေးနေ့ပွဲ...
အလှပဆုံးပြင်ဆင်ထားပြီး တောက်ပြောင်တဲ့ဝတ်စုံဒီဇိုင်းနဲ့ အလှကြီးလှနေတဲ့ မွေ့းနေ့ရှင်သူမကို လူတိုင်းက အာရုံစိုက်ကြည့်နေတယ်။
ပြီးတော့ ... မွေးနေ့ပွဲမှာ သူမချစ်သူက စိန်လက်စွပ် လက်ဆောင်ပေးမယ်ဆိုပြီး သူမက သတင်းလွှင့်ထားခဲ့သေးတယ်လေ ။ ဒါကြောင့် ပရိသတ်တော်တော်များများက သူမချစ်သူကိုလည်း သူမနည်းတူမျှော်နေခဲ့ကြသေးတယ် ။
ဟော ... သူမချစ်သူ ရောက်လာပါပြီ။ ဒါပေမယ့် ...
သူ့လက်ထဲမှာ ကိုင်လာတဲ့လက်ဆောင်က သူကြိုပြောထားတဲ့ လက်စွပ်ဘူးလေးမဟုတ်ဘဲ ... သာမန်အရုပ်တစ်ရုပ်ဖြစ်နေတယ်လေ ။
အရုပ်ကိုလှမ်းပေးရင်း "Happy Birthday ပါ ကောင်မလေးရေ " လို့ပြောလိုက်တဲ့ သူ့အသံထက် ... ဘေးနားက ပရိသတ်တွေရဲ့ တီးတိုးလှောင်ရယ်သံတွေကိုပဲ သူမကြားနေခဲ့တယ် ။
သူမအရှက်ကြီးရှက်သွားမိတယ် ... ပြီးတော့ သူ့ဆီက အရုပ်ကို ဒေါသတကြီး လှမ်းယူလိုက်ပြီး ... အိမ်ရှေ့လမ်းမဘက်ကို လှမ်းပစ်လိုက်တယ် ။
"ဟာ"
ချစ်သူရဲ့မထင်မှတ်တဲ့ အပြုအမူကြောင့် အံအားသင့်သွားတဲ့ သူကတော့ လမ်းမပေါ်ရောက်သွားတဲ့ အရုပ်ကို အလျင်အမြန် ပြေးကောက်လိုက်တယ် ...
အဲ့ဒီ့အချိန်မှာပဲ ...
"ဒုန်း"
အမြန်မောင်းလာတဲ့ ကားတစ်စီးနဲ့တိုက်မိပြီး သူ လွင့်ထွက်သွားတယ် ...
မမျှော်လင့်တဲ့ အဖြစ်အပျက်ကြောင့် သူမ ကြက်သေသေသွားတယ် ။ ခဏနေ အသိကပ်မှ သူ့ကိုပြေးထူလိုက်တယ် ... သူမအနားကိုလည်းရောက်လာရော သူက
"အရုပ် ... အရုပ် ... အရုပ်" လို့ လက်ညှိုးထိုးပြီး ဇက်ကြိုးကျသွားတယ် ...
...
ဈာပနနေ့ ...
သူ့ရဲ့အုတ်ဂူရှေ့မှာ သူပေးခဲ့တဲ့ အရုပ်ကလေးကို ကိုင်ရင်း သူမငိုနေမိတယ် ... အားတင်းတဲ့အနေနဲ့ အရုပ်လေးကို ရင်ခွင်ထဲထည့်ပြီး ဖက်လိုက်မိတဲ့အခါမှာတော့ အမှတ်မထင် ... သူ့ရဲ့အသံထွက်လာတယ် ...
" Happy Birthday ပါကောင်မလေးရေ ... နင့်ကို လက်ထပ်ခွင့်တောင်းပါရစေနော် .. တကယ်လို့ ... နင်လက်ခံနိုင်တယ်ဆိုရင် အရုပ်လေးရဲ့အိပ်ကပ်ထဲက လက်စွပ်လေးကို ငါကိုယ်တိုင် ၀တ်ဆင်ပေးပါရစေ ... ငါနင့်ကို အရမ်းချစ်တယ်ဟာ " တဲ့
သူမရဲ့ တဒင်္ဂလုပ်ရပ်လေးတစ်ခုကြောင့် တသက်လုံးနောင်တရနေရမယ့် အဖြစ်ကို လုပ်မိခဲ့တဲ့ ... ကောင်မလေးလည်း နောင်တတွေနဲ့အတူ အခုလိုအော်ဟစ်ငိုကြွေးလိုက်ပါတော့တယ် ...
