Powered By Blogger
Saturday 19 January 2013
ဝိတ်ချနည်း (ဟာသ)
လူဝကြီးတစ်ယောက်ဟာဝိတ်ချချင်တာကြောင့်ကုမ္ပဏီကိုဖုန်းဆက်လိုက်တယ်။ကုမ္ပဏီရဲ့အစီအစဉ်တွေကို မေး
ပြီး (၅) ရက်ကို (၁၀) ပေါင် ဝိတ်ကျစေတဲ့ လေ့ကျင့်ခန်းကို ယူမယ်လို့ ပြောလိုက်တယ်။
နောက်နေ့မနက်မှာတော့...
အိမ်တခါးခေါက်သံကြားလို့သွားဖွင့်ပေးလိုက်တယ် ။ ၁၉ နှစ်အရွယ် ချစ်စရာကောင်းတဲ့အားကစားမယ်လေးတစ်
ယောက် ရပ်နေတာ တွေ့တယ်။ ကလေးတစ်ယောက်လို ဝတ်ဆင်ထား ပြီး Nike အပြေးလေ့ကျင့်တဲ့ ဖိနပ်တစ်ရံ
ဝတ်ဆင်ထားပြီးလည်ပင်းမှာချိတ်ဆွဲထားတဲ့စာတ ကြောင်းလည်းရှိပါတယ်။မိန်းမငယ်လေးကသူ့ကိုယ်သူကုမ္ပဏီ
ကလွှတ်လိုက်တဲ့ ကိုယ်စား လှယ် ဖြစ်ကြောင်း မိတ်ဆက်ပြီး လည်ပင်းက စာကို ဖတ်ပြလိုက်တယ်။
"""ကျွန်မကို မှီအောင်လိုက်နိုင်ရင် ကျွန်မကို ရှင်ပိုင်ပြီ"""
လူဝကြီး သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘဲ မှီအောင် အတင်းပြေးလိုက် တော့တယ်။
မိုင်အတော်လေး ပြေးပြီးတဲ့နောက် မောဟိုက်လွန်းတာကြောင့်စိတ်မတင်မကျနဲ့ပဲအရှုံးပေးလိုက်တယ်။မိန်းမငယ်
လေးက နောက်ထပ် လေးရက်စလုံးလည်းဒီလိုပဲ ရောက်လာပြီး ပြေးကြတယ် ။၅ရက်မြှောက်နေ့မှာတော့ကုမ္ပဏီ
က ကတိပေးထားတဲ့အတိုင်း (၁၀) ပေါင် ဝိတ် ကျသွားမှန်းသိလိုက်တယ်။
ကျေနပ်စွာပဲ နောက်တစ်နေ့မှာတော့ ကုမ္ပဏီကို ထပ်ဖုန်းဆက်ပြီး  (၅) ရက်ကို ပေါင် (၂၀) ကျတဲ့ လေ့ကျင့်ခန်း
ထပ်ယူမယ်လ့မှာလိုက်တယ်။နောက်နေ့မနက်မှာအိမ်တခါးခေါက်လို့သွားဖွင့်ပေးလိုက်တော့...သူ့ဘဝမှာသူတွေ့
ဖူးသမျှ၊ ကြုံဖူးလာသမျှ အချောဆုံး၊ အလှဆုံးလို့ ထင်ရလောက်တဲ့ အချိုးအစားကျကျမိန်းမပျိုလေးတစ်ယောက်
ရပ်နေတာ တွေ့ပြန်တယ်။ Reebok လေ့ကျင့်ဖိနပ် တစ်ရံကလွဲလို့ ဘာမှဝတ်ဆင်မထားဘူး။လည်ပင်းမှာစာတန်း တစ်ခုပဲရှိတယ်။ အဲ့ဒါက...
                            """ကျွန်မကို မှီအောင်လိုက်နိုင်ရင် ကျွန်မကို ရှင်ပိုင်ပြီ"""
မိန်းမပျိုလေးကခန္ဓာကိုယ့်အချိုး၊အစားကအစ ချောမောပြေပြစ်၊လှလွန်းတာကြောင့်ပိုပြီးကြိုးစားပန်းစားပြေးလိုက်
တာပေါ့။ဒါပေမယ်ကံမကောင်းစွာပဲမှီအောင်မလိုက် နိုင်ပြန်ဘူး။ နောက်ထပ်လေးရက်လည်းဒီလိုပဲလိုက်ကြ၊ ပြေး
ကြတာပေါ့ဗျာ။  သူ့ခန္ဓာကိုယ်ကပိုပြီးကြည့် ကောင်းလာတာကလွဲပြီး မှီအောင်တော့မလိုက်နိုင်ခဲ့ပါဘူး။  (၅)ရက်
မြောက်နေ့မှာတော့ သူ့ ကိုယ်သူ ပေါင် (၂၀) လျော့ကျသွားမှန်း သိလိုက်တော့ ဝမ်းမြောက်သွားတယ်။
မကျေနပ်သေးဘဲ ကုမ္ပဏီကို နောက်တစ်ခါ ဖုန်းထပ်ဆက်ပြီး (၇) ရက်ကို ပေါင်(၅၀)ကျ စေတဲ့ လေ့ကျင့်ခန်းကို
မှာလိုက်တယ်။ ကုမ္ပဏီက သေချာအောင် ပြန်မေးတယ်။
"""ခင်ဗျား တစ်ကယ်ပဲ ဒီလေ့ကျင့်ခန်းကို လုပ်ချင်ပါသလား။ ဒီလေ့ကျင့်ခန်းက ကုမ္ပဏီရဲ့ အ
ရမ်းတင်းကြပ်ပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းဖြစ်လို့ပါ"""
"""အသေအချာပါပဲ။ ဒီနှစ်တွေမှာ အဲ့ဒီလိုအရသာ မခံစားရတာ ကြာပြီမို့ စမ်းသပ်ကြည့်ချင် ပါသေးတယ်"""
သူပြန်ပြောလိုက်တယ်။
တောင့်တင်းခိုင်မာပြီးကြွက်သားတွေ နဲ့ဖုထစ်ထွက်နေတဲ့  လူသန်ကြီး တစ်ယောက်ရပ်နေတာကို တွေ့ လိုက်
တယ်။ပန်းရောင်ဖိနပ်တစ်ရံကလွဲပြီးဘာမှဝတ်မထားဘူး။လည်ပင်းမှာတော့စာတစ်ကြောင်း ရေးဆွဲထားတယ်။
                                           """မင်းကို ငါမှီရင် မင်းဟာ ငါ့အတွက်ပဲ"""
အဲ့ဒီအပတ်မှာတော့ သူ့ကိုယ်သူ ( ၆၃ ) ပေါင် ကျသွားမှန်း သိလိုက်တယ်။
ဖတ်မိဖူးတဲ့ ဟာသလေးတခုပြန်မျှဝေပါသည်။
No comments:
Post a Comment