Powered By Blogger

Saturday 19 January 2013

အချစ်ဟင်းအိုးလေးပြန်နွှေးနည်း

ချစ်တတ်တဲ့သူတိုင်း အမြဲစိမ်းလန်း သာယာနေတဲ့ အချစ်သစ်တောလေး ပိုင်ဆိုင်ဖို့နဲ့အချစ်ဟင်းအိုးလေး အေးစက်နေ
ခဲ့ရင် ဘယ်လိုပြန်နွှေးမလဲ ဆိုတာပါပဲ။ ကဲ.. သင့်အချစ်တွေကို ဘယ်လိုပြန်နွှေးမလဲ။ ချစ်တော့ ချစ်ချင်တယ်။ဒါပေမယ့်
အလုပ်ရှုပ်မခံချင်ဘူး ဆိုတာမျိုးမလုပ်ပါနဲ့။ သင်ချစ်တဲ့ သူတိုင်း ဒီနေ့ထက်မနက်ဖြန် ပိုချစ်ချစ်လာမယ်။ မနေ့ကထက်
ဒီနေ့ ပိုချစ်ကြမယ်ဆိုတာချည်းပါပဲ။ လူနှစ်ဦးကြားမှာ သံယောဇဉ်ကြိုးတစ်ချောင်း ခိုင်မြဲဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့
မဟုတ်ပါဘူး။ တစ်ချို့စုံတွဲတွေမှာ အချိန်အများကြီးယူတယ်။  တစ်ချို့ကြတော့   ချစ်ဖို့အတွက်    သံယောဇဉ်ခိုင်မြဲဖို့
အတွက် အချိန်တွေက ဘယ်လို မျက်လှည့်ပြသွားတယ် မသိပါဘူး။   သိပ်ချစ်ပါတယ် ဆိုတဲ့    လူတွေမြင်ဖူးပါတယ်။
စကားတွေ ကြားဖုးပါတယ်။ အချိန်တွေ မကြာကြီးမလိုပါဘူး။ လိုအပ်တာ ယုံကြည်မှုနဲ့ နားလည်မှုပါ။ ။


အချစ်ဟင်းအိုးလေးပြန်နွှေးဖို့.............

၁။ ချစ်သူများနေ့

၂။ နှစ်ပါတ်လည်နေ့

၃။ လပါတ်လည်နေ့

၎။ သင့်ချစ်သူရဲ့မွေးနေ့

၅။ သင့်မွေးနေ့

၆။ လက်စကိုင်တဲ့နေ့

၇။ ရည်းစားစကား စပြောတဲ့နေ့

၈။ ပထမဆုံးမျက်လုံးချင်းဆုံလို့ရင် ခုန်ခဲ့တဲ့နေ့

၉။ ရင်ထဲမှာ ပီတိအဖြစ်ရဆုံးနေ့

၁၀။ သူ့ကြောင့်အင်အားတွေရပြီး ပျော်ရွှင်မှုတွေ ရရှိခဲ့တဲ့နေ့

စသည်ဖြင့် အမှတ်တရနေ့ရက်တွေ မှတ်သားထားပါ။ သူမမှိတ်မိရင်တောင် သင်ကအဲဒီနေ့ မရောက်ခင် သတိပေးပြော
ပေးပါ။ အချစ်ကို ရိုသေလေးစားပါ။ ပေါ့ပျက်ပျက် စကားတွေ မပြောပါနဲ့။ စိတ်ထဲက မပါဘဲ မပြောပါနဲ့။ ချစ်တတ်တဲ့သူ
တွေ အတွက် မျက်ဝန်းအကြည့်တွေက အစ အဓိပ္မါယ်တွေ ပြည့်နှက်နေပါတယ်။ အေးစက်စက်ချစ်သူကို အကြင်နာတွေ
ရွှန်းဆိုနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပေးပါ။ ခုမှ တရေးနိုးသဖွယ် ထုံထိုင်းနေတဲ့ ချစ်သူကို သူပျော်စေမယ့် စကားတွေနဲ့
ဆွဲဆောင်ပါ။ အလုပ်တွေနဲ့ ရှုပ်နေတဲ့ ချစ်သူကို ခွန်အားတွေ ပေးကြည့်ပါ။ အရိပ်တကြည့်ကြည့်နဲ့ အေးဆေးဆေးဘေး
နားမှာ နေပေးပါ ။ ချစ်တတ်တဲ့ သူတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလိုပါပဲ ချစ်ခံနိုင်ရည်ရှိတဲ့ သူဖြစ်ဖို့ဆိုတာ
လည်း မလွယ်ပါဘူး။ နှစ်ဦးနှစ်ဘက်မျှတမှ အချစ်တွေက လတ်ဆတ်မွှေးပျံ့နိုင်မှာပါ။ မဆာလာ နိုင်နိုင်ဖြူးသလိုမျိုးပေါ့။
ထာ၀၇အမြဲ သင်တို့အချစ်တွေ အပ်ကြောင်းထပ် ထည်ထားချင်ပါသလား။ ဒါ ဆို I LOVE YOU ချစ်တယ် ဆိုတဲ့ စကား
ပြောဖို့ ဘယ်တော့မှ မတွန့်ဆုတ်နဲ့။ မရှက်နဲ့......