" ငါတောင်းပန်ပါတယ် ကောင်လေးရယ် ... ငါမသိခဲ့လို့ပါ . ငါလည်း နင့်ကို ချစ်ပါတယ်ဟာ "
အရာအားလုံးက ပြီးဆုံးသွားခဲ့ပါပြီ ...
+++++++++++++++++++++++++++++++++++++
ဒေါသဖြစ်နေတဲ့အချိန်က တဒင်္ဂလေးပါပဲ ... ဒါပေမယ့် တသက်လုံး နောင်တရနေရမယ့် အဖြစ်မျိုးတွေကို လုပ်မိသွားတတ်တယ်လေ ။
ဖတ်ခဲ့သူများ: 31
အကြောင်းအရာ: ပုံပြင်
မြေခွေးနှင့်ငှက်ကျား( ပုံပြင် )
မနာလိုဝန်တိုစိတ် များပြီး တစ်ကိုယ်ကောင်းဆန်တတ်တဲ့ မြေခွေးတစ်ကောင်က ငှက်ကျားတစ်ကောင်ကို ဖိတ်ပြီး သူ့ သစ်ခေါင်းပေါက်ထဲမှာ ညနေစာ လာစားဖို့ဖိတ်ခေါ်လိုက်တယ်။ အဲဒီညနေမှာ ငှက်ကျားက မြေခွေး အိမ်ကို ပျံသန်းပြီးရောက်လာခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ရှည်လျှားတဲ့ နှုတ် သီးနဲ့မြေခွေး ရဲ့အိမ်တံ ခါး ကိုခေါက်လိုက်တယ် ။
မြေခွေးက တံခါးကို လာဖွင့်ပေးပြီးပြောလိုက်တယ် ။ “ လာပါ အထဲကို ၀င်ပါ ကျွန်တော်နဲ့အတူ ညနေစာ လာစားပါ ” ငှက်ကျားကို စားပွဲခုံမှာ ထိုင်ဖို့ပြောတယ် ။ ငှက်ကျားက အရမ်းကို ဗိုက်ဆာလောင်နေပြီး ဟင်းရနံ့တွေ က လည်း အရသာ ရှိမယ့်ပုံပဲလို့တွေးလိုက်တယ် ။
မြေခွေးဟာ ပန်းကန်ပြားနဲ့ စွပ်ပြုတ်ရည်ထည့်ယူလာပြီးချပေးတယ် ။ သူကတော့ ပန်းကန်ပြားကို လျှင်မြန် စွာ မော့ပြီး စွပ်ပြုတ်တွေကို သောက်လိုက်တယ် ။ ဒါပေမယ့် ငှက်ကျားအတွက်ကတော့ သူ့ရှည်လျှားတဲ့နှုတ်သီးနဲ့ ဒီပန်း ကန်ပြားထဲက စွပ်ပြုတ်ကို သောက်ဖို့ မဖြစ်နိုင်ခဲ့ဘူး ။ ဒါကြောင့်ဗိုက်ဆာဆာနဲ့ပဲ ငှက်ကျားဟာ ယဉ်ကျေး စွာ ပြုံးပြီး ထိုင်နေလိုက်တယ် ။ မနာလို ၀န်တိုစိတ်များတဲ့မြေခွေးက မေးတယ် ။
“ အလို ငှက်ကျား မင်း စွပ်ပြုတ်ကို မသောက်ဘူးလား မကြိုက်ဘူးလား ဟင် ” ငှက်ကျားက ပြန်ဖြေတယ် ။ “ အခု လို ညနေစာအတွက် ကျွန်တော့်ကို ဖိတ်ခေါ်တဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ် ။ မနက်ဖြန်ညနေမှာလည်း ကျွန်တော့်အိမ်ကို ညနေစာလာစားဖို့ ဖိတ်ခေါ်ပါတယ် ”
