Powered By Blogger

Saturday 19 January 2013

သင်၏အိပ်စက်ပုံ အနေအထားက ဖော်ပြနေသော သင့်ကိုယ်ရည်ကိုယ်သွေး

သင်၏အိပ်စက်ပုံ အနေအထားက ဖော်ပြနေသော သင့်ကိုယ်ရည်ကိုယ်သွေး

သင်ရဲ့အိပ်စက်ပုံအလေ့အထဟာသင်ထင်တာထက်ပိုပြီးသင့်အကြောင်းကို ဖော်ပြနေနိုင်ပါတယ်။အတွေ့ရများတဲ့
အိပ်စက်ပုံတွေကို ခန္ဓာကိုယ် ဘာသာစကား ကျွမ်းကျင်သူတွေကအကဲဖြတ်ပြီးဒီလိုအိပ်စက်ပုံအနေအထားတွေက
သင်ဟာ ခေါင်းမာသူလား၊ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်သူလား၊ နေရာယူတတ်သူလားဆိုတာကိုသဲလွန်စပေးနေ
ကြောင်း ဆိုပါတယ်။
သန္ဓေသားအနေအထား အိပ်စက်တတ်သူလား
အိပ်တဲ့အခါ ဘောလုံးတစ်လုံးထဲမှာ ကွေးပြီးအိပ်သလိုအိပ်တတ်သူလား။လေ့လာမှုအရလူတစ်ဝက်ကျော်ဟာစောင်
ခြုံပြီးသန္ဓေသားတစ်ဦးလို ကွေးကာအိပ်တတ်တယ်လို့သိရပါတယ်။သန္ဓေသားလိုအိပ်စက်တာကသက်သောင့်သက်
သာရှိပြီး စိတ်ပူပင်သောကတွေ လျော့ပါးသွားပါတယ်။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
သန္ဓေသားလို ခန္ဓာကိုယ်ကို ကွေးပြီး အိပ်စက်တတ်သူတွေက နိုးနေတဲ့ အချိန် အတောအတွင်းမှာ အလွန်တာဝန်
သိပြီး ကျေပွန်ကြပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ် ဆောင်ရမယ့်အလုပ်တွေအကြောင်းကိုအလွန်အမင်းစဉ်းစားတတ်
သူလည်း ဖြစ်ပါတယ်။
သစ်တုံးတစ်တုံး အနေအထား အိပ်စက်တတ်သူလား
လက်မောင်းနှစ်ဖက်ကိုခန္ဓာကိုယ်ရဲ့ ဘေးနှစ်ဖက်ချပြီး ဘေးစောင်းအနေအထားအတိုင်းအိပ်စက်တတ်သူလား.?။
လေ့လာမှုအရ လူဦးရေ ၃၀ ရာခိုင်နှုန်း နီးပါးဟာoစ်တုံးတစ်တုံးချထားသလိုအိပ်စက်တတ်တယ်လို့သိရပါတယ်။
ဒီလို အိပ်စက်ပြီး နိုးလာတဲ့အခါ တစ်ကိုယ်လုံးတောင့်တင်းနေပြီး အိပ်ရာ နိုးချိန်မှာ မသက်မသာခံစားရတတ်ပါ
တယ်။ အိပ်နေတဲ့အချိန်မှာြွကက်သား တွေက သင့်တော်တဲ့ အနားရမှု မရှိလို့ပါ။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
အေးဆေးတဲ့ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။မကြာခဏတစ်ဦးတည်းသီးသန့်နေတတ်ပြီးသမားရိုးကျဘဝမျိုးမှာ နေ
တတ်ပါတယ်။
ဘေးစောင်းကွေးရင်း ဘေးချထားတဲ့ လက်တွေဆုပ်ကိုင်ကာ အိပ်တတ်သူလား
သင်က ဘေးစောင်း ပြီး လက်တွေကို ဆန့်တန်းကာ အိပ်စက်တတ်သူလား။ ဒီလိုအနေအထားနဲ့ အိပ်စက်သူက
၂၅ ရာ ခိုင်နှုန်းခန့် ရှိပါတယ်။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
သူတို့ဟာနံနက်အိပ်ရာနိုးတဲ့အခါစိတ်ဓာတ်တက်ကြွနေတတ်ပါတယ်။ဒါပေမဲ့သူတို့ကအိပ်မက်တွေမက်၊စိတ်ကူး
တွေယဉ်ကာ နေတတ်တာကြောင့် အချိန်ဖြုန်းမှန်းမသိ ဖြုန်းနေမိတတ်ပါ တယ်။
မှောက်လျက် အိပ်တတ်သူလား
ဗိုက်ကို အိပ်ရာနဲ့ ကပ်ပြီး လက်နဲ့ ခြေထောက်တွေကို ဘေးထုတ်ကာ အိပ် တတ်သူလား။ ဒီလို အိပ်တတ်သူက
၁၇ ရာခိုင်နှုန်းရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
မှောက်ရက် အိပ်တတ်သူအများစုကအချိန်ကိုစီမံခန့်ခွဲတတ်ကြပါတယ်။ဘယ်တော့မဆို နေရာရအောင်ယူတတ်
ပါတယ်။ ဒါပေမဲ့ ဒီလို အနေအထားနဲ့ အိပ်တာက နိုးလာတဲ့အချိန်မှာခန္ဓာကိုယ်ကိုသိပ်ပြီးသက်သောင့်သက်သာ
မရှိစေပါဘူး။ ညဘက်မှာ အိပ်ရေးဝ၀ အိပ်ပျော် တတ်ကြပါတယ်။
www.yoyarlay.com/health/health-article/32802-2012-11-30-08-36-27

No comments:

Post a Comment