(နေရာဒေသမရွေး လစ်ရင်လစ်သလိုပြော ဘယ်တော့မှစိတ်ဆိုးဘူး၊ ချစ်တယ် ဆိုတဲ့ စကားက ချစ်သူနား ထဲမှာ အကြား
ချင်ဆုံးစကားပဲ အလိုချင်ဆုံးအရာထဲမှ ချစ်သူပေးတဲ့ အမွှေးပံျ့ဆုံးပန်းလိုပါပဲ။ချောကလက်ဆိုတာကလဲ အချစ်ကိုဖော်ပြ
တဲ့ လက်ဆောင်ပစ္စည်းတွေက အနှစ်သာရအပြည့်ဝဆုံး လက်ဆောင်တမျိုးပေါ့။ ပေးကြည့်။ ဟင်းအင်း ချောကလက်စား
ရင် ဝ လာမှာပေါ့လို့ သာပြောမယ်။ မယူတဲ့သူမရှိဘူး။ ချစ်သူကို သိပ်ချစ်နေပါတယ် ဆိုတဲ့အကြောင်းသတိ၇တိုင်းစာေ၇း
ကြည့် mp 3 နဲ့ဖမ်းထားပါ ခံစားချက် အစစ်အမှန် တွေကိုလိမ်လို့ မရပါဘူး။) ဒီနည်းလေးက လေ့လာမိသမျှ ရင်ကိုအထိ
ဆုံးပေါ့။ သူပေးခဲ့ဖူးတဲ့ လက်ဆောင်အသေးအဖွဲ ကအစ တယုတယပြန်ပြီး ဘယ်လိုတန်ဖိုးထား ကြောင်းပြပါ။ သူပြောခဲ့
ဖူးတဲ့ စကားတွေက အကြိုက်ဆုံးတွေကို အကြောင်းအရာ အဖြစ်အပျက်နဲ့တကွပြန်ပြောပေးပါ။ မမြင်ရတဲ့ထောင့်တနေ
ရာမှာ အချစ်အိမ်လေး ခိုင်မြဲနေကြောင်း ယုံကြည်မှု သက်သေပြပါ။ ကဲ...နောက်ဆုံးအနေနဲ့အချစ်ဟင်းအိုးလေး မြန်မြန်
မွှေး နိုင်မယ့် အချက်လေးတွေကို တိုတိုတုတ်တုတ် အဟုတ်လမ်းညွှန်နိုင်ပါတယ်။

၁။ သွားခဲ့ဖူးတဲ့နေရာတွေကို ထပ်သွားပါ။

၂။ စားခဲ့ဖူးတဲ့အစားအစာတွေကို ပြန်စားပါ။

၃။ ဝတ်ခဲ့ဖူးတဲ့အမှတ်တရ၀တ်စုံလေးတွေကို အတူဝတ်ကြပါ။

၎။ လုပ်ခဲ့ဖူးတဲ့ အမှတ်တရလေးအတိုင်း ဆက်လုပ်ပါ။

၅။ စတွေ့တုန်းကအတိုင်း အပြုအမူ၊ အနေအထိုင်တွေ လုပ်ကြည့်ပါ။

၆။ ပွင့်ပွင့်လင်းလင်း ညှိယူပါ။

၇။ ကိုယ့်ဘက်က ချစ်သူအလိုကျ ပျော်ပျော်၇ွှင်၇ွှင် လိုက်နေကြည့်ပါ။

၈။ မေ့မရတဲ့ပျော်စရာတွေ အကြောင်းအရာတွေ ပြန်ပြောပေးပါ။

၉။ အမှတ်တရ နေ့ရက်လေး၊ စိတ်လှုပ်ရှားစရာ နေ့ရက်လေးမျိုး ပြန်လုပ်ကြည့်ပါ။

၁၀။ ရင်ခုန်ရဆုံးနေ့လေးရဲ့ အဖြစ်အပျက်တွေကို သတိရပေးလိုက်ပါ။

ကဲ..ပျော်စရာအချစ်အိမ်လေးက အပြုံးမျက်နှာနဲ့လူ ဖြစ်ချင်ရင်တော့ ဒီနည်းလေးတွေကို လိုက်လုပ်ကြည့် ပါ။

Ref:http://linaung86.blogspot.com/
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)

No comments:

Post a Comment