နောက်တစ်နေ့မှာတော့ မြေခွေးဟာ ငှက်ကျားရဲ့အိမ်ကို ရောက်သွားခဲ့တယ်။ညနေစာအတွက်စွပ်ပြုတ်တွေ ပြင်ဆင်ထားတာကိုသူတွေ့လိုက်ရတယ်။ ငှက်ကျားက စွပ်ပြုတ်ကို ရှည်လျှားတဲ့ ဖန်တကောင်းတွေ နဲ့ပြင်ဆင်ထားတာကိုတွေ့လိုက်ရတယ် ။ သူတို့စားပွဲခုံမှာ ထိုင်ပြီးတဲ့အခါ ငှက်ကျားက စွပ်ပြုတ်ကို သူ့ရဲ့ရှည်လျားတဲ့နှုတ်သီးနဲ့ စုပ်ယူပြီးလွယ်ကူစွာ သောက်သုံးလိုက်တယ် ။ ဒါပေမယ့် မြေခွေးရဲ့ တိုတဲ့နှုတ်သီး ကတော့ ဖန်တကောင်းအတွင်းမရောက်ရှိနိုင်ခဲ့ဘူး ။ ဒီတစ်ခါတော့ မြေခွေးအတွက် ဗိုက်ဆာလောင်ခံရတဲ့ အလှည့်ဖြစ်ခဲ့တယ် ။
@@@@@@@@@@@@@@@@@@@
“ မနာလို ၀န်တိုမှု ၊ သူတပါးကို မကောင်းကြံစည်မှု နဲ့ ကုန်းချော မှုတို့ဟာ နောက်ဆုံး ကိုယ့်ဆီကို ပဲ ပြန်လာတတ်တယ် ကိုယ်ပဲ အဲဒီအရ သာတွေကို တဖန်ပြန်လည်ခံစားရတတ်တယ် ဒါကြောင့် လောကကြီးမှာ တူသော အကျိုးပေးတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့ ”
သက်တန့်ချို
A selfish fox အား ဘာသာပြန်ခံစားသည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Saturday, 19 January 2013
တကယ်ဆိုရင်......ချစ်သူထက်ဘယ်အရာမှတန်ဖိုးမရှိပါဖူး
''''''''တကယ်ဆိုရင်......ချစ်သူထက်ဘယ်အရာမှတန်ဖိုးမရှိပါဖူး """"""
တစ်ဖက်က ၀င်လာသော ဖုန်းကိုကောက်ကိုင်လိုက်သည် . . .
ကောင်လေး   -        ဟယ်လို . . .သဲရေ မနက်ဖြန် သဲသိပ်သွားချင်တဲ့ တိရိစ္ဆာန်ရုံလိုက်ပို့ပေးမယ်နော် . . .
ကောင်မလေး -        ဟင့်အင်း ... သဲမသွားချင်ဘူး နေမကောင်းဖြစ်ချင်နေလို့
                           နောက်မှ အေးဆေးသွားတာပေါ့. . .
ကောင်လေး   -        ကောင်းပါပြီ ... အဲ့တာဆို ကို မနက်ဖြန် မလာတော့ဘူးနော်
                           သဲနားနားနေနေ နေလိုက်ပါဦး . . .
နောက် (၃) ရက်ခန့်ကြာသော် . . .
ကောင်လေးဘက်မှ ၀င်လာသော ဖုန်းအား ကောင်မလေးမှပင်အရင်စဖြေလိုက်သည် . . .
ကောင်မလေး   -    ကို သဲ အမေနဲ့ အပြင်ရောက်နေလို့ နောက်မှဆက်လိုက်နော် . . .
ကောင်လေး     -     အိုခေလေ ... ဒါနဲ့ သဲ နေကောင်း .... ဟဲလို ... ဟဲ လို ....
ဒီလိုနဲ့တစ်ပတ်လောက်အကြာမှာ  ကောင်မလေးဖုန်းကိုကောင်လေး ထက်ဆက်ပြန်တယ်ဒီတစ်ခါတော့ သူကြား
ချင်သော သူ့ချစ်သူအသံမဟုတ်ပဲလူစီမ်းယောက်ျားတစ်ယောက်အသံကို ကြားလိုက်ရသည် . . .
လူစီမ်း               -     မင်းက _____ ရဲ့ချစ်သူလား ???
ကောင်လေး        -    ဟုတ်တယ် ခင်ဗျားကဘယ်သူလဲ ???
လူစီမ်း               -    ငါဘယ်သူလဲဆိုတာ သိဖို့ထက် မင်းကောင်မလေးနဲ့ စကားပြောလိုက်ပါဦး . . .
ကောင်မလေး       -   ဟဲလို , ကို သဲ ကိုအနားမှာရှိခဲ့တုန်းက ကို့တန်ဖိုးနားမလည်ခဲ့ဘူးသဲ လိုချင်သမျှ သဲ သွားချင်သမျှ                                  ကိုမလုပ်ပေးနိုင်ခဲ့လို့ သဲချမ်းသာစိတ်တွေ မက်မောခဲ့ပြီး မဖြစ်သင့်တဲ့ အမှားကြီးတစ်ခုကို လုပ်ခဲ့မိ
                           တယ်အခု သဲ ဘ၀ပျက်ရတော့မယ်...ကို့ကို သဲနောက်ဆုံးနှုတ်ဆက်ခဲ့ပါတယ်...ကို မရှိတော့မှပဲ သဲ
                           ကို့ တန်ဖိုးကို အတိအကျ နားလည်ခဲ့ရပါတယ်...သဲကို့ကိုတောင်းပန်ပါတယ် . . .
ကောင်လေး         -  သဲ စိတ်ကို အေးအေးထား အခု သဲဘယ်မှာလဲ ဘယ်ရောက်နေလဲ
ကောင်မလေး      -  သဲအခု ************* ကိုရောက်နေတယ် ကို ...
ကောင်လေး        -  See U နော် ကလေးလေး . . .
ချစ်သူထံမှ ဖုန်းချသွားပြီးနောက် သူမအား မော်ဖိန်း ဆေးများထိုးနေသည်ကိုသိနေရသော်လဲ ဘာမှ တန်ပြန်မတုန့်ပြန်နိုင်ပဲ
မျက်ရည်များကြားမှ ငြီမ်ခံနေရသည်...အရာရာ အားလုံးေ၀၀ါး လာသည်နှင့် အမျှခေါင်းမှ မိုက်ခနဲ မိုက်ခနဲ ဖြစ်ဖြစ်သွားပြီ...
အပြင်မှ ဆူညံသံများကြားရပြီးနောက်သူမ လောကကြီးကို ခေတ္တခဏမေ့သွားလေတော့သည် . . . . . . . . . . . .
သူမ သတိရလာတော့ အရာရာပေါ့ပါးလန်းဆန်သလို ခန္ဓာကိုယ်မှာပေါ့ပါးနေသလိုခံစားနေရတယ်...မျက်လုံးကတော့
အပြင်ဘက်မှတိုက်ရိုက်ထိုးထားသောအလင်းရောင်ကြောင့်ဖွင့်လို့မရသေး.ခန္ဒာကိုယ်ကိုတချက်လောက်လှုပ်ရှားကြည့်
သည်...အဆင်ပြေသည်...
လက်ကနေ တစ်ခုခုကို စမ်းမိသွားသည်...သူမ ရင်ထဲမှာ ပျော်ရွှင်သွားသလိုလို လှိုက်မောသွားသလိုလို ခံစားမိလိုက်ရတယ်
သူမ ဒီထိတွေ့မှုကို လွန်စွာမှ ရင်းနှီးနေသည် . . . . .
“ကိုကို့လက်...ဒါ ငါ့ချစ်သူ ကိုကို့ရဲ့လက်ဖ၀ါး . . . ကိုကိုဒီရောက်နေတာလား”
လိုက်ကြိုးစားယူလိုက်ရသည်.သူမမျက်လုံးကောင်းလာပြီ...ဘေးဘီဝဲယာကိုတစ်ချက်ကြည့်လိုက်ချိန်သူမဘေးမှာ သွေးသံရဲ
ရဲအသက်မြော့မြောလေးပင်ကျန်ရှိတော့တဲ့ သူမချစ်သူအား တွေ့လိုက်ရတယ် . . .
သူမဘာမှမပြောနိုင်တော့ စို့နင့်စွာ ချစ်သူနားသို့ တိုးကပ်သွားလိုက်သည်...သူမချစ်သူ သူမအား ပြုံး၍ကြည့်နေသည်...
သူမ စကားသံတို့မှာ ဆွံအနေသလို ဘာမှမပြောနိုင်တော့ပဲငိုချလိုက်တော့သည် . . . .
ကောင်လေး     -        သဲ . . . မငိုပါနဲ့ ...ကိုမရှိတဲ့နောက်ပိုင်း သဲသိထားရဖို့ကလောကကြီးမှာ ပိုက်ဆံ က အရေးကြီးတာ    
                             မှန်ပေမယ်ပိုက်ဆံနောက်ကိုမက်မောစွာမလိုက်မိပါစေနဲ့...အချစ်စစ်ဆိုတာရှာရခက်တယ်..
                             ပိုက်ဆံဆိုတာ..   ရှာရလွယ်ပါတယ်... သဲ မဆင်မခြင်စိတ်လေးနဲ့ ဖြစ်သွားခဲ့တာပါ...
                             ဒီအဖြစ်အပျက်လေးကို သင်ခန်းစာတစ်ခုလို သဘောထားလိုက်ပါတော့...
                             ကို သဲကို ပိုက်ဆံနဲ့ ၀ယ်လို့မရတဲ့ နှလုံးသားတစ်စုံနဲ့ကို့ဝိဥာည်တစ်ခုကို
                             လက်ဆောင်ပေးခဲ့တယ်...သဲ ကို ကို အ ရမ်း ချစ် တ ယ် . . . .ချ စ် တ ယ်.....ချစ..်...တ...ယ..်
သူမအား ကိုင်ထားသော လက်တစ်စုံမှာ လေတစ်ချက်အတိုက် မြေကြီးပေါ်သို့ဘယ်အရာမှ သယ်မဆောင်သွားပဲ ပေါ့ပေါ့ပါးပါး
ပြုတ်ကျသွားခဲ့လေပြီ အရာအားလုံးကို သူဘာမှ သိနိုင်မည်မဟုတ်တော့ချေ . . . . . . .
Ref; ~^•Sean Jon•^~
[Heart Canteen] (From  facebook)
Friday, 15 June 2012
Gmail ရဲ့သမိုင်း
Paul Buchheit
အမေရိကန်ကွန်ပျူတာပရိုဂရမ်မာ
Friend Feed တည်ထောင်သူ
Case Western Reserve တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
Google ၏ လက်ရွေးစင်ပရိုဂရမ်မာများမှ ၂၃ ယောက်မြောက်
2004 March
ကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို
စတင်လွှင့်ထုတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB
အထိပေးမည်ဟု တရားဝင်ဖွင့်ဟခဲ့ရာ မယုံကြည်သူများက ကုမ္ပဏီငယ်တစ်ခု၏ April
Fool တစ်ခုမျှသာ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း Spam နည်းပါးခြင်းနှင့်
အလွန်အဆင့်အတန်းမြင့်မားသော Ajax နည်းပညာသုံးထားသည့် Gmail ကို Invite မှ
တစ်ဆင့် စတင်လက်ခံခဲ့ရပြီးနောက် Gmail ၏ ကမ္ဘာသက်ဝင်လှုပ်ရှားလာခဲ့တော့သည်။
2005 Jan
Hacker များ အလွယ်တကူဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော လုံခြုံရေးဟာကွက်တစ်ခုကို
Slash dot တွင် ဖော်ပြခဲ့ရာ အဆိုပါပြဿနာကို အလွယ်တကူဖြင့်
ပြန်လည်ပြင်ဆင်ပြီးချိန်တွင် Google ကိုယ်တိုင်သည် သူတို့၏ Service ကို
လူများစွာ စိတ်ဝင်စားကြောင်း ယုံကြည်သွားခဲ့သည်။
2005 Apr
သိုလှောင်မှုပမာဏကို 2 GB အထိ မြှင့်တင်ပေးခဲ့ပြီး စာပို့သောနေရာတွင် Plain Text အဆင့်မှ HTML
အဆင့်သို့ တိုးမြှင့်ပေးခြင်း၊ Font ပြောင်းလဲနိုင်ခြင်းအပါအ၀င် Feature
အသစ်များကို ထပ်မံပေါင်းထည့်ခဲ့သည်။
2005 May
ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အစရှိသော ဘာသာစကားများကိုပါ Gmail တွင်
ပေါင်းစပ် ထည့်သွင်း အသုံးပြုနိုင်စေရန် ပြုလုပ်နိုင်ခဲ့သည်။
2005 Jun
တစ်ကမ္ဘာလုံးတွင် Gmail Account 1.2 သန်းခန့်ရှိလာခဲ့ကြောင်းကို ကမ္ဘာကျော် Popular Science
မဂ္ဂဇင်းကြီးမှ Gmail ၏ ထုတ်လုပ်မှုမန်နေဂျာကို စစ်တမ်းကောက်ယူပြီး
ဖော်ပြပေးခဲ့သည်။ လကုန်ပိုင်းတွင် ဖင်လန်၊ ပိုလန်နှင့်
ဆွီဒင်ဘာသာစကားများကို ထပ်မံထည့်သွင်းခဲ့သည်။
2005 July
Gmail အသုံးပြုနေစဉ်တွင် Inbox အတွင်းမှနေ၍ Google Search Engine ကို
အသုံးပြုနိုင်သည့် Service ကို ထည့်သွင်းခဲ့ပြီး Gmail ၏
သိုလှောင်မှုပမာဏမှာ 2 GB အကျော်ထိ ရောက်ရှိခဲ့ပြီး တစ်နေ့တွင် 14 MB နှုန်း
သိုလှောင်မှုပမဏာကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးသည့်စနစ်ကို
စတင်သုံးစွဲခဲ့သည်။
2005 Aug
အချို့သော User များကို 100 Invitation ပေးအပ်ခဲ့သည်။ ယုံကြည်စိတ်ချရသော Developer
များနှင့် Programmer များကို Invite ပြုလုပ်ခွင့် 1000 အထိ ရရှိခဲ့သည်။
ဂရိ၊ ဟန်ဂေရီ၊ အင်ဒိုးနီးရှား၊ ဗီယက်နမ် စသော ဘာသာစကား ၁၂ မျိုးအထိ
ထပ်မံပေါင်းထည့်ခဲ့သည်။
2005 Aug 24
Mobile ဖုန်းများတွင် Text Message ပေးပို့နိုင်ရန်အတွက် Gmail မှတစ်ဆင့်
အသုံးပြုနိုင်ရန် စတင်ပြုလုပ်ပေးခဲ့သည်။ အမေရိကန်တွင် Invitation
ကုတ်ဖြင့် Gmail Mobile များကို Tex Message များ ပေးပို့နိုင်သည်။
ထိုကဲ့သို့ပေးပို့ခြင်းတွင် Web ပေါ်တွင်သုံးသော Gmail ကဲ့သို့ Spam
များကို ရှင်းလင်းသေသပ်စေသည်။ https စနစ်ကို ဂရုတစိုက်သုံးစွဲသည့်အတွက်
လုံခြုံရေးပြည့်ဝပြီး လူကြိုက်များလာခဲ့သည်။ အချို့သော ISP Mail များအတွက်
စိတ်တိုင်းကျ Customize လုပ်ခွင့်ကို ပေးအပ်ခဲ့သည်။
2005 Sep
ချက်၊ ဟင်ဒီ၊ ထိုင်း၊ တူရကီ စသော ဘာသာစကား ၉ မျိုး ထပ်မံပေါင်းထည့်ခဲ့သည်။
2005 Oct
အင်္ဂလန်တွင် ရှိသော gmail.com ကုမ္ပဏီတစ်ခုနှင့် နာမည်ကိစ္စ စကားပြောဆိုခဲ့ရပြီး
Username@gmail.com နေရာတွင် Username@google.com အဖြစ်
အချို့နေရာများတွင် ပြောင်းလဲပစ်ရန် သဘောတူညီခဲ့ရသည်။
2005 Dec
ဆက်သွယ်နိုင်သောအုပ်စုများ (Contact Group)၊ သူငယ်ချင်းများ၊ ၀န်ထမ်းများ (Co-Wokers) စသော Feature
အသစ်များကို ထပ်မံပေါင်းထည့်၍ သုံးစွဲသူတစ်ဦးအနေဖြင့် gmail ကို
စိတ်တိုင်းကျ ထိန်းသိမ်းကွပ်ကဲ နိုင်စေရန် ပြုလုပ်ပေးခဲ့သည်။
2005 Dec 16
Gmail Mobile အသစ်တစ်ခုထပ်မံထုတ်လွှင့်ခဲ့သည်။ အဆိုပါ http://m.gmail.com သည်
Gmail Mobile များအတွက် အထူးဝက်ဆိုက်ဖြစ်ပြီး Source Forge
အဖွဲ့အစည်းမှနေ၍ Gmail Mobile 1.0 ကို Open Source အနေဖြင့်
ရေးသားပေးခဲ့သည်။
2006 Jan
Menu bar တွင် Delete button ကို ပေါင်းထည့်ပေးခဲ့သည်။ အဆိုပါ Bottom သည် Gmail
စစထွက်ချင်းတွင် မပါဝင်ခဲ့၍ သုံးစွဲသူတိုင်းက ဝေဖန်ခဲ့ကြသည်။
2006 Feb
သုံးစွဲသူတိုင်း၏ Chatting စကားပြေဆိုမှုများကို မှတ်သားထားနိုင်ရန် Chat History ကို ပေါင်းထည့်ပေးခဲ့သည်။
2006 Mar
Gmail for your domain ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Gmail သည် တစ်နှစ်လျှင် ၂၅
ဒေါ်လာဖြင့် ၀ယ်ယူသုံးစွဲရပြီး အဖွဲ့အစည်းများအတွက် အလွန်ကောင်းမွန်သော
ဝန်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။
2006 Apr
Google Calendar Service ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။
2006 Nov
Java Application များဖြင့် အသုံးချနိုင်သော Gmail ကို Mobile ဖုန်းများပေါ်တွင်
အလုပ်လုပ်နိုင်စေရန် အထူးသဖြင့် ဓာတ်ပုံများ၊ Document များ၊ Attachment
များကို ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်။
2007 Jan
Docs & Spread Sheets ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူ
register ပြုလုပ်၍ သုံးစွဲနိုင်ရန် Gmail ကို Invite ဖြုတ်ပေးခဲ့သည်။
2007 Feb
IMAP Access ကို ပြုလုပ်နိုင်စေရန် စတင်ကြော်ငြာခဲ့ပြီး Gmail Lab ကို မိတ်ဆက်ခဲ့ပါသည်။
2008 Nov
Themes များ ပေါင်းထည့်ခဲ့သည်။
2008 Dec
To do list ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူအနေဖြင့် Task များပေါ်တွင် ပေါင်းထည့်ခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်သည်။
2009 Jan
Google Gear ကို စတင်မိတ်ဆက်ခဲ့သည်။ နောင်တွင် အဆိုပါ Google Gear သည် Gmail ကို Off line Mode ဖြင့် သုံးစွဲစေနိုင်ခဲ့သည်။
2009 Feb
Undo Bottom ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူပေါင်း သန်း ၁၀၀ ခန့်အထိ ရှိလာခဲ့ပြီး Gmail သည် မကြာခဏ service Down သွားလေ့ရှိသည်။
2009 July
Gmail တွင် တစ်ဖက်အသုံးပြုသူ၏ မျက်နှာကိုပါ မြင်တွေ့စေနိုင်သော Video Chat ကိုပါ ပေါင်းထည့်ပေးခဲ့သည်။
2009 Sept
ယခုအချိန်တွင် သုံးစွဲသူအများအပြား၏ request လုပ်မှုကြောင့် Gmail သည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွားလျက် ရှိသည်။
ကြည့်သူဦးရေ: